ပေါ်လာမဲ့ Pop-Up Menu ထဲမှာ Manage ကိုရှာပြီးဖွင့်လိုက်ပါ ဒီအခါမှာ Application Windows လေးပေါ်လာမှာဖြစ်ပါတယ် ဒီ Windows ရဲ့နာမည်က Computer Management ဖြစ်ပါတယ်။
အထက်ပါပုံကိုကြည့်အပါ ဒီ Computer Management ထဲက Disk Management ကို Click တစ်ချက်နှိပ်ပြီးဖွင့်ပါ အောက်ပါပုံအတိုင်း ပေါ်လာမှာ ဖြစ်ပါတယ်

Windows တွေရဲ့ Version တွေမတူတာကြောင့်ပေါ်လာတဲ့ ပုံတွေမတူလို့  မျက်စိလယ်မသွားရလေအောင် အောက်မှာပုံတစ်ပုံထပ် တင်ပေးလိုက်ပါတယ်။
ဒီပုံထဲမှာတော့ Partition က သုံးပိုင်းတောင် ပါနေပါတယ် သင့်ကွန်ပျူ တာထဲမှာတော့ နှစ်ပိုင်းလဲဖြစ်နိုင်တယ် တူတော့ မတူဘူးပေါ့ဗျာ တူရင်လဲတူမယ် အရေးကြီးတာက လုပ်နည်းလေးသာ ဖြစ်ပါတယ်။
ဒီတော့ အထက်ပါပုံအရ သင့်အနေနဲ့ Partition (E) ကိုဖျက်လိုတယ်ဆိုပါစို့  သင့် အဲဒီ Partition (E) နေရာမှာ Right Click နှိပ်လိုက်ပါ Pop-Up Menu လေးကျလာမှာဖြစ်ပါတယ် အောက်ပါပုံအတိုင်းဖြစ်ပါတယ်

ဒီပုံထဲက Delete Partition.. နေရာကို Click နှိပ်ပေးလိုက်ပါ Windows 7 Home မှာကြတော့ Delete Volume.. လို့ ပေးထားလို့ အောက်ပါပုံကိုပါတင်ပေးလိုပ်ပါတယ်။ ဒီတော့ Delete Partition.. ဖြစ်ဖြစ် Delete Volume.. ဖြစ်ဖြစ်အတူတူဆိုတာကို သိထားအောင်အောက်ပါပုံကိုတင်ပေးလိုက်ပါတယ်။
ဒီနေရာမှာခုလို Delete နှိပ်လိုက်ရင် အောက်ပါပုံပေါ်လာမှာဖြစ်ပါတယ်
ပုံထဲကအတိုင်း OK ကိုနှိပ်ပြီးဖျက်လိုက်ပါ။ ဒီလိုဖျက်လိုက်တဲ့အခါမှာ သင့်ကွန်ပျူ တာမှာ Partition (E) ဟာပြောက်သွားမှာဖြစ်ပါတယ် My Computer ထဲဝင်ကြည့်တဲ့အခါမှာ Partition (E) မရှိတော့တာတွေ့ ရမှာဖြစ်ပါတယ် ဒီတော့ ဒီ Partition (E) ကိုပြန်ဖေါ်ပေးရမှာဖြစ်ပါတယ် အောက်ပါပုံကိုကြည့်ပါ ဖျက်လိုပ်တဲ့ Partition (E) နေရာမှာ Unallocated ရေးပြထားပြီး (E) လို့ ရေးပြထားတာကို မတွေ့ ရတော့ပါဘူး ပုံထဲမှာ မျဉ်းစောင်းတွေနဲ့ 231GB လို့ ရေးပြထားပါတယ် ဒါကိုပြန်မဖေါ်ထားရင် GB တွေဆုံးရှံးပါတယ် ဒီတော့ ဒါကိုပြန်ဖေါ်ပေးဖို့ လိုပါတယ်။ ဒါကိုပြန်ဖေါ်ရန် သင်ဖျက်လိုပ်တဲ့ Partition (E) နေရာမှာ Right-Click နှိပ်ပေးလိုက်ရင် အောက်ပါပုံလိုတွေ့ ရပါမယ် New Simple Volume နေရာကို Click နှိပ်ပေးလိုက်ပါ။
New Simple Volume ကိုနှိပ်လိုက်ပြီးရင်အောက်ပါပုံများအဆင့်ဆင့်ကျ လာမှာဖြစ်ပါတယ် အားလုံးကို Next များအဆင့်ဆင့်နှိပ်ပြီး Finish ကိုရောက်တဲ့အထိ Next များကို နှိပ်သွားပါ။
ဒီနေရာမှာ သူ့ မူရင်း Partition (E) ရဲ့ Volume ပြန်ပေါ်လာပြီးဖြင့်လို့ သင့်ရဲ့ လုပ်ဆောင်မှု အောင်မြင်သွားပါပြီ ဒီနည်း Partition တွေထဲမှာခိုနေအောင်းနေတဲ့ Virus တွေမလိုအပ်တဲ့ Software တွေကို ကိုယ်တိုင်ဘယ်လို့ မှာရှာမရတော့တဲ့အခါဖျက်ပြစ်တဲ့နည်းလဲဖြစ်တယ်ဆိုတာ မှတ်ထားစေလိုပါတယ် ကဲ့သင့်ရဲ့ My Computer ကိုဖွင့်ကြည့်မယ်ဆိုရင်တော့ အောက်ပါပုံလို Partition (E) ကိုအသစ်စက်စက် အဖြင့်ပြန်တွေ့ ရမှာဖြစ်ပါတယ်။
ကျနော်ဟာ မလေးရှာမှာ ကျွန်ခံလုပ်ကိုင်စားသောင်နေထိုင်နေပေမဲ့ မြန်မာပြည်ကြီးကို ချစ်တဲ့စိတ်ကတော့ ယနေ့ နိုင်ငံရေးသမားတွေထက် တစ်စက်လေးမှမရော့သွားပါဘူး။ ကို့ ထမင်းကိုစားပြီး မြန်မာပြည်သူ တွေကို ပညာမျှဝေနေတာ ကျနော့စေတနာအစစ်တွေကြောင့် ကိုယ်တိုင်လဲ ဥာဏ်စဉ်အမြင့်သို့ သာ တက်လှမ်းပရစေသား။
မြန်မာတို့ အတွက် ဗဟုသုတ
17, March 2015
No comments:
Post a Comment