၄၂။ copy-paste , cut-paste နှင့် notepad အသုံးပြုပုံ




 အရင်ဆုံး Notepad ထုတ်တာလေး ပြပါ့မယ်..။ ဘာလို့လဲဆိုတော့ အင်တာနက်က စာသားတွေကို ကော်ပီကူးချင်ရင်ပဲ ဖြစ်ဖြစ် ... ဒါမှမဟုတ် မှတ်စုတို့ ဘာတို့ ရေးဖို့ပဲဖြစ်ဖြစ်  Notepad ကအသုံးဝင်ပါတယ်..။ Notepad ကသီးသန့်ဆော့ဝဲလ် မဟုတ်ပါဘူ.. ဝင်းဒိုးထဲမှာ ပါပါတယ်.. သုံးရတာလဲ လွယ်လို့.. ဒီတခါတော့ ဒါလေးသုံးပုံ သုံးနည်းလေးကိုအရင် တင်ပေးလိုက်ပါတယ်.. ပုံလေးတွေ ကြည့်ပြီး လိုက်လုပ်ကြည့်လိုက်ပါဗျာ..





မြန်မာစာပေါ်အောင် အပေါ်က ပုံအတိုင်းပြင်ဆင်ပြီးသွားပြီ ဆိုရင်တော့ .. အောက်ကပုံမှာ Notepad ၂ခုယှဉ်ဖွင့်ပြီး ပြထားပါတယ်.. ဘယ်ဘက်က ရေထားတဲ့စာတွေကို ညဘက် ထဲကိုပြောင်းထည့် တော့မှာပါ. အောက်မှာဆက်ကြည့်လိုက်ပါဗျာ..




 ဒီနည်းလေးကတော့ သိတဲ့သူများအတွက် အရမ်းကိုလွယ်ပေမယ့် မသိသေးတဲ့သူများအတွက်ကတော့ ဘယ်ကနေစလုပ်လို့ လုပ်ရမှန်း မသိပါဘူ.. ကျနော်ကိုယ်တိုင်လည်း ကြုံခဲ့ရတာပါ.. သိသွားတော့ လွယ်လွယ်လေးပေါ့.. ကဲပြောနေကြာတယ်.. အောက်မှာဆက်ကြည့်လိုက်ပါဗျာ..
(Cut - Paste) (Cut - Paste) က အသုံးပြုပုံချင်းတူပါတယ်..။ နဲနဲလေးပဲ ကွာတယ်..။ အလွယ်ပြောရင် (Cut - Paste) က ဒီဘက် file ထဲက ဆော့ဝဲလ်တွေ၊ စာသားတွေ ကို ဟိုဘက် file ထဲကို ကော်ပီကူးပြီး နောက်တစ်ခု ပွားလိုက်တာပါ..။ ဖိုင်အဟောင်းထဲမှာလည်း ကျန်ခဲ့ပါတယ်..။ ဖိုင်အသစ်ထဲလည်း ရောက်သွားပါတယ်..။ (Cut - Paste)  ကတော့ ဖိုင်အဟောင်းထဲမှာမကျန်ခဲ့ပါဘူး..။ ဖိုင်အသစ်ထဲ ကို အကုန်ရောက်သွားပါတယ်..။ စာသားတွေကိုကော်ပီကူးမယ်ဆိုရင်တော့... အရင်ဆုံး စာကြောင်းတွေကို စလက်ပေးဖို့လိုပါတယ်..။ စလက်ပေးတယ်ဆိုတာ ပြောင်းဖို့၊ရွှေ့ဖို့၊ ဖျက်ပစ်ဖို့ အတွက် အရင်ဆုံး ကွန်မန်းပေးလိုက်တဲ့သဘောပါ...။ စာကြောင်းတွေကို ဘယ်လိုစလက်ပေးရမလဲဆိုတော့ အရင်ဆုံး စာကြောင်းတစ်ကြောင်းကို မောက်စ်ရဲ့ လက်ညိုးခလုတ်နဲ့ ဖိနှိပ်ပြီး ဆွဲသွားလိုက်ပါ..။ စာကြောင်းလေးတွေကို အပြာရောင်အတန်းလေးက ဖုံးသွားပါလိမ့်မယ်..။ အပြာရောင်အောက်မှာ စာတွေလည်းမြင်နေရပါတယ်..။ အဲဒီလို အပြာရောင်လေး အနည်းငယ် စာတွေပေါ်ဖုံးသွားပြီဆိုရင် (Ctrl+A) ကီးနှစ်လုံးကို တွဲပြီးနှိပ်ချလိုက်ပါ (Ctrl+A ဆိုတာ All Selct ပါ)..။ တကယ်လို့ ကိုယ်က စာကြောင်း ၂ကြောင်း၊ ၃ကြောင်းလောက်ပဲ လိုချင်တယ်ဆိုရင်တော့ .. ကိုယ်လိုချင်သလောက် စာကြောင်းလေးကိုပဲ မောက်စ်ရဲ့ လက်ညိုးခလုတ်နဲ့ ဖိဆွဲသွားလိုက်ပါ...။ ကိုယ်လိုချင်သလောက်ရပြီဆိုရင် ရပ်လိုက်ပါ..။ အဲလိုနှိပ်လိုက်ရင်တော့ စာသားတွေအားလုံးက အပြာရောင်အောက်ကို ရောက်သွားပါပြီ...။ မောက်စ်မျှားလေးကို အဲဒီအပြာရောင်ဖုံးနေတဲ့ စာသားပေါ်မှာတင်ပြီ Right Click (မောက်စ်ရဲ့ လက်ခလယ်ခလုတ်) ကို တချက်နှိပ်ပါ...။ ပေါ်လာတဲ့ ဘေက်စ်ထဲက Copy ဆိုတဲ့ စာကြောင်းကို တချက်နှိပ်လိုက်ရင်... စောစောန စလက်ပေးထားလို့ အပြာရောင်ဖုံးနေတဲ့ စာသားတွေကို ပြောင်းဖို့၊ ရွှေ့ဖို့ အမိန့်ပေးလိုက်တာ ဖြစ်ပါတယ်..။ ပြီးရင်တော့ Notepad ကိုဖွင့်ရမှာပါ..။ စာသားတွေ သိမ်းချင်ရင်တော့ Notepad နဲ့မှ ရပါမယ်..။Notepad ကို ဖွင့်ပြီရင် အဲဒီဖွင့်ပြီးသား Notepad ပေါ်မှာ မောက်စ်မျှားလေးကိုတင်ပြီး Right Click ထောက်(နှိပ်)လိုက်ပါ .. ပေါ်လာတဲ့ဘောက်စ်ထဲမှာ Paste ဆိုတဲ့စာလုံးကိုနှိပ်လိုက်ရင်... ဟိုဘက်ထဲက စာတွေ ဒီဘက်ထဲကိုရောက်လာပါပြီ..။ ဒါပေမယ့်  ဖတ်လို့မရသေးပါဘူး... လေးထောင့်ကွက်လေးတွေ မဟုတ်ရင် ကွက်ရှင်မတ်လေးတွေပဲ တွေ့ရမှာပါ..။ တစ်နေရာကျန်နေသေးလို့ပါ ကျနော်တို့ Font ပြောင်းပေးရပါမယ်..။ (အပေါ်ပုံ()ကိုကြည့်ပါ) ...။



 ကီဘုတ်မှ ရှော့ကပ်ကီး Ctrl+Aဖင့် All Select ပေးလိုက်တာပါ.. ဒီနေရာမှာ တခုပြောချင်တာက စာသားတွေပဲဖြစ်ဖြစ်၊ ပုံတွေပဲဖြစ်ဖြစ်၊ ဆော့စ်ဝဲလ် ဖိုင်တွေပဲဖြစ်ဖြစ် အားလုံးကို တခါတည်းနဲ့  ကော်ပီကူးတော့မယ် ဆိုရင်  Ctrl+A နဲ့ စလက်ပေးပြီ.. Selection ဝင်သွားပြီဆိုမှ ကော်ပီကူးလိုက်ရင် အားလုံးတခါတည်း ပါလာပါတယ်..




ကော်ပီကူးပြီးပြီဆိုရင်တော့ ကျနော်တို့ ရလာတဲ့ Notepad လေးကိုသိမ်းပါတော့မယ်.. ဘယ်လိုသိမ်းလဲ ဆိုတာအောက်က ပုံလေးကိုဆက်ကြည့်လိုက်ပါဗျာ.. 
ဘယ်လိုသိမ်းမလဲဆိုတော့ Notepad Menu ဘားတန်းက File ကိုသွားလိုက်ပါ..။ တချက်ကလစ်(နှိပ်)လိုက်ရင် Save as.. ကိုတွေ့ပါလိမ့်မယ်..။ အဲဒါကိုနှိပ်လိုက်ရင်.. ဘောက်စ်တစ်ခု ထွက်လာပါလိမ်မယ်.. ။ အဲဒီဘောက်စ်ထဲမှာ Desktop ကိုရွေး၊ File nameး မှာ နာမည်ပေး.. (လွယ်တဲ့ဟာပေါ့ ဥပမာ- 999 တို့ 009 တို့ပေါ့) ကိုယ်ပေးချင်တဲ့နာမည် လှလှလေးလည်း ပေးလို့ရပါတယ်..။ Save as types: မှာ All files လို့ပြောင်းပေး....။ Encoding: မှာ Unicode လို့ထပ်ပြောင်းပေး.. ပြီးရင် Save နှိပ်လိုက်ရင် .. Desktop (Screen) မှာ ကိုယ်ကော်ပီကူးလိုက်တဲ့  စာတွေကို Notepad ဖိုင်လေးနဲ့ ရလာပါပြီ.. 




အင်တာနက်ကစာတွေ ၊ ကိုယ့်ရဲ့ ပါစ့်ဝါ့တို့ ဘာတို့ ရေးပြီးလို့ ကိုယ့် Pandrive ထဲ ပြောင်းထည့်ရင်တော့  (Cut-Paste) ကိုသုံးပါမယ်..။ ဘာလို့လည်းဆိုတော့ ကိုယ့်ရဲ့ဖိုင်ကို အင်တာနက်ဆိုင်က ကွန်ပျူတာထဲမှာ မထားခဲ့၊ မကျန်ခဲ့အောင်လို့ပါ...။ Notepad ဖိုင်ပေါ်မှာ Right Click နှိပ် Cut လုပ်ပြီး .. ကိုယ့် Pandrive ဖိုင်ပေါ်ကို မောက်စ်မျှားလေးတင်ပြီး တခါထည်း Right Click နှိပ် Paste လုပ်လိုက်ရင် .. Desktop ပေါ်မှာမကျန်ခဲ့တော့ပါဘူး..။ အားလုံးကိုယ့် Pandrive ထဲရောက်လာပါပြီ..။ အဲဒါလေးကိုယူသွားပြီး အိမ်က ကွန်ပျူတာမှာ ထိုးပြီးဖွင့်ကြည့်..။ ပျောက်မှာစိုးရင် ဒီနည်းနဲ့ပဲ အိမ်က စက်ထဲကို ပြန်ပြောင်းထည့်..။ OK ပေါ့.. လွယ်လွယ်လေးပါ..

လွင်မင်းဗိုလ်ရဲ့ မူရင်း ဆိုဒ်ကို ဒီကနေသွားရောက်ကြည့်နိုင်ပါတယ်။













No comments: