၈၀။ Google Drive အသုံးပြုနည်း

1: Google Drive ထဲကိုဝင်ရန် Google accountဖစ် Sign In မှဝင်ပါ http://drive.google.com. အကယ်၍သင်ဟာ Gmail အသုံးပြုသူဖြစ်ပါက Gmail account   ဖြစ် Sign in မှာဝင်ပါ အကောင့်မရှိသေးရင်တော့  Sign-up ကနေအကောင့်အသစ်တစ်ခု လုပ်ပြီးဝင်နိုင်ပါတယ်။ သင်က Gmail ထဲကိုဝင်ထားပြီးသားဖြစ်နေပါက အနက်ရောင်ဘားတန်းမှာရှာပါ
Gmail ဘေးက Drive ကိုကလစ်နှိပ်ရုံပါ။
 


2: အကောင့်ရှိပြိးသွားလို့ ဝင်ပြီးသွားပြီဆိုတာနဲ့ အောက်မှပြထားပေးတဲ့ပုံလေးအတိုင်းတွေ့ရမှာဖြစ်ပါတယ် Gmail အကောင့်ရှိထားရုံဖြင့် သင့်ရဲ့ အသုံးပြုနိုင်ခွင်တွေဖြစ်ပါတယ် အနက်ရောင်ဘားတန်းထဲမှာ ရှိသမျှအားလုံးကို သင်သုံးနိုင်ပါတယ် ပြောလိုတာက သင်ဟာ အားလုံးမှာ မင်ဘာ ဝင်ပြီးသားပါလို့ပြောချင်တာပါ Blog ရေးနေသူဆိုရင်လဲ More မှာကလစ်နှိပ်ပြီးဝင်လို့ရပါတယ် Blog စရေးချင်တာဆိုလဲ More ထဲက Blogger မှာကလစ်နှိပ်ပြိးဝင်ရောက်ရေးသားနိုင်ပါတယ်။ သင်က Google Drive ကိုစတင်အသုံးပြုသူဖြစ်လို့ Google Drive ကိုဒေါင်းလုပ် လုပ်ပေးဖို့လိုပါတယ်။ စတင်ဒေါင်းလုပ်လုပ်ပြီဆိုရင် သင်သုံးနေတာ PC လား Mac လားဆိုတာမေးပါမယ် သင်သုံးနေတဲ့ OS ကိုမူတည်ပြီးသင်ရွေးပေးပါ။
 

 

Google Drive ကိုအသုံးပြုနည်း

1: ပထမစတင်သုံးပြုရန် သင် File တစ်ခုဖန်တည်းရပါမယ် အောက်ကပုံမှာပြထားတဲ့ CREATE ကနေ ကလစ်နှိပ်ပါ။
 

 

ကျလာမဲ့ Drop-down ထဲက Folder Icon မှာကလစ်နှိပ်လိုက်ပါအောက်ပါပုံကဲသို Diagonal Form လေးပေါ်လာပါတယ် သင်နှစ်သက်ရာအမည်ပေးလိုက်ပါ ပြိးရင် Create မှာကလစ်နှိပ်လိုက်ပါ။

 

2: သင်တင်ခြင်သော Files များကိုသင့်ကွန်ပျူတာမှ Upload လုပ်ပေးပြီးတင်နိုင်ပါတယ် သင် Upload လုပ်ရန်အောက်မှာပြထားတဲ့ ပုံအတိုင်း CREATE ဘေးမှာရှိတဲ့ မျှားလေးအပေါ်ထောင်နေတဲ့ Icon က Upload Icon ဖြစ်ပါတယ် ကလစ်နှိပ်ပေးပါ။ Google ကလိုသလို လုပ်ဆောင်ပေးပါလိပ်မယ်။

 

3: ဘယ်ဘက်မှာရှိတဲ့ Navigation Bar ကိုအသုံးပြုခြင်းဖြစ် သင်နှင့် မျှဝေပေးမှုလုပ်သူများကိုတွေ့နိုင်ပါတယ်။ 

 

    •  သင် Google servers သို့တင်ထားသော Files များကို Screen ရဲ့အလည်မှာပေါ်နေတာကိုတွေနိုင်ပါတယ်၊ သင်က မိတ်ဆွေများဆီက ယူထားသော File ဖြစ်နေပါက မူရင်း ပိုင်ရှင်ကိုပါ ဖေါ်ပြပေးထားမှာဖြစ်ပါတယ်။
    •  သင့် Files များကို မျှဝေလိုပါက Files ကို Share လုပ်ပေးရမှာဖြစ်ပါတယ် ဒီလိုလုပ်ရန်နည်းကတော့ Files များရဲ့ဘေးမှာရှိတဲ့ လေးထောင့်ကွက်လေးထဲမှာ အမှန်ချစ်လေးပေးလိုက်ပါ၊ အဲလိုအမှန်ချစ်လေးထဲပေးပြီးတာနဲ့ ဘယ်ဘက်အထက်နားက Google လို့ေ၇ာင်စုံစလုံးနဲ့ရေးထားတဲ့အောက်က Drive လို့ေေ၇းထားတာနဲ့ တတန်းထည်းနေရာမှာ File Icon လေးရှိပါတယ် အမှန်ချစ်လေးထည့်ပေးပြီးရင် နောက် File Icon လေး ခုထပ်ပေါ်လာပါမယ် အဲဒီ ခုထဲက More ကိုရှာပြီးကလစ်နှိပ်ရင် အောက်ပါပုံလို Drop-Down မီနူးလေးပ်ါလာမှာဖြစ်ပါတယ်၊ အနီရောင်နဲ့ ဘောင်ခတ်ပြထားတဲ့ Share နေရာမှာ ပွိုက်တာလေးကိုတင်ရင် နောက်ထပ် Box တစ်ခုထပ်ပေါ်လာပါမယ်၊ အဲဒီအထဲက Share မှာကလစ်နှိပ်ပါ၊ ပေါ်လာတဲ့ နောက်ထပ် Box ထဲမှာ Change ကိုကလစ်နှိပ်ပါ၊ (File Icon ဘေးက လူကိုယ်တစ်ပိုင်းပုံဘေးမှာ အပေါင်းလက္ခဏာ ပါတဲ့ Icon ကိုနှိပ်ရင်လဲ ဒီအဆင့်ကိုတန်းရောက်ပါတယ်။) ပြီးရင် Public on the Web အပေါ်မှာကလစ်နှပ်ပေးပါ ပြီးရင် Save မှာကလစ်နှိပ်ပါ၊ ခုဏက Box ဆီပြန်ရောက်သွားရင် Done မှာကလစ်နှိပ်လိုပ်ပါ ဒါဆိုရင် File ကို Share လုပ်ပြိးသွားပါပြီ

    •  သင်အရးကြီးသည်ဟု သဘောထားသော Files များကို သီးသန့်မှတ်ထားလိုပါက ထို Files များ၏ဘေးက ကြယ်ပုံ လေးကို အဝါရောင်တင်ထားပြိး မှတ်သားထားနိုင်ပါသည် ဤသို့ ပြုလုပ်ထားလိုပါက ထိုကြယ်နေရာမှာ ကလစ်နှိပ်ပေးခြင်းဖြစ် အဝါရောင်ပြောင်းသွားပါမည် ဒီလို Star ပြထားတဲ့ဖိုင်များထဲကို Navigation Bar ထဲက Starred ကနေအမြန်ဝင်ရောက်ကြည့်နိုင်ပါတယ် ။
    •  အောက်ပုံပါ အနီရောင် ဘောင်ခတ်ပြထားတဲ့ Navigation Bar ကတော့ သင်ရဲ့လုပ်ဆောင်မှုတွေကို မှတ်တန်းတွေဖြစ်နဲ့ ဘယ်နေ့ ဘယ်လ မှာ ဘာတွေလုပ်ထားတယ်ဆိုတာပြပေးတာဖြစ်ပါတယ်။
    •  အောက်မှာ မျှားထိုးပြပေးထားတဲ့ My Drive ကတော့ သင့်ရဲ့ Main File သို့မဟုတ် ပင်မ File ဖြစ်ပါတယ်၊ ဒီပင်မ File ထဲမှာ သင်နောက်ထပ် File Folder တွေတည်ဆောက်ပြီးသင်လိုသလို သိမ်းဆည်းနိုင်ပါတယ်။ File အမျိုးစား ခွဲသိမ်းတာ ဟာ မိမိ ရှာလိုသောအခါမှာပိုမိုလွယ်ကူစေပါတယ်။
      4: ညာဘက်အထက်ထောက်က Icon များကို အသုံးပြုပြီး သင့် ဖိုင် များကို လိုသလိုအထားသိုပြောင်းခြင်း  Setting ကိုအသုံးပြုခြင်းများကို သင်စိတ်ကြိုက်ပြုပြင်နိုင်ပါသည်။
       အောက်ပါပုံကိုကြည့်ပြီး သင် "Sort" ကို ကလစ်နှပ်ပေးပြီး သင့်၏ File များကိုလိုသလို အသုံးပြုနိုင်ပါတယ်  ( title, last modified, last edited by me, last opened by me, စသဖြင့် သင့်စိတ်ကြိုက်ပြုပြင်ပါ).
        အောက်မှာပြပေးထားတဲ့ ပုံက မျှားပြထားတဲ့နေရာကတော့ Switch To Grid Icon ဖြစ်ပါတယ် သင့်ဖိုင်တွေကို List အဖြစ်နဲ့ထား ခြင်သလား Grid အဖြစ်ထားချင်သလား သင်လိုသလို ဒီနေရာက ပြင်ပါ။ Switch To Grid အဖြစ်ထားလိုပါက ဖိုင်များကို Thumbnail အဖြစ်ပြောင်းပေးသွားမှာဖြစ်ပါတယ်။
      5: ခုသင် အခြေခံကို လေ့လာပြီးသွားပါပြီ ဒီထက်ပိုပြိး သိမြင်တပ်မြောက်လိုပါက မူရင်း
      https://support.google.com/drive/ မှာသွားရောက်လေ့လာပါ။
       

 Google Drive Video

No comments: