၉၇။ Facebook အကောင့်ဖျက်နည်း ။


Facebook Account ကိုဖျက်လိုသူများ အတွက် ကျနော် Account တစ်ခုကို လက်တွေ့ ဖျက်လိုက်ပါတယ် ကျနော်ရဲ့ Facebook Account ပေါင်းမြောက်များစွာထဲက မင်းဆက် ( Min Sat ) အကောင့်ကိုဖျက်လိုက် တာပါ ဒီအကောင့်ထဲကိုဝင်တဲ့ အီးမေးကိုသံသရဖြစ်လို့ ပါ ဒီအီးမေးကို အဟက်ခံထားရတယ်လို့ သံသဖြစ်လို့ ပါ။ အဲဒီ G-mail အကောင့်ကိုပါဖျက်နည်းတင်ပါအုန်းမယ်။ မိမိ ဖျက်လိုတဲ့ အကာင့်ထဲကို အရင်ဝင်ပါ  ပြီးရင် အပေါ်ပုံကိုကြည့် ပါ Geer Icon လေးကိုနှိပ်ဖို့ ပြထားပါတယ် ကလစ်နှိပ်ပြီးဝင်ပါ။ ပြီးရင် အောက်ပုံကိုကြည့်ပါ ကျနော် Video File ကြည့်ထားပါတယ် အဲဒီ Video File ကိုလည်းအောက်ဆုံးမှာ တင်ထားပါမယ်။ Video ကို့ ပြီးရိုက်ထားတဲ့ ပုံနဲ့  လက်တွေလုပ်ကြည့်တာ မတူတာလေးတွေရှိပါတယ် အချိန်ကြာလာတာနဲ့  အမျှပြောင်းလဲမှု ကွာဟ မှု တွေရှိနေမှာပါ။ အောက်ပါပုံကိုကြည့်ပါ။


ဒီပုံက Video File ထဲကပုံပါ၊ တကယ်လက်တွေ့ လုပ်တော့ပေါ်လာတာက အောက်ပပုံပါ မိတ်ဆွတို့ လဲ ကိုတိုင်လုပ်ကြည့်တဲ့ အခါသိရပါလ်ပ်မယ်။ အောက်ပုံကိုကြည့်ပါ။


အပေါ်ပုံမှာ Account Setting လို့ ရေးထားပေမဲ့ လက်တွေလုပ်တော့ Setting ဆိုတာဘဲရေးထားပါတယ် ဘယ်လိုဘဲဖြစ်ဖြစ် Setting ထဲကိုသာဝင်လိုက်ပါ ဝင်ပြီးရင် အောက်ပုံကိုတွေရပါမယ်။


Video File ထဲမှာတော့ အကောင့်နဲ့ ပါတ်သက်တဲ့ Data တွေကို Download ယူထားဖို့ ပေးပါသေးတယ် သင့်အနေနဲ့  ယူထားခြင်တယ်ဆိုရင် Video ကိုကြည့်ပြီးလုပ်လုပ်ပါ ကျနော်ကတော့ မယူတော့ပါဘူး။ အကောင့်တွေက များပေမဲ့ ဘယ်သူနဲ့ မှ စကားမပြောတော့ လိုလဲမလိုအပ်လို့ ပါ။ ဒေါင်းယူထားမယ်ဆိုရင်တော့ ပြီးတာနဲ့ နောက်ထပ်ပြန်ပြီး Geer Icon ကနေ Setting ထဲပြန်ဝင်ပြီး အထက်မှာပြပေးထားတဲ့ Setting ထဲရောက်ရင် အပေါ်ဘယ်ဘက်ထောင့်က Security Setting ကိုနှိပ်ဝင်ပါ။


နှိပ်ဝင်ပြီးသွားရင် အောက် ပုံ မှာ ထပ်ကြည့်ပါ လက်ပုံလေးဟာ Deactivate Your Account မှာရှိနေတာကိုတွေ့ ရပါမယ် အဲဒီနေရာမှာ ကလစ်နှိပ်ပေးလိုက်ပါ။ အောက်ကပုံမှာ ပိုသိသာအောင်ပြထားပေးပါတယ်။


အထက်မှာပြထားတဲ့ပုံလို ကလစ်နှိပ်ပြီးရင်တော့ အောက်ကပုံကိုကြည့်ပါ။


အထက်ကပုံမှာပေးထားတဲ့ အတိုင်း I don't find Facebook useful ကိုရှာပါ နေရာထားတာ ပုံသေမရှိပါဘူး Video ကိုကြည့်တာနဲ့  လက်တွေ့ လုပ်တဲ့အခါ တူမှာမဟုပ်ပါဘူး။ အောက်ကပုံကိုကြည့် ပြီး Confirm မှာကလစ်နှိပ်ပေးလိုက်ပါ။



အထက်ကပုံလို Confirm ပေးပြီးသွားရင်အောက်က ပုံလေးပေါ်လာပါမယ်။ အောက်ကပုံထဲမှာ မိမိ Password ကိုရိုက်ထဲ့ပေးပါ။



မိမိ Password ရိုက်ထဲ့ပေးပြီးရင် တော့ Deactivate Now မှာ ကလစ်နှိပ်ပေးလိုက်ပါ။ ပြီးရင် မိမိ အကောင့် နေရာကိုပြန်ရောက်သွားပါမယ် ဒီတစ်ခါကြတော့ သော့ ပုံလေးနေရာမှာ ကလစ်နှိပ်ပါ အောက်ပုံကို ကြည့်ပါ။ ပြထားတဲ့အတိုင်း ကလစ်နှိပ်ပါ။


ပြီးရင်အောက်ကပုံကိုကြည့်ပါ။ အောက်က ပြထားတာ Video ထဲကပုံပါ လက်တွေ့ လုပ်တဲ့ခါမှာ မတူလဲ Search Box မှာ Delete ကိုရိုက်ထဲ့ပေးရမှာကတော့ တူပါတယ် Search Box ဆိုတာအမြဲတန်း မှန်ဘီဘူးပုံလေး ပါတာကို မမေ့ကြပါနဲ့ ။


လက်တွေ့ မှာ Delete လို့ ရိုက်ထဲပြီးတော့ စာရွက်အသစ်ပြောင်းသွားပါတယ် အဲဒီပေါ်လာတဲ့စာရွက် အသစ်ထဲမှာ အထက်ကပုံမှာပြထားသလို How do I permanently delete my account? ဆိုတာကိုရအောင်ရှာပါ ပြီးရင် ကလစ်နှပ်ပြီးဝင်ပါ။ကျနော်လုပ်ဆောက်တဲ့အခါ တွေ့ ရတဲ့ ပုံက အောက်ကပုံမျိုးပါ။


ဝင်ပြီးသွားလို့ ပေါ်လာမဲ့ ပုံကအောက်ကပုံပါ ဒါပေမဲ့ သူ့  Video File ထဲမှာပြထားတာကအောက်ကပုံပါ အဲဒီအထဲမှာ ပေးထားတဲ့ စာက လွဲနေမှာပါ သင်ကိုတိုင်စာကိုကြိုးစားဖတ်ပြီး ကလစ်နှိပ်ရမဲ့နေရာကိုရွေးပါ။ မအောင်မြင်ရင်ထပ်ခါ ထပ်ခါလုပါ။ နှိပ်ပေးရမဲ့စာကိုရှာပါ တစ်ခေါက်နဲ့  နောက်တစ်ခေါက် စာတွေမတူပါစေနဲ့  ကျနော်ရိုက်ယူထားတဲ့ ပုံက ဖုန်းကနေ ကွန်ပျူ တာကို အပို့ မှာပျက်သွားလို့ ပါ။ မပျက် လဲ သင်လုပ်မဲ့ အချိန်မှာ စာလုံးပြောင်းခြင်ပြောင်းနေမှာပါဘဲ။


သင်စာလုံးရွေးတာ မှန်သွားရင် ပေါ်လာမဲ့ ပုံ ကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။ သေခြာအောင် အောက်ဆုံးမှာ ပေးထားတဲ့ Video လေးကိုလဲ မကြာမကြာ ပြန်ကြည့်ပြီးလုပ်ပါ အနည်းငယ်ကွာနေမှာတော့သေခြာပါမယ်။


အပေါ်က ပုံက ကျနော်လက်တွေ့ လုပ်တော့ရိုက်ထားတဲ့ ပုံပါ။ အောက်ကပုံက Video ထဲက ပုံပါ သေခြာကြည့်ရင် မတူတာကို သတိထားမိမှာပါ။


အထက်ပါပုံမျိုး ပေါ်လာပြီဆိုရင်တော့ သင်လုပ်ဆောင်ချက်ဟာ မှန်ပါတယ်။ Delete My Account ကိုရဲရဲကြီးသာ ဆုံးဖြတ်နှိပ်လိုက်ပါတော့။ နောက်ပေါ်လာမဲ့ ပုံ ကတော့အောက်က ပုံအတိုင်းဖြစ်ပါတယ်။


ကျနော်လုပ်စဉ်က အမှားလေးကို ပါ ပြထားပေးပါတယ် Password မဖြည့်မိတာရယ် စာလုံးမမှန်တာကြောင့်ပါ ဒါကြောင့် နောက်တစ်ပုံကြမှ မှန်သွားပါတယ် အောက်ကပုံကိုကြည့်ပါ။


Password ရော Box ထဲမှာဖြည့်ရမဲ့ စာလုံးလဲ မှန်သွားတော့ အောက်ပုံပေါ်လာပါတယ်။


မြင်ကြတဲ့ အတိုင်းပါဘဲ ဒီနေ့  November 13 ရက် 2014 ပါ ဒီအကောင့်ကို November 26 မှာဖျက်ပါမယ်တဲ့ ကျနော် ဒီအကောင့်မှာ စကားပြောတဲ့လူ တစ်ယောက်ထဲ ရှိပါတယ်။ ပျက်စီးခြင်း သင်္ခါ ဆိုတာ သဘာဝ ကြောင့်ပျက်ကြ သလို ပရောဂ ကြောင့်လည်းပျက်ပါတယ်။ ကျနော့ အီးမေးအခိုးခံရတဲ့ ပရောဂ ကြောင့် ကျနော့အကောင့်ကို ကျနော်ကိုတိုင်ဖျက်လိုက်ပါတယ်။ ဒါဟာလည်း မြန်မာတို့ ရဲ့ ဗဟုသုတ ဆိုတဲ့ စကားနဲ့ အညီ ဗဟုသုတပေးရေးကို အကြီုးမျှော်ပြီးလုပ်ဆောင်လိုက်တာပါ။ အောက်ကပုံကတော့ နောက်ဆုံ ကျနော့ Facebook အကောင့်ကို ကျနော်မြင်ရခြင်းပါဘဲ။ Facebook က ကျနော့ကို Log out နဲ့ မောင်းထုပ်လိုက်ပါတော့တယ်။ (မျက်ရည်းစက်လက်နဲ့ ပေါ့ဗျာ)


ကျနော်တို့ တွေဟာ လူ့ လောကထဲ ကို ဝင်ရောက်လာတဲ့ ဧည့်သည် အားလုံးပါ ဒီလောက ကြီးမှာ ကျနော်တို့  ပိုင်တာကတော့ ကျနော်တို့  ပြု လုပ်သွားတဲ့ ကောင်းကံ ဆိုးကံ များသာဖြစ်ပါတယ်။ ဆရာဝန်ကြီး သဌေးကြီး သမ္မတကြီး ဘာကြီး ညာကြီး ဘဲဖြစ်ဖြစ် လူသား မှန်သမျှ ကိုယ်ပိုင်ဆိုတာ ဘာတစ်ခုမှ မရှိပါဘူး။ ကောင်းမှု ကုသိုလ် မကောင်းမှု အကုသိုတွေနဲ့  ရင်းပြီး ဝယ်ထားကြတဲ့ အိပ်ခြံ တိုက်တာ ကား ပိုင်ဆိုင်သမျှတွေဟာ ကျနော်ဆိုရဲ့ ကုသိုလ် အကုသိုလ်တွေကို ရင်းပြီး မသေခင် ခဏ ငှားထားတာတွေပါ သေ သွားပြီးရင် ဒါတွေအားလုံး ဟာ နောင်လူတွေအတွက်ပါ။ စွန့် လွတ်ရဲ့ ခြင်းရဲ့ ကုသိုလ် ကိုမြင်သိထားတော့ ခု ကျနော် ပညာတွေကို စီန့် လွှတ်လှူ တန်းနေတာပါ။

    minnsex@gmail.com ကို ခိုးသွားသောမိတ်ဆွေလေး ကျမ်းမာပါစေ ချမ်းသာပါစေ။ အလကားရနေတဲ့ အီးမေးကို တောင် ခိုး ယူရတဲ့ ခင်ဗျားလေး ကို အရန်းသနားမိတယ်ဗျာ ခိုး တာဟာ ခိုး တာပါဘဲ အင်တာနက်မှာ တရားစွဲ မရပေမဲ့ ခင်ဗျားသွားမဲ့ ငရဲ ကိုမြင်မိတော့ စိတ်မကောင်းပါဘူး။



လေ့လာသူအားလုံး ကျမ်းမာ ချမ်းသာကြပါစေ
မြန်မာတို့ အတွက် ဗဟုသုတ
13/11/2014

No comments: