ံ၅၁။ HTML Tutorials For Beginner





 

 

 

HTML Beginner Tutorial

အက်၍ သင်သည် Web Design ဆိုင်ရာ ဘာသာရပ်၌ လုံးဝကို အစိမ်း သက်သက်ကြီးဖြစ်နေပါက ဤနေရာမှနေပြီး HTML အခြေခံကို တစ်ဆင့်ပြီး တစ်ဆင့် လမ်းညွှန်ပြသ ပေးသွားမည် ဖြစ်ပါတယ်


  • Getting Started: သင့်၏ ပထမဦးဆုံး HTML Page အတွက်လုပ်ဆောင်ရန်ဘာတွေလိုအပ်နေတယ်ဆိုတာကို ဒီနေရာမှ စတင်လေ့လာပါ။
  • Tags, Attributes and Elements: HTML ကိုရေးသားရာတွင် အသုံးပြုရမည့် အစိတ်ပိုင်း ပစ္စည်းများ။
  • Page Titles: Pages တစ်ခု၏ Titles ကိုရေးသားရာတွင် ရှိတပ်သော အယူဆ ခက်ခဲမှု။
  • Paragraphs: စာပိုဒ် များနှင့် မာတိကာ တည်ဆောက်ခြင်။ 
  • Headings: ခေါင်းစီး ပြုလုပ်ရန် အဆင့် ၆ ခု။
  • Lists: အမှတ်စဉ်တပ်ရာတွင် (သို့) စရင်းပြုရာတွင် အစီစဉ်အလိုက်ပြုလုပ်ခြင်း နှင့် အစီစဉ် မကြခြင်းကို ဘယ်လို သိသအောင် အနက်ဖွင့်ပေးမလဲ။
  • Links: အခြားသော Page များကို ကူးသွာနိုင်အောင် Link ချိပ်ပေးခြင်းကို ဘယ်လိုလုပ်မလဲ။
  • Images: စာလုံးသက်သက် မဟုတ်ဘဲ အခြားသောပေါင်းထဲ့နိုင်သည့်အရာ အချို့။
  • Tables: Table data တွေကို ဘယ်လိုသုံးမလဲ။
  • Forms: အသုံးပြုသူများ ဖြည့်ရမည် Form ပုံစံပြုလုပ်နည်း။
  • Putting It All Together: HTML မှာရှိသော အသုံးပြုရမည့် အစိတ်ပိုင်း ပစ္စည်းများကို စုစည်းပြသပေးခြင်း။

(1) Getting Started (သို့) HTML ကို စတင်ခြင်း

ဝက်ဆိုဒ် တွေပေါ်မှာ ရှိတဲ အရာတွေနဲ့ သင့်ကွန်ပျူတာထဲမှာ ရှိတဲ့ ဟာတွေက ဘာမှကွာခြားမှုရှိကြတာမဟုတ်ပါဘူး။ Files တွေရဲ့လုပ်ဆောင်မှုအားလုံးဟာ လမ်းညွှန်မှုလုပ်ဆောင်ချက်များအားလုံးနှင့် အမျိုးစား ကိုတူညီစေပါတယ်။ HTML ဖိုင်များဟာ ရိုးရိုး စာလုံးဖိုင်များထက် ဘာမှသိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေမရှိပါဘူး။ ဒါကြောင့် HTML ကိုရေးဖို့ရန် ရိုးရိုး Text Editor တစ်ခုကလွဲပြီး ဘာမှအပိုမလိုအပ်ပါဘူး။ Windows ကိုအသုံးပြုနေတဲ့ ကွန်ပျူတာတွေအနေနဲ့ ကတော့ Notepad ဟာသာမန် Text Editor တစ်ခုပါဘဲ ( Notepad ကိုရှာခြင်ရင် Programs > Accessories ထဲမှာရှာပါ။ Mac OSX ကွန်ပျူတာများအတွက် ကတော့ TextEdit ကိုသုံးရမှာဖြစ်ပါတယ် ဒါပေမဲ့ မည်သည့် Program မဆိုသင့်ကို မွှေနှောက်ခွင့်ပြုထားတာက တော့ Text များသာဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ Text Editor အောက်ကစလုံးများကို ရိုက်သွင့်းပါ။ 


 This is my first web page 

" html " ဟုခေါ်သော Folder တစ်ခုကိုတည်ဆောက်ပါပြီး နှစ်သက်ရာနေရာမှာသိမ်းပါ File Name ကို “myfirstpage.html” ဟုပေးပါ။

အရေးကြီးတဲ့ သတိထားရမဲ့အချက်က html ကိုနောက်တိုးအဖြင့်ထဲ့ထားတဲ့ “.html” ဟာ အချို့သော Text Editors များမှာ ပြဌာန်းထားတာရှိနေပါတယ် ဥပမာ Notepad လို Text Editors ဆိုပါတော့ Notepad ဟာသင်ရေးထားတဲ့ Text တွေကို Save လုပ်တဲ့အခါမှာ “.txt” အဖြစ်နဲ့သင့်ရဲ့ Files များကိုသိမ်းပေးမှာဖြစ်ပါတယ်။ သင့်အနေနဲ့လည်း File တွေကိုသိမ်းတဲ့အခါမှာ Plain Text အဖြစ်နဲ့သာ သေချာအောင်သိမ်းပေးဖို့လိုအပ်ပါတယ်။ ဥပမာ TextEdit ကဖိုင်တွေကိုသိမ်းတဲ့အခါမှာ Default အဖြင့်နဲ့များလှစွာသော စလုံးများကို “Rich text” အဖြင့်နဲ့သိမ်းမှာဖြစ်ပါတယ် ဒါကြောင့် သင့်ရဲ့ဖိုင်တွေကို မသိမ်းခင် “Plain text” သိမ်းမသိမ်းကို သူလမ်းညွှန်အတိုင်းသွားရောက် စစ်ပေးပါ။ 
သင့် Save လုပ်ထားပြီးသား HTML files ပြန်ကြည့်ဖို့ရန် ဝက်ဆိုဒ်ပေါ်ကိုတက်နေစရာမလိုပါဘူး သင်သုံးနေကြ Browser တစ်ခုခုကိုသာဖွင့်လိုက်ပါ Browser ဆိုတာက Chrome, Firefox, Safari နဲ့ Internet Explorer တိုဟာ Browsers များဖြစ်ပါတယ်၊ သင်ဖွင့်လိုက်တဲ့ Browser ရဲ့လိပ်စာဘားပေါ်မှာ သင် Save လုပ်ပြီးသိမ်းထားတဲ့ File လမ်းကြောင်းကို ကော်ပီကူးယူပြီး အဲဒီ Browser ရဲ့လိမ်စာဘားနေရာမှာ ရိုက်ထဲ့ပြီး Enter ခေါက်လိုက်ပါ သင်ရေးထားတဲ့ HTML files ကိုဝက်ဆိုဒ်ပေါ်မှာတန်းတွေ့ရမှာဖြစ်ပါတယ် ကျနော်စမ်းထားတဲ့ File လမ်းကြောင်းလေးကို ဥပမာအဖြစ်ထဲ့ပေးထားပါတယ် file:///C:/Users/HTML/myfirstpage.html  နောက်တစ်နည်းကတော့ သင်သိမ်းထားတဲ့ သင်သိမ်းထားတဲ့ File ပေါ်မှာကလစ်တမ်းနှိပ်ပြီးကြည့်လည်းရပါတယ်။  သင့်ကို ကျနော်ပြောထားတာက HTML ကို Text Editor ဖြစ်တဲ့ Notepad မှာရေးပါလို့ပြောထားတာနော် ဒါကိုသင်က Adobe Dreamweaver လို software program ကိုအသုံးပြုရေးသားမယ်ဆိုရင် သင့်အနေနဲ့ အများကြီးကို သတိထားဆင်ခြင်စရာတွေရှိတာကို အသိပေးပရစေ ဘာ့ကြောင့်လဲဆိုတော့ software program မလိုအပ်သည်များကို သူတို့ဖာသာဖယ်ထုပ်ပြစ်လိုက်တာကြောင့် သင့်လို ခုမှ HTML ကိုစသင်သူအနေနဲ့ ခေါင်းခြောက်စရာတွေကို ဘယ်လိုမှရှင်းလို့ရမှာမဟုပ်တော့ပါဘူး။ အကယ်၍ သင့်အနေနဲ့ HTML ကိုလေးလေးနက်နက်စိတ်ဝင်စားလို့သင်ယူမယ်ဆိုရင် ဒီနေရကနေစပြီး နောက်ဆက်တွဲများကိုအားလုံးဖတ်သွားသင့်ပါသည်၊ အဲဒီလိုဖတ်ပေးသွားမှသာလျှင်သင်ဟာ HTML အခြေခံကိုရရှိမှာဖြစ်ပါတယ်။ Software programs ကတော့ Web Page ပေါ်ကိုခုလိုကိုတိုင်ရေးတင်လို့ရတဲ့ လုပ်ပိုင်ခွင့်မျိုးပေးမှာမဟုတ်ပါဘူး။ သင့်အနေနဲ့ အထူးထုပ်လုပ်ပေးထားတဲ့ Code-Editing software သုံးမယ်လို့စိတ်ဆုံးဖြတ်ထားရင်တော့  သင်ကိုယ်တိုင်လက်ဖြစ် Code များကိုရေးပေးဖိုသတိပေးချင်ပါတယ် သင်ကိုယ်တိုင်ရေးပေးမှလဲသင်ရဲ့အရည်သွေးတိုးတက်မှာဖြစ်ပါတယ်








ပထမတစ်ကြိမ် This is my first web page လို့ရေးပြီးတစ်ကြိမ် Save လုပ်ပြီးပါပြီ၊ ခုအထက်ပါပန်းရောင်နဲ့ရေးထားတဲ့ စာတွေကို ရေးပြီး ထပ်မံ Save လုပ်ပါ။ ဒီလိုရေးတဲ့အခါမှာThis is my first web page လို့ရေးထားတဲ့စာကို အလယ်မှာထားပြီး Tags ကိုအထက်အောင်မှန်အောင်ဖြည့်စွက်ပြီးရိုက်သွင်းပါ  ပြီးရင် သင်ဖွင့်ထားတဲ့ Browser ကိုသွားပြီး Reload ပြန်လုပ်ပါ သင်ရေးထားတဲ့ စာမျက်မှာမှာ This is my first web page ဆိုတဲ့စာကလွဲပြီးထူးခြားမှုတွေ မရှိသေးပါဘူး သို့သော်လည်း သင် HTML ရဲ့ Tags ကိုတော့စပြီးအသုံးပြုထားပါပြီ။ ဒီနမူနာပုံစံလေးမှာ HTML ရဲ့ အခြေခံကျတဲ့ အစိတ်ပိုင်းတွေကိုစတင် အသုံးပြုထားပါပြ။
ပထမဆုံးလိုင်းမှာရေးထားတဲ့ <!DOCTYPE html> စာကတော့ document type declaration  ဖြစ်ပါတယ် ဒါဟာ Browsers တွေကိုသင်ဘယ်လို HTML ကိုသုံးထားတယ်ဆိုတာအသိပေးခြင်းဖြစ်ပါတယ် ( ဒီနေရာမှာ သုံးထားတာက် HTML5 ဖြစ်ပါတယ်) ဒါဟာအလွန်အရေးကြီးတဲ့အရာပါ ဒီလိုမှသင်မလုပ်ပေးဘူးဆိုရင် Browser ကနေပြီးသင်အသုံးပြုနေတာဟာ အလွန်ထူးဆန်းတဲ့နည်းတစ်ခုလို့ယူဆသွားမှာဖြစ်ပါတယ်။ 
ဦးတည်ချက်ကိုအဓိက ထားပြန်ပြောပြရရင် <html> ဆိုတဲ့ Tag ဟာ HTML ရေးသားရာမှာ opening tag  ခေါ်အဖွင့် Tag ဖြစ်ပါတယ် ဒိအပြင် Browser ကို HTML ဆိုင်ရာ Code တွေနဲ့ပါတ်သက်တဲ့လုပ်ငန်းစဉ်တွေစပြီဆိုတာပြောလိုက်တာဘဲဖြစ်ပါတယ်၊ လုပ်သမျှလုပ်ဆောင်ချက်အားလုံးဟာလည်း အဖွင့် Tag နှင့် အပိတ် Tag  ဖြစ်တဲ့ <html> နဲ့  </html> closing tag  ကြားမှာရှိရပါမည် ဒါဟာ HTML Document တစ်ခုလုံးအတွက်ဖြစ်ပါတယ်။ <body> Tag  နဲ့ </body> Tag ကလည်း အဓိကပါဝင်ရမဲ့ Tags များဖြစ်ပြီး Browser နားလည်အောင်အသိပေးရတဲ့ Tags တွေဘဲဖြစ်ပါတယ်။

 

အပိတ် Tags များ

</body> နဲ့ </html> တို့ကိုလိုအပ်သလိုဆိုင်ရာဆိုင်ရာနေရာတွေမှာ ထားပေးရပါတယ်၊ သို့သော်လည်း Tags အားလုံးကို အပိတ် Tags သုံးရတာမျိုးမဟုတ်ပါဘူး လိုရင်လိုသလို ပိတ်ပေးရတာပါ ဥပမာ  (<html></html>)   ဒီလို Tags များဟာ စာပိုဒ်အစ နဲ့ အဆုံးအတွက်သာဖြစ်ပါတယ်၊ Line-Break Tag ဟာဆိုရင် အခြားသော Tags များနှင့်ချိပ်နေတဲ့ Tag မဟုတ်ပါဘူး သူ့ဘာသာသည်းသန့် Tag အမျိုးစားဖြစ်ပါတယ်၊ <br> ဒါဟာ Line-Break Tag ဖြစ်ပါတယ် နောက်ပိုင်းမှာ ဥပမာများထုပ်ပြိးရှင်းပြပေးပါမယ်၊ သင်ပုံသေ မှတ်ထားသင့်တာလေးက သင်ရေးမဲ့ ပုံစံအချိုးအစားအလိုက် Open Tag နဲ့စဖွင့်ပေးရပါတယ် ပြိးရင်လိုအပ်တာတွေကို ရေးပြိးရင် Closing Tag နဲ့မဖြစ်မနေပြန်ပိတ်ပေးရပါတယ် ဒါကို အသေမှတ်ထားပါ Line-Break Tag လိုမျိုးကိုမဆိုလိုပါဘူး။ အတိအကျပြောရရင် အမြဲလိုအပ်မှုဖြစ်ပေမဲ့သူ့နေရာနဲ့သူသာ လိုအပ်တာကိုသိထားဖို့လိုပါတယ်။ အချို့ Tag တွေဟာ သူ့ဘာသာသူပြန်ပိတ်ပေးတာကို နောက်ပိုင်းမျာသင်တွေ့လာပါလိပ်မယ် ဥပမာ br Tag ပါသူ့ကို ရေးရင် “<br>” လို့ရေးမဲ့အစား “<br />” လို့တစ်ခါတည်းရေးလိုက်ကြပါတယ်၊ ဒါဟာတကယ်တော့ XHTML ကိုသုံးတဲ့စနစ်ရဲ့လက်ကျန်များဖြစ်ပါတယ် ပြိးတော့ သင်သိထားရမှာက HTML ဆိုတာက XML အပေါ်မှာအခြေခံပြီး ရေးသားလာတဲ့ Language လည်းဖြစ်ပါတယ်၊ HTML5 ကိုသုံးရတာဟာ XHTML ထက်ပိုပြိးအသုံးပြုတာအဆင်ပြေစေပါတယ်၊ သို့သော်လည်း လူတစ်ကိုယ်အကြိုက်တစ်မျိုးဆိုတော့ အသုံးပြုချင်ကြတာချင်း တူချင်မှတော့တူမယ် ဒီနေရာမှာတော့ ကျနော်တို့ ခေါင်း ပန်း လှန်ပြီးဆုံးဖြတ်ကြတာပိုကောင်းမယ်ထင်တယ်။

Attributes

Tags များမှာလည်း attributes ရှိပါတယ် အဲဒါတွေကတော့ အပို သတင်းအချက်လက် အချို့ဖြစ်ပါတယ်၊ attributes ကို Open Tag ရဲ့အတွင်းမှာထားရေးရပြီး သူတို့ရဲ့ Value ကို Quotation Marks ရဲ့အတွင်းမှာထားရေးရပါတယ်၊ Tag Attribute ကိုဒီလိုမျိုးရေးရပါတယ် <tag attribute="value">Margarine</tag>  နောက်ပိုင်းသင်ခန်းစားတွေမှာ Tag Attribute  တွေကိုတွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ Quotation Marks တွေဟာ အမြဲတန်း မရှိမဖြစ်ထဲ့ကိုထဲ့ရမယ်လို့ ပုံသေ မှတ်ထားဖို့မလိုပါဘူး သို့သော်လည်းဘဲ Quotation Marks ကိုထည့်သုံးခြင်းဟာ ကောင်းမွန်တဲ့လေ့ကျင့်မှုဆိုတာကို အကြံပြုချင်ပါတယ်။

Elements

Element ဆိုတာ အဖွင့် နဲ့ အပိတ် နှစ်ခုပါတဲ့ Tags တစ်စုံလို့ အလွယ် မှတ်ထားပါ ဥပမာ  <body> နဲ့  </body> Tags တစ်စုံ Body Element လို့ခေါ်ပါတယ်၊ နောက်တစ်ခု ဥပမာ ပြပေးပါအုန်းမယ် <title> နဲ့ </title> Tags, ဆိုပါတော့ ခေါင်းစဉ်တစ်ခုကို ဖေါ်ပြချင်လို့ရေးတဲ့အခါမှာသုံးပါတယ် အပြည့်စုံရေးမယ် ဆိုရင် “<title>Rumple Stiltskin</title>” ဒီလိုမျိုးရေးရမှာ ဖြစ်ပါတယ် ဒါဟာ Title Element ဖြစ်ပါတယ် ဒီလိုမျိုး Element တွေကိုလည်းနားလည်ထားရမှာဖြစ်ပါတယ်။ Elements တွေကိုပိုနားလည်သွားအောင် နမူနာများထပ်ပြထားပေးပါတယ်။

<p> element: <p>This is my first paragraph.</p> 
 p အဖွင့် အပိတ်Tag နှစ်ခုအတွင်းမှာရှိရပါတယ်။

<body> element: <body>
<p>This is my first paragraph.</p>
</body>
 

 body အဖွင့် အပိတ်Tag နှစ်ခုအတွင်းမှာရှိရပါတယ်။

<html> element: <html>
<body>
<p>This is my first paragraph.</p>
</body>
</html>
 

 html အဖွင့် အပိတ်Tag နှစ်ခုအတွင်းမှာရှိရပါတယ်။ ခုလောက်ဆိုရင် elements တွေကိုနားလည်ပြီလို့ယူဆပါတယ်။







(3) Page Titles စာရွက်များကို ခေါင်းစဉ်တပ်ခြင်း

HTML Pages တွေအားလုံးမှာခေါင်းစဉ်ရှိသင့်ပါတယ် သင့်ရဲ့စာရွက်မှာခေါင်းစဉ်တပ်ဖို့ရန် သင်ရေးထားပြီး Save လုပ်သိမ်းထားတဲ့ HTML ဖိုင်ကိုဖွင့်ပြီး လိုအပ်တဲ့ Code တွေကို ပြင်ရေးပြီး ထပ်မံ Save လုပ်ပါ။ ဒီလိုပြင်ဖို့ရန် အောက်မှာ အနီရောင်နဲ့ ရေးထားတဲ့ Code တွေကို သင်ရေးပြီးသား ဖိုင်ထဲကို ဖြည့်ရေးပေးပါ။ 


<!DOCTYPE html>
<html>
<head>
    <title>My first web page</title>
</head>
<body>
    This is my first web page
</body>
</html>

အထက်ပါ Code တွေမှာကျနော် Elements နှစ်ခုထပ်ပေါင်းထဲ့လိုက်ပါတယ် အဲဒီနှစ်ခုကတော့ Head Element နဲ့ Title Element တို့ဖြစ်ပါတယ်၊  Head Element ကိုအရင်ရေးပြီး Title Element ကိုကြားမှာထဲ့သုံးထားတာကို သေချာနားလည်အောင်ကြည့်ပါ၊  Head Element ကို အဖွင့် Tag ဖြစ်တဲ့ <head>  နဲ့ဖွင့်းပြီး  </head> နဲ့ပြန်ပိတ်ပေးထားတာပါ Body Element ရဲ့အရှေ့မှာချရေးထားတာပါ၊ ဒီ Head Element ဟာ Browser မှာမြင်ရမှာတော့မဟုတ်ပါဘူး သို့သော်လည်း အရေးကြီးတာက Title Element ဖြစ်ပါတယ် သူ့ကို ဒီ Title Element ကို Head Element ကြားမှာထဲ့ရေးပေးရပါတယ်။ အထက်မှာရေးပြထားတဲ့ Code တွေကိုပြင်ပြိးသွားရင် Save လုပ်ပြီး Browser ကိုဖွင့်ကြည့်နိုင်ပါတယ်။ ဒါပေမဲ့ ဒီခေါင်းစဉ်က Browser Windows မှာမြင်ရမှာမဟုပ်ပါဘူး ကွန်ပျူတာ Screen ရဲ့အထက်ဆုံး ဘယ်ဘက်ထောင့်က Firefox Logo နေရာနားမှာသွားပေါ်မှာဖြစ်ပါတယ် ( သင်သုံးနေတာ Firefox ဆိုရင်ပေါ့နော် ) သင်ရိုက်သွင်းလိုက်တဲ့စလုံးတွေဟာ သင့်စာရွက်အတွက် ခေါင်းစဉ်ဘဲဖြစ်ပါတယ်။ တကယ်လို့သင်က သင့်စာရွက်ကို “Favorites” တို့ “Bookmarks” တို့မှာထဲ့သိမ်းလိုက်မယ် ဆိုရင်တော့ သင့်ပေးထားတဲ့ခေါင်းစဉ်ကို အဲဒီ “Favorites” တို့ “Bookmarks” တို့မှာမြင်ရမှာဖြစ်ပါတယ်။





(4) Paragraphs စာပိုဒ်များရေးသားခြင်း

သင် Save လုပ်ထားတဲ့ HTML Document  လေးတစ်ခုရှိနေပြီးဖြစ်တဲ့အတွက် သင့်မှာအခြေခံ HTML တည်ဆောက်မှု အရည်ချင်းလေးတော့ရှိနေပါပြီ၊ ဒီတော့ HTML ကို နဲနဲလောက် စတင်ပြီးမွှေနှောက် လက်သရမ်းကြည့်ကြတာပေါ့။ ဒီတော့ Text Editor ဖြစ်တဲ့ Notepad ဆီကိုပြန်သွားပါ။ သင်ရေးထားတဲ့ HTML ဖိုင်ထဲ့မှာ How exciting ဆိုတာလေးကို ထပ်ဖြည့်ပေးပါ ပြီးရင် Save လုပ်ပြီး သင့်ရဲ့ Browser မှာဘာပြောင်းသွားလည်းဆိုတာကို သွားပြန်ကြည့်ပါ။ သင်ရေးထားတဲ့ Code တွေကိုအားလုံးပေါင်းထားတဲ့ ပုံစံလေးကတော့ အောက်ပါအတိုင်းမြင်ရမှာဖြစ်ပါတယ်။ How exciting လေးဘဲအပိုဖြည့်ထားတာဖြစ်ပါတယ်။

 
<!DOCTYPE html>
<html>
<head>
    <title>My first web page</title>
</head>
<body>
    This is my first web page
    How exciting
</body>
</html>

 သင်စာရိုက်ထားတာက လိုင်း နှစ်လိုင်းဖြစ်နေပါပြီ သို့သော်လည်း ထိုလိုင်း နှစ်ခုကို သင် Browser မှာကြည့်ရင် This is my first web page How exciting ဆိုပြီး တစ်ကြောင်းထဲမြင်ရမှာဖြစ်ပါတယ်။ သင်ရေးထားတဲ့ စာကြောင်း ဟာ နှစ်ကြောင်းဆိုတာ Browser ကနားမလည်သေးပါဘူး ဒါကို Browser နားလည်အောင်သင်ကရှင်းပြပေးဖို့လိုပါတယ် ဒီလို Browser နားလည်သွားအောင် ကျနော်တို့ p Tag လေးကိုသုံးကြည့်ကြရအောင်လား၊ ကောင်းပြီး သင်ရိုက်ထားတဲ့ This is my first web page နဲ့ How exciting စာကြောင်းတွေကို အောက်မှာပြထားတဲ့ နမူနာလေးအတိုင်း <p> </p> Elements ရဲ့ကြားထဲမှာထဲ့ပြီး Save လုပ်မယ် ပြီးရင် Browser မှာသွားကြည့်မယ်.
 
<p>This is my first web page</p>
<p>How exciting</p>
 
ကဲခုတော့ စာကြောင်းနှစ်ကြောင်းဖြစ်သွားပြီနော် P Tag ကို Paragraphs ခွဲတဲ့နေရာမှာသုံးတယ် ဆိုတာနားလည်ပြီနော်၊

Emphasis အသားပေးဖေါ်ပြလိုသောစာလုံးကို သုံးရမည့် Tags များ

သင့်ရဲ့စာပိုဒ်တွေထဲကစာလုံးတွေကို သိသာထင်ရှားအောင် အသားပေးဖေါ်ပြလိုတဲ့အခါမှာ em Tag နှင့် strong Tag ကိုသုံးရမှာဖြစ်ပါတယ်။ 

<p>Yes, that really <em>is</em> exciting. <strong>Warning:</strong> 
level of excitement may cause head to explode.</p>

Line breaks ကို သုံးခြင်း

ရေးလက်စ စာကြောင်းကနေ နောက်ထပ်စာကြောင်းကို ပြောင်းပြီးသုံးလိုတဲ့အခါမှာ Line-break Tag ကိုသုံးရမှာဖြစ်ပါတယ်။ ဥပမာ ကိုအောက်မှာပြထားပေးပါတယ်။

This is my first web page<br>
How exciting
 
 အထက်ပါ Line-break Tag မှာ closing Tag မပါတာကိုသတိပြုပါ Line-break Tag သည် closing Tag မပါသော Tag ဖြစ်ပါသည်။ 

No comments: