၁။ ။ မိမိ ၏ အကောင့်ထဲကို အရင်ဝင်ပါ။

၂။ ။ အာသေဝနာစ ဗာလနံ သည် ၃၈ ဖြာမင်္ဂလာနှင့်ညီ၏ ထို့ကြောင့်မပေါင်းသင့်ဟုသင်ယူဆသော သူကို မိတ်ဆွေအဖြစ်မှရပ်စဲလိုပါက ရပ်စဲလိုသော သင့်မိဆွေ၏ Profile Page ကိုဖွင့်ဝင်ပါ။ သင့်ရဲ့ Profile Page ကိုမသွားတပ်ပါက ပုံမှာပြထားသော Friend Box
မှာ ကလစ်နှိပ်ဝင်ပါ။

၃။ ။ သင်မိတ်ဆွေမဖြစ်လိုတော့သော ထိုသူ၏အမည်ကိုရှာပါ ထိုသို့ရရှာရန် အထက်မှာအနီရောင်ဖြစ်ပြထားသောနေရာကနေ ဘလစ်နှိပ်ပြီးကြည့်နိုင်ပါတယ် အကယ်၍သင့်မိတ်ဆွေစရင်းမှာ အရန်းများနေပါကအောက်ပုံက အပြာရောက်ဘားတန်းရဲ့ Search Box မှာထိုသူ၏ အမည်ကိုရိုက်ထဲပြီးရှာပါ။ ဤသို့ရိုက်ထဲလိုက်ပါက အောက်ပါကဲ့သို့ သင့်မိတ်ဆွေ၏အမည် ပေါ်လာပါမည်။

၎။ ။ သင့်မိတ်ဆွေ၏ Profile Page ကိုအောက်ပါအတိုင်းမြင်တွေရမှာဖြစ်ပါတယ်။ ထိုသူ၏ အမည်နှင့်တစ်တန်းထဲမှာ Friend , Meaasge , Call စသဖြင့်သင်တွေ့ရမှာပါ၊ ထိုအထဲက Friend ပေါ်တွင် ကလစ်နှိပ်ရင် စာရွက်ငယ်လေးကျလာပါလိပ်မယ်၊
ထိုအထဲမှ Unfriend ကိုကလစ်နှိပ်လိုက်ပါ။

၅။ ။ Unfriend ကိုကလစ်နှိပ်နောက် အောက်မှာပြထားသောပုံလေးထဲက OK မှာကလစ်နှိပ်ပါ နရာကသင်သည် သင်၏မိတ်ဆွေကို သင့်ဘဝထဲမှ ထုပ်ပြစ်လိုက်ပါပြီ။

လူမိုက်နှင့် မပေါင်းဖေါ်ရခြင်းသည် မင်္ဂလာ တစ်ပါးဖြစ်သည်။
ဝင်လာသော Post များကို Block လုပ်နည်း။
၁။ ။ FaceBook ပေါ်မျာရှိနေတဲ့ နောက်ဆုံးရောက်လာတဲ့ သင့် မိတ်ဆွေများရဲ့ Post ကိုရှာပါ ညာဘက်ထောင့်နားလေးဆီက မျှားအနီရောင်နှင့်ပြထားသော Drop-Down Arrow လေးဆီကိုသွားပါ။

က။ ။ Drop-Down Arrow လေးမှကျလာသော Pop Up Menu လေးထဲမှ Hide ကိုရေးပေးပါ။

ခ။ ။ သင်လိုချင်သော Update ဖြစ်မဲ့အမျိုးစားကိုရွေးပါ မျှားအနီရောင်နှင့် အောက်ပုံမှာ ပြထားသည်။

ဂ။ ။ သင်မြင်တွေ့လိုသော အနေအထားများကို ရွေးယူပါ။

၂။ ။ စိတ်အနှောက်ရှက်ဖြစ်စေသော FaceBook မှ Game Post များကိုဖြောက်ထားနည်း
က။ ။ ညာဘက်အပေါ်ထောင့်နားက Drop-Down Menu ဆီသို့သွားပါ

ခ။ ။ Game Post များနောင်မမြင်ရလေအောင် မျှားအနီရောင်ဖြင့်ပြထားသော Stop Publishing Activity From TopFace ကိုရွေးပါ

၃။ ။ Timeline ကိုအသုံးပြုပြီး သင်မြင်တွေ့နေရသော Post များကို ထိမ်းချုပ်နည်း
က။ ။ သင့်မိတ်ဆွေ၏ Timeline ဆီသို့သွားပြီ မျှားအနီရောင်ဖြင့်ပြထားသော Friend မှာ ကလစ်နှိပ်ပါ

ခ။ ။ ကျလာသော Menu များထဲမှ သူတို့ပို့ဆောင်မှုများကို အဖွင့် အပိတ်လုပ်ရန် Show in News Feed ကိုရွေးပါ။

ဒီလောက်ဆို FaceBook ပေါ်ကသင့်စိတ်အနှောက်ရှက်ဖြစ်မဲ့ ပြဿနာ အချိုကို ဖြေရှင်းတန်သလောက် ဖြေရှင်းနိုင်ကောင်းမည်ထင်ပါသည်။
ဒီ Post ကို wikiHow မှ ဘာသာပြန်ဆိုထားသည်
Facebook မှာ Video Chat ကိုဘယ်လိုသုံးမလဲ
Facebook မှာ Video Chat ထဲ့ဘို့ သင် FacebookVideoCallSetup_v1.2.199.0.exe ကဲ့သို့သော software မျိုးကို install လုပ်ရန်လိုပါတယ်။ ဒီ Post ကိုရေးစဉ်က version ဟာ ဒီလောက်ဘဲ ရှိသေးပေမဲ့ ခုသုံးနေကြတာက v1.205. ကိုကျော်နေပါပြီ။ Post ထဲမှာရေးထားတဲ့ software ကိုရှာတော့ virus ပါနေတာကိုတွေ့ရပါတယ်၊ သို့သော်လဲ သူမူမပျက်ရေးပေးလိုက်ပါတယ်။
၁။ ။ ပထမဆုံး သင့်သူငယ်ချင်းမှာ Facebook Video Chat ရှိမရှိကို အရင်မေးပါ။ သင်စခေါ်တဲ့ အခါမှာ "Set Up Video Calling" မှာကလစ်နှိပ်ပါ။

၂။ ။ Facebook ရဲ့ Video Call Plugin အတွက် Install လုပ်ရန်စတင်ပေးဘို့လိုပါတယ်။ ဒီအတွက် အောက်ပါလုပ်ဆောင်ချက်များကို အဆင့်အတိုင်း လိုက်နာလုပ်ဆောင်ပေးပါ။

Facebook ကနေပြီးတော့ File တစ်ခုကို Download လုပ်ပေးပါလိပ်မယ်။ ကျလာပြီးတဲ့ Download File ပေါ်မှာ Double ကလစ်နှိပ်ပေးပါ။

ဒါမှ မဟုတ်ရင်လဲ Facebook Browser ကနေဘဲသူဖာသာသူ install လုပ်ပေးသွားပါလိပ်မယ်။

၃။ ။ Install လုပ်ပြီးသွားတဲ့ အခါမှာ သင့်သူငယ်ချင်းကို ခေါ်ဘို့ပြည့်စုံသွား ပါပြီ။ သင်သူငယ်ချင်းကို သင်ခေါ်တဲ့အခါ ပြန်ပြောဘို့မှာထားပေါ့။ ခေါ်နေစဉ်အတွင်း နည်းငယ်စောင့်ရန်လိုအပ်ပါတယ်။

Facebook ကသင်ခေါ်တဲ့လူကို "Start Video Call" ကိုကလစ်နှိပ်ပြီးလက်ခံပေးဘို့ အသိပေးမှာဖြစ်ပါတယ်။

၎။ ။ သင့်ရဲ့နောက်ထပ် သူငယ်ချင်းတွေကို ခေါ်ချင်သေးလား! ခေါ်ချင်သေးရင် Chat Window ထဲမှာရှိထဲ Video ခလုပ်လေးကို ကလစ်နှိပ်ပေးပါ တကယ်လို သင့်မိတ်ဆွေက ပြန်မပြောဖြစ်ရင်လဲ သင် Video Message ပို့ပေးလို့ ရပါတယ် သူအဆင်ပြေတော့ကြည့်ပါလိပ်မယ်။

ကျနော် စင်္ကြာဝဠာ အနန္တ ရဲ့ကိုတိုင်ရေးလေးတွေပါ။ WikiHow မှ ဘာသာပြန်ထားတာပါ။
No comments:
Post a Comment