Monday, June 8, 2015

Lenovo A850+ သို့ မဟုတ် Root Access မပါသော ဖုန်းတစ်လုံးအကြောင်း

Lenovo LePhone A850+   

ကျနော် Lenovo  အမျိုးစား ဖုန်းကိုအတော်ကြိုက်ပါတယ် ဆင်းရဲသားများနဲ့ အတူးသင့်တော်တဲ့ ဖုန်းဖြစ်ပါတယ်လက်ရှိကျနော်သုံးနေတဲ့ ဖုန်းတွေထဲမှာလဲ Lenovo Vibe X S960 ရှိပါတယ် Root ဖေါက်တုန်းက Post တင်ထားပါတယ် ခု ကျနော်ဆီကို Lenovo A850+ တစ်လုံး
Root ဖေါက်ဖို့ ရောက်လာတာ ဘယ်လိုမှ ဖေါက်လို့ မရပါဘူး ဒါနဲ့ သတိရလို့  Root Access ရှိမရှစစ်ကြည့်တော့ မှာ ဖုန်းမှာ Root Access Install လုပ်မထားဘူးဆိုတာသိရပါတယ် ဒီတော့  ဖုန်းတစ်လုံးကို Root ဖေါက်တော့ မယ်ဆိုရင် Root Access ရှိမရှိကိုအရင်သိအောင်လုပ်ပါ ခုကျနော်ပြောတဲ့  Lenovo A850+ ဟာအတုလည်းဖြစ်နိုင်ပါတယ် ဘာ့ ကြောင့်လဲ ဆိုတော့  ဖုန်း Setting ထဲမှာဝင်စစ်ကြည့်တော့  Build Number မပါတာကိုတွေ့ ရလို့ ပါဘဲ။ ကျနော်ဆိုလိုချင်တာက ဖုန်းဝယ်တော့ မယ်ဆိုရင် မဝယ်ခင် လေ့ လာသင့်တာတွေကိုလေ့ လာပြီးမှ ဝယ်တာ မိမိ ငွေတန်ဘို့ မဆုံး ရှုံးတော့ ဘူးပေါ့ဗျာ။ ဒီ Lenovo A850+ ရဲ့ Build Number နေရာမှာ ရေးထားတာကို အောက်ပါပုံလေး ကိုသာကြည့်ကြပါ။ Build Number ရေးရမဲ့အစား A850+_by_www.lenovohome.net လို့ သာရေးထားပါတယ် မူရင်း Lenovo Website ဟာ http://www.lenovo.com/my/en/ ပါ  lenovohome.net မဟုတ်ပါဘူး။ ကျနော့်ဆီ Root ဖေါက်ဖို့ လာသူဟာ ဒီလိုဖုန်းမျိုး လေးလုံးတောင် ဝယ်ထားတယ်ဆိုပါတယ် တေပြီဆြာပေါ့။


ကဲ ဒီတော့ ကာ မိတ်ဆွေများ ဗဟုသုတရစေခြင်းငှါ ဖုန်းတစ်လုံးကို Root ဖေါက်လို့ ရမရ Root Access ရှိမရှိ သိဖို့ လိုပါတယ် ဒါကိုမသိဘဲ ရန်းဖေါက်နေကြရင် ဖုန်းပျက်စီးသွားနိုင်ပါတယ်ဒါဆို Root Access ရှိမရှိကြည့်ဖို့ အတွက် Play Store ထဲ့ ကနေ Root Checker ကိုဒေါင်းယူကြရမှာဖြစ်ပါတယ် ကျနော်ဆိုဒ်ထဲမှာလဲ လိုရမယ်ရတင်ပေးထားပါတယ် ဒီ Post ဖတ်နေသူများ ဒီနေရာနေဒေါင်းယူလိုပါက အောက်ပါပုံမှာ ကလစ်နှိပ်ဒေါင်းယူကြပါ။ Play Store ထဲဝင်ရှာမယ်ဆိုလဲရပါတယ်။

Cover art

Root Checker ကိုဒေါင်းယူပြီး သင့်ဖုန်းထဲမှာ Install လုပ်ပါ USB Dubgging ကိုအမှန်ချစ်လေး ပေးဘို့ မမေ့ပါနဲ့  Install လုပ်ပြီးသွားရင် Root Checker app ကိုဖွင့်ပါ ဒါဆိုရင် အောက်ပါပုံလိုမြင်ရမှာဖြစ်ပါတယ်။ 



ပုံထဲက VERIFY ROOT နေရာမှာ ကလစ်နှိပ်ပေးလိုက်ပါ သင့်ဖုန်းဟာ Root Access ရှိတယ် Root ဖေါက်လို့ ရမဲ့ဖုန်းဆိုရင် အောက်ပါပုံလိုမြင်ရမှာဖြစ်ပါတယ်။ 


Root Checker - screenshot 

အစိမ်းရောင်နဲ့  Congratulation! Root access is properly installed on this device! လို့ ရေးထားတာတွေ့ ရမှာဖြစ်ပြီး သင့်ဖုန်းမှာ Root Access မရှိဘူးဆိုရင် အောက်ပါပုံအတိုင်းမြင်ရမှာဖြစ်ပါတယ်။ 


 VERIFY ROOT နေရာမှာ ကလစ်နှိပ်ပေးလိုက်လို့ အထက်ကပုံလို အနီရောင်နဲ့  Sorry! Root access is not properly install on this device လို့ တွေ့ ရပြီဆိုရင်တော့  Root ဖေါက်ဖို့ စဉ်းစားမနေပါနဲ့ တော့  ကျနော့်ဆီရောက်လာတဲ့  Lenovo A850+ လို့  ဘယ်လို့ မှ Root ဖေါက်လို့ မဖြစ်နိုင်ပါဘူး ။ Root ဖေါက်လို့ မရတဲ့ ဖုန်းမှာ မြန်မာစာထဲ့ဖိုဆိုတာ မဖြစ်နိုင်တော့ ဘူးပေါ့။ ဝင်ရောက်လေ့လာသူသအားလုံး နည်းပညာတိုးတက်ကြပါစေ။


မြန်မာတို့ အတွက် ဗဟုသုတ
11/6/2015

No comments: