၇၀။ Windows Live Movie Maker အသုံးပြုနည်း

Windows Live Movie Maker သည် Windows Vista တွင်ပါဝင်သော Movie Editor ဖြစ်ပါတယ်
Windows Movie Maker ကတော့ Windows XP မှာပါတဲ့ Movie Editor ဖြစ်ပြီး Microsoft ပိုင်ပစ္စည်းများဖြစ်ပါတယ် မိတ်ဆွေတို့ အနေဖြင့် မိမိ ကွန်ပျူတာမှာ Movie တွေကို ဒီ Microsoft ပိုင် ပစ္စည်းများဖြစ် Edit  လုပ်လိုပါက Windows Vista မှာ Windows Live Movie Maker ကိုသုံးနိုင်သလို  Windows XP မှာ Windows Movie Maker အဆင်သင့်သုံးနိုင်ကြပါတယ်၊ သို့သော် Windows 7 နှင့် Windows 8 အသုံးပြုသူများက တော့ အသစ်ဒေါင်းလုပ်ယူရမှာဖြစ်ပါတယ် သင်ဒေါင်းလုပ်မယူခင် သင် သတိထားရမှာက သင့်ကွန်ပျူတာသည် Windows အစစ်ဖြစ်ရပါမယ် ကော်ပီများ အသုံးပြုထားရင် Microsoft က Windows genuine ရေစာကပ်ပေးပြီး တစ်လအသုံးပြုခွင့်ပေးထားပြီး သင့်ရဲ့ Windows ကိုဖြက်ချတပ်ပါတယ်။ 
 
1: သင်ဘာကို Editing လုပ်လိုပါသလဲ
သင် Windows Live Movie Maker ကိုအသုံးပြုမယ်ဆိုရင် ဒါဟာအကောင်းဆုံးစိတ်ကူးလေးဖြစ်ပါတယ်။



အကယ်၍သင်က အဆင့်ရှိတဲ့  effects တွေကိုထဲ့ဘို့ရည်ရွယ်ထားရင် Adobe After Effects ကိုသုံးပြီးအကောင်းဆုံးဖန်တည်းပေးနိုင်ပါတယ်။


Sony Vegas ကိုလည်းသင်အသုံးပြုနိုင်ပါတယ်။
 

2: Import your video. သင် Edit လုပ်လိုတဲ့ Video ကို Windows Live Movie Maker ထဲကိုထဲ့သွင်းပေးရန် Import ကနေဝင်ပြီး File ကိုသွားပြီး သင့် ကွန်ပျူတာထဲမှာ သင်ထားတဲ့ လမ်းကြောင်းကို ရွေးပေးပြီးထဲ့သွင်းပါ။ ဒီနေရာမှာ သင်သိထားရမှာက
Windows Live Movie Maker က လက်ခံနိုင်မဲ့ Foment ကိုမထဲ့သွင်းမှီအရင်ပြောင်းထားပေးရမှာဖြစ်ပါတယ်။ Windows XP မှာကျနော်သုံးခဲ့စဉ်က MPEG 1 ကိုအရင်ပြောင်းထားပြီးမှ Windows Movie Maker ထဲ့ကိုထည့်သွင်းတာဖြစ်ပါတယ်။
Windows Live Movie Maker က MPEG 1 ကို လက်မခံရင် MPEG 2 စသဖြင့်ပြောင်းကြည့်ပါ၊ ဒီလို Foment ပြောင်းတာကို ကျနော်သုံးခဲ့တဲ့ Software ကတာ့ Any Video Converter 5 ဖြစ်ပါတယ် ဒီဝက်ဆိုဒ်ထဲမှာဒေါင်းယူနိုင်ပါတယ် အသုံးပြုပုံ စာအုပ်လဲ ဒေါင်းပြီးဖတ်လို့ရပါတယ်၊ မြန်မာလိုတော့မပြန်ရသေးပါဘူး။
  

3: Effect & Presets ကနေ စတင် edit လုပ်နိုင်ပါတယ်။
  

Finalize your video. သင် ဖန်တည်းထားတဲ့ Video ထဲက အမှားများရှိမရှိကို အစမှအဆုံးပြန်စစ်ပါ။
  

5: Export or Save your video. ဤနည်းဖြင့် Save လုပ်ပြီးသိမ်းပါ။
 

No comments: