၈၇။ Windows XP Startup ကိုဘယ်လိုမြန်အောင်လုပ်မလဲ

Windows XP ကို Microsoft အထောင့်ပန့် ပေးမှု ကို ဧပရယ် လရှစ်ရက်နေ့  ၂၀၁၄ မှာရပ်ဆိုင်းခဲ့လို လုံခြုံရေးဆိုင်ရာ Software ဖြစ်တဲ့ Microsoft Security Essential ကို Update လုပ်ခြင်း ကွန်ပျူ တာကို စောင့်ရှောက်ပေးခြင်းများ ရပ်စဲခဲ့ပေမဲ့ Windows XP Update ကိုတော့ယနေ့ ထိပေးထားဆဲ ဖြစ်ပါနတယ်။  သို့ သော်လဲ Update များကို Install လုပ်ပြီးနောက် စက် လေးလာတာကို သတိထားမိလာလို့  စက်ကိုပြင်ဆင်ရင်း ဒီ Post လေးကိုရေးလိုက်တာပါ။ ကွန်ပျူ တာကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် Windows Startup ဟာ သင်လိုလားသည်ဖြစ်စေ မလိုလားသည်ဖြစ်စေ Program အားလုံးကို စတင်လုပ်ဆောင်စရာရှိတာတွေကို လုပ်ဆောင်တော့တာပါဘဲ။ ဒါ့ကြောင့်ဒီ Post လေးကနေပြီး မိတ်ဆွေများကို ပြောပြချင်တာကတော့ သင်သုံးနေတဲ့ ကွန်ပျူ တာကို မြန်လာအောင် ဘာတွေလုပ်သင့်တယ် ဆိုတာမျှဝေပေးချင်လိုက်တာပါ။ ဒီတော့ မလိုအပ်တဲ့ Program တွေကို အလုပ်အလုပ်တော့အောင် ဘာတွေလုပ်ရမယ်ဆိုတာ သိထားသင့်ပါတယ်။ ဒီတော့ ဒီဆင့်တွေလုပ်ဆောင်နိုင်အောင် Run Box ကိုခေါ်ယူ အသုံးပြုနည်းနှင့် အခြား Method နှစ်ခုရှိပါတယ်။ ဒီတော့ Run ကိုအရင်ခေါ်ယူပါ အလွယ်ကူဆုံး နည်းကတော့ Windows Key နဲ့  R ကိုတွဲနှိပ်လိုက်ပါ ဒါမှမဟုပ် Start ကနေလဲခေါ်လို့ ရပါတယ် အောက်ပုံကိုကြည့်ပါ။

Make Windows XP Startup Faster Step 1 Version 3.jpg 

(၁) Start မှာကလစ်နှိပ်ပြီး Run ကိုခေါ်ပြီးရင် အထက်က ပုံမှာပါတဲ့အတိုင်း Open: နေရာမှာ MSCONFIG ကိုရိုက်ထဲပြီး  OK မှာနှိပ်ပေးလိုက်ပါ အပေါ်ပုံမှာပြပေးထားပါတယ်။ OK ကိုနှိပ်ပြီးရင် System Configuration Utility Box လေးပေါ်လာမှာ ဖြစ်ပါတယ် အောက်ကပုံလေး ပေါ်လာမှာဖြစ်ပါတယ်။

 Make Windows XP Startup Faster Step 2 Version 3.jpg

(၂) အပေါ်ပုံထဲမှာ ရှိတဲ့ Tab တွေထဲမှာ BOOT.INI Tab ကိုနှိပ်လိုက်ရင် Timeout ကိုကြည့်ပါ မျှားပြပေးထားပါတယ် ဒီ Timeout ထဲမှာ 30 Sec. နဲ့ ပြပေးထားတာကိုမြင်ရပါမယ်၊ ဒီကိန်းဂဏန်းကို 4 လို့ ပြောင်းပေးလိုက်ပါ သင်ကြိုက်သလို 5 ဖြစ်ဖြစ် 10 ဖြစ်ဖြစ်ထားမယ်ဆိုလဲ ထားလို့ ရပါတယ်။ 
Make Windows XP Startup Faster Step 3 Version 3.jpg

(၃) အထက်ပါပုံကိုကြည့်ပါ ဒီနည်းကတော့ Temp ထဲမှာရှိနေတဲ့ ယာယီ ဖိုင်တွေကိုပြန်ဖျက်ပေးတဲ့နည်းဖြစ်ပါတယ် ဒီနည်းမှာလဲ Run ကိုခေါ်ယူပါ ပြီးရင် Open: ထဲမှာ %Temp% ကိုရိုက်ထဲ့လိုက်ပါ ပေါ်လာတဲ့ Temp ကဖိုင်အားလုံးကို Select မှတ်ပေးပြီး Temporary Folder အားလုံးကို Delete လုပ်လိုက်ပါ။  
 Make Windows XP Startup Faster Step 4 Version 3.jpg

(၄) ဒီနည်းကတော့ သင့်ကွန်ပျူ တာရဲ့ Hard Drive ကိုကျန့် ခိုင်ရေးကောင်းအောင် လုပ်ပေးခြင်းဖြင့် သင့်ရဲ့ ကွန်ပျူ တာကို ပိုမြန်စေအောင်လုပ်နည်းဖြစ်ပါတယ်။ အပေါ်ပုံကိုကြည့်ပါ ဒီအထဲကို ဝင်လို့ ရတဲ့ နည်းတွေက အများကြီးပါ My Computer ကိုနှိပ်ဝင်ပြီး C: ကို Right Click နှိပ်ပြီး ကျလာတဲ့ Box ထဲကနေ Properties ကိုခေါ်ပြီး Tools Tab ထဲကနေ လုပ်လို့ ရသလို Start Menu ကနေ All Program > Accessories > System Tools > Disk Cleanup ကလဲဝင်လို့ ရတာပါဘဲ။ အပေါ်ပုံထဲကလို Check Now ကိုနှိပ်ပေးလိုက်ပါ။
Make Windows XP Startup Faster Step 5 Version 3.jpg 


(၅) ဒီနည်းကဖိုင်တွေကို ပြန်စီပေးခြင်းဖြင့် စက်ကိုမြန်စေအောင်လုပ်နိုင်တဲ့ နည်းဖြစ်ပါတယ် အထက်ပါပုံကိုကြည်ပါ ပြီးရင် နည်းအမှတ်လေးအတိုင်းဝင်ရတာဖြစ်ပါတယ်၊ အထက်မှာပြပေးထားတဲ့ နည်း အတိုင်း Properties ထဲကိုဝင်ရမှာ ဖြစ်ပြီး Disk Cleanup ရဲ့အောက်က Defragment Now ကိုပလစ်နှပ်ပေးလိုက်ပြီး ဖိုင်တွေကိ ပြန်စိပေးခြင်းဖြင့် သင့်ရဲ့ ကွန်ပျူ တာပိုမို မြန်လာစေနိုင်ပါတယ်။

 Prefetch ထဲမှာ Files များကို ရှင်းပေးခြင်းဖြင့် ကွန်ပျူ တာ Speed ကိုမြင့်ပေးခြင်း

 Make Windows XP Startup Faster Step 12 Version 3.jpg

(၁) အပေါ်ပုံကိုကြည့်ပါ Prefetch ထဲကို Run ထဲမှာရိုက်ထဲ့ ပြီးဝင်လို့ ရသလို My Computer ထဲကနေ C: ကိုကလစ်နှိပ်ဝင်ပြီး Windows ထဲကိုဝင်ရှာမယ်ဆိုလဲ ရပါတယ် ဝင်နည်းတွေအားလုံးကိုသိထားလေကောင်းလေပေါ့။ Prefetch ထဲရောက်ပြီဆိုရင် အပေါ်ကပုံမှပြထားတဲ့အတိုင်း Folders အားလုံးကို Select မှတ်ပြီး Delete လုပ်ပေးလိုက်ပါ ဒါတွေကို ကွန်ပျူ တာထဲမှ အမှိုက်များကို ရှင်းနည်းမှာ ပြထားပေးပြီးသားပါ။

(၂) Registry Editor ထဲမှ တန်ဘိုး ဂဏန်း ကိုပြု ပြင်ပေးခြင်းဟာလဲ ကွန်ပျူ  တာကို မြန်စေနိုင်ပါတယ်။ ဒီနည်းကိုသုံးဖို့ Registry Editor ထဲကိုဝင်ဖို့  Run ကိုဘဲသုံးရမှာဖြစ်ပါတယ်၊ ဒီတော့ Run ထဲမှာ Regedit ကိုရိုက်ထဲပြီး OK ကိုနှိပ်လိုက်ပါ Registry Editor Box ကအထက်ကပုံလိုမြင်ရမှာဖြစ်ပါတယ် ဒီအထဲကိုရောက်ပြီးရင် အောက်ပါအတိုင်းအဆင့်ဆင့်ဝင်သွားပါ။ 
 

 HKEY_LOCAL_MACHINE > SYSTEM > CurrentControlSet > Control > Session Manager > Memory Management > PrefetchParameters 

Prefetch Parameters ထဲရောက်ရင် အောက်ကပုံအတိုင်းမြင်ရအမှာဖြစ်ပါတယ်။ 
 
Make Windows XP Startup Faster Step 14 Version 3.jpg 

(၃) Prefetch Parameters ထဲရောက်သွားပြီးရင် အထက်ကပုံထဲမှာပြပေးထားတဲ့ EnablePrefetcher ကို Double Click နှိပ်ပြီးဖွင့်လိုက်ပါ အောက်ပါပုံအတိုင်းတွေ့ ရမှာဖြစ်ပါတယ်၊ ဒီအထဲမှာဖြစ်နိုင်ခြေရှိတဲ့ ဂဏန်းက လေးလုံးထဲပါ Zero 0, One 1, Two 2, Three 3, Four 4, တစ်ခုခုကိုရိုက်ထဲ့ပေးရမှာဖြစ်ပါတယ်။ 

(၄) ဒီ ဂဏန်းတွေဟာ စက်ရှဲ့Startup ကိုအလုပ် လုပ်ခိုင်းတဲ့ကိန်းဂဏန်းတွေဖြစ်တော့ တန်ဘိုးတစ်ခုခြင်းရဲ့ အလုပ်လုပ်ဆောင်မှုတွေကိုသိထားရမှာဖြစ်ပါတယ်။ အောက်ကပုံမှာ တန်ဘိုး ကို Zero 0, ပေးထားပါတယ် ဒီ Zero 0, ရဲ့လုပ်ဆောင်ပေးမှုကတော့ Prefetch System ကို Disable လုပ်ထားတာဖြင်လို့  Turn Off ဆိုတဲ့သဘောသက်ရောက်တော့ မြန်မာလိုပြောရရင် Prefetch ကိုအလုပ်မလုပ်ရန်ပတ်ထားတာဖြစ်ပါတယ်။

 Make Windows XP Startup Faster Step 16 Version 3.jpg 

(၅) အောက်မှာပြထားတဲ့ပုံထဲက တန်ဘိုးက One 1, ဖြစ်ပါတယ်၊ သူ ကတော့ စက်ထဲက Applications များကိုသာ အလုပ်လုပ်ဆောင်ပေးပါလို့  Command ပေးထားတာဖြစ်လို့  Prefetch ဟာ Applications  များကိုသာလုပ်ဆောင်ပေးမှာဖြစ်ပါတယ်။
 Make Windows XP Startup Faster Step 17 Version 3.jpg

(၆) အောက်မှာပေးထားတဲ့ ပုံထဲက ဂဏန်းက Two 2, ဖြစ်ပါတယ် သူက Prefetch ရဲ့ Cache System သက်သက်ကို Boot လုပ်ပေးဖို့  Command ပေးတဲ့ ကိန်းဖြစ်လို့  ကျနော်တို့ လိုဖြင်တဲ့ တန်ဘို့ ဖြစ်ပါတယ်။ ဒီတော့ ကျနော်တို့ ဟာ Edit DWORD Value ကိုတန်ဘိုး Two 2, ပေးပြီး OK ကိုနှိပ်ပေးရမှာဖြစ်ပါတယ်။

 Make Windows XP Startup Faster Step 18 Version 3.jpg

(၇) ကျနော်တို့ လို Startup နှေးနေတဲ့စက်များမှာတော့ တန်ဘိုးဂဏန်းဟာ Three 3, ကိုတွေ့ ရမှာဖြစ်ပါတယ်၊ ဒီ Three 3, ရဲ့အဓိပ္ပာယ်ကတော့ Application Files အားလုံးနဲ့  Boot တို့ ကိုတပြိုင်နက်ထဲ အလုပ် လုပ် ခိုင်းတားတာဖြစ်လို့  ကျနော်တို့  စက်တွေဖွင့်တဲ့အခါမှာ Windows အတက်နှေးတာဖြစ်ပါတယ် အောက်ကပုံကိုကြည့်ပါ။
 Make Windows XP Startup Faster Step 19 Version 3.jpg
(၈) ဒီတော့ ကျနော်တို့  Prefetch ရဲ့တာဝန်အားလုံးကို ပိတ်ထားလို့ မဖြစ်သလို အားလုံးဖွင့်ထားရင်လဲ စက်နှေးပါတယ် ဒါကြောင့် ကျနော်တို့ တွေစက်ကို Windows Startup မြန်မစေခြင်တာကြောင် တန်ဘိုးကို Two 2, မှာထားပေးပြီး OK နှိပ်ပေးလိုက်ရမှာဖြစ်ပါတယ်။

Make Windows XP Startup Faster Step 21 Version 3.jpg

(၉) ဒီတော့  အောက်ကပုံကိုကြည့်ပါ ကျနော်တို့ တန်ဘိုး Two 2, မှာထားပေးပြီး စက်ကို ပြန်ပြီး Reboot လုပ်ကြရအောင် ဒီအကြိမ်တော့ ကျနော်တို့ စက်တွေ အရင်ကထက်ပိုမြန်လာမှာသေချာပါတယ်။ 

Make Windows XP Startup Faster Step 22 Version 3.jpg
 မြန်မာတို့ အတွက် ဗဟုသုတ 
9/12/2014

No comments: