၁၂၂။ Windows 7 ကို Install လုပ်နည်း နှင့် FireFox မှာ မြန်မာစာပေါ်အောင်လုပ်နည်း
ကျနော့မိတ်ဆွေတစ်ယောက်ကို ကျနော် Windows 7 အစစ်နဲ့ PC တစ်လုံးကိုလွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ရောင်းဖူးတယ်၊ အထက်က ပုံ ဟာ ကျနော်ရောင်းလိုက်တဲ့ PC ပါ။ ကျနော်က စားစရာမရှိရင် ကွန်ပျူ တာတွေ ပြန်ရောင်းပြီး ငွေလေး နဲနဲ ပြည်လည်ရင် ပြန်ဝယ်ထားတယ်။ ဒီ PC ကိုကျနော် မလေးငွေ RM 400 ထဲနဲ့ ရောင်းလိုက်တာပါ Windows 7 အစစ်တင်လိုက်တာ မလေးငွေ RM250 ကျတယ် ဒီတော့ စက်တန်ကြေးက မလေးငွေ RM 150 လောက်သာကျတော့တာပေါ့ မရှိဝမ်းစာ ရောင်းရတာပါဘဲ။ သူ့ ကိုရောင်းပြီး ကျနော်သူ့ ဆီမရောက်တာ တစ်နှစ်နီးပါးကြာသွားတယ်။ ကြားထဲမှာလဲ အဆက်အသွယ်မရှိတော့ သူ Hard Disk ကို 500GB အသစ်လဲလိုက်တာ ကျနော်မသိလိုက်ရဘူး မူရင်းပါသွားတာက 80GB ဆိုတော့ သူ့ အတွက်သုံးရတာ အဆင်မပြေလို့ လဲတာလို့ ပြောပါတယ်။ ဒီနေရာမှာ ကျနော့အတွေ့ ကြုံ လေး သူ့ ကို ပြောမပြာထားဖူးတော့ သူလဲ သတိမထားမိဘဲ လဲလိုက်မိရာကစပြီး ဒီပြဿ      နာလေးနဲ့ ရင်ဆိုင်ရတော့တာပါဘဲ။ ကျနော်သူနဲ့  သွားတွေ့ တော့ သူ Hard Disk လဲထားတယ်လို့ သိရတယ်။ ဒီလို နဲ့  တစ်လလောက်နေတော့ သူ့ စက်ဟာ Screen မဲသွားတဲ့ အကြောင်းပြောလို့  ကျနော်တော်တော် အံ့သြသွားပါတယ် ဘာ့ကြောင့်လဲ ဆိုတော့ Windows အစစ် ဟာမဲ စရာအကြောင်းမရှိဘူးပေါ့ ကျနော်က Hard Disk လဲလိုက်လို့ ဒီလိုဖြစ်တာကို သိထားပေမဲ့လဲ ရုပ်တစ်ရက်မစဉ်းစားမိဘူး ဒါနဲ့ ကျနော်သူ့ ဆီကိုသွားပြီး Windows ပြန်တင်ပေးလိုက်တော့ရသွားတယ် Hard Disk လဲထားတာကို မေ့သွားတယ်။ တစ်လလောက်ကြာသွားတယ်ပေါ့ မနေ့ က ဖုန်းလာတယ် သူ့ စက် ပြန်မဲ သွားပြီ ဘာလုပ်ကြမလဲပေါ့။ ကျနော်နေတဲ့ နေရာက Puchong Taman Mas သူနေတာက Kepong ဆိုတော့ အသွားအလာ စရိတ်ကိုက မလေးငွေ RM 70 လောက်ကြတယ်။ ကျနော်ကလဲ ချမ်းသာတယ်လေ သွားစရာ လမ်းစရိပ်မရှိဘူး။ သူကလဲ မနေ့ ကမှ မြန်မာကို ငွေလွှဲထားတော့ လမ်းစရိပ် ပြန်ပေးဖို့ ခက်နေတယ်။   ကျနော် မလေးကနေမြန်မာပြညက် ကိုတောင် Website ရေးနည်းသင်ပေးထားဖူးတာ ကိုသူလဲ သိတယ်လေ ဒါနဲ့ ကျနော်သူ့ ကို ပြောပြတယ် ကိုဦး ရေ ကျနော်ဒီကနေ ဘာလုပ်ရမယ်ဆိုတာ အဆင့်ဆင့် ပြောပေးမယ် Viber ကနေ ပုံတွေ ပို့ ပြီး Windows တင်လိုက်ကြရအောင်ပြောတော့ သူလဲ သဘောကြသွားတယ် ဒါနဲ့  ညကြတော့ ကျနော်တို့ စကြမယ်ပေါ့။ ကဲဒီလိုနဲ့  ည ရောက်တော့ စကြတယ် သူ့ က ပထမဆုံး အထက်က ပုံ နဲ့ စ ပို့ ပေးတယ် ပြီးတော့ အောက်ကပုံကို ပို့ ပေးတယ်။ ပြီးခဲ့တဲ့ ရက်တွေက Windows XP မူရင်းတင်နည်း တင်ထားပြီးပြီနော် ခု Windows 7 တင်ကြတာပေါ့။
PC ထဲက DVD Drive ထဲကိုခွေထဲ့လိုက်ရင် အထက်ကပုံလေး ပေါ်လာပါမယ် ဒီပုံထဲက Run Setup.exe ကိုကလစ်နှိပ်ပေးလိုက်ပါ။ အောက်ကပုံလေးတက်လာပါမယ်။ 
ပုံထဲက သင့် ကိုမေးတာပါ ဒီ Program ဟာသင့်ရဲ့စက်ကို ပြောင်းပြစ်မယ် သင်ခွင့်ပြုမလားတဲ့ Yes ကို ကလစ်နှိပ်ပေးလိုက်ပါ။ အောက်ကပုံလေး ပေါ်လာပါတယ် ဒီတော့ Install Now ကိုကလစ်နှိပ်ပေးလိုက်ပါ။
အောက်ကပုံထဲက Do not get the latest updates for installation နေရာကိုကလစ်နှိပ်လိုက်ပါ ဘာ့ကြောင့်လဲ ဆိုတော့ Windows အစစ် မဟုပ်ရင် Update လုပ်လို့ ဖြစ်ကိုမဖြစ်နိုင်လို့ ပါဘဲ။ ဒီစက်ကို မူလ Hard Disk ပြန်ထဲပြီးတော့မှ Windows အစစ်ကိုတင်လို့ ရမယ်ထင်ပါတယ်။ ဒါ့ကြောင့် Update အလုပ်ဘဲ Install လုပ်မယ်လို့  စက်ကိုနားလည်အောင်သင်ပေးရတာပါ။ 
 ပြီးရင် အောက်ကပုံလေး ပေါ်လာပါမယ် သင့်ဆီမှာ Product Key ဖြစ်တဲ့ ဂဏန်း ၂၅ လုံးရှိနေရင် I Accept The License Terms မှာအမှန်ချစ်လေးပေးပြီး Next ကိုနှိပ်ပါ မရှိရင်တော့ Next ကိုတန်းနှိပ်ပါ ဒါမှမဟုပ် Skip ဆိုတာပေါ်နေရင် Skip ကိုနှိပ်လိုက်ပါ။
ပြီးသွားရင် အောက်ပါပုံလေးပေါ်လာပါတယ် ဒီအောက်ကပုံမှာ Custom နေရာကိုနှိပ်ပြီးဝင်ရပါမယ်။
 ပြီးတော့ ဒီအောက်မှာလဲ Custom နေရာကိုလဲထပ်နှိပ်ပြီးဝင်ရပါမယ်။
ပြီးရင်တော့ အောက်ကပုံလေးတက်လာပါတယ်၊ ဒီပုံက စက်ကနေ သူ Install လုပ်မဲ့နေရာကိုပြပေးလိုက်တာပါ။ Next ကိုသာနှိပ်လိုက်ပါ။
ပြီးရင်အောက်က ပုံတက်လာပါတယ်
ဒီပုံမှာလဲ OK ကိုနှိပ်ပေးလိုက်ပါ။ ဒါဆိုရင်အောက်မှာ CD ခွေကစတင်အလုပ်လုပ်နေတဲ့ ပုံလေးတက်လာပါမယ်။ CD ထဲက Files တွေကိုစက်ထဲကို Copy ကူးထဲ့ နေတာဖြစ်ပါတယ်။ ကျနော့မိတ်ဆွေကလဲ 0% ကနေပြီး ပုံကိုစပို့ ပေးတော့ ပိုကောင်းတာပေါ့။
ဒီ Copying Windows Files အဆင့်ပြီးသွားရင် Windows Restart ကျပြီး အောက်ကပုံလိုတွေ့ ရမှာဖြစ်ပါတယ်။ 
ပြီးသွားရင်တော့ နောက်တစ်ဆင့်ဖြင့်တဲ့ အောက်က Expanding Windows Files ကိုဆက်ပြီးအလုပ်လုပ်သွားမှာဖြစ်ပါတယ်။ 
ဒီ Expanding Windows Files ကနေအဆင့်ဆင့် လုပ်ဆောင်ပြီးအောက်ကိုဆင့်းသွားတာကို စောင့်ပါ
အောက်ပုံကိုလည်းကြည့်ပါ ရာခိုင်နှုံးပြ ဘားတန်းလေးမှာ အစိမ်းရောင်လိုင်းက ပြည့်တော့မှာဖြစ်ပါတယ်။
အောက်ပုံကတော့ သူ့ လုပ်ဆောင်မှုတွေ ပြီးသွားပြီဆိုတာကိုပြတာပါ။
သူပြီးသွားရင်တော့ အောက်ကပုံထဲကလို သင့်ကွန်ပျူ တာမှာသုံးမဲ့ ဘာသာစကားကိုရွေး ပေးရမှာဖြစ်ပါတယ် ပုံထဲကအတိုင်းသာထားပြီး Next နဲ့ သွားလိုက်ပါ။
ပြီးသွားရင် ကွန်ပျူ တာကို နာပည်ပေးရမှဖြစ်လို့  သင် နှစ်သက်ရာ နာမည်ကိုရေးပေးပြီး Next ကိုနှိပ်ပေးပါ။
နောက်အဆင့်ကတော့ သင့် PC ကို အဖွင့်မှာ Password ထားခြင်ရင်ထားလို့ ရအောင်လုပ်ပေးထားတာဖြစ်ပါတယ် ဒါကတော့ သင့်သဘောပါ ကျနော်ကတော့ မထားပါဘူး သူခိုး ခိုးသွားတဲ့အခါ သုံးမရဖြစ်နေမှာစိုးလို့ ပါ။ ဒီနေရာမှာ သွားသတိရတာ မဟတမ ဂန္တီ ဟာရထားပေါ်အတက် ဘိနပ်တစ်ဖက်ကျနေခဲ့တော့ နောက်တစ်ဖက်ကိုပါ ချပေးထားလိုက်တာကို မြင်တဲ့ လူက ဘာလို့ ကျန်တဲ့ တစ်ဖက်ကို ချပေးလိုက်တာလဲ တဲ့ ဒီတော့ သူကပြန်ပြောတာလေး သဘောကြလို့ ပါ ကောက်ရတဲ့လူကို စုံစုံလင်လင် လေးရှိမှ စီးလို့ ရမှာမို့ ပါတဲ့ ။ ဒီတော့ ကျနော်လဲ အခိုးခံရရင် ခိုးသွားတဲ့ လူ အဆင်ပြေအောင် Password ခံတဲ့အလေ့အထမထားပါဘူး။ သင့်အဘောပါ ပြီးရင် Next နဲ့ သွားပါ။
နောက်အဆင့်ကတော့ သင့် ကို Production Key တောင်းမှာဖြစ်ပါတယ် ဒီအခွေက မူရင်းခွေကိုဝယ်ထားတာဆိုတော့ ဒီ Key တောင်းတာပါ ကနော်ဆီမှာ ဒီ Key မတောင်းတဲ့ အခွေတွေရှိပါတယ် ဒါမှမဟုပ်ရင်လဲ Skip ဆိုတာပါတပ်ပါတယ် Skip နဲ့  ဒီ Key တောင်းတာကို ကျော်လို့ ရမှာပါ။
အထက်ကပုံမှာ ကျနော့ မိတ်ဆွေကိုတော့ Install Important Update Only ကိုနှိပ်ပြီး ဆက်သွားထားတာဖြစ်ပါတယ် ပြီးသွားရင်တော့ သင့် PC ရဲ့ အချိန်ကိုတိုက်ပေးရမှာဖြစ်ပါတယ် အောက်မှာကြည့် ပါ။ ခု ကျနော်တို့ က  မလေးမှာဆိုတော့ Kuala Lumpur ကိုရွေးထားတာပါ သင့်က Japan ဆိုရင် Japan စံတော်ချိန်ပေါ့ မြန်မာဆိုရင် မြန်မာ ကိုရွေးပေါ့။
နောက်တစ်ဆင့်က တော့ သင်နေတဲ့ နေရာပဝန်းကျင် ဒါမှမဟုပ် သင့်ဆီမှာ Wifi ရှိထားရင် Wifi Password လေးဖြည့်ပေးလိုက်ပါ။ အောက်ကပုံကိုကြည့် ပါ ကျနော့ မိတ်ဆွေကိုင်ထားတာ Lenovo A680 ဖြစ်ပါတယ်၊
သူက သူ့ ဖုန်းက Wifi ကိုသုံးထားတာဆိုတော့အောက်မှာ Password ဖြည့်ပါသေးတယ်၊ ကျနော်ကိုတိုင်သွားပြီး Windows တင်တုန်းက Password ဖြည့်တာအဆင်ပြေပါတယ် ခုတော့ Viber ကနေပုံတွေကို ကြည့်ပြောရတာဆိုတော့ ကိုယ်တိုင်လုပ်သလောက် အဆင်မပြေပါဘူး သူဘာမှားနေလဲ ကျနော်မသိလို့  Next နဲ့ ဘဲ သွားလိုက်တာပါ။
အထက်ကပုံထဲက Password ကတော့သူ့ ဖုန်းထဲ က Password ပါဘဲ Password Hack သုံးနေကြတဲ့ သခိုးတွေ တကယ်လို့ သူနဲ့  နီးရင် ပုံထဲက Password ကိုသာကူးယူပြီး သုံးကြပေါ့ဗျာ။ သူက Kepong Jinjang ကပါ။ ဒီအဆင့်ပြီးရင် အားလုံးပြီးသွားပြီ ဖြစ်လို့  သင့်ရဲ့ Windows 7 အသစ်စက်စက်လေး ကို Recycle Bin လေးတစ်လုံးနဲ့ အောက်ကပုံလို မြင်ရမှာဖြစ်ပါတယ်။
Computer ရဲ့ ဦးနှောက်က သိတာအဲဒီ Recycle Bin လေးကိုဘဲသိတာပါ သူဟာ ကွန်ပျူ တာထဲကို Recycle Bin လေးပိုက်ပြီး မျက်စီသူငယ် နားသူငယ်နဲ့  သင့်ရဲ့ ပရောဂ မကင်းစွာရောင်ပေပေ နဲ့ ရောက်လာရသူဖြစ်ပါတယ်။ ကျောင်းတုန်းက ဆရာမပြောခဲ့တဲ့စကားလေး Computer ကို Windows တင်တိုင်းအမြဲကြားနေမိတယ် Computer Know Nothing တဲ့၊ ကျနော်တို့ မြန်မာတွေကတော့ Computer Brain လို့ ပြောခံရရင် ဘဝင်လေဟပ်သလို ပိတိဖြစ်ကြပေမဲ့ အနောက်နိုင်ငံသားတွေကို ပြောမိရင်တော့ သူတို့ ကို နလပိန်းတုန်း လို့ ပြောရမလားဆိုပြီး ထတီးခံရမှာပါဘဲ။ ဒီအဆင့်ရောက်ပြီးရင် သင့်ဆီမှာ Internet Access အဆင်သင့်ရှိထားရင် သင်လိုတာတွေဒေါင်းယူတော့မှာဖြစ်ပါတယ် ဒါပေမဲ့ မဖြစ်မနေလုပ်စရာ နှစ်ခုကိုအရင် လုပ်ကြရမှာဖြစ်ပါတယ်။ ပထမအနေနဲ့  သင်သုံးမှာ Copy Windows ဆိုရင် Windows Update ကိုအရင်ပိတ်ပါ အစစ်များမှာတော့ ဖွင့်ထားရပါမယ်။
Copy Windows သုံးတာဆိုရင် အထက်ကပုံလိုဖြစ်နေရမှာဖြစ်ပါတယ်၊ Windows အစစ်ဆိုရင်တော့ Check For Update ကိုဖွင့်ပြီး ON ပေးရမှာဖြစ်ပါတယ်။ ဒုတိယ က Firewall ကို Active ဖြစ်အောင် ON ပေးရမှာဖြစ်ပါတယ် ဒီတော့ Control Panel ထဲကနေ Firewall ကို ON လို့ ရမဲ့နေရာကိုသွားပါ၊ Control Panel ထဲမှာ အောက်ကပုံထဲကအတိုင်း Firewall ကိုရှာပါ၊
ပြီးရင်အောက်ကပုံကိုကြည့်ပါ ပုံထဲကအနေအထားအတိုင်းဖြစ်အောင်လုပ်ထားပေးပါ။
ဒီနှစ်ဆင့်ပြီးသွားရင် နောက်ထပ် ဒုတိယအဆင့် အရေးတကြီးလုပ်ရမှာကတော့  မြန်မာစာကို အဆင်ပြေဆုံးသုံးလို့ ရတဲ့ Mozilla Firefox ကိုဒေါင်းယူရမှာဖြစ်ပါတယ်၊ ဒီအတွက် IE ကိုသုံးပြီး Google Search ကိုဖွင့်ဝင်ပြီး Mozilla Firefox ကိုဒေါင်းယူပါ။
Mozilla Firefox ရောကလာပြီဆိုတာနဲ့  IE ကိုပိတ်ထားလိုက်ပါ IE Browser ဟာ Microsoft ပိုင်ဖြင့်တာကြောင့် Windows အစစ်မဟုပ်သူများမသုံးသင့်ပါဘူး ဒါ့အပြင် Microsoft နဲ့  သူ့ ရဲ့ Partner များဖြစ်တဲ့ Website အားလုံးကိုရှောင်သုံးသင့်ပါတယ်။ ဒါပြီးရင် ဒုတိယ ဒေါင်းယူသင့်တာကတော့ Security Software ဖြစ်တဲ့ Avira ကိုဒေါင်းယူပါ။ ပြီးမှ မြန်မာစာအတွက် Zawgyi ကိုဒေါင်းယူပါ။ Zawgyi ကိုဒေါင်းယူပြီးရင် Install လုပ်ပါ ပြီးရင် အောက်က Mozilla Firefox မှာ Menu Bar မပါ ပါဘူးဒါ့ကြောင့် Menu Bar ကိုဖေါ်ပေးရပါမယ်။ ဒီ Menu Bar ကနေ Zawgyi ကိုမြန်မာစာပေါ်အောင်လုပ်ပေးနိုင်သလို အသုံးဝင်တာတွေများစွာရှိလို့  Menu Bar ကိုအရင်ပေါ်အောင်လုပ်ရတာဖြစ်ပါတယ်။
အောက်ကပုံကိုကြည့်ပါ Mozilla Firefox ရဲ့ အပေါ်ဆုံးနေရာနားမျာ Right Click နှိပ်ပေးပါ ပြီးရင် Menu Bar ကိုအမှန်ချစ်ပေးလိုက်ပါ Menu Bar ပေါ်လာပါမည်။
ပြီးရင် Menu Bar ထဲမှာ Tools Tab ကိုရှာပါ Help ရဲ့ ဘယ်ဘက်မှာပါ၊ အောက်ကပုံကိုကြည့်ပါ Tools ကိုကလစ်နှိပ်လိုက်ရင် ကြလာတဲ့  Drop Box ထဲကအောက်ဆုံးမှာ Options ကိုကလစ်နှိပ်ပါ။
Options ကိုနှိပ်လိုက်တာနဲ့ Options Box ကျလာပါမယ် ဒီ Option Box ထဲမှာရှိတဲ့ Content Tab ကိုကလစ်နှိပ်လိုက်ပါ။
Options ထဲက Default Fonts: နေရာမှာ Time News Roman ဆိုတာကိုတွေ့ ပါမယ် သူ့ ဘေးမှာရှိတဲ့ Drop Drown Arrow လေးကိုကလစ်နှိပ်လိုက်ရင် အောက်ပါပုံအတိုင်း Fonts များပါတဲ့ Drop Box ကြလာပါမယ်။ 
ပုံက ရှည်လွန်းလို့  အောက်ဆုံးမှာရှိတဲ့  Zawgyi - One Font ကိုမမြင်ရဘူးဖြစ်နေတယ်၊ အောက်ကပုံကိုထပ်ကြည့်ပါ သူ့ အောက်ဆုံးမှာ Zawgyi - One Font ကိုတွေ့ ရမှာဖြစ်ပါတယ်။ အောက်ကပုံကိုကြည့်ပါ Zawgyi-One ကိုမြင်နေရပါပြီး သူကို ကလစ်နှိပ်ပြီးရွေးပေးလိုက်ပါ။ ဒါဆိုရင်သင့်စက်မှာ မြန်မာစာ ပေါ်ပါပြီ။
Zawgyi က စာပေါ်အောင်လုပ် နည်းကို နောက်တစ်နေရာကဝင်လို့ ရပါသေးတယ်။ 
ဒီ Icon လေးဟာ New Fx Menu Firefox Page ရဲ့ညာဘက်အထက်ထောင့်နားမှာရှိပါတယ် ကလစ်နှိပ်ပါ။ သူ့ အထဲမှာ ပင်နယံ ပုံလေးနဲ့  Option ကိုတွေ့ ပါမယ် ဒီ Options မှာကလစ်နှိပ်ပါ။ ပြီးရင် Option Box ထဲက Content panel ကိုရွေးပါ။  Content Panel ထဲကရောက်ပြီဆိုရင် အထက်မှာ ပြပေးထားတဲ့အတိုင်းတူသွားပါပြီ ဝင်ပုံဝင်နည်း နောက်တစ်မျိုးကို ပြပေးခြင်းသာဖြစ်ပါတယ် ကျန်တာတွေက အတူတူပါဘဲ။ Default Fonts: နေရာမှာ Time News Roman ဆိုတာကိုတွေ့ ပါမယ် သူ့ ဘေးမှာရှိတဲ့ Drop Drown Arrow လေးကိုကလစ်နှိပ်လိုက်ပြီး Drop Box ကြလာတဲ့ အခါအောက်ဆုံးကို ဆင်းသွားပြီး Zawgyi-One 
ကိုရွေးပေးလိုက်ပါ။
 font.png 
ဒီလောက်ဆိုရင် မြန်မစာပေါ်ပြီထင်ပါတယ်။ ကွန်ပျူ တာထဲမှ မလိုအပ်ဘဲ Software တွေကို Install မလုပ်ကြဖို့ လဲ သတိပေးလိုပါတယ် ဘာကြောင့်လဲဆိုတော့ မလိုအပ်ဘဲ စက်လေးနေတပ်လို့ ဖြစ်ပါတယ်။
အထက်ကပုံလေးကတော့ ကျနော်နဲ့ ကျနော့ မိတ်ဆွေတို့  Viber ကနေ စကားပြောကြတဲ့ ပုံလေးဖြစ်ပါတယ် ကျနော်နဲ့  အခုလို Viber ကနေမေးမြန်းလို ပါက သင်တို့ ရဲ့ Viber နံပါတ်များကို Comment ရေးပြီးပေးထားနိုင်ပါတယ် မိတ်ဆွေတို့ သိလိုသည်များကို ကြိုးစားဖြေဆိုပေးမည်ဖြစ်ပါတယ်။
မြန်မာတို့ အတွက် ဗဟုသုတ
12/12/2014
No comments: