ဒီ FonePad ကို ကျနော်အတော်လေး သဘောတွေတယ် ကြိုက်တယ်ဆိုပါတော့ ဒါကြောင့် Asus ကထုပ်တဲ့ Zenfone 6 ကိုဝယ်ဘို့ အစီစဉ်ထပ်ဆွဲနေပါတယ် ခက်တာက လက်ရှိ FonePad ကို
Root ဖေါက်လို့ မရဖြစ်နေတော့ တော်တော် လေး ကြိုးစားနေရတယ် Software တွေလဲ စုံနေပြီ ဒီနေ့ မောင် (စွယ်စုံကျမ်း) ဆိုက်ထဲဝင်မွှေတာ Pro Myanmar Root , apk ကိုတွေ့ လို့ စမ်းလုပ်ကြည့်တာ အဆင်မပြေဘူး။ ဒီလို အဆင်မပြေတဲ့အကြောင်းကို Post အဖြစ်တင်တော့ မောင် (စွယ်စုံကျမ်း) ကို အပြစ်တင် မကောင်းပြောတာမဟုပ်ပါဘူး သူတို့  ဆိုဒ်တွေက ကျနော်ဆိုက်ထက် သက်တန်းလည်းကြာနေပြီး အတော်လေး ကြိုးစားထားကြတဲ့ လူ တွေပါ ဒါပေမဲ့ မြန်မာတို့ အတွက် ဗဟုသုတ ဆိုတာနဲ့ အညီ မအောင်မြင်တာကို သိစေချင်ပြီး နောက်ထပ် ကျနော်လို အချိန် မကုန်ရအောင် ဗဟုသုတပေးတာပါ။
မအောင်မြင်ရတဲ့အကြောင်းက ကျနော်သုံးနေတဲ့ FonePad ကိုက Version မြင့်နေလို့ဖြစ်နိုင်ပါတယ် OS V4.3 ဖြစ်တာချင်းတူပေမဲ့ ကျနော် Asus FonePad ဟာ K012 ဖြစ်နေလို့ ပါဘဲ နောက်တစ်ခုက MM Aio Font ဟာ Root မဖေါက်ဘဲသုံး လို့ မရတဲ့ အမျိုးစားဆိုတာကို သိစေချင်ပါတယ် ဒီ Font ဟာ Jelly Bean မှာတော့ Root ဖေါက်ကို ဖေါက်မှာ သုံး လို့ ရမှာဖြစ်ပါတယ် သူ အပြောအရ V4.3 အထက်ဆိုတော့ Kitkat မှာသုံးလို့ ရကောင်းရမယ်ထင်ထင်ပါတယ် ကျနော် Kitkat မသုံးရသေားတော့ မသေချာဘူးဖြစ်နေတယ် ဒါပေမဲ့ MM Aio Font ကနမူပုံလေး တင်ပေးလိုက်ပါတယ် Root ဖေါက်ရန်လိုကြောင်း သတိပေးစားတန်းလေး ပါထဲ့ပေးလိုက်ပါတယ်။
အောက်ပါပုံက MM Aio Font မှာ Root ဖေါက်ရန်လိုကြောင်းပြသပေးထားတာပါ
ကျနော် FonePad ကို ပြန်ဆေးရပါအုန်းမယ် ဘာဖြစ်လို့ လဲ ဆိုတော့ Pro Myanmar Root နဲ့  MM Aio Font တို့ ကိုပြန်ပြန်း Uninstall လုပ်ရအုန်းမှာမို့ ပါ ကျနော်ဆိုက်ကို လာလို့  ဗဟုသုတ ရတယ်ဆို ပင်ပန်းရကြိုးနပ်ပါပြီ ။ အလားတူပါဘဲ ကျနော် ဦးအာကာ ဆိုဒ်ထဲက နည်းအချို့ ကို သုံးကြည့်ရမှာလည်း မအောင်မြင်ခဲ့ပါဘူး။ ကျနော် V-Root ကိုသုံးပြီး Root ဖေါက်လို့ အောင်မြင်ခဲ့တဲ့ Android လုလင်ဆိုင်ကိုလဲ အောင်မြင်အဆင်ပြေလို့  ပြေ ကြောင်းပြောပြခဲ့ဖူးပါတယ် အရင်ကတင်ခဲ့တဲ့ V-Root အကြောင်းမှာပြန်ဖတ်ပါ ကျနော်ဆိုလိုတာက မကောင်း ပြောတာ မဟုပ်ကြောင်းနဲ့  ကောင်းတာ ကို ကောင်းတယ် အောင်မြင်တယ်လို့  ပြောပြတာဟာ ကျနော့ ဗဟုသုတ ကို မျှဝေတာပါ။

No comments:
Post a Comment