မြန်မာနိုင်ငံသား 300 ကျော်အား ဖမ်းဆီးခဲ့ကြောင်း မလေးရှားတရားဝင်ကြော်ငြာ
ယနေ့
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် အထူးစီမံချက်တစ်ရပ် အနေဖြင့်
မြန်မာနိုင်ငံသား 300 ကျော်အား ရှာဖွေထိမ်းသိမ်းနိုင်ခဲ့ကြောင်း
မလေးရှားနိုင်ငံ နာမည်ကြီးသတင်းဌာနဖြစ်သော The Star သတင်းဌာနရဲ့အင်တာနက်
စာမျက်နှာမှာ တရားဝင်ကြော်ငြာသွားခဲ့ပါတယ်။ ယနေ့ 5.6.2013 အတွက် အထူးအဖွဲ့ဝင် များဖြင့်ဖွဲ့စည်းထားသော အဖွဲ့ များစွာဖွဲ့ကာ စတင်ဖမ်းဆီးနေခြင်းဖြစ်ကြောင်း။ ထိုသို့ဖမ်းဆီးရသည့်အကြောင်းရင်းမှာ မေလ 30 ရက်နေ့မှ ဇွန်လ 4 ရက်နေ့အတွင်း ဖြစ်ပွားနေသည့် ဘာသာရေး ပဋိပက္ခ များကြောင့် ထိရောက်စွာကိုင်တွယ်ရန် စတင်ခြင်းဖြစ်ကြောင်း ။
မြန်မာနိုင်ငံသား
2 ဦးသေဆုံးပြီး အချို့မှာ လက်ရှိဆေးရုံတွင်ပင် ဆက်လက်ကူသနေရဆဲဖြစ်ကြောင်း ၊
ပြဿနာ 7 ကြိမ်တိတိဖြစ်ပွားခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ။ မလေးရှားတွင်
သွေးထွက်သံယို ပြဿနာများ မပေါ်ပေါက်ရန် နှင့် တရားမဝင်နေထိုင်သူများအား
မြန်မာပြည်သို့ပြန်ပို့ပြီးကာကွယ်ရာရောက်ကြောင်း ဖော်ပြသွားပါတယ် ။ နိုင်ငံပိုင်သတင်းစာကဲ့သို့
လက်ရှိ အစိုးရထုတ်သတင်းစာဖြစ်တာကြောင့် သူတို့ ဘာလုပ်ခဲ့တယ်ဆိုတာကို
ဖော်ပြတဲ့သတင်းလောက်ပဲ ရေးသားတင်ဆက်ထားတာကိုတွေ့ရပါတယ် ။
ထိုသတင်းတွင်ပဲအောက်ဆုံးတွင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာဆိုသော
အသုံးနှုန်းအားသုံးစွဲထားပြီး ထိုသို့ ဖမ်းဆီးရန်အတွက် မြန်မာနိုင်ငံရှိ
တာဝန်ရှိ အုပ်စုကြီး 2 စုနှင့် တွေ့ဆုံးထားပြီးဖြစ်ကြောင်းကိုပါ The Star
သတင်းဌာနက ဖော်ပြသွားပါတယ် ။
မည်၍ မည်မျှ အထိ
ဆက်လက်ဆောင်ရွက်သွားမည်ဟု မဖော်ပြထားပဲ Task Force ဟုသုံးစွဲထားပြီး
ယနေ့အများဆုံးဖမ်းဆီးသည့်နေရာအဖြစ် Brickfield (မြန်မာဆိုင်များနေရာအား
မဖော်ပြ) နှင့် Sentul တို့တွင် အများဆုံးဖမ်းဆီးခဲ့ကြောင်းကို
သာဖော်ပြသွားခဲ့ပါသည်ကို ..။
ဧဒင်သတင်းများမှ ပြန်လည်တင်ပြသည်။
No comments:
Post a Comment