၄၄။ Mozilla ထက်ပိုမြန်တဲ့ Google Chrome (Google Chrome မှာမြန်မာစာပေါ်အောင်လုပ်နည်း)


Google Chrome အသုံးပြုပုံ၊ အသုံးပြုနည်းကို ဝက်ဘ်ဆိုဒ်တော်တော်များမှာ ရေးထားကြတာတွေ့ဖူးပါလိမ့်မယ်..။ ကျနော်ကတော့ ပုံလေးတွေနဲ့ နားလည်လွယ်အောင် ပြန်ရှင်းပြထားတာပါ..။ ကျနော့်သူငယ်ချင်း တစ်ယောက်လည်း မလုပ်တတ်သေးလို့ ဖုန်းဆက်ပြီး ကျနော့်ကို မေးနေတာနဲ့ ဒီနေ့တော့ ဒီပိုစ့်လေးကို တင်ပေးလိုက်ပါတယ်..။ Google Chrome မှာ မြန်မာစာပေါ်အောင်လုပ်လို့ရပေမယ့် တခါတလေ တချို့နေရာတွေမှာ အပြည့်အဝ အလုပ်မလုပ်ပါဘူး..။ လေးထောင့်ကွက်လေးတွေမဟုတ်ရင် ကမောက်ကမ စာလုံးတွေ မြင်ရတဲ့အခါ ရှိပါတယ်..။ နောက်တခါ ပြန်ဝင်ကြည့်ရင်ကောင်းနေပြန်ရော..။ ဘယ်လိုပဲဖြစ်ဖြစ် သုံးရတာတော့ သိပ်အကောင်းကြီးမဟုတ်တောင်မှ အတော်လေးတော့ အဆင်ပြေပါတယ်..။ နောက်ပြီး You Tube ကသီချင်းတွေကို ဒေါင်းလော့ချရတာလည်း လွယ်တယ်..။ IDM နီးနီးမြန်တယ်..။ လုပ်နည်းလေးကတော့ အောက်မှာကြည့်လိုက်ပါဗျာ.. မိမိတို့စက်ထဲမှာ Google Chrome မရှိသေးရင် ဒီနေရာလေးမှာ အရင် ဒေါင်းလော့ချလိုက်ပါ...။
မိမိတို့ရဲ့ စက်ထဲမှာ Google Chrome ရောက်ပြီဆိုရင်တော့ နှစ်ချက်တောက်ပြီး ဖွင့်လိုက်ပါ.. မြန်မာစာရေးလို့ရအောင်၊ ပေါ်အောင်လို့ ဒီအောက်ကလင့်လေးကို copy ကူး ၊ Google Chrome ရဲ့ Google စာမျက်နှာမှာ Paste နဲ့ ထည့်ပြီး Enter ခေါက်လိုက်ရင် ဒီအောက်က ပုံမျိုးကို မြင်ရပါပြီ..။ ဒီအောက်မှာပေးထားတဲ့ လင့်တွေဟာ Google Chrome နဲ့ဆို တခါထဲ ကလစ်ပြီးတန်းဝင်လို့ ရအောင် လုပ်ထားတဲ့ လင့်အရှင်တွေပါ.။ Chrome နဲ့ဆို နှိပ်ပြီးတန်းဝင်လိုက်ပါ...။
ကျန်တာတွေတော့ ပုံမှာပြထားတဲ့အတိုင်း ဆက်လုပ်သွားလိုက်ပါ...



 ကျနော်  မှတ်ချက်လေး ရးတာပါ ကိုလွင်မင်ဗိုလ်လဲ လက်ခံမယ်ထင်ပါတယ် ဒီနေရာမှာ Chrome ထဲဝင်ပြီးရင် Google Search Box ထဲမှာ Chrome Web Store - FontTagger - Google Chrome ဆိုတဲ့စာသားကို ရိုက်ထဲပြိး ဝင်ရပါမယ်။ ဒီလိုရိုက်ထဲ့ပြီး 
Click နှိတ်မှ အောက်ကပုံအဆင့်မှာ ပေါ်မဲ့ + ADD TO CHROME ဆိုတဲ့စာသား ကိုမြင်ရမှာပါ ကျနော် ကိုလွင်မင်းဗိုလ် ရဲ့ ဆိုဒ်ကို လိုက်လုပ်ကြည်တာ Windows XP နဲ့ လုပ်ခဲ့တာပါ။ 
စင်္ကြာဝဠာ အနန္ဒ 



Window XP မှာတော့ Install လို့မပေါ်ဘဲ Add လို့မြင်ရမှာ ဖြစ်ပါတယ် ဒီမဆင့်ပြိးရင် Window XP မှာတော့ မြန်မာစာ ဖတ်လို့ရနေပါပြီ
Window XP မှာမြန်မာစာ ထဲမယ်ဆိုရင် အောက်မှဝိုင်းပြထားတဲ့ Font Tagger Icon ဘေးက Icon မှာ ကလစ်နှိတ်ပြီး Setting ကနေသွားရမှာဖြစ်ပါတယ်၊ ပေါ်လာမဲ့စာရွက်အသစ်မှာ Show advanced settings ကနေကလစ်နှိတ်ဝင်ပြီးမှ အောက်ကအဆင့်တွေကို ဆက်လုပ်လို့ရမှာဖြစ်ပါတယ်။ 
Windows XP ကနေလုပ်ကြည့်မဲ့သူများ အတွက် ပြောပေးတာပါ။ မိမိ ဥာဏ် ကိုလွှာသုံးဘို့လိုပါတယ် ဒီအဆင့်လေးတွေမှာ ကွာဟချက်လေးတွေကို မြင်အောင်ကြည့်ပေးပါ။
စင်္ကြာဝဠာ အနန္ဒ  



 အောက်ကပုံလေးအတိုင်း A,B,C,D နေရာတွေကိုနှိပ်ပြီ.. ဇော်ဂျီဝမ်းရှိတဲ့ နေရာကို သွားပြောင်းပေးလိုက်ပါ...
 


အောက်ကပုံကတော့ မိမိတို့ရဲ့ အကော့င်းပါတ့်စ်ဝါတ်တွေကို မမှတ်မိအောင်၊ မှတ်မထားအောင် သွားပြောင်းပေး လိုက်ပါ..။ သူများယူကြည့်တဲ့အခါ ကိုယ့်အကောင့်တွေ ပွင့်မလာအောင်လို့ပါ..။ 


ဒီအောက်ကပုံကတော့ မိမိတို့ ကြည့်ထားတဲ့ ဝက်ဘ်ဆိုဒ်တွေကို History ထဲမှာမှတ်ထားပေးပါတယ်..။ အဲဒါတွေကိုဖျက်ချင်ရင်တော့ ကီးဘုတ်ရှော့ကတ်ကီး Ctrl+H ကိုနှိပ်လိုက်ရင် ပေါ်လာပါပြီ..။ ဖျက်မယ်ဆိုရင်တော့ အောက်ကပုံလေးတွေအတိုင်း လိုက်လုပ်လိုက်ပါ...။ 



  
Google Chrome နဲ့ YouTube ကသီချင်းတွေကို ဒေါင်းလော့ချချင်ရင်တော့ဒီလင့်                 ( http://www.chromeextensions.org/utilities/ultimate-youtube-downloader/ )ကို Copy ကူးပြီး Chrome ရဲ့ Google စာမျက်နှာမှာ Paste ထည့် Enter ခေါက်လိုက်ရင် ဒီအောက်က ပုံလေးတွေအတိုင်း ပေါ်လာပါပြီ.. ဒေါင်းလော့speed ကတော့ IDM လောက်ကိုမြန်ပါတယ်...။ Connection ကောင်းဖို့တော့ လိုတာပေါ့ဗျာ.. 



 လွင်မင်းဗိုလ်ရဲ့မူရင်း လင့်ကို ဒီကနေဝင်ပါရောက်ကြည့်ရှု နိုင်ပါတယ်။



Folder တွေနဲ့ Filesတွေမှာ မြန်မာစာပေါ်အောင်လို့



ကျနော်တို့ Windows Themes လို့ခေါ်တဲ့ Desktop မှာ မြင်နေရတဲ့ Windows Back ground ပုံတွေကို ပြောင်းလိုက်တဲ့အခါ မြန်မာလို ရေးပြီး သိမ်းထားတဲ့ ဖိုဒါတွေနဲ့ ဖိုင်တွေမှာ လေးထောင့် အတုံးအကွက် လေးတွေပဲမြင်ရပါတော့တယ်..။ မြန်မာစာ မပေါ်တော့ပါဘူး..။ အခုဒီနည်းလေးနဲ့ မြန်မာစာ ပြန်ပေါ်အောင်လုပ်ပါမယ်.. အောက်ကပုံလေးတွေကို ကြည့်ပြီး လုပ်ကြည့်လိုက်ပါဗျာ..




No comments: