၂၁။ Account အခိုးမခံရအောင် ဘာတွေလုပ်ရမလဲ

အကောင့်အခိုးခံရတယ်၊ အဟက်ခံရတယ်လို့ ခဏခဏ ကြားနေရပါတယ်။

စာရေးသူ စဉ်းစားကြည့်လိုက် ပါတယ်။

ဘာလို့ သူတို့တွေချည်း ကွက်ကြားမိုး ရွာလို့ အကောင့်တွေ အခိုးခံနေရတာပါလိမ့်လို့။

မသိသူ ကျော်သွား သိသူဖော်စားဆိုတာထက်၊ မသိသူတွေချည်း ခံနေရပုံ ပေါက်ပါတယ်။
ဘာလို့ Account တွေ အခိုးခံရ သလဲ


အဓိကကတော့ မိမိ Account လုံခြုံရေးအားနည်းလို့ပါပဲ။ ဘာလို့လုံခြုံရေး အားနည်းတာလဲလို့ မေးရင်တော့ နံပါတ် ၁ - နည်းပညာ ဗဟုသုတ နည်းပါးမှု၊ နံပါတ် ၂ - နမော်နမဲ့နိုင်မှု ဖြစ်ပါတယ်။ အချို့ ကျ Hardware ရော၊ Software ရော ဆရာကျနေအောင် တော်ပြီး အကောင့်လေးတစ်ခုကျတော့ ခဏခဏပျောက်တတ် ကြပါတယ်။ အချို့ ကျပြန်တော့လဲ တကယ်မသိလို့ အညှပ်ချခံရပြီး အကောင့်တွေ ဆုံးရှုံးကြပါတယ်။
ဒါဆို သိသင့်တဲ့အချက်တွေက ဒီမှာ စပါပြီ။

Facebook ပဲသုံးသုံး၊ Twitter ပဲသုံးသုံး - ဆိုရှယ် Network တော်တော် များများဟာ Address bar မှာ https:// ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ s ပါတယ်ဆိုတဲ့အကြောင်းက မိမိရဲ့ လျှို့ ဝှက်ကုဒ်နံပါတ်နဲ့ Data တွေကို SSL နည်းပညာနဲ့ ကာကွယ်တားဆီးပေးထားခြင်းဖြစ်ပါတယ်။ သူ့ကို Transport Layer Security လို့လည်း လူသိများပြီး မိမိ Transport လုပ်လိုက်တဲ့ အချက်အလက်တိုးကို လုံခြုံစေမှာ ဖြစ်ပါတယ်။ s သာ မပါရင်တော့ ဒါဟာ အင်မတန် လုံခြုံရေး ညံ့ဖျင်းတဲ့ ဝဘ်ဆိုဒ်ပဲဖြစ်ပါတယ်။ s မပါတဲ့ အခြား Social Network တွေလည်း ရှိကြပါတယ်။ သုံးသင့်မသုံးသင့်ဆိုတာကတော့ မိမိဘာသာ ဆုံးဖြတ်စေချင်ပါတယ်။.
နောက်တစ်ချက်ကတော့ Password ကိစ္စပါ။ စာဖတ်သူ ရဲ့  Password ဘာပေးထားတယ်ဆိုတာ ခန့်မှန်းကြည့်ပါရစေ။

၁။ User ရဲ့ နာမည် အင်္ဂလိပ်လို ( တစ်လုံး သို့မဟုတ် အားလုံး)
၂။ User ရဲ့ နာမည်နဲ့ မွေးသက္ကရာဇ် ပေါင်းစပ်ထားမှု
၃။ မိမိဖုန်းနံပါတ် နှင့် နာမည်တစ်လုံး
၎။ ပြီးပြီးရော အလွယ်မှတ် ဂဏန်းများ (ဥပမာ- 123456 /asdfghjkl;/ အစရှိသဖြင့်)
၅။ User name နှင့် Password အတူတူ

အထက်ပါ အချက်များနဲ့ တစ်ချက်ချက် ညှိနေပြီဆိုရင်တော့ အကောင့် လုံခြုံမှု အားနည်းတယ်ဆိုတာ ကြိမ်းသေ နေပါပြီ။

စာရေးသူ ကြုံဖူးပါတယ်။ မိတ်ဆွေသူငယ်ချင်းအကောင့်ကို အားအားယားယားဆိုပြီး Password မှာ သူ့နာမည် ရိုက်ထည့်လိုက်တာ အကောင့်က ပွင့်ပါလေရော။ နာမည်ရင်းအတိုင်း အပြည့်အစုံထား တာမျိုးကတော့ တကယ်ကို အလွယ်လမ်းလိုက် လွန်းပါတယ်။
ဒါကြောင့်
Password ဘယ်လို ရွေးရမလဲ။
အရွေးလွန်ပြီး လျှို့ ဝှက်လိုက်တာကျတော့ ကိုယ်တောင် မမှတ်မိတာမျိုး လဲ ဖြစ်တတ်ပါတယ်။ ဒါကြောင့်

၁။
Password ကိုပေးရာမှာ မိမိ နာမည်က “အောင် “ ပါမယ်ဆိုရင် အဲဒါကို control-shit မနှိပ်ပဲ ရိုက်ရင် atmig ဆိုပြီး ရပါတယ်။ ဒါကြောင့် ထွက်လာ မယ့် စာက adfenve; အစရှိသဖြင့် လူတိုင်း သိရန် ခက်ခဲသွား ပါတယ်။ Capital Letter, Small Letter အားလုံး ပါဝင်မှာ ဖြစ်ပါတယ်။
၂။ 123 တို့တင်မကပဲ။ !@#$%^&* အစရှိသဖြင့်တို့ကိုလည်း Key Combination မှာ ထည့်သွင်း အသုံးပြုသင့်ပါတယ်။

၃။ Password က အနည်းဆုံး လုံး ရှိသင့်တယ်လို့ အများက ဆိုကြပါတယ်။ အလုံးများလေ ကောင်းလေပါပဲ။ ဒါပေမယ့် မှတ်မိဖို့တော့လိုအပ်ပါတယ်။ သို့ပေမယ့် ၁၀ လုံးထည့်တော့ မနည်းသင့်ပါဘူး။
ဒါဆို အထက်ပါ ဥပမာ သုံးခုထဲက အတိုင်း
Password တစ်ခု ဥပမာ ပြပါမယ်။---- csrf;ajrh#99 -- ကိုယ်တိုင်အောင် မြန်မာလို စဉ်းစားပြီးရိုက်မှ သိနိုင်တဲ့ Password ဖြစ်ပါတယ်။ အင်္ဂလိပ်လိုတောင်အလွတ် ကျက်ဖို့ ခက်ပါတယ်။
ဒီထက် ပိုကောင်းတဲ့
Password ပေးနည်းပေါင်းမြောက်များစွာ ရှိပါတယ်။ စာဖတ်သူများ သိရှိပြီ ဖြစ်ပါစေ မျှဝေ ပေးကြစေချင်ပါတယ်။ Password ကို ကိုယ်တစ်ယောက်တည်းသိပါစေ။ သူများ ပေးမသိပါ နဲ့။ ပြီးတော့ Password ကို ဒိုင်ယာရီထဲမှာ ထည့်ရေးထားတတ် တာမျိုးကလည်း စိုးရိမ်စရာပါပဲ။ ဖုန်းမှာရေးထားတာမျိုးကတော့ အခိုးခံရဖို့ ပိုနီးပါတယ်။ ဒါဆို ဘယ်နေရာမှာ သိမ်းမလဲ။ အကောင်းဆုံးကတော့ မှတ်ဥာဏ်သာ ဖြစ်ပါတယ်။ မေ့တတ်တယ်၊Password  အရမ်းများတယ်ဆိုမှ ကိုယ်တစ်ယောက်တည်း နားလည်နိုင်တဲ့ လက္ခဏာ၊ အမှတ်အသား နဲ့ ရေးမှတ်ထားသင့်ပါတယ်။
Password ကို ရှိရှိသမျှ Facebook ရော၊ G-Talk ရော၊ Twitter ရော တစ်ခုတည်း ပေးတတ်တာမျိုးကလည်း ဆိုးပါတယ်။ စာဖတ်သူအချို့ အဲလို ပေးထားကြမယ်ထင်ပါတယ်။ ဒါဆိုရင်တော့ အကောင့်တစ်ခုသာ အခိုးခံရရင် အားလုံး အခိုးရမှာ ဖြစ်ပါတယ်။ တစ်မျိုးဆီ ခွဲပေးသင့်ပါတယ်။
အင်တာနက်ဆိုင် ထိုင်တဲ့အခါမှာ သေချာစစ်ဆေးပါ

အင်တာနက်ဆိုင်ထိုရင် အရေးကြီး သတိထားစရာတွေ ရှိပါတယ်။ ဥပမာ- CCTV ကင်မရာ၊ Key locker နဲ့ History remember တို့ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ မိမိအိမ်မှာပဲ၊ သို့မဟုတ် Personal PC ကိုသာ အသုံးပြုသင့် ပါတယ်။ ကိုယ်ပိုင် မိုဘိုင်းဖုန်းနဲ့လည်း အသုံးများပါတယ်။ သို့ပေမယ့် မိုဘိုင်းဖုန်းရဲ့  လုံခြုံရေးကတော့ ကာယကံရှင်ရဲ့  တာဝန်ဖြစ်ပါတယ်။

မြန်မာပြည်မှာက အများစုဟာ အင်တာနက်ဆိုင်တွေမှာ သုံးကြရပါတယ်။ အဲဒီလိုအသုံးပြုတဲ့အခါကြရင် မိမိအသုံးပြုတဲ့ Browser ရဲ့ Setting ကိုဝင်ကြည့်ပါ။ History တွေကို Delete လုပ်ပေးပါ။ ပြီးတော့ အသုံးမပြုခင်မှာ ကွန်ပျူတာရဲ့ Password ကို မှတ်သား တဲ့ Locker Keyboard software တွေရှိနေသလားဆိုတာကို Control Panel မှာ ဝင်စစ်ပါ။ အသုံးပြုပြီးတဲ့အခါမှာလည်း clear recent history, clear recent browser ဝင်ပြီး History, save password, Site preference စသည်ဖြင့် အားလုံးကို Delete လုပ်ပေးရမှာ ဖြစ်ပါတယ်။
Facebook က ကိုယ့်ရဲ့ Personal imformation, IP address, မိမိကြည့်သမျှ ဝက်ဘ်ဆိုဒ်တွေလည်း အကုန်မှတ်ထားပါတယ်။ မိုဘိုင်းဖုန်းပဲဖြစ်ဖြစ်၊ ကွန်ပျူတာပဲဖြစ်ဖြစ်။ ဒါကိုလုံခြုံအောင်လုပ်ဖို့ ခက်သော်လည်း https ကို သုံးဖြစ်အောင်သုံးရမှာ ဖြစ်ပါတယ်။

ဒါတွေကို Privacy Setting တွေမှာ ဝင်ပြောင်းလို့ရပါ တယ်။ Facebook မှာ ဂိမ်းကစားမယ်ဆိုပြီး ခေါ်တာဖိတ်တာရှိတယ်။ Username နဲ့ password တောင်းတယ်။ ကိုယ်ကလည်း ယင်းဂိမ်းကို ဝင်ဆော့ဖြစ်မယ် ဆိုရင် မိမိရဲ့  Facebook Account ဟာ အင်မတန် အားနည်းသွားပါပြီ။ Facebook ဂိမ်းဆော့တဲ့ သူတွေ Password ခဏခဏ ပြောင်းသင့်ပါတယ်။ ယင်း Game App က မိမိရဲ့  Personal Data အားလုံးကို ထိန်းသိမ်းထားမှာမို့ ဖြစ်ပါတယ်။

စာဖတ်သူတို့မှာ Second Hand ကွန်ပျူတာ၊ Second Hand ဖုန်း သုံးသူများ ရှိပါသလား။ အကယ်၍ ရှိတယ်ဆိုရင် သေချာစစ်ဆေးယူးစေချင်ပါတယ်။ အနောက်တိုင်းတွေမှာဆိုရင် သုံးပြီးသား တစ်ပတ်ရစ် ကွန်ပျူတာတွေ မှာ ဆော့ဖ်ဝဲတွေ၊ Application တွေ ထည့်ထည့်ထားပြီး တစ်ဆင့်ဝယ် သူတွေရဲ့  အချက်အလက်တွေကို ခိုးယူတတ်ပါတယ်။
ဒါမျိုးတော့ မြန်မာပြည်မှာ သိပ်မကြားသေးပါဘူး။ သိရှိထားတာက အကောင်းဆုံးမို့ ဖြစ်ပါတယ်။

ဒီလောက် သိထားရင် စာဖတ်သူတို့ Account လုံခြုံရေး အတွက် ဘယ်လိုပြင်ဆင်ရမယ်ဆိုတာ သိရှိလောက်ပြီ ထင်ပါတယ်။ အမှန်တော့ ဒီထက်နက်နဲစွာ ဖော်ပြသင့်ပေမယ့် အကြမ်းဖျင်းလေး သိလည်း အဆင်ပြေတာမို့ အနှစ်ချုပ်ဖော်ပြ လိုက်ရ ပါတယ်။ 

 

http://techspacejournal.blogspot.com/2012/08/facebook-g-talketc-account.html





ကမ္ဘာမှာ အင်တာနက်အသုံးပြုသူ ဘီလျံမက ရှိနေပြီး ဖေ့စ်ဘွတ် အသုံးပြုသူလည်း သန်း ထောင်ကျော်သွားပါပြီ။

ဒီတော့ ဖေ့စ်ဘွတ် အသုံးပြုလို့ ဝါရင့်နေသူများလည်း ရှိမယ်ထင်ပါတယ်။

ဘယ်လောက်ပဲ ဝါရင့်ရင့် အောက်ပါ မလုပ်ရ ၁၀ ချက် အခြေခံ အချက်အလက်လေးသိမှ

မိမိ အကောင့် လုံခြုံမှာ ဖြစ်ပါတယ်။


၁။ Facebook ကို ဦးစားပေး အီးမေးလ်ပေးခြင်း (email priority)

Facebook အကောင့်ဖွင့်ဖို့အတွက် အခြား အီးမေးလ် ကိုသာ ပေးစေခြင်း ဖြစ်ပါတယ်။ မိမိ လုပ်ငန်းသုံး အရေးကြီးတဲ့ အီးမေးလ် ကို ဖေ့စ်ဘွတ်နဲ့ တွဲမနေစေဖို့ ဖြစ်ပါတယ်။ အကယ်၍ တွဲနေရင်လည်း Facebook မှာ မဖော်ပြမိစေဖို့ လိုအပ်ပါတယ်။ Facebook အကောင့်ကို လုံခြုံရေး လျော့နည်းစေသလို မိမိအီးမေးလ်ကိုလည်း လုံခြုံရေး လျော့နည်း စေပါတယ်။
 
၂။ profile နှစ်ခု ထားခြင်း

ပရိုဖိုင် နှစ်ခုနဲ့ အကောင့် နှစ်ခုထားတာမျိုး မလုပ်ရပါဘူး လို့ဆိုပါတယ်။ ဒါကို အနောက်နိုင်ငံက Facebook user များက တားမြစ်ပါတယ်။ သို့ပေမယ့် Privacy နဲ့ အခြား အွန်လိုင်း ပိတ်ဆို့မှုများ ရှိနေတဲ့အတွက် မြန်မာပြည်မှာ အပြည့်အဝ အသုံးမပြုနိုင်သေးတဲ့ Facebook ရဲ့ အခြား အစိတ်အပိုင်းများ ရှိနေပါတယ်။ ဒါကြောင့် တစ်ခါခါ ဖုန်းနံပါတ် ထည့်မရလို့ အကောင့် ပိတ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အရံအကောင့် တစ်ခုထားခြင်းကို ပြုလုပ်နိုင်ပါတယ်။ သို့ပေမယ့် ယင်းထားတဲ့ အကောင့်ကု နောက်လူ တစ်ယောက်ပုံစံအနေနဲ့ မသုံးပဲ ကာကွယ်ရေး အတွက် အမြဲ အသင့်ရှိစေတဲ့ အကောင့်လိုပဲ အသုံးပြုသင့်တာ ဖြစ်ပါတယ်။
ပရိုဖိုင်တစ်ခုမှာလည်း Status update တစ်မျိုးတင်တယ်။ နောက်တစ်ခု ကလည်း ဒါကိုပဲ တင်တယ် သို့မဟုတ် အခြား တစ်မျိုးတင်တယ် ဆိုရင်တောင် Personal အရ အခြားလူ မြင်ရင်တောင် မကောင်းပါဘူး။ သို့ပေမယ့် မတော်လို့ ကိုယ်သုံးနေတဲ့ အကောင့် လော့ကျ သွားရင် ဒုတိယအကောင့်နဲ့ အသုံးပြုနိုင်သလို လော့ဖွင့်ရန် ကြိုးပမ်းနိုင်ပါတယ်။ Facebook PageGroup ကို တစ်ဦးတည်း လုပ်ထားသူ အနေနဲ့ အရံ အကောင့် တစ်ခုနဲ့ Admin Manager လုပ်ထားသင့် ပါသေးတယ်။ ဒီတော့ ပရိုဖိုင် နှစ်ခု မထားရလို့ တားမြစ်ပေမယ့် အကောင့် နှစ်ခုကတော့ အခြေအနေအရ ထားသင့်ပါတယ်။
 
၃။ မက်လုံးပေးသော Page များကို Like လုပ်ခြင်း၊

နိုင်ငံခြားမှာ တော်တော်ခေတ်စားပါတယ်။ ဒီ Page ကို Like ရင် iPhone အလကားပေးမယ်။ ပေါင်မုန့် အိမ်အရောက် ပို့မယ် ဆိုတာမျိုး ဖြစ်ပါတယ်။ ရည်ရွယ်ချက်က app နဲ့ တိုက်ခိုက်ပြီး အကောင့်ကို ခိုးဖို့ ဖြစ်ပါတယ်။

၎။ မက်လုံးပေးသော App များကို အသုံးပြုခြင်း

အချို့ ကျတော့ မိမိစီးပွားရေး အလွယ်တကူ လူသိများရန်အတွက် App ကို သုံးတတ်ပါတယ်။ ဒီမှာ User တစ်ယောက်က ယင်း app ကို click နှိပ်မိရင် အလိုအလျောက် သူ့သူငယ်ချင်းများထံ ဆက်လက် ပြန့်ပွားသွားတာမျိုး ဖြစ် ပါတယ်။ ဒါက အန္တရာယ်ရှိပါတယ်။ အဓိက ကတော့ Personal information များပေးလိုက်ရတဲ့အတွက် အကောင့်လုံခြုံရေး လျော့နည်းသွားပါတယ်။ အချို့ ကျတော့လည်း လူအံ့အောလောက်မယ့် ကောလဟာလကို app လုပ်ပို့ တတ်ပြီး Like နှိပ်သူ Wall မှာ ဆက်တိုက် တက်တာမျိုးလည်း ဖြစ်ပါတယ်။ ဗိုင်းရက်စ်အနေနဲ့တောင် တိုက်ခိုက်နိုင်ပါတုယ်။

၅။ ဖေ့စ်ဘွတ်ကို ယာယီသိုလှောင်စရာ အဖြစ် အသုံးပြုခြင်

အချို့ က ဖေ့စ်ဘွတ်ကို ယာယီသိုလှောင်စရာလို အသုံးပြုတတ်ပါတယ်။ ဒါက မလုံခြုံတဲ့အပြင် လိုသလိုလည်း ဖြစ်မလာတတ်ပါဘူး။ ဥပမာ- မိမိက သိမ်းလိုက်တဲ့ ပုံက အရွယ်ကြီးနေရင် တစ်ခါခါ Facebook က အလိုအလျောက် resolution လျော့ချ ပစ်တတ်ပါတယ်။ အမြဲတမ်းတော့ မဟုတ်ပဲ တစ်ခါခါကျ ကြုံရတတ်ပါတယ်။ ဒါကြောင့် Facebook ကို Permanent Storage အဖြစ် အသုံးမပြုသင့်ပါဘူး။

၆။ မွေးနေ့ ပြည့်ပြည့်စုံစုံ ဖော်ပြခြင်း

မိမိမွေးနေ့ကို ပြည့်ပြည့်စုံစုံ ဖော်ပြတာဟာ အန္တရာယ်ကြီးပါတယ်။ ယင်းမွေးနေ့ ကလည်း ဖေ့စ်ဘွတ်မှာ လျှို့ ဝှက်ထားသင့်တဲ့ အရာ ဖြစ်ပါတယ်။ ယင်း အချက်အလက်ကို ကြည့်ပြီးတော့ ဟက်ကာ များက အကောင့် ခိုးယူနိုင်ပါတယ်။

၇။ emotional ရုပ်ပုံများ ပေါပေါသီသီ အသုံးပြုခြင်း

အသုံးပြုဖို့အတွက်ကိုပဲ Facebook က :) :D :P အစရှိသဖြင့် အရုပ်ကလေးများ (emoticons) တို့ကို ပေးထားပါတယ်။ comment box ထဲမှာတောင် အသုံးပြုဖို့အတွက်ဆိုပြီး မကြာသေးမီကမှ Facebook အသစ် လုပ်ပေးထားပါတယ်။ ယင်း လက္ခဏာများကို ကိုယ်တင်တဲ့ Post တိုင်း၊ ပေးတဲ့ Comment တိုင်းမှာ ပေါပေါသီသီ အသုံးမပြုစေဖို့ အနောက်တိုင်းက User များက လက်ခံထားပါတယ်။ ယင်း လက္ခဏာများအား အလွန်အကျွံသုံးစွဲခြင်းဟာ တစ်ဖက်ရဲ့ တင်ပြချက်ကို မလေးစားရာ၊ အခြား ထင်မြင်စရာပေးစွမ်းတာမျိုးကြောင့်လို့ ဆိုကြပါတယ်။ လက္ခဏာလေးများကို ဆင်ခြင်အသုံးပြုဖို့ဆိုပြီး အနောက်တိုင်းက user များက အကြံပြုထားကြပါတယ်။ ပြီးတော့လည်း ယင်း Emoticons နဲ့ ကွန်းမင့်ပေး တာများရင် Facebook က ဖြတ်တတ်ပြီး ပိုများလာရင် သတိပေးစာ ရောက်တတ်တယ် လို့ ဆိုပါတယ်။

၈။ ဘာလုပ်လုပ် Facebook ပေါ်တွင် Update လုပ်ခြင်း

ဒါလည်း မလုပ်သင့်ဘူးလို့ ဆိုပါတယ်။ ဥပမာ- အပြင်သွားလိုက်အုံးမယ်လို့ Update တင်လိုက်ခြင်းက အိမ်က သူခိုးလာဖို့ ဖိတ်ခေါ်တာနဲ့ အတူတူပဲ လို့ ဆိုပါတယ်။ ဘယ်သွားသွား၊ ဘာလုပ်လုပ် အားလုံးကို Facebook ပေါ်မှာ တင်နေရင်တော့ အကောင့်တင်မကပဲ မိမိနဲ့ ပတ်ဝန်းကျင် လုံခြုံရေးပါ ထိခိုက်လာနိုင်ပါတယ်။ ဓားပြတိုက်ဖို့အတွက် Facebook မှာ Status တင် လူစုတဲ့ ဖြစ်ရပ်ကြောင့်လည်း ထောင်ကျသွားတဲ့ ပေါက်ပေါက်ရှာရှာ ဖြစ်ရပ် မျိုးတောင် တကယ် ဖြစ်ခဲ့ပါတယ်။

၉။ သတိထားဖွယ် ကွန်းမင့်

ကွန်းမင့် Box ထဲမှာ Xxxxxxxxxx, baaaa, haaaaaa, အစရှိသဖြင့် ဘယ်မှာမှ ရှာလို့မရတဲ့ စာတွေ၊ အက္ခရာ အကြီးနဲ့ ရေးတဲ့စာတွေ (WOW, AMAZING, WHO IS HE?) အစရှိသဖြင့်တို့ကို ရှောင်ကြဉ်ရေးသား ရပါတယ်။ Facebook ကအဲဒီလိုစာများနဲ့ ကွန်းမင့်ပေးရင် သူ့အလို အလျောက် လိုက်ဖြတ်ပါတယ်။ အဲဒီလို ပေးပါများရင်တော့ Facebook က သတိပေးစာ ရောက်လာတတ်ပြီး ကံမကောင်းရင် အကောင့် လော့ကျ သွားနိုင်ပါတယ်။

၁၀။ ရောက်လေရာ မစစ်ပဲ အကောင့်ဖွင့်ခြင်း

ဆိုင်တစ်ဆိုင်ပြီးတစ်ဆိုင်၊ ကွန်ပျူတာ တစ်လုံးသုံးပြီး မသုံးပြီး ဘာမှ မစစ်ဆေးပဲ မိမိ Facebook ကို Log in ဝင်တာမျိုးတွေက အလုပ်များကြပါတယ်။ Log in မဝင်ခင် ဝင်မယ့် Facebook ရဲ့  Welcome page, Address bar ကို သေချာစစ်ဆေးပြီး သေချာပြီဆိုမှ Log in လုပ်သင့်ပါတယ်။ အချို့ နေရာကျ Facebook ပုံစံ ဖန်တီးပြီး address အတုနဲ့ ခပ်ယောင်ယောင် လုပ်ထးတာမျိုးတို့ ရှိပါတယ်။ ဒါကြောင့် ဆိုင်မှာ စက်တစ်လုံး စဖွင့်ပြီ ဆိုရင် သူအလိုအလျောက် ဖွင့်ပေးထားတဲ့ Page ကနေ ဝင်တာထက် ကိုယ်တိုင် Address bar ကနေ လိပ်စာ ရိုက်ပြီး ဝင်သင့်ပါတယ်။



အထက်ပါ ၁၀ ချက်ကို သိရှိနားလည် ကျင့်သုံးတတ်မယ်ဆိုရင် မိမိအကောင့်ကို

လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Teachspace ဂျာနယ်မှ ကူးယူဖော်ပြပါသည်

Lock ကျနေသာ Facebook အကောင့် ပြန်ယူနည်း


 လတ်တလော Facebook ရဲ့ ပြောင်းလဲသွားသော ပေါ်လစီကြောင့် ကမ္ဘာတစ်လွှားက အကောင့်တွေ တော်တော်များများ ပိတ် (Lock
ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာ ကောင်းပေမယ့် အကောင့်ကို အလွယ်တကူ ပြန်ရနိုင်ပါတယ်။ ဒါကြောင့် အကောင့်သစ်သုံးနေပြီး မူလအကောင့် ကိုပြန်လိုချင်သူ များ အောက်ပါ အတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။

အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မယ်။ ဒါကိုတော့ ကာယကံရှင် လူတိုင်းကြုံတွေ့ပြီး ဖြစ်ပါတယ်။ ဖုန်းနံပါတ်ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့ ပြောထားပြီး နီးစပ်ခင်မင်ရာ သူငယ်ချင်း ဖုန်းနံပါတ် ငှားလိုက်တာမျိုး မလုပ်သင့်ပါဘူး။ နိုင်ငံခြားရောက်နေတဲ့ အသိတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့် ပြန်ရတာမျိုးအနည်းငယ်ရှိပေမယ့် ဒါက ရေရှည်မကောင်းပါဘူး။ ဘာလို့လဲဆို Facebook ဟာ ယင်းဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီဖြစ်ပြီး နောက်ထပ် ယခုလို Lock ကျတာမျိုးတို့ Hack ခံရတာမျိုးနဲ့ ကြုံတဲ့အခါ ယင်းဖုန်းနံပါတ်နဲ့ အမြဲပတ်သက်နေရတော့မှာ ဖြစ်ပါတယ်။ ဒါကလည်း အမြဲပြောင်းလဲနိုင်ပါတယ်။ဒါကြောင့် အကောင့်လော့ကျတဲ့အခါ အကောင့်ကို ဘာမှ မသုံးပဲ ၄၈ နာရီ ( ရက်တိတိ) ဒီတိုင်းထားပါ။ ၁ရက်ခွဲလည်း ရပေမယ့် Facebook က ရက်လို့သတ်မှတ်ထားတဲ့အတွက် သူသတ်မှတ်ထားတဲ့ Step အတိုင်းသွားတာ ကောင်းပါတယ်။ အဲလိုမဟုတ်ပဲ ၄၈ နာရီအတွင်းမှာ ထိုင်ကလိနေရင်တော့ သတ်မှတ်ရက်ထက် ပိုကြာသွားနိုင်ပါတယ်။

၂ ရက် (၄၈ နာရီ) ပြည့်ပြီဆိုမှ အကောင့်ကို ယခင်ထုံးစံအတိုင်း Log In လုပ်ပါ။ ဒီမှာ Internet Explorer ကို အသုံးပြုဖို့ ပိုအကြံပေးချင်ပါတယ်။ Mozilla Firefox, Google Chrome, Safari အစရှိသဖြင့် အမျိုးမျိုး ခေတ်စားနေတဲ့ Browser များဟာ Security မြင့်မားပါတယ်။ Internet Explorer ကတော့ တားမြစ်ထားတာ သိပ်မရှိပါဘူး။ အချို့  ဝဘ်ဆိုဒ်များက Right click Disable လုပ်ထားတာတောင် Internet Explorer မှာ ရတတ်ပါတယ်။ ဘာပဲ Download ဆွဲဆွဲ Internet Explorer မှာ အတားအဆီး နည်းတယ်ဆိုတာ လက်တွေ့ သုံးဖူးသူတိုင်းသိမှာ ဖြစ်ပါတယ်။

ဒါကြောင့် Account ကို Log In ဝင်ရန် Internet Explorer ကိုအသုံးပြုစေလိုပါတယ်။ Mozilla Firefox, Chrome တို့လည်း အသုံးပြုမရလို့ မဆိုလိုပါ။ အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် အကြောင့်အမျိုးမျိုးကြောင့်

ဖုန်း Message box ပြန်ပေါ်လာမှာ စိုးလို့ ဖြစ်ပါတယ်။ဒါလို Log In ဝင်ပြီးပြီဆိုပါဆို့။ သူက Password မေ့သူတို့ထုံးစံအတိုင်းပဲ Verification step တွေလာပါတယ်။ ဘာမှမပါပါဘူး။ သူငယ်ချင်း နာမည်ကို မှန်အောင် ရွေးခိုင်းတာမျိုးပဲ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ လူအမည်နဲ့ တွဲပေးရတာ ဖြစ်တဲ့အတွက် သတိထားစေချင်ပါတယ်။

ဒီမှာ ၅ ခုလောက်တွဲခိုင်းပါတယ်။ မရတဲ့ဟာဆိုရင် ရဲရဲကြီး Skip လုပ်ပါ။ အမှားများရင်တော့ အကောင့်ကို ထပ်မံ Lock ချမှာ ဖြစ်ပါတယ်။ မရတာတွေကို Skip လုပ်လိုက်တဲ့အခါ မေးခွန်းမပြည့်ပြည့်အောင် မေးပေးတာ Facebook ရဲ့ တာဝန်ဖြစ်တဲ့အတွက် နောက်တစ်ခါ ထပ်မေးပါတယ်။ ဒီမှာလည်း မရတာ Skip လုပ်ပြီး သေချာမှာ Submit လုပ်စေချင်ပါတယ်။ အကယ်၍ လူရွေးခိုင်းတဲ့ Step ကို တစ်ခါရှုံးပြီး နောက်တစ်ခါ ထပ်ရှုံးရင်တော့ နောက်မှ ပြန်လာတော့လို့ စာတန်းပေါ်လာတတ်ပါတယ်။ သို့ပေမယ့် Log out လုပ်ပြီး နောက်တစ်ခါ Log In ဝင်၊ အထက်ပါ လူရွေးတဲ့ မေးခွန်းကိုပဲ ဆက်တိုက် ပြန်လည်ဖြေဆိုပေးခြင်း လုပ်နိုင်ပါတယ်။

သူငယ်ချင်းနည်းပြီး ရှိတဲ့သူငယ်ချင်းများရဲ့ ဓာတ်ပုံတွေ ကြည့်ရှုလေ့ရှိသူများအတွက် အိုကေပေမယ့် သူငယ်ချင်း ထောင်ချီရှိပြီး မမှတ်မိဘူးဆိုရင်တော့ ခက်ပါလိမ့်မယ်။ သို့ပေမယ့် စိုးရိမ်စရာမလိုပါ။ သူငယ်ချင်းများလေလေ Facebook က အခွင့်အရေးများများပေးလေ ဖြစ်ပါတယ်။ တစ်ခါဖြေမရ၊ နှစ်ခါ ဖြေမရရင် ထောင်ချီ Friend List ရှိသူများ ကို နောက်ထပ် ဖြေခွင့် ပေးတတ်ပါတယ်။

ဖြေပြီးလို့ အောင်မြင်ပြီဆိုရင်တော့ Account ပြန်လည် ရရှိပါပြီ။ ဒီမှာ အကောင့်ပြန်ရပြီ ဆိုပြီး အရင်ကလုပ်နေကျ အတိုင်း Like, Comment , Post, Link , Message စတာတွေကို ထင်တိုင်းမကျဲသင့် သေးပါဘူး။ သေချာတာကတော့ Friend Request ၄ ရက်ပိတ်ထားပါတယ်။ Message လည်းပို့ခွင့် မရပါဘူး။ အရင်က Activity တစ်ခုခုလုပ်တိုင်း Warning တွေတက်တက်လာတတ်ပါတယ်။
ဒီနေရာမှ တစ်ခုထပ်ဖြည့်စွက်ပြီးပြောချင်ပါတယ်..friend ဖြည့်တဲ့နည်းဟာ လွယ်တယ်ထင်ပေမဲ့ သိပ်လွယ်ကူတာတော့မဟုတ်ပါဘူး..သူမေးထားတဲ့ ပုံနဲ့ လူငါးယောက်ကို မှန်အောင် ဖြည့်ရပါတယ်…အချိန်အကြာကြီးယူဖြည့်လို့မရပါဘူး..အချိန်ကြာသွားရင် မှန်ပေမဲ့လဲ အကောင့် log ပွင့်မှာမဟုတ်ပါဘူး။

အားလုံး အဆင်ပြေကြပါစေဗျား !!! http://www.facebook.com/ko.seinthan မှကူးယူဖော်ပြသည်။

No comments: