၅၉။ YouTube Video Editor အသုံးပြုနည်း

YouTube Video Editor

 Video Editor နှင့်အတူ အသုံးပြုနိုင် လုပ်ဆောင်နိုင်တာ အပိုင်း ၄ ပိုင်းခွဲပေးထားပါတယ်။ 
  • ပထမ အဆင့်သိထားသင့်တာကတော့ Combine ပါ သင့်ရဲ့ Videos တွေ Images တွေကို Combine လုပ်ပေးခြင်းဖြစ်ပါတယ် ဒီလို လုပ်ဖို့အတွက် သင့်ဖိုင်တွေကို Upload လုပ်ပေးဘို့လိုပါတယ်။
  • ဒုတိယ အဆင့်သိထားရမှာကတော့ Trim ပါ။ ဒီအဆင့်မှာ သင်လုပ်နိုင်တာတွေက သင့်ရဲ့ Videos နဲ့ Images ကို ဖြတ် ညှပ်တောက် စသဖြင့် လိုအပ်ရင်ပေါင်းပေးတဲ့နည်း ဖြစ်ပါတယ်။
  • တတိယ အဆင့်မှာသိထားသင့်တာက Add music ပါ။ သင့်ပြုပြင် ခြင်တဲ့ Video ထဲသို့ သချင်းပေါင်းထည့်ပေးခြင်းဖြစ်ပါတယ်။
  • စတုတ္ထ အဆင့်မှာ သိထားရမှာက Customize ပါ။ YouTube မှာရှိတဲ့ Tools တွေကိုသုံးပြီး Effects တွေပေါင်းထည့်ပြီး အလှဆင်နည်းတို့ဖြစ်ပါတယ်။

ဒီလို YouTube က Tools တွေကိုသုံးပြီး Video တွေကို ဖန်တည်းပြီးသွားပြီဆိုရင် YouTube ဝက်ဆိုဒ် ဆီသို့ တိုက်ရိုက်တင်နိုင်ပါတယ်။


ဒီလိုလုပ်ဆောင်ရန်  Video Editor ကိုဝင်ရန် အောက်ပါအချက်များကိုလုပ်ဆောင်ပါ။
  1. Sign in လုပ်ပါ၊ (သင့်ရဲ့ Gmail ကောင့်ကိုဝင်ပြီးသားဆိုရင် YouTube မှာကလစ်နှိပ်ပြီးဝင်ရုံပါ။)
  2. သင့် File ကို Upload Button မှာကလစ်နှိပ်ပေးပြီး Upload လုပ်ပါ။
  3. ဒီစာရွက်ရဲ့ အပေါ်ဆုံးက "Video Editor" ကလစ်နှိပ်ပေးခြင်းဖြစ်လည်းဝင်ရောက်နိုင်ပါတယ်။
 

YouTube Video Editor ဖြင့် သင့် Videos များကိုပိုမိုကောင်းမွန်အောင်ပြုလုပ်ပေးခြင်းများ

Videos Files များကို Upload ခြင်း Videos များကို ဖြတ်ညှပ်ပြုပြင်ရန်နှင့် Effects  များပေါင်းထည့်ပေးခြင်းများအတွက် YouTube ကိုအသုံးပြုပြီး ပြုလုပ်ပေးနိုင်ပါတယ်။ ထို့အပြင် သင် Upload လုပ်ထားပေးသော Videos များကိုလည်ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။






No comments: