Saturday, November 22, 2014
Android System Recovery အကြောင်းသိကောင်းစရာ
  <<< ဒီပုံက ROM ဖြစ်ပါတယ်။
Android System Recovery: ဆိုတာဘာလဲ ဘာတွေလုပ်နိုင်သလဲ
ဒီ Post ကိုမစခင် သင်အနေနဲ့ ဒီ Post ကိုဖတ်တာဟာ သင့် ရဲ့ ဖုန်းမှာ ဒါမှမဟုက် သင့်ရဲ့ Android Device မှာ Android system recovery <e3> ကိုသုံးဖို့ လိုအပ်တာတွေလေ့လာနေတာဆိုရင် သင့်အနေနဲ့  ဒီဆိုဒ် How to fix a phone that’s stuck on the Android system recovery screen မှာသွားလေ့လာသင့်ပါတယ် ဒီဆိုဒ်က အင်္ဂလိပ်ဘာသာနဲ့ ရေးထားတာပါ။ အလျှင်းသင့်ရင်တော့ ဘာသာပြန်ပေးပါအုန်းမယ်။ သင့်အနေနဲ့  နဲနဲလေးပိုလေးလေး နက်နက် လေ့လာခြင်တာဆိုရင် ဒီဆိုဒ်ဟာ သင့်အတွက်သင့်တော်ပါတယ်။
Android System Recovery tool ဆိုတာဘာလဲ
Android System Recovery Tool ဆိုတာ Android ဖုန်းရဲ့ Setting အပိုင်းကနေမဟုပ်ဘဲ ဖုန်းရဲ့ Power ကိုပိတ်ပြီးမှ ဖုန်းထဲမှာရှိတဲ့ Function တွေထဲကို ဝင်ရောက်ပြီး လုပ်စရာရှိတာတွေကို လုပ်ဆောင်ရတဲ့ အပိုင်းဘဲ ဖြစ်ပါတယ်။ သူ့ ဆီကနေလုပ်ဆောင်နိုင်တာတွေ တော်တော်များများရှိပါတယ်။ ဥပမာ ဖုန်းရဲ့ Software ကို Update လုပ်တာမျိုး Cache တွေကိုရှင်းတာမျိုး နဲ့  ဖုန်းကို Factory Reset လုပ်တာမျိုးက အပြင် မူလက ပါလာတဲ့ ROM ( Stock ROM လို့ လဲခေါ်ပါတယ် ) ကို Custom ROM( Custom ROM ဆိုတာသင့်စိတ်ကြိုက်ပြန်ပြောင်းသုံးမဲ့ ROM ပါ ) ပြောင်းပြစ်တာမျိုး Root ဖေါက်တာမျိုးကအစ လုပ်ဆောင်နိုင်ပါတယ်။ 
Android System Recovery tool ထဲသို့ ဝင်ရောက်ခြင်း
 Recovery mode header
ခုကျနော်ရေးပြတာကို နားမလည်လို့  အင်္ဂလိပ်ဖို ဖတ်ခြင်ရင် ဒီဆိုဒ် How to hard reset an android phone  မှာ သွားဖတ်ပါ ဘယ်လိုဝင်ရတယ်ဆိုတာရေးထားပေးပါတယ် သူကတော့ Volume Down Key နဲ့ တွဲသုံးရတယ်လို့ ပြထားပေးပါတယ်။ ဖုန်းတွေတစ်လုံးနဲ့ တစ်လုံးမတူသလို Recovery Mode ထဲမှာလဲ မြင်ရတာခြင်းမတူပါဘူး အကြမ်းဖျင်း ကတော့ အတူတူတွေပါဘဲ။ အောက်မှာရေးပြထားတာတွေက Recovery Mode ထဲမှာပါမဲ့ Function များဘဲဖြစ်ပါတယ်။ Function တစ်ခုနဲ့ တစ်ခုကို Volume Up Key နဲ့  Volume Down Key တို့ ကိုသုံးပြီး အဆင်းအတက်လုပ်ပေးရတာပါ၊ သင်ဝင်ခြင်တဲ့ နေရာကိုရောက်လို့ ဝင်တော့မယ်ဆိုရင်တော့ Power Key ကိုအသုံးပြု ရပါတယ် ကွန်ပျူ တာက Enter ကိုခေါက်ဝင်သလိုပေါ့ဗျာ။ အောက်မှာ မြင်ရတာ Function ခြောက်မျိုးပြထားပေးပါတယ် ဟိုးအောက်က Samsung မှာတော့ ရှစ်မျိုးတောင်ပါနေပါတယ်။ သင့်ဖုန်းမှာ ဘယ်လိုပါမယ်ဆိုတာ ကျွ န်တော် မသိပေမဲ့ အခြေခံသဘောကတော့အတူတူပါ။
1> Reboot system now
2> Apply update from ADB
3> Apply update from external storage/  SD Card လို့ ပြပေးသည်။
4> Wipe data/ factory reset
5> Wipe cache partition
6> Apply update from cache
ဖုန်းတွေ ဘယ်လောက်ပင်မတူစေကာမူ  Android မှန်ရင်အနည်းငယ်သာကွဲလွဲပါတယ်။ အောက်ပါပုံဟာ Recovery Mode ထဲဝင်ပြီးရင်မြင်ရမဲ့ ပုံပါ။
 ဘာစာမှ အပေါ်ဘဲ အောက်ကလို ပုံမျိုးပေါ်နေတယ်ဆိုရင် သူရဲ့ Function များကိုမြင်ရအောင် Home Key ကိုနှပ်ပေးပြီးဝင်ရပါတယ်။ ဒီအောက်ကပုံဟာ Power မတက်တော့တဲ့ ဖုန်း သို့ မဟုပ် Bricked ဖြစ်နေတဲ့ ဖုန်းတွေမှာ မြင်ရတဲ့ ပုံပါ။ ပုံမှန် Power တက်တဲ့ ဖုန်းတွေကတော့ အပေါ်ပုံလို တန်းမြင်ရမှာဖြစ်ပါတယ်။ ဒီလို Bricked ဖြစ်သွားတဲ့ဖုန်းကို ပြန်ပြင်ဖို့ အောက်မှာ ဖေါ်ပြပေးမဲ့ Apply Update From ADB နည်းကိုသုံးရမှာဖြစ်ပါတယ်။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmd1Ng2deMAMjbGpwlD9lREzthovsVvDqlyGjVfNKOfodT6qt5adkYjtUDQBIBC-SfVroCRS3Wdfl5VZx0fTjeeQukvCs6ShvSFRziFog495D05YO06HUwxrX4uFvrLzhyphenhyphensuRFQx1mcSBA/s1600/IMG_2.jpg
Home Key ဆိုတာကို မသိဘူးဆိုရင်တော့ အောက်ကပုံက ဟိုးအောက်ဆုံးအလယ်က ခလုပ်ကိုပြောတာပါ။ (မသိသူများကို ပြောတာပါ)
ကဲ့ ဒီတော့ အထက်မှာပြထားပေးတဲ့  Function ခြောက်မျိုးကို ဘယ်လိုအသုံးပြုရမယ်ဆိုတာ စတင် မိတ်ဆက်လိုက်ကြရအောင်၊ 
1> Reboot system now
 “Reboot system now”  မှာ အလင်းတန်းလေးရှိနေမှာပါ ဒီ “Reboot system now” ကိုသုံးခြင်ရင် Power Key ကို နှိပ်ပေးပါ၊ သူကတော့ သင့်ဖုန်းရဲ့ Power ကိုပြန်ဖွင့်လိုက်တာပါဘဲ ဒီတော့ ဖုန်းထဲကို ပြန်ရောက်သွားပါမယ် ကွန်ပျူ တာမှာ Restart ချ တာလိုပေါ့ဗျာ။ တကယ်တော့ Reboot နဲ့  Restart ဟာ အဓိပ္ပာယ် အတူတူ ပါဘဲ။
2> Apply update from ADB
Apply Update From ADB ဆိုတာက ADB ကနေ Apply လုပ်မယ်လို့ ပြောတာပါ၊ ဒီနေရာမှာ ADB ကိုသိထားဖို့ လိုအပ်သွားပြီပေါ့ ADB ဆိုတာကတော့ ဖုန်းထဲကနေဝင်မယ်ဆိုရင် Setting ကနေဝင်ပြီး ဖုန်းမှာ System Software တွေသွင်းရင် မှန်ချစ် ပေးရတဲ့ Android Debug Bridge ကို အတိုကောက်ရေးထားတာပါ။   Apply Update From ADB ဆိုတာကတော့ ADB ကိုအသုံးပြုခြင်းဖြစ်ပါတယ်၊ ဒီနည်းကိုတပ်ထားမယ်ဆိုရင် သင်ဟာ ဖုန်းအသုံးပြု သူအဆင့် မဟုပ်တော့ဘဲ ကွန်ပျူ တာ အခေါ်အရ သင်ဟာ Android Developer တစ်ယောက်ဖြစ်သွားပြီပေါဗျာ။ ကျွန်တော်ဟာ မည့်သည့် ဆောင်းပါးတွေ နည်းပညာတွေကိုမဆို ဘာသာပြန်တဲ့ အခါ စာအတိုင်း ပြန်ဆိုလေ့ မရှိပါဘူး လက်တွေ့ နဲ့ ပေါင်းပြီး ပြန်ဆိုတာဖြစ်ပါတယ်။ ဒီတော့ ဒီ ADB ကို ကျွန်တော် အသုံးပြုထားတဲ့ အတွေ့ အကြုံ လေးတွေကိုပါ မျှဝေပေးလိုက်ပါတယ်။ ဒီ ADB ကိုအသုံးပြု ဖို့ သင့်ရဲ့ ကွန်ပျူ တာဟာ Windows 7 64Bit ဖြစ်နေရပါတယ် ဘာ့ကြောင့်လဲ ဆိုတော့ သူနဲ့ တွဲဖက်အသုံးပြု ရမဲ့ Software တွေထဲမှာ Java Platform ဖြစ်တဲ့ (JDK) 8u25 ကိုတွဲသုံးရမှာဖြစ်တဲ့ အတွက် သင့်ရဲ့ ကွန်ပျူ တာဟာ Windows 7 64Bit ထက်နိပ်နေလို့ လုံးဝကို မဖြစ်နိုင်ပါဘူး။ ဒီတော့ သင့်ရဲ့ ကွန်ပျူ တာ နဲ့  သင့်ရဲ့ဖုန်းကို ဆက်ပေးပြီး ကွန်ပျူ တာထဲက CMD Box ကိုဖွင့်ပြီးသုံးရတောမှာမို့ ဖြစ်ပါတယ်။ ဒီလိုဆက်သွယ် အသုံးပြု ဖို့  ဖုန်းအမျိုးစားအလိုက် Drivers များကိုလည်းစုတောင်းရှာဖွေရမှာဖြစ်ပါတယ်။ ကောင်းပြီး ဒီ ADB ကိုသုံးပြီး ဘာတွေလုပ်လို့ ရသလဲ ဆိုရင် သင့်ရဲ့ ဖုန်း Bricked ဖြစ်သွားလို့  ဒီဖုန်းကို Unbrick ပြန်လုပ်မယ် Flash ပြန်ဖြစ်အောင်လုပ်မယ်ဆိုရင် ဒီ ADB နည်းကို သုံးရမှာဖြစ်ပါတယ်၊ ဒါတင်မက ပါဘူး ROM ပြောင်းသုံးမယ်၊ Root ဖေါက်မယ်၊ သင်ဟာ ဖုန်း Developer ကောင်းတစ်ယောက်ဖြစ်လိုတာဆိုရင် ဖုန်းအမျိုးစားတိုင်းကို Back-Up လုပ်ပြီး ROM တွေကိုသိမ်းထားသင့်ပါတယ် ဒီလို ROM တွေကို စုစည်းထားဘို့  Back-Up လုပ်နည်းဟာ ဒီနည်းက ပိုကောင်းပွန်တာကို တွေ့ ရပါတယ်။ ROM ခေါ် Firmware တွေကို စနစ်တစ်ကျ သိမ်းတပ်ပြီဆိုရင်တော့ သင်ဟာ ဖုန်း Developer ကောင်းဖြစ်ဖို့ နာနှုံးပြည့်သွားပါပြီ။ ပြောရမယ်ဆိုရင်တော့ သင် ဖုန်းကို ကွန်ပျူ တာနဲ့  ချိတ်ဆက်ပြီး Update လုပ်မယ် Flash ပြန်ဖြစ်အောင်လုပ်မယ် စသသဖြင့် ပြင်ဆင်ဖိုနည်းဘဲ ဖြစ်ပါတယ်။
3> Apply update from external storage
ဒီနည်းကတော့ သင့်ရဲ့ Memory Card ခေါ် SD Card ကိုအသုံးပြုပြီး Update လုပ်နည်း သို့ မဟုပ်ပြင်နည်ဖြစ်ပါတယ်။  ဒီနည်းမှာ သင့်ကွန်ပျူ တာကနေ သင်လိုအပ်တာတွေကို Download လုပ်ယူပြီး Memory Card ထဲကိုထဲ့ပြီး ဖုန်းထဲကို Memory Card ပြန်ထဲ့ပြီး ဖုန်းကို Update လုပ်မယ် Flash လုပ်မယ် စသဖြင့်ပြု လုပ်မဲ့ နည်းလမ်းတွေဘဲဖြစ်ပါတယ်၊ ဒီနေရာမှာ သတိထားရမှာက သင့် ဖုန်းရဲ CPU မှာအသုံးပြုထားတဲ့ Chap-set များရဲ့ Model နံပါတ်တွေဟာ တိကျ ဖို့ လိုပါတယ်။ ဒီအပြင် သင်ကွန်ပျူ တာကနေကူးယူလတဲ့ File ကိုလမ်းကြောင်းမှန်အောင်ထားပေးဖို့ လဲအတော်အရေးကြီးပါတယ် သို့ မဟုပ်ပါက သင့် File အလုပ် လုပ်မှာမဟုပ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ တစ်ချို့ File တွေဟာ ကွန်ပျူ တာမှာ မြင်ရပေမဲ့ ဖုန်းထဲမှာ ပြောက်နေတပ်ကြလို့ ပါဘဲ။ သင့်ကွန်ပျူ တာကနေ File ကို Memory Card ထဲထဲ့ပြီး ဖုန်းမှာပြန်တပ်တဲ့အခါ အထက်မှာပြောထားတဲ့ ဖွင့်နည်း အတိုင်းဖွင့်းပြီး Volume Down Key ကနေအောက်ကိုဆင်းပြီး Power Key ကနေဝင်ရမှာဖြစ်ပါတယ်။ Memory Card ကိုဝင်ပြီး လုပ်ဆောင်မှု အဆင်ပြေရင် Auto Reboot လုပ်တာလည်းရှိသလို သူ့ အလိုလို Reboot မလုပ်ပါက Volume Up Key နဲ့ ပြန်တက်သွားပြီး Reboot လုပ်ပေးလို့ လဲရပါတယ်။ Power ပြန်တက်သွားလို့ သင့်ဖုန်းကောင်းသွားပြီ ဆိုရင်တော့ လိုအပ်တာတွေကို Manual နည်းဖြင့် အားလုံးအစက ပြန်စရမှာ ဖြစ်ပါတယ်။
4> Wipe data factory reset
5> Wipe cache partition
6> Apply update from cache
ဒီနည်းကတော့ Update လုပ်ဖို့ ရာအကောင်းဆုံးနည်း တစ်ခုတော့မဟုက်ပါဘူး သာမန်မျှ သာဖြစ်ပါတယ်။  ဒီနည်းကို သုံးတာဟာ ကွန်ပျူ တာ နဲ့  Memory Card မရှိလို့ ဖုန်းကြီးသက်သက်သုံးရတဲ့အခါမှာ အသုံးဝင်ပါတယ်။ ဒီနည်းဟာ ဖုန်းပြန်အတက်နှေးနေတာကို ပြန်ပြင်နည်းမျှ သာဖြစ်ပြီး လိုအပ်တဲ့ File တွေကို ဖုန်းထဲကနေ Download လုပ်ယူတဲ့ နည်းဖြစ်ပါတယ်၊ ဒီလို လုပ်တဲ့အခါမှာ Wi-Fi ကောင်းတဲ့နေရာတွေကနေလုပ်မှသာ ပိုအဆင်ပြေပါတယ်၊ သို့ သော်လဲဘဲ သင်အနေနဲ့  ဒီ Cache File ကိုအင်တာနက်မှာရှာလို့ ရမယ်ဆိုရင် ကွန်ပျူ တာနဲ့  ဒေါင်းယူပြီးတော့ လုပ်လို့ လဲ ဖြစ်နိုင်ပါတယ် ဒီလို ကွန်ပျူ တာကနေလုပ်ယူပြီးသုံးမယ်ဆိုရင်တော့ သင်တွေ့ ရမဲ့ အခက်ခဲက သင့်ဖုန်းရဲ့ Super User ကခွင့်ပြုမှသာ ဖုန်းထဲကို ထဲ့သွင်းလို့ ရမှာဖြစ်ပါတယ်။ သို့ မဟုပ်ပါက သင့်ဖုန်းကို Root ဖေါက်လိုက်မှသာ ဒီနည်းကိုသုံးလို့ ရမှာဖြစ်ပါတယ်။ ဒီနည်းနဲ့  Cache File ကို ဖုန်းထဲထဲ့ပြီးမှာ Power ကိုပြန်ပိတ်ပြီး Recovery Mode ထဲကိုပြန်ဝင် ပြီးမှ “apply update from cache” ကနေ Update လုပ်ပြီးပြန်သုံးရမှာဖြစ်ပါတယ်။ ဒါကြောင့် Recovery Mode ထဲကိုဝင်ပြီး သင်ကိုတိုင် Manually အဆင့်ဆင့် လုပ်ဆောင်ပေးရမှာလဲ ဖြစ်ပါတယ်။ ဒီနည်းဟာ ကျွန်တော်အတွက်တော့ ပိုရှုပ်ထွေးစေတဲ့ နည်းဖြစ်ပါတယ်။
ဒီတော့ ဒီနည်းတွေအားလုံးကို အတိုချုပ်ပြန်ပြောပေးပါမယ်။
  • Reboot system now ဖုန်းကို Power ပြန်ဖွင်းခြင်း။
  • Apply update from ADB ကွန်ပျူ တာမှာနေပြီး Update Software တွေကို Install လုပ်ခြင်း။
  • Apply update from external storage – Memory Card ထဲမှ Update Software တွေကို Install လုပ်ခြင်း။
  • Wipe data factory reset – Setting ထဲဝင်ပြီး Reset လုပ်ရခက်သော အခါမှာ အသုံးပြု နည်း။
  • Wipe cache partition နေ့ စဉ်အသုံးပြုရာမှာ Unit တွေကို လုံခြုံစေဖို ယာယီ Data တွေကိုဖျက်ခြင်း။
  • Apply update from cache – Cache Folder များကို သင့်ဖုန်းထဲမှာပင် Update လုပ်ရန်အသုံးပြုခြင်း။
အရေးတကြီး အသိပေးလိုသည်များ
၁။ ဒီ နည်းများကို အသုံးပြုရာတွင် သင် Download လုပ်၍ယူမည့် Software မ် ားကို သင့္အေနျဖစ္ယံုၾကည္ရေသာ ဝက္ဆိုဒ္မ် ားမွ သာယူပါ သို ့မဟုပ္ပါက သင့် ဖုန်း သုံးမရအောင် ပျက်စီးနိုင်ပါသည်။
၂။ ဖုန်း Setting ထဲကနေ Reset လုပ်ရခက်လို့ ဒီနည်းကိုသုံးပြီးသွားရင် သင့်ဖုန်းကို မူလ Setting အနေအထားတိုင်းပြန်ထားနိုင်အောင်လုပ်ပါ။ သို့ မဟုပ်ပါက Data အားလုံးကို Back-Up လုပ်ပြီးသိမ်းထားပါ။ Factory Reset လုပ်တော့မယ်ဆိုရင် လုပ်ပြီးသွားပါက Undo ပြန်လုပ်ပြီး Data တွေကို ပြန်ခေါ်လို့ မရတော့ဘူးဆိုတာ သေခြာနားလည်ထားပါ။ ပြီးရင် Hard Reset FAQs ဒီ   မှာသွားရောက်လေ့လာကြပါ 
၃။ Volume Key ဟာ Recovery Screen ထဲကိုဝင်ပြီးမှ သုံးလို့ မရဘူးဆိုရင် သူ့ မူရင်း စက်ရုံထုပ်ကထဲက မှားလာတာ ဟုပ်မဟုပ် ကိုပြန်စမ်းကြည့်ပါ။
Thanks for reading
မြန်မာတို့ အတွက် ဗဟုသုတ
21/11/2014
No comments: