Zoom G1on နှင့် G1Xon Guitar Effect အသုံးပြု နည်း
 2) Zoom G1on နှင့် G1Xon
Zoom ကုမ္ပဏီက Multi-effects Processor များကို ဦးဆောင်ထုပ်လုပ် နေတာ ၂၅ နှစ်လောက်ရှိနေပါပြီ သူတို့ တီထွင်ထုပ်လုပ်လိုက်တဲ့ Stomp-Box Effects Pedals များဟာ ကမ္ဘာတစ်ဝှမ်းမှာရေပန်းစားခဲ့တာကြောင့် သူတို့ တော်တော်လေးဂုဏ်ယူမဆုံး ဖြစ်ခဲ့ကြပါတယ် ယ္ခု သူတို့ က G1on နှင့် G1Xon တို့ ကိုထုပ်လုပ်ဖြန့် ချီ နေပြန်ပါပြီ ဒီအသစ်ထုပ်လုပ်လိုက်တဲ့ G1on နှင့် G1Xon တို့ ဟာအရည်သွေးမြင့်ပြီး ဈေးနှုံးကိုလည်းအတော်လေးချို သာအောင် ရောင်းချပေးနေပါတယ် မည်သည့်အဆင့် ပညာရှင်ဆို အသုံးပြု နိုင်အောင်စီစဉ်ထုပ်လုပ်ပေးထားတာဖြစ်ပါတယ်။ G1on နှင့် G1Xon တို့ ရဲ့ခြားနားချက်ကတော့ Wah ပါတာနဲ့ မပါတာ ဒီအချက်လေးဘဲထူးခြားပါတယ် အသုံးပြု ပုံကတော့အတူတူပါဘဲ။
ထူးခြားသော Effects, ထူးခြားသော Features,
ထူးခြားသော Sound
Zoom G1 တွေမှာ Guitar Effects ပေါင်း 100 စီပါဝင်ပါတယ်၊ ပုံမှန်မဟုပ်သောအသံများ၊ Compression, Modulation, Delay, Reverb နှင့် Amp Models များလည်းပါဝင်ပါတယ်၊ G1Xon မှာတော့ Pedal-Controlled Effects 5 မျိုးထပ်ပေါင်းထည့်ပေးထားပါတယ်။ Effects 5 မျိုးအထိတစ်ပြိုင်ထဲတီးလို့ ရပါတယ် သင်ကြိုက်သလို့ ပြောင်းလည်း အသုံးပြု နို င်ပါတယ်၊ သင်တီးခတ်မဲ့ တီးလုံးနဲ့ လိုက်ဖက်မဲ့ Rhythm Patterns 68 မျိုးကိုလည်ထဲ့သွင်းပေးထား ပါတယ် ( Rhythm လို့ ရေးပြထားလို့  ကျနော်တို့ မြန်မာတွေနားလည်ထားသလို ဂစ်တာ Rhythm ကိုပြောတာမဟုပ်ပါဘူး နောက်ခံတီးပေးထားတဲ့ Drum ရဲ့အသံပါ) Headphones နဲ့ ဆက်ရန် Output Jack ကိုလည်းတပ်ဆင်ပေးထားပါတယ် ဒီလိုထဲ့ပေးထားခြင်းဖြင့် Practice Sessions မှာအသံကိုပဝန်းကျင်မဆူညံအောင်လို့ ဖြစ်ပါတယ်။ ဂစ်တာကြိုးညှိရန်အတွက် Tuner ကို On-board System အဖြစ်အရန်သင့်ထည့်ပေးထားပါတယ် ကြိုးညှိရတာပိုမိုလွယ်ကူပါတယ်။ Zoom G1 တွေမှာအခြားသော Guitar Effects များနဲ့ မတူတာကတော့ Loop Section ထည့်ပေးထားခြင်းပါဘဲ Loop ဆိုတာကတော့ တီးနေဆဲ တေးသွားကို အသံသွင်းယူထား ပြီး ပြန်ကျောပေးတာ ဖြစ်ပါတယ် ပထမ တီးထားတဲ့ အသံထဲကို Overdub လုပ်ပြီး နောက်ထပ် Lead တို့  Bass တို့ ပေါင်းထဲ့နိုင်ပါတယ် ဒီလို Loop လုပ်တာကို ကြိမ်အထိလုပ်နိုင်ပါတယ် Loop လုပ်ပေးနိုင်တဲ့ အချိန်ကြာမြင့်မှုကတော့ စက္ကန့်  ၃၀ ကြာပါတယ်ထွက်လာမဲ့ အသံရဲ့အရည်သွေးကတော့ CD-Quality အတိုင်းဖြစ်ပါတယ်။ Loop လုပ်ခြင်တဲ့ အချိန်ကြာမြင့်မှုကို 64 Beats အထိသင်ကိုတိုင် လိုတိုးပိုရှော့ လုပ်ပေးလို့ ရပါတယ်။ အထက်ကရှင်းပြထားတဲ့ Rhythm Patterns ကိုလည်း Loop လုပ်ပေးလို့ ရပါတယ်။ Live Performance ဖျော်ဖြေရေးများကအတီးများကိုလည်း သူနေရနဲ့ သူ Patches  လမ်းကြောင်းများရွေးထဲ့ထားပြီး Copy ကူးယူနိုင်သလို ပြန်ဖျက်လို့ လဲရပါတယ် ဒီအတွက် Auto Save စနစ်ကိုထဲ့သွင်းပေးထားပါတယ်၊ G1Xon မှာတော့ Input နှင့် Output Level များကို သင်ကိုတိုင်ထိမ်းချုပ်လို့ ရပါတယ်။
မတူညီတဲ့နည်းပေါင်းမြောက်များစွာဖြင့် သင် ဂစ်တာအကျော်မော်တစ်ယောက်ဖြစ်အောင်လုပ်နည်း
G1on နှင့် G1Xon များမှာ အရန်သင့်ထဲ့သွင်းပေးထားတဲ့ DSP Effects 100 ကိုအသုံးပြု နိုင်ပါတယ်၊ G1Xon မှာတော့ Pedal-Controlled Effects 5 ခုအပိုထပ်မံထဲ့ပေးထားပါတယ်၊ အသုံးပြု ရအဆင်ပြေစေရန်အော်ကမှာ အစီစဉ်အလိုက်ဖေါ်ပြပေးထားပါတယ်။
Dynamic/Filter
သင့်ရဲ့ သီချင်းစာသားတွေကို ဖန်တည်းပုံဖေါ်ရန် Compressors, Noise Gates, Filters, Equalizers နှင့် Wah Effects စသဖြင့် နည်းပေါင်း 16 မျိုးထည့်ပေးထားပါတယ်။ ဂစ်တာနှင့် တွဲဖက်သုံးကရီယာများဖြစ်ကြသော MXR Dynacomp, DBX 160, Moog Filter or Z. Vex Seek-Wah, တို့ ထက်သာလွန်ကောင်းမွန်အောင် ပြု လုပ်ထားပါတယ်။
Zoom's unique Noise Reduction (ZNR) 
ဟုခေါ်သော မလိုအပ်သောအသံများ နည်းနိုင် သမျှ နည်းအောင်လည်း ဖန်တည်းစီမံထားပါတယ်။ 
Overdrive/ Distortion  
Overdrive, Fuzzes စသဖြင့်သင်ကြားဖူးထားသော Lead Guitar အသံများလှပအောင်ဖန်တည်းပေးရာမှာ လူသိများလှသော BOSS OD-1, MXR Distortion+, Marshall Guv'nor, Fuzz Face, Big Muff  နှင့် Pro Co Rat    တို့ ထက်အရည်သွေးမြှင့်ထားပေးပါတယ် ထို့ အပြင် Electric Guitar ရဲ့အသံကို Acoustic Guitar အသံမျိုးထွက်အောင်တီးခတ်ဖို့ ကိုပါစီစဉ်ပြု လုပ်ထားတာဖြစ်ပါတယ်။
Amp
ပို၍လက်တွေကျသောနည်းများဖြင့် Models ပေါင်း 22  ကိုထုပ်လုပ်ခဲ့ရာတွင် Mod Fender, Marshall, Vox, Hiwatt, Mesa Boogie, Orange, Bogner, Matchless နှင့် Diezel ကုမ္ပဏီများကဲ့သို့  Classic Tube နှင့် Solid-state တို့ ကိုထဲ့သွင်းဖန်တည်းထားပါတယ်။ ထို့ အတွက်ကြောင့် Zoom ကထုပ်လုပ်ထားသော Amp ဟာတော်တော်လေး လက်ရာမြောက်ပြီး အသက်ပါသောပစ္စည်း လို့ ဆိုပါတယ် Speaker ကထွက်လာတဲ့အသံကို သင်နားထောင်ရတဲ့ အခါပိုသိပါလိပ်မယ်။
Modulation / Special Effects
24 မျိုးသော Phasers နှင့် Flangers, သည့်အပြင် Plus Chorus, Pitch Shift, Tremolo နှင့် Vibrato တို့ ကိုသင်ရွှေးခြယ်တီးခတ်ပါ  ADA Flanger, Boss CH-1 Super Chorus နှင့် TC Electronic Corona Chorus, တို့ အပြင် Zoom HPS, တို့ ကို နမူနာယူထုပ်လုပ်ထားတာဖြစ်လို့  သင့်ဂစ်တာက ထွက်လာမဲ့ သံစဉ်တွေဟာ သူမတူအောင်ထူးခြားနေတာကိုတွေ့ ရပါမယ်။
Delay / Reverb 
Delay ပေါင်း 20 နှင့် Natural-Sounding Reverb တို့ တွင် Rooms, Halls, Plates, Springs, နှင့် Tape Delay Simulators တို့ လည်းပါဝင်ပါတယ် အသံအတွက် Depth နှင့်  Spaciousness တို့ ကိုပေါင်းပြီးပုံဖေါ်ထားတာလည်းဖြစ်ပါတယ် Delay အသုံးပြု ရန်ကြာမြင့်မှု အချိန်ကို 4 စက္ကန့် အထိပေးထားပါတယ်။ Reverse Delays, Modulated Reverbs နှင့် Particle Reverbs တို့ ကိုရှာပြီးအသုံးပြု နိုင်ပါတယ်။ သင်အသုံးပြု တဲ့အခါတကယ့်ကို ဆန်းကြယ်တာတွေ့ ရပါလိပ်မယ်၊   G1on/G1Xon Effects ရဲ့ Amp 22 မျိုး စရင်းကို Click Here ဒီမှာဝင်ကြည့်နိုင်ပါတယ်။
G1on နှင့် G1Xon တွင်ပါဝင်သော စီမံထားမှု များ
G1on နှင့် G1Xon တို့ တွင်အသံကို သင်လိုသလိုပြု လုပ်နိုင်အောင်  ပြည့်စုံလုံလောက်တဲ့ စီမံမှု များစွာပါဝင်ပါတယ်။
Effects များပြောင်းခြင်း 
Complex Multi-Effects စနစ်ဖြင့် အသုံးပြု ရာတွင်လွယ်ကူစေခြင်း
သင့်အတွက် G1on/G1Xon တို့ မှာ အသင့်ပါလာသော Effects များကိုရွေးခြယ်အသုံး ပြု ခြင်း တည်းဖြတ်ခြင်း သက်သက် မဟုပ်ဘဲ ၎င်းတို့ အထဲက Effects 5 ခုကိုတပြို င်တည်း အသုံးပြု နိုင်ပါတယ် ဒီလိုအသုံးပြု ရာမှာ သင်လိုအပ်သလို ပြောင်းလည်းအသုံးပြု နိုင်တာပါ။ ဒီလိုစွမ်းအင်တွေနဲ့  အသုံးပြု ရာမှာ လွယ်ကူစေအောင်ဖန်တည်းထားရတဲ့ သဘောကတော့ Pedals ပေါင်းများစွာ ကို အသုံးပြု နေစရာမလိုအောင်စီမံပေးထားတာ ဖြစ်ပါတယ်။ Stombox မှာတုန်းက အောက်ပါပုံမှာပြထားသကဲ့သို့  Compression, EQ, Distortion ကဲ့သို့ သော Overdrive Effects, Modulation Spatial Effects နှင့် Delay တို့ ကိုတွဲဖက်ချိတ်ဆက် အသုံးပြု ရတာပါ။
G1on/G1Xon Tuner
ဂစ်တာသမားအားလုံး နားလည်ပြီးသား ဂစ်တာကြိုး တွေညီနေရမယ် ဆိုတာ ဒါပေမဲ့ တူရီယာတွေမှာ Tuner အသင့်တပ်ဆင်မထားပါဘူး သို့ သော်လည်း G1on/G1Xon တိုမှာ ကြိုးညှိရန် Tuner တပ်ဆင်ပေးထားပါတယ် အထက်ပါပုံကိုကြည့်ပါ။ ကြိုးအနည်းငယ် ရော့နေ တင်းနေရင်တောင်သိသာအောင် ပြပေးထားပါတယ်၊ ကျနော် G1Xon ကိုဝယ်ယူထားပြီးဖြစ်ပါတယ် ခုလိုကြိုးညှိစနစ်တပ်ဆင်ပေးထားတာကို အလွန်သဘောတွေ့ နှစ်သက်ပါတယ်။ ကျနော် ဆိုဒ်ရဲ့ ဘယ်ဘက်မှာ ပြန်ရောင်းဘို့ လည်း ကြော်ငြာထားပါတယ်  လက်တွေ့ သုံးကြည့်ပြိး ဆောင်းပါးရေးရတာကို နှစ်သက်လို့ ဝယ်လိုက်တာပါ ပြန်ရောင်းခြင်တာက နောက်ထပ် ထပ်ဝယ်ပြီး နောင်အမျိုးအစားတွေ အကြောင်းထပ်ရေးချင်လို့ ဖြစ်ပါတယ်။ G1on/G1Xon တို့ ရဲ့ Tuner ကိုအချိန်မရွေးသုံးလို့ ရပါတယ်။ Tuner ကိုအသုံးပြု ဖို့ ရန် G1on/G1Xon တို့ မှာ Play နှင့် Stop ခြေနင်း Pedals များပါ ပါတယ် ၎င်း နှစ်ခုလုံးကိုတစ်ပြိုင်နက်နင်းလိုက်တာနဲ့ G1on/G1Xon တို့ ရဲ့ LCD Screen နေရာမှာ အထက်မှာပြထားပေးတဲ့ ပုံမျိုးတွေရမှာဖြစ်ပါတယ်။ Tuner ကိုကြည့်ပြီးကြိုးညှိရတာလောက်လွယ်တဲ့နည်း နောက်ထပ်ရှိမယ်မထင်ပါဘူး ဂစ်တာကြိုး 6 ကြိုးလုံးရဲ့ E, A,D,G,B,e သို့ မဟုပ် e,B,G,D,A,E တို့ ကိုသင်စိတ်ကြိုက် ညှိပေတော့။
Rhythms ထဲ့ပေးခြင်းဖြင့် သုခုမအတပ်ကို ပြည့်စုံစေခြင်း
Rhythm နဲ့ ပါတ်သက်လို့ အထက်မှာရှင်းပြထားတာလဲရှိပါတယ်ခုလဲထပ်သတိပေးပါမယ် Rhythm ကို မြန်မာလို ကာရန် သို့ မဟုပ် နဘေ လို့ ပြန်ဆိုထားပါတယ် ကျနော်တို့  မြန်မာတွေ Rhythm ကို Rhythm Guitar သံနဲ့ မှားမှာဆိုးလို့ ပါ ခုဒီ G1on/G1Xon မှာ Rhythm ကို ကာရန်အဖြစ် Drum သံထဲ့ပေးတာကိုဆိုတာပါ။
သင်အနေနဲ့  အတီးလေ့ကျင့်တဲ့အခါ ပိုပြီးမြိုင်အောင်ထဲသုံးနိုင်ပါတယ် ဒီ G1on/G1Xon မှာ Rhythm ပေါင်း 68 ခုထဲ့ပေးထားတယ်လို့ ဆိုပါတယ် ကျနော်လည်းတော်တော်များများသုံးကြည့်ပြီးပါပြိ အသေးစိတ်တော့ရည်တွက်မကြည့်မိသေးပါဘူး။ Jazz တို့ Rock တို့ စသဖြင့် ပါဝင်ပြိး 4/4 Timing အပြင် 6/8 (shuffle) နှင့် 3/4 (waltz time) တို့ ပါဝင်သလို 5/4 groove ကိုပါထဲ့ပေးထားပါတယ်။ Rhythm Function ကို Looper Function နှင့်တွဲပြီးသုံးနိုင်ပါတယ်။ အထက်ကပုံကိုကြည့်ပါ Stop Pedal ရဲ့အထက်မှာ RHYTHM/LOOPER  ဆိုတဲ့ အပြာရောင်ခလုပ်လေးပါ ပါတယ် ပထမအကြိမ်နှိပ်ရင် Rhythm ကိုသုံးလို့ ရပြီး ဒုတိယအကြိမ် ထပ်နှိပ်ရင်တော့ Looper ကိုသုံးလို့ ရမှာဖြစ်ပါတယ်။ Play Pedal အထက်က LCD Screen ကိုကြည့်ပါ Rhythm ကိုသုံးသည်ဖြစ်စေ Looper ကိုသုံးသည်ဖြစ်စေ ENTER ကိုနှိပ်ပေးရမှာဖြစ်ပါတယ် ပုံထဲမှာ မြင်နေရတာ  Rhythm Screen ဖြစ်ပါတယ် သင်လိုတဲ့အသံကို Volume Control ကိုလှည့်ပေးပြီးပြောင်းယူ နိင်ပါတယ်။ အောက်မှာ Looper ကိုဆက်ရှင်းပြပေးပါမယ်။
Looper ဖြင့်ပြည့်စုံသော ဖျော်ဖြေမှု ကိုတည်ဆောက်ပါ
Rhythm နဲ့ Looper ကိုဘယ်လိုပြောင်းသုံးရမယ်ဆိုတာ ပြောပြီးပါပြီ ခု အထက်ကမြင်နေရတာ Looper Screen ဖြစ်ပါတယ် Looper ကိုစသုံးတော့မယ်ဆိုရင် ကိုထဲသွင်းလိုတဲ့ အသံနဲ့  ကိုက်ညီမဲ့ Timing ကိုရွေးပေးပါ အပေါ်ကပုံမှာ TIME မှာမျှားပြပေးထားပါတယ် TIME ကနေ BPM နဲ့  LVL တို့ ကိုပြောင်းရန်အတွက် Volume Control ကိုလှည်းပေးခြင်းဖြင့်ပြောင်းလို့ ရပါတယ် ဘာကိုသုံးသုံး ENTER ကိုနှိပ်ပေးရပါမယ် ခု TIME မှာမျှားပြထားတော့  ENTER ကိုနှိပ်ပေးလိုက်ပါ။ ပြီးရင် Volume Control ကိုလှည်းပေးခြင်းဖြင့် ကိုလိုတဲ့ Timing ကိုပြောင်းယူရပါမယ် အမြင့်ဆုံး 64 Beats အထိပြောင်းလို့ ရပါတယ် ကြာမြင့်မှု အချိန်ကို 30 Seconds အထိပေးထားပါတယ် သင်လိုသလို ချိန်ပြု ပြီးလို့ စတင်တီးခတ်တော့မယ် ဆိုရင် PLAY Pedal ကိုနင်းလိုက်ပါ 1,2,3,4 အစက်လေး လေးခုပေါ်လာပါတယ် သင်စတီးလို့ ရပါပြီ။ သင် တီးခတ်လိုက်တဲ့ အတီး ကိုနောက်ထပ်အတီး တမျိုးနဲ့   Loop ထပ်ပါတ်ခြင်သေးရင်ရပါသေးတယ် ဒီလို Looping ပါတ်ဖို့  5 ကြိမ်အထိလုပ်ဆောင်နိုင်ပါတယ် နောက်ထပ်တစ်ကြိမ်ထပ်တိုးတိုင်း  PLAY Pedal ကိုနင်းဖို့ လိုပါတယ် ဒါကို Overdub လုပ်တယ်လို့ ခေါ်ပါတယ်။ ဒုတိယ အကြိမ် လုပ်မဲ့ Looping မှာ  1,2,3,4 အစက်လေး တွေမပေါ်တော့ပါဘူး Timing ကိုသင့်ဖာသာမှတ်ယူပါ။ Rhythm Function ကို Looper Function နှင့်တွဲပြီးသုံးနိုင်ပါတယ်။
 Auto Save ကို Edits Saved လုပ်နိုင်ခြင်း
G1on/G1Xon တို့ က သင်လုပ်ဆာင်တီးခတ်မှု အားလုံးကို စက်က သိမ်းပေးထားမှာဖြစ်လို သင့်ရဲ့ တီးခတ်မှု များ ပျောက်မှာကို စိုးရိန်စရာမလိုပါဘူး။ သင်အသုံးပြု တီးခတ်ထားတဲ့ လမ်းကြောင်းပေါ်ကို သင်ကိုယ်တိုင် ထပ်မံတီးခတ်မထဲ့ မိဖို့ တော့ သင်ကိုယ်တိုင်ဂရုပြု ရပါမယ်။ ဒီလိုတီးခတ်မိတယ်ဆိုရင်လဲ G1on/G1Xon တို့ က သင် Edits ပြု လုပ်တယ်လို့ ယူဆမှာဖြစ်လို့  သင့်ရဲ့ Edits ကို Save လုပ်လိုပါသလား လို့ မေးပါလိပ်မယ်
Setting က လက်ရှိအသုံးပြု နေတဲ့ Area သို့ မဟုပ် အခြားသော Area တခုခုမှာ သိမ်းပေးမှာဖြစ်ပါတယ်။ G1on/G1Xon တို့ က သိမ်းရမည့်လမ်းကြောင်းကို လွယ်လင့်တကူ ရွေးပေးမှာဖြစ်ပါတယ် သို့ မဟုပ် HOME နှင့် ENTER ကြားကခလုပ်လေးကိုလှည်းပြောင်းပေးခြင်းဖြင့် လမ်းကြောင်းကို သင်ကိုတိုင်ရွေးခြယ်ပေး နိုင်ပါတယ်။ သင်ရွေးပေးလိုက်တဲ့လမ်းကြောင်းနာမည်ပေးဖို့ စာလုံးရေ 10 လုံးအထိပေးလို့ ရပါတယ်။ Acoustic ဂစ်တာမှလာသော အသံများကို Heavy Metal အဖြစ် Overdrive ပြု လုပ်ပေးနိုင်ပါတယ်။
 Effects များကို ကြိုတင်ရွေးခြယ်ခြင်း
Effects များကိုရွေးခြယ်အသုံးပြု ရန် အတွက် HOME ကနေပြောင်းပေးရမှာဖြစ်လို့  LCD Screen ပေါ်မှာ HOME Screen ဖြစ်မနေပါက HOME ခလုပ်ကိုနှိပ်ထားပေးဖို့ လိုပါတယ်၊ အပေါ်ကပုံမှာပြထားပေးလို ညာဘက်ခြေနင်းပြားကို နင်းပေးခြင်းဖြစ်ပြောင်းနိုင်ပါတယ် Effects များကို A က J အထိပေးထားပြီး အုပ်စုတစ်ခုစီတွင် 10 မျိုးစီပေးထားလို့  A0,A1,A2, စသဖြင့် A မှာ A9 အထိပါဝင်သလို B မှာလဲ B9 ပါရှိတာမို့  J9 အထိ အားလုံး Effects ပါင်း 100 ပါဝင်ပါတယ်။ A0 ကနေ A9 အထိခြေနင်းကို တစ်ချက်ခြင်းနင်းပြီး ပြောင်းပေးရမှာဖြစ်ပါတယ် သို့ သော် A1 ကနေ B1 , C1, D1 ပြောင်းလိုပါက ညာဘက် Pedal ရဲ့အထက်ဖက်မှာ အထက်အောက် ဘယ်ညာ ပြောင်းပေးတဲ့ ခလုပ်တွေထဲက အပေါ်ဆုံးခလုပ် ကိုနှိပ်ပေးခြင်းဖြင့်ပြောင်းနိုင်ပါတယ်။ J1 ကနေ အောက်ကိုပြန်ဆင်းလိုပါက အောက်ဆုံးခလုပ်ကနေ ပြန်ဆင်းလို့ ရပါတယ်။ Effects 100 ကိုရအောင်မှတ်ထားရမှာကတော့ သင့်တာဝန်သာဖြစ်ပါတယ်။
 Power ပိုင်းဆိုင်ရာလုပ်ဆောင်ချက်များ
Power ပိုင်းဆိုင်ရာအတွက် Zoom AD-16 AC Adapter ကိုသော်၎င်း AA Batteries 4 လုံးကိုသော်၎င်း Alkaline ဘက်ထရီကိုသော်၎င်း သို့ မဟုပ် အားပြန်သွင်း၍ သုံးနိုင်သော NiMH ဘက်ထရီကိုသော်၎င်း သုံးနိုင်ပါတယ်။ သင်အနေဖြင့် ဘက်ထရီကိုသုံးလိုသောအခါ  Jack Pin ကြိုးများတပ်ဆင်ပြီးသွားသောအခါ မှ G1on/G1Xon တို့ ရဲ့  Powers တက်လာမှာဖြစ်ပါတယ်။ AA Batteries ကိုအသုံးပြု ပါက 10 နာရီ ကြာအောင်သုံးနိုင်မှာဖြစ်ပြီး Alkaline Batteries ကိုအသုံးပြု ပါက နာရီ 20 ကျော်ကြာအသုံးခံပါတယ် သင် ဘက်ထရီကို ဆက်တိုက်အသုံးပြု နေမယ်ဆိုရင် Power ဘယ်လောက်ထိ ရှိနေတယ် ဘယ်လောက်ကုန်သွားပြီဆိုတာ LCD Screen မှာပြပေးနေမှာဖြစ်ပါတယ်။ အသုံးမပြု တော့လို့  စက်ပိတ်တော့မယ်ဆိုရင် စက်ပိတ်ပြီး 15 စက္ကန့်  သို့ မဟုပ် စက္ကန့်  30 ကြာပြီးမှ Powers ပိတ်သွားမှာဖြစ်ပါတယ်။
 The G1Xon expression pedal
Express yourself.
G1Xon နဲ့  G1on တို့ ရဲ့ကွာခြားချက်ကတော့ Wah ခြေနင်း Pedal ပါတာနဲ့  မပါဘဲကွာခြားပါတယ် Wah ပါခြင်းအတွက် အားသာချက်များကို ဂစ်တာတီး ကျွ မ်းကျင်လို့  ဒီဆောင်းပါးကိုဖတ်နေတဲ့ သင်လည်းသိပြီး သားဖြစ်မှာပါ 1970 September 18 ရက်နေ့ မှာ ကွယ်လွန်သွားတဲ့ Jimi Hendrix  ဟာဆိုရင် ယနေ့ ထိ Rolling Stone ကနေ့  ကမ္ဘာအတော်ဆုံး ဂစ်တာသမားအဖြင့် အဆင့် 1 နေရာမှာထားပေးရတဲ့သူဖြစ်ပါတယ် သူ့ ရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့အတီးတွေထဲက Voodoo Child ကိုတီးတော့မယ်ဆိုရင် Wah ကိုမသုံးဘဲတီးလို့ ကိုမရပါဘူး Wah ကိုအသုံးပြု ခြင်းဖြစ် G1Xon ထဲမှာပါတဲ့ Effects  များရဲ့အသံကို သင်လိုသလို ပြောင်းနိုင်အောင် သင်ကိုယ်တိုင် နင်းပေးရမှာဖြစ်ပါတယ် ဒါပေမဲ့ ခုစာဖတ်သူရဲ့ ဂစ်တာအရည်သွေးကို တော့ ကျနော် မသိနိုင်ပါဘူး။
 G1on/G1xon ပါဝင်သော အင်္ဂါရပ်များ
100 effects, including distortion, compression, modulation, delay and reverb (G1Xon adds 5 pedal-controlled effects)
Up to 5 effects can be used simultaneously, chained together in any order
100 memory locations (10 banks of 10) for the storage of user-created patches
Copy and Swap functions make patch organization a breeze
Auto Save function for automatic saving of all patch parameters
Pre Select function allows you to scroll through patches silently while keeping the current patch operational
Onboard chromatic tuner supports all standard guitar tunings, including open and drop tunings
Looper feature for the recording of up to 30 seconds / 64 beats of CD-quality audio with seamless start and end times
68 built-in rhythm patterns which can be used in conjunction with the Looper
Input jack accepts standard mono guitar cable (both active and passive instruments supported)
Auxiliary input jack for connection of personal music players
Output jack for connection to amp or headphones
Backlit LCD with contrast control for easy viewing in low-light environments
Lightweight and small enough to fit in your gig bag
Easily integrated into any existing pedal board
Runs on 4 AA batteries, with alkaline battery life of 20 hours
USB port for firmware updates
Optional AC adapter
G1Xon model adds a built-in expression pedal for control over input level, output level, or any selected effect parameter
PDF File ကိုဒီကနေဒေါင်းယူနို င်ပါသည်။ 
Zoom G1Xon guitar effects pedal looper demo 01
Zoom G1Xon Demonstration
Reviw Zoom G1xon
အောက်မှာ မူရင်းဆိုဒ်ကို သွားဖို့  Link ချိပ်ပေးထားပါတယ် ဘာကြောင့်လဲ ဆိုတော့ ကျနော် ဒီဆောင်းပါးကို တိုက်ရိုက်ဘာသာပြန်ထားတာမဟုပ်ဘဲ ကိုယ်တိုင်သုံးကြည့်ပြီးရေးသားထားတာတွေပါနေလို့ ဖြစ်ပါတယ်။
Zoom G1Xon မူရင်း Link
No comments: