၉၃။ Kingsoft Excal Tutorial ပထမ ပိုင်း
ကျွန်တော် ဘဝ ဇာတ်ကြောင်းလေးတွေထဲ မှာ ဆုံတွေ့ ရတာလေးများ ကိုအနည်းငယ် ပြောခြင်ပါတယ်။ မလေးရှား မှာ ထိုင်ပြီး Website တွေ ရေးနေချင်သော်လည်း ဝမ်းရေး ကြောင့် အလုပ်ဝင်လုပ်ရတဲ့ အခါ တွေမှာ ဆိုဒ် တွေကို ရေးဘို့ ဆိုတာ မဖြစ်နိုင်သလောက်ပါဘဲ။ အခုလည်း သုမဒ္ဒရာ ဝမ်းတစ်ထွာအတွက် အလုပ်ဝင်လုပ်ရာမှာ ဒီ Excel ကိုအသုံးပြု ပြီး လုပ်ကိုင်ရမဲ့ ရုံးတစ်ရိုးမှာ အလုပ်ရပါတယ် လစာ ဘယ်လောက်လို့  မပြောသေးပါဘူး ကျွန်တော် ကျောင်းမှာတုန်းက ဒီ Excel ကို ဖြေဆိုခဲ့ ပြီးပေမဲ့ အလုပ်ဝင်ရတဲ့ အခါမှာ ဘာကိုမှ မမှတ်မိတော့ပါဘူး(၁၃ နှစ်ကြာခဲ့ပြီ)။ သူဌေး က ကိုဘာသာလေ့ လာပါ အလုပ်ပေးပါမယ် ဆိုလို့ အလုပ်ထဲက နေ ဒါကို အသုံးပြု တပ်အောင် လေ့ကျင့်ရင်း ကျွန်တော့ လေ့ကျင့် ခန်းလေးတွေကို မျှ ဝေလိုက်တာပါ။ ဒီ စက်ရုံမှာ သုံးနေတာက Microsoft Excel မဟုပ်ပါဘူး သို့ သော်လည်း ဒီ Microsoft Excel အားလုံးဟာထပ်တူနီးပါးတူပါတယ်။ Kingsoft Excel 2012 ပါ ဒီ Software အသုံးပြု လိုသူများ အောက်ပါ Link မှ Download လုပ်ယူနိုင်ပါသည်။
Kingsoft Writer 2012 Download 
Kingsoft Writer 2014(Google Drive Download )
Kingsoft Office Download (Google Drive Download )
Kingsoft Writer 2012 က ဒီ 2012 Version တွေရဲ့ ကွဲပြားမှုကို အလေးထားပြသပေးမှာဖြစ်ပါတယ်။ ဒီလို Technical နည်းပညာတွေကို ညှိနှိုင်းပေးရာမှာ Kingsoft Writer module တွေကို အပြည့်အဝ လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ Microsoft နဲ့ တွဲပြီး  Shapes မ် ားအားလံုး နဲ ့ Macro Dode မ် ားကို သီးသန့် ထားပေးထားပြီး အခြား Microsoft များနှင့်တွဲပြီး ရေး ခြင်း ဖတ်ခြင်းများပြု လုပ်ပေးနိုင်ပါတယ်။ Viruses များကိုကာကွယ်ရန်အတွက်လည်း နည်းပညာ မြင့်တင်ပေးထားပါတယ်။ Kingsoft Writer 2012 မှာ  အစိတ်မပိုင်း မြောက်များစွာပါရှိပါတယ် ဥပမာ PDF File မျိုး Characters, Mail Merge, Wordart, 3-D Effect စသဖြင့်ပါဝင်ပါတယ်။  Kingsoft Writer မှာ အပိုင်း 8 ပိုင်းခွဲပြီး အောက်ခြေမှစပြီး ပြပေးသွားမှာဖြစ်ပါတယ်။ ဒါကို ဆိုဒ်ပေါ်တင်ရာမှာ ရှည်လွန်းသဖြင့် ပထမ ပိုင်း နှင့် ဒုတိယ ပိုင်း အဖြင့်ခွဲထားပေးလိုက်ပါတယ်။ ထိုအပိုင်း ရှစ်ပိုင်းကို အောက်မှာ ပြပေးထားပါတယ်။
အခြေခံ လုပ်ဆောင်ရမည့် အချက် ၈ ချက်
1}Begin Writing
2}Move and Copy Text or Objects
3} Delete Text or Objects
4}Undo and Redo
5} Select Text and Objects
6}Paste Text Smart Labels
7} Set White Text on a Blue Background
8} Automatic Capitalization at the Beginning of a Sentence
1} To begin writing
2} Move and Copy Text or Object
Object တွေ Text တွေကိုရွေးပြီးသွားရင် သင်လုပ်ဆောင်ပေးနိုင်တာတွေ အများကြီးရှိပါတယ် စာတွေကို ပြောင်းရွှေခြင်း၊ ကော်ပီကူးယူခြင်း နှင့် အရောင်တင်ခြင်း စသဖြင့်ပေါ့။ ဒါတွေကို ဖြစ်မြောက်အောင် လုပ်ဆောင်ဖို့ ရာမှာ Shortcut Key သို့ မဟုပ် Mouse တို့ ကိုအသုံးပြု ရမှာ ဖြစ်ပါတယ်။
Text နဲ့  Object တွေကို ဘယ်လို ကော်ပီကူးပြီး ရွှေပြောင်းမလဲ
၁။ သင် ကော်ပီကူးယူခြင်သော Text သို့ မဟုပ် Object ကို Select လုပ်ပြီး အမှတ်သားပေးပါ။ ဒီနေရာမှာ သင်သုံးရမဲ့ Commands နှစ်ခုရှိပါတယ် တစ်ခုက Cut နဲ့ ဖြတ်ထုပ်ပြီး နောက် တစ်မျိုးက Copy Command  နဲ့ ကူးယူတာ တို့ ဖြစ်ပါတယ် သင် သိထားရမှာက Cut Command သုံးရင် မူလနေရာမှာ စာလုံးကျန်ေမနေခဲ့ ဘဲ Copy Command ကိုသုံးရင် တော့မူရင်း စာသားဟာ သူ့ နေရာမှာ ကျ န်နေအုန်းမည်ဖြစ်ပါတယ်။
၃။ ပြီးရင် Paste ကို ကလစ်နှိပ်ပါ။
Mouse ကို အသုံးပြု ပြီး Text နဲ့  Object များကို ရွှေနည်း
အောက်ပုံမှာ ပြထားသလို သင် ကော်ပီ ကူးခြင်တဲ့ စာကြောင်းကို အစမှ အဆုံးသို့ သော်၎င်း အဆုံးမှ အစသို့ သော်၎င်း ကြိုက်သလို ကူးယူနိုင်ပါတယ် ဒီလို လုပ်တဲ့ အခါမှာ 
၁။ Mouse ရဲ့  Left Click ကိုဖိပြီး ဆွဲယူသွားရမှာ ဖြစ်ပြီး
select text using mouse
၂။  သင် ဆုံး လိုတဲ့နေရာမှာ Left Click ကိုလွှပ်လိုက်ပါ။
move text using mouse
3} To delete the selected content simply:
သင်ဖျက်ပြစ်ခြင် သော စာလုံးများကို အထက်မှာပြောထားသလို Select အရင်လုပ်ပါ ပြီးရင် သင့် keyboard ပေါ်က Delete ကိုနှိပ်ပေးလိုက်ပါ။ Cut ကို သုံးပြီးလဲ ဖျက်ပြစ်လို့ ရပါတယ်။
4} Undo နှင့် Redo ကို အသုံးပြု နည်း
Undo နဲ့  Redo ကို အသုံးပြု တာကတော့ သင့် လက်ရှိလုပ် လိုက်တာကို မကြိုက်လို့  ပြန်ဖျက် ခြင်ရင် Undo သုံးပြီး Redo ကတော့ ဖျက်လိုက်မိတာကို ပြန်ခေါ်ယူတာ ဖြစ်ပါတယ်။ သတိထားရမှာကတော့ လတ်တလော လုပ်နေတာကိုသာ သုံးရမှာဖြစ်ပါတယ်။
ဒီလို သုံးတဲ့နေရာမှာ Toolbar ပေါ်မှာ ရှိနေတဲ့ Undo ကိုသုံးလို့ ရသလို Shortcut အဖြစ်နဲ့ သုံးလိုပါက Ctrl + Z ပါ Ctrl ကို Z နဲ့ တွဲနှပ်ခိုင်းတာပါ။
Redo ကိုသုံးတဲ့ အခါမှာလဲ Toolbar ကနေသုံးလို့ ရသလို Shortcut က သုံးမယ်ဆိုရင်တော့ Ctrl+Y ကိုသုံးရမှာဖြစ်ပါတယ်။
    5}  Select Text and Objects
    Select Text
    စလုံးကို Select လုပ်တဲ့ အခါမှာ သင် Select လုပ်လိုတဲ့ စလုံးအနည်းအများကို လိုက်ပြီး လုပ်နည်းများစွာရှိပါတယ်၊ ဒီနည်းတွေကိုအောက်မှာ ဖေါ်ပြပေးထားပါတယ်။ 
    • စကားလုံး တစ်လုံးတည်းကို Select လုပ်တော့မည်ဆိုရင် အဲဒီစကားလုံး တစ်လုံးအပေါ်မှာ Double Click နှိပ်ပေးပါ ( ဒီနေရာမှာ သင် သိထားရမှာက စကားလုံး တစ်လုံးဆိုတာ အင်္ဂလိပ်မှာတော့ ဥပမာအားဖြင့် Word ဆိုတဲ့ စကားလုံးမှာ စလုံးရေ လေးလုံးပါလို့  အဲဒီလေးလုံးစလုံးကို မှတ်ပေးသွားမှာဖြစ်ပါတယ်။ မြန်မာစာ ကို Select လုပ်မှာဆိုရင်တော့ သင် တွဲပြီးရေးထားတဲ့ စာလုံးအားလုံးကို မှတ်သွားမှာဖြစ်ပါတယ် စမ်းကြည့်ပါ)
    • စာကြောင်းတစ်ကြောင်းကို Select လုပ်ခြင်ရင် သင့် Mouse ရဲ့ Cursor ကို သင်ကူးလိုတဲ့ စာကြောင်းနေရာကိုရွှေပေးပြီး Cursor ကနေ မျှားဦး ပုံလေးပြောင်းသွားပြီ ဆိုတာနဲ့  ဘယ်မှ ညာသို့ ၎င်း ညာမှဘယ်သို့ ၎င်း Mouse ရဲ့ Left Click ကိုဖိဆွဲပေးပြီး သင်ဆုံးလိုတဲ့နေရာမှာ Mouse ကိုလွှပ်ပေးလိုက်ပါ။
    • စာကြောင်းရေများများကို Select လုပ်လိုတာဖြစ်ပါက အထက်မှာပြောခဲ့သလို Mouse ကိုဖိ၍ဆွဲခြင်းဖြစ် စာကြောင်းရေကို သင်လိုသလောက်ဖိဆွဲသွားပြီး သင်လိုခြင်တဲ့စာကြောင်းအရေတွက်ဆုံးတဲ့အထိဆွဲသွားပြီး Mouse ကိုလွှပ်ပေးလိုက်ပါ။
    စာရွက်တစ်မျက်နှာလုံးကို Select မှတ်လိုပါက  <Ctrl+A> ကိုတွဲနှိပ်၍သော်၎င်း၊ Menu Bar မှာရှိတဲ့ Edit ကိုသုံးပြီး Select All ကိုရွေးပြီး နှိပ်ပေးခြင်းဖြင့်၎င်း၊ စာရွက်ပေါ်မှာ Right Click ကိုနှိပ်ပေးပြီး ပေါ်လာတဲ့ Pop Up Menu လေးထဲက Select All ကိုနှိပ်ပေးခြင်းဖြင့်၎င်း သင့်စိတ်ကြိုက်အသုံးပြု နိုင်ပါတယ်။ အကယ်၍ သင် Select လုပ်ပြီးကမှာ မလုပ်လို၍ Select ကိုဖြုတ်လိုပါက မည်သည့်နေရာမှာ မဆို Click တစ်ချက်နှိပ်ပေးလိုက်ပါ သင် Select လုပ်ထားလို့  ဖြစ်နေတဲ့ Highlight အပြာရောင်ဟာပြန်ပျက်သွားမှာဖြစ်ပါတယ်။ အောက်မှာပေးထားတဲ့ Shortcut Key များဟာ Select လုပ်ရာမှာသုံးသော နည်းများဖြစ်ပါတယ် သူ့ မူရင်းမှာပါလို့ တင်ပေးထားတာပါ ( အလုပ် မလုပ်သော key များပါသည်)
      Shift + ↑ Select a row above
      Shift + ↓ Select a row below
      Shift + ← Select a character to the left
      Shift + → Select a character to the right
      Ctrl + Shift + ← Select everything up to the end of the last word or sentence
      Ctrl + Shift + → Select everything up to the end of the next word or sentence
      Ctrl + Shift + ↑ Select everything up to the beginning of the paragraph
      Ctrl + Shift + ↓ Select everything up to the end of the paragraph
      Shift + Home Select everything up to the beginning of the line
      Shift + End Select everything up to the end of line
      Shift + PgUp Select everything up to the last screen
      Shift + PgDn Select everything up to the next screen
      Ctrl + Shift + Home Select everything up to the beginning of the file
      Ctrl + Shift + End Select everything up to the end of the file
      Ctrl + A Select the entire file
      Object တစ်ခုကို Select လုပ်နည်း
      Object တစ်ခုကို Select မှတ်တော့မယ်ဆိုရင်လဲ နည်းပေါင်းများစွာရှိပါတယ်။ Editing နှင့် Selecting လုပ်ခြင်းတို့ ရဲ့ မတူညီတဲ့ အချက်ကတော့ Screen ပေါ်မှာ Cursor ဟာလှုပ်ရှားမှု ရှိနေရမည်ဖြစ်ပါတယ် စာရိုက်ဖို့ အတွက်ရန် Cursor ကိုနေရာချ ပေးရမည်ဖြစ်ပါတယ်။ တကယ်လို့ အဲဒီ Cursor လေးမရှိနေဘူးဆိုရင် လုပ်ဆောင်မဲ့ Object တွေအပေါ်မှာ ပြန်ချပေးပြီး Zoom Point ပေါ်လာမှာဖြစ်ပါတယ်။ အောက်ကပုံမှာပြထားပေးပါတယ်။
      select and edit object
      ရိုးရှင်းစွာ Object တွေကို Select လုပ်ခြင်း
      • သင် Select လုပ်ခြင်သော Object များကို Click နှိပ်ပါ။
      • အကယ်၍ သင် Select လုပ်ခြင်သော Object နေပါက Shift ကိုဖိထားပြီးမှ Object ပေါ်မှာ ကလစ်နှိပ်ပါ 
      • အကယ်၍ သင် Cancel ပြန်လုပ်လိုပါက Mouse ကို Select လုပ်ထားသော Area ရဲ့အပြင်မှာ ကလစ်နှိပ်ပေးလိုက်ပါ။
      6} Paste Text Smart Labels
      Paste Option ကို Setting ထဲမှာသွားရောက်ပြင်ဆင်နိုင်ပါတယ်၊ ဒီနည်းကို အောက်မှာ ပေးထားပါတယ်။
      (1) ဘယ်ဘက်အပေါ်ထောင့်နားမှာ ရှိတဲ့ ဒီ Icon လေးပေါ်ကနေ Option ကိုရွေးလိုက်ပါဒီအခါမှာ အောက်ကပုံကဲ့သို့  Dialog Box လေးကျလာပါနယ်။
      (2) Option Box ထဲက Edit ကိုနှိပ်လိုက်ပါ ပြီးရင် Cut and Paste Option ထဲက Default Paste Format ကိုရွေးလိုက်ပါ။ အောက်ကပုံကိုလေ့လာပါ။
      cut and paste options
      Kingsoft Writer မှာ Formatting လုပ်ဖို့ နည်းသုံးခုရှိပါတယ်၊ Formatting Text, Matching the current Format နှင့် Unformatted Text တို့ ဖြစ်ပါတယ်။ မည်သည့်နည်းကို သုံးစေကာမူ Shortcut ကနေပြီး  Ctrl + V ကိုသုံးရမှာဖြစ်ပါတယ်။
        7} Set White Text on a Blue Background
        Kingsoft Writer ကနေပြီး အပြာရောင်နောက်ခံမှာ စလုံးအပြူ သုံးပြီးရေးနည်းကို ပေးထားပါတယ် ဒါကိုပြုလုပ်ဖို့ အတွက် နည်းကို အောက်မှာကြည့်ပါ။ ခုစာမှာရေးပြထားတာတွေနဲ့  သင် ဒီဆိုဒ်ကနေဒေါင်းယူပြီးသုံး တဲ့ အခါကွဲလွဲမှု ရှိပါတယ် ဘာ့ကြောင့်လဲ ဆိုတော့ ဒေါင်းယူပြီးသုံးတဲ့ Version  ဟာ Freeဖစ်လို့  အပြည့် အဝ အသုံးပြုလို့ တော့မရပါဘူး။
        (1) အပေါ်ဘက် ဘယ်ဘက်ထောင့်နားမှာ ဒီ  application menu Icon လေးရှိပါတယ် အဲဒီအထဲက ဒီ options Option ဆိုတဲ့ Icon မှာ ကလစ်နှိပ်ပါ။
        (2) General Option အုပ်စုထဲက  General and Save tab အောက်မှာရှိတဲ့ Blue Background, White Text ကိုရွေးလိုက်ပါ။
        blue background white text
        (3) OK မှာ Click နှိပ်ပါ။ 
        blue background white text
        8} Automatic Capitalization at the Beginning of a Sentence
        Kingsoft Writer ဟာ အကယ်၍ သင် အင်္ဂလိပ်စာလုံးသုံးပြီး ရိုက်မယ်ဆိုရင် စာကြောင်းကိုစရိုက်မယ်ဆိုတာနဲ့ ပထမစလုံးကို စလုံးကြီးနဲ့ စအောင်ပြင်ထားပေးလို့ ရပါတယ်။  ဒါကိုလဲ Application Menu ဖြစ်တဲ့ ဒီ  application menu Icon လေးကမေပြီး ဒီ options Options ထဲကိုဝင်ပါ ပြီးရင် Capitalize first latter of sentence ကိုအမှန်ချစ်လေးပေးထားလိုက်ပါ။
        automatic capitalization of a sentence
        Home Tab
        ဒီ Home Tab ဆိုတဲ့အပိုင်းမှာတော့ အုပ်စု ငါးခုရှိပါတယ်
        1} Clipboard
        2}Font
        3}Paragraph
        4} Style
        5} Editing
        1} Clipboard - Use Cut, Copy, Paste and Format Painter
        Text တွေ Object တွေကို Select လုပ်ပြီးတဲ့အခါမှာ လုပ်ဆောင်စရာများစွာရှိပါတယ်။ Clipboard ပေါ်မှာပေးထားတဲ့ Copy တို့  Delete တို့ လို Icon တွေကိုသုံးပြီးလုပ်တဲ့နည်းတွေဖြစ်ပါတယ်။ ဒါတွေလုပ်ဆောင်ဖို့ ကို Command Order, Shortcut Key တို့  Mouse တို့ ကိုအသုံးပြု ရမှာဖြစ်ပါတယ်။  
        Cut Icon ကိုအသုံးပြု နည်း
        Text နဲ့  Object တွေကို Cut လုပ်ဖို့  အောက်ပါအတိုင်းလုပ်ဆောင်ပါ။ 
        (1) Home Tab ထဲမှာရှိတဲ့ Clipboard ထဲကနေ Cut ကို ကလစ်နှိပ်ခြင်း။
        (2) <Ctrl+X > Ctrl နဲ့  X ကိုတွဲနှိပ်ခြင်း။
        (3) Screen ပေါ်မှာ  Right Click နှိပ်ပြီး ပေါ်လာသော Menu ထဲမှ Cut ကိုအသုံးပြု ခြင်းတို့ ဖြစ်ပါတယ်။
        Copy Icon ကိုအသုံးပြု နည်း
        (1) Home Tab ထဲမှာရှိတဲ့ Clipboard ထဲကနေ Copy ကို ကလစ်နှိပ်ခြင်း။
        (2) <Ctrl+C > Ctrl နဲ့  C ကိုတွဲနှိပ်ခြင်း။
        (3) Screen ပေါ်မှာ  Right Click နှိပ်ပြီး ပေါ်လာသော Menu ထဲမှ Copy ကိုအသုံးပြု ခြင်းတို့ ဖြစ်ပါတယ်။
        Paste Icon ကိုအသုံးပြု နည်း။
        ကော်ပီကူးယူထားသော Text နဲ့  Object တို့ ကို Paste ဖြင့်နေရာချပေးခြင်း
        (1) Home Tab ထဲက Clipboard ထဲကနေ Paste ကို ကလစ်နှိပ်လိုက်ပါ။ အောက်မှာပြထားပေးပါတယ်။
        paste options
        (2) Kingsoft Writer ကနေပြီးတော့ Paste formats အတွက် နည်းလေးခုပေးထားပါတယ်။
        • Formatted text: ကိုအသုံးပြုရင်  "the source text format" ကိုသုံးရပါမယ်။
        • Match the current format: ကိုအသုံးပြုရင် "the text format of the current cursor position" ကိုသုံးရပါမယ်။
        • Plain text: ကိုအသုံးပြုရင် "plain text format" ကိုသုံးရပါမယ်။
        • Special paste:  အတွက်ကတော့ သင်လုပ်လိုတဲ့ အခြေခံအချက်ပေါ်မှာ မူတည်ပါတယ်။ ဥပမာ Clear Format တို့ Object Conversation တို့ ဖြစ်ပါတယ်။
        (3)  <Ctrl+V> ကိုသုံးတာဟာ မှတ်ရတာ အလွယ်ကူဆုံးဖြစ်ပါတယ်
        (4) Right-click ကိုနှိပ်ပြီး ပေါ်လာတဲ့ Menu ထဲကနေ Paste ကိုလဲသုံးလို့ ရပါတယ်။ Paste လုပ်နည်းကို မူသေထားသုံးလို့ လဲရပါတယ်။ ဒါကိုလုပ်ဆောင်ဖို့ အတွက် 
        (A) Paste Icon ဘေးက မျှားလေးကို နှိပ်ပြီးကျလာတဲ့ အထဲက Set Default Paste ကိုရွေးထားပေးလိုက်ရုံပါဘဲ။
        (B) Option Dialog Box ထဲက Edit ကိုရွေးပြီး Default Paste Format ကိုရှာပါ အဲဒီအထဲကနေပြီး Formatted Text, Match the Current Format နှင့် Plain text ကို သုံးနိုင်ပါတယ်။
        Format Painter ကိုအသုံးပြု ခြင်း။
        Paint ကိုအသုံးပြု ရန်အရိုးရှင်းဆုံးနည်းများမှာ
        (1) သင် Paint လုပ်လိုသော Text သို့ မဟုပ် Object အပေါ်မှာ Cursor ကိုအရင်ချ ပေးပါ။
        (2) Clipboard ကိုဖွင့်ပြီး Format Painter ကိုကလစ်နှိပ်ပါ။ ဒီ ပုံလေးပါ format painter.
        (3) ဒီအခါမှာ Cursor ဟာ စုပ်တံ ပုံစံလေးကို ပြောင်းသွားပါမယ် format painter brush.ဒီပုံလေးပါ။
        (4) သင်ဆေးချယ်လိုသော Text သို့ မဟုပ် Paragraph အပေါ်ကို Cursor ကိုချပေးပါ ပြီးနောက် Select လို့ ပေးလိုက်ပါ။ အကယ်၍ သင်က ဒီ Format Painter ကိုဆက်သုံးလို ပါက Format Painter ပုံလေးပေါ်မှာ Double Click နှိပ်ပေးလိုက်ပါ။ format painter.
        Font
        Font ဆိုတဲ့ အပိုင်းအောက်မှာ အပိုဒ်ခွဲ ခုထပ်မံပါဝင်ပါသေးတယ်။
        A} Set Font Family, Font size, and Font Style for Character
        B} Alter the Case
        C} Clear Formatting
        D} Character Shading
        E} Enclose Characters
        F} Set Character Spacing
        1} Set Font, Font size, and Font Name
        Kingsoft Writer မှာ Font အုပ်စုများစွာနဲ့ အတူ Font Size နှင့် Formats Character တို့ ပါဝင်ပါတယ်။ စာလုံးတစ်လုံးရဲ့ အသွင်အပြင်ကို ပြောင်းလဲလိုတဲ့အခါမှာ ထိုစလုံးကို အရင် Select လုပ်ပါ ပြီးမှ သင်ပြောင်းလိုသော Font ကိုပြောင်းယူပါ။
        Set the Font
        (1) သင်ပြောင်းလိုသော စာလုံးကို Select မှတ်ပေးပါ။ 
        (2) Home Tab ထဲမှာရှိတဲ့ Font အုပ်စုတွေထဲက ဒီ  ပုံလေးထဲကလို Font အမည်ကိုရေးရွေးပါ အောက်မှာ ဥပမာ ပြပေးထားပါတယ်။
        set the font
        Set Font Size:
        (1) စလုံးအရွယ်စား ပြောင်းတဲ့ အခါမှာ သင်ပြောင်းလိုသော စာလုံးကို Select အရင်မှတ်ပါ။
        (2) Home Tab ထဲက Font Group ထဲမှာဘဲ Font Size ရှိပါတယ်  font size ဒီနေရာမှာ ကလစ်နှိပ်လိုက်ရင် ကျလာမဲ့ နံပါတ်အလိုက် သင် စာလုံးအကြီး အသေးကို ပြောင်းယူကပါ။ ဒီ Home Tab ထဲမှာဘဲ စလုံးကို အနိပ် အမြင့်ပြောင်းပေးလို့ ရပါသေးတယ် ဒီပုံလေးတွေက လုပ်ရမှာဖြစ်ပါတယ် increase font ဒီပုံက မြင့်ပေးပြီး  decrease fontဒီပုံကတော့ နှိပ်ပေးတာဖြစ်ပါတယ်။
        Font Style ဖန်တည်းခြင်း
        ဒီ font bold Icon လေးကတော့ စလုံးကို အရောင်ရင့်အောင် Bold လုပ်ပေးတာဖြစ်ပါတယ်။
        ဒီ font italic Icon လေးကတော့ စလုံးအစောင်းပုံ ပြောင်းရေးတဲ့အခါ သုံးတာဖြစ်ပါတယ်။
        ဒီ font underline Icon လေးကတော့ စာလုံးများအောက်ကနေမျ ဉ်း တားပေးတာဖြစ်ပါတယ်။
        ဒီ font color Icon လေးကတော့ စလုံးကို အရောင်နဲ့ သုံးလိုရင် သုံးလို့ ရအောင်ထဲ့ထားပေးတာဖြစ်ပါတယ် မျှားလေးကို ကလစ်နှိပ်ပြီး ကျလာမဲ့ Box လေးထဲကနေ အရောင်ကို ရွေးပေးလို့ ရပါတယ်။ 
        ဒီ text highlight Icon လေးကတော့ စလုံးကို Highlight တင်ပေးတဲ့ Icon လေးဘဲဖြစ်ပါတယ်။ 
        2} Case များကို ပြောင်းလဲ ပြု ပြင်ခြင်း။
        သင့်အနေနဲ့  Case များကို ပြု ပြင်ပြောင်းလဲ ပေးဖို့ လိုပါတယ်။ 
        (1) သင်ပြောင်းလို တဲ့ စလုံးကို Select မှတ်ပေးပါ။
        (2) Home Tab ထဲက Font Group ထဲမှာ Change Case ကို ကလစ်နှိပ်ပါ change caseဒါဟာ Concert Case ကိုဖွင့်ပေးမဲ့ Dialog Box ဖြစ်ပါတယ် အောက်ကပုံကို ကြည့်ပါ။  
        convert case
        (3) သင် ကြိုက်နှစ်သက်ရာ Style ကိုရွေးပါ။ 
        (4) ပြီးရင် OK ကို ကလစ်နှိပ်ပေးပါ။
        3} Clear Formatting
        စာလုံးဖျက်ရာတွင် 
        (1)  သင်ဖျက်လိုသော စာလုံးကို Select မှတ်ပေးပါ။
        (2)  Home Tab ထဲမှ Font Group ထဲကိုဝင်ပြီး Clear Formatting  clear formatting ကို ကလစ်နှိပ်ပါ၊ သင် Select လုပ်ထားသော Pattern တွေ Formatting လုပ်ထားတဲ့ Text တွေအားလုံးကို ဖျက်ပေးပါလိပ်မည်။
        4} Character Shading
        (1) သင် Shade ထဲ့လို့ သော စာလုံးကို Select မှတ်ပါ။
        (2) Home Tab ထဲက Font Group ထဲမှာ Character Shading  character shading ကိုကလစ်နှိပ်ပါ၊ ထို့ နောက် Select မှတ်ထားသောစလုံးကို Shade ထဲပေါင်းပေးနိုင်ပါသည်။
         5} Enclose Characters
        အက္ခရာ များပူးတွဲထဲ့ပေးခြင်း
        (1) သင် အက္ခရာ ပူးထဲ့လိုသော စလုံးကို Select မှတ်ပါ။
        • တစ်ရုပ် စာများအတွက် အပြည့်သုံးလို ပါက နံပါတ္မ် ား စလံုးမ် ား နှင့် သင်္ကေတများကို တစ်ကြိမ် အတွက် တစ်ခါသာ Select မှတ်ခွင့်ရှိပါတယ်။
        • ထက်ဝက်သာ ထဲ့မည်ဆိုပါက တစ်ကြိမ်အတွက် နှစ်ခါ Select မှတ်ခွင့်ရှိပါတယ်။ 
        (2) ထုံစံအတိုင်း Home Tab က Font Group ထဲမှာ Enclose Character ကလစ်နှိပ်ပါ။ အောက်ပါကဲ့သို့် Dialog Box လေးကျလာပါမည်။ 
        enclose character
        (3) သင့်လျှော်တဲ့ Style တစ်ခုကိုရွေးပြီး OK မှာ ကလစ်နှိပ်လိုက်ပါ သင်အနေဖြင့် စလုံး တစ်ခုနှင့်တစ်ခု ပူးသွားတာကိုတွေ့ ရပါမယ်။ ဥပမာ  "WPS®" ဒီလိုမျိုးဆိုပါတော့။ လုပ်ဆောင်ရမဲ့ အဆင့်ဆင့်ကို အောက်မှပြပေးထားပါတယ်။
        (က) ပထမ  "WPS"  ကိုရိုက်ထဲ့ပါ ပြီးရင် Symbol ထဲ့ဘို့ ရန် "R"  ကိုရိုက်ပါ ပြီးနောက် Home Tab ရဲ့အောက်က Font Option ထဲမှာ Enclose Characters ကို ကလစ်နှိပ်ပါ ပြီးရင် Shrink Text ကိုရွေးပေးပြီး OK မှာကလစ်နှိပ်ပါ။
        (ခ) Edit Symbol ® ကိုရွေးပါ။
        (ဂ) Font Group ထဲက ညာဘက်ထောင့်နားက Font ဆိုတဲ့ နေရာကို နှိပ်လိုက်ပါ။ ပြီးရင်Font Dialog Box ထဲက Font Tab ကိုဖွင့်ပါ။
        (ဃ) Effect Group ထဲက Superscript ကိုရွေးပေးပါ။
        (င) OK မှာ ကလစ် နှိပ်ပါ။
         To insert the brand symbol, type "R" at the desired position, then from the Font option under the Home tabclick Enclose Characters. Choose the Shrink text option and click the OK button.
        6} Character Spacing ဖန်တည်းခြင်း
        Home Tab ထဲမှာရှိသော Font Group မှာရှိတဲ့  Old Tools ကိုကလစ်နှိပ်ပါ။ အောက်မှာပြထဲတဲ့အတိုင်း Font Dialog Box ကျလာပါမယ်။
        set character spacing
        Character Spacing Menu ထဲမှာ သင်အနေနဲ့  Scale, Spacing နဲ့  Position တို့ ကိုသုံးပြီး စလုံး အစိပ်အကြဲ စသဖြင့်လိုသလိုပြင်ယူ နိုင် ပါတယ်။ 
        Paragraph
        ဒီ Chapter မှာ ခေါင်းစဉ်ခွဲပေါင်း ၁၁ ခုပါဝင်ပါတယ်။ ဒါတွေအားလုံး ဟာ Home Tab အောက်မှာသုံးရမှာဖြစ်ပါတယ်။
        1} Insert Bullet Points and Numbers
        2} Add Bullet Points to Existing Text
        3} Auto Numbering of Bullet Points
        4}Create an Outline Numbered List
        5}Set an Indent for a Paragraph
        6}Show and Hide Paragraph Marks
        7}Set or Change Tab Stops
        8}Set Text Alignment
        9}Set Line Spacing
        10} Add Shading Color
        11} Set Borders
        1} Insert Bullet Points and Numbers
        Kingsoft Writer မှာ Number နှင့် Bullet တို့ ကိုအကျယ်တဝင့်ရှင်းပြထားပါတယ်။ ဒါဟာအချက်လက်တွေကို ရှင်းရှင်းလင်းလင်း သိရှိနိုင်အောင်လို့ ဖြစ်ပါတယ်။ အောက်ပါကဲ့သို့  စာရွက်စာတန်းတွေကို Bullet Point နဲ့  Number တွေထဲ့ဖို့ အဆင့်လိုက်ပြသပေးသွားမှာ ဖြစ်ပါတယ်။
        (က) Home Tab ထဲက Paragraph Group ထဲမှာ Bullet Point Icon ဘေးက မျှားလေးကို ကလစ်နှိပ်ပါ။ အောက်မှာပြထားတဲ့ အတိုင်း Bullet Point Menu လေးပွင့်လာပါလိပ်မယ်။
        bullet point menu
        (က) List ထဲမှာပြသပေးထားတဲ့ အထဲက သင်ကြိုက်တာကိုရွေးသုံးနိုင်ပါတယ်၊ ဒီအပြင် Customize Option ထဲမှလဲယူသုံးနိုင်ပါတယ်။ ဒါကိုလုပ်ဖို့ အတွက် More Bullet သို့ မဟုပ် More Numbering ကိုရွေးပေးပါ Bullets and Numbering Dialog Box လေးကျ လာပါမယ်။
        bullets numbered
        (ဂ) Bullets or Number Style ကိုရွေးပေးပါ။
        (ဃ)  Enter Key ကိုနှိပ်ပေးပါ Kingsoft Writer ကနေပြီး သူ့ ဘာသာအလိုလျှောက် Bullet နဲ့  Numbers တို့ ကိုထဲ့သွင်းပေးသွားမှာဖြစ်ပါတယ်။ သင့်အနေဖြင့် သတိထားရမှာကတော့ Bullet တို့  Number တို့ ကိုပြန်ဖျက်လိုပါက Backspace Key ကိုသုံးပြီးဖျက်ရုံသာဖြစ်ပါတယ် သို့ မဟုပ် Enter ကို နှစ်ချက်နှိပ်ပါ။
        2} လက်ရှိ Text များထဲသို့ Bullet Points ထဲသွင်းခြင်း
        Bullet Point များကိုထဲ့သွင်းရန်အတွက် ကြို တင်ထဲ့သွင်းထားဖို့ လိုပါတယ်။
        (က) သင် Bullet ထဲ့လိုသောအရာများကို သင့်လျှော်သလို Select မှတ်ပါ။
        (ခ) Bullet Point Icon ဘေးက မျှားလေးကို ကလစ်နှိပ်ပါ ထို Paragraph Section ထဲကသင်ကြိုက်တဲ့ Bullet Style ကိုရွေးပါ။ အကယ်၍ထိုအထဲက Style များကိုမကြိုက်ပါက Customize ကိုရွေးပေးပြီး Bullets And Number Dialog Box ကိုဖွင့်ပါ။
        (ဂ) Menu ထဲမှာ Default အဖြင့်ပါလာသော None and the Customize ခလုပ်က မီးခိုးရောင်ဖြစ်ပြီး ကလစ်နှိပ်မရပါက ၎င်းတို့ ကိုရွေးခြယ်ရန် Customize ကိုကလစ်နှိပ်ပါ၊ အောက်မှာပြထားတဲ့အတိုင်း Customize Bulleted/Numbering List Dialog Box ကြလာမည်ဖြစ်ပါတယ်။
        bullets and numbering
        (ဃ) Customize Bullet List Dialog Box  ထဲမှာ သင့်လျှော်မဲ့ Setting တွေကိုထဲ့သွင်းပေးထားပါတယ် အကယ်၍ သင့်အနေနဲ့  အထူး သင်္ကေတများလိုအပ်လာပါက Character Button ပေါ်မှာကလစ်နှိပ်ပြီး အဲဒီအထဲကနေရွေးပြီးအသုံးပြုနိုင်ပါတယ်။ 
        (င) More Button အပေါ်မှာကလစ်နှိပ်ပြီးတော့လည်း Bullets Position နှင့် Text Position များကိုထဲသွင်းပေးလို့ ရပါတယ် ပြီးရင် OK မှာကလစ်နှိပ်ပြီး သင့်ရဲ့ရွေးထားတာတွေအတွက် လိုအပ်တာထဲသွင်းပေးလို့ ရပါတယ်။
        paragraphs with bullets
         3} Auto Numbering
        နံပါတ်များကိုထဲ့သွင်းရန် လုပ်ဆောင်ရမည်များမှာ 
        (က) စာပိုဒ္မ် ားကို သင့္ေလ် ာ္သလို Select မွတ္ပါ။
        (ခ) Home Tab ထဲက Paragraph Section ကိုဝင်ပါ၊ Number Button ဘေးက မျှားလေးကိုရွေးပါ သင်ကြိုက်နှစ်သက်တဲ့ စတိုင်ကိုရွေးပါ။ ဒီအထဲမှာ သင့် စိတ်ကြိုက်မတွေ့ ပါက More Numbering ကိုရွေးပါ ပြီးရင် Bullet and Numbering Dialog Box ကိုဖွင့်ပါ။
        (ဂ) Bullets Tab ထဲမှာ မူသေပေးထားတဲ့ Bullet Option မရှိပါဘူး  Customize Button ဟာအရောင်မှိုင်းနေပါမယ် Bullet Style တစ်ခုခုကိုရွေးလိုက်ပါ ပြီးမှ Customize Button ကိုကလစ်နှိပ်ပါ။
        (ဃ) Customize Numbered List Dialog Box ထဲက Drop-down List ထဲက Number Style ကိုရွေးပါ။ သင်နှစ်သက်တဲ့ စတိုင်ကိုရွေးပါ။ Number Format Text Box ထဲမှာ ကိုရွေးသုံးပါ အောက်မှာ နမူနာပြထားပေးပါတယ်။
        auto numbering
        (င) More Button မှာ ကလစ်နှပ်ပြီးလဲ Number Position နှင့် Text Position များကိုအသုံးပြု နိုင်ပါတယ်။ သင်လိုသလိုရွေးခြယ်ပြီးသွားရင် OK ကိုနှိပ်ပါ။
        4}  Outline Number စရင်းတစ်ခုကိုဖန်တည်းခြင်း။ 
        အကယ်၍ သင် Outline Number စရင်းကိုဖန်တည်းလိုပါက။ 
        (က) Home Tab ရဲ့ Paragraph ထဲမှာရှိတဲ့ Numbering Drop-down Menu ထဲက More Numbering ကိုရွေးပါ။
        (ခ) အောက်မှာပြထားတဲ့ အတိုင်း Outline Numbered Tab ကိုရွေးပါ။
        outline numbered tab
        (ဂ) Format စရင်းထဲက သင်ကြိုက်ရာကို ကလစ်နှိပ်ပါ။ သင့်နှစ်သက်တဲ့ Format တစ်ခုကို ပြုလုပ်ဖို့ အတွက် Customize Outline Numbered List Dialog Box ကိုဖွင့်ရန် Customize Button ကိုကလစ်နှိပ်ပါ
        (ဃ) Customize Outline Numbered List Dialog Box ထဲက Number Format and Number Style ထဲမှာ အနိတ်အမြင့်ချိန်ပါ၊ 
        (င) ပြီးရင် OK မှာ ကလစ်နှိပ်ပါ။
        (စ) အားလုံးပြီးသွားရင် Item စရင်းများကိုထဲပြီး Enter ကိုနှိပ်ပါ။
        (ဆ) Items စရာင်းများနောက်မှာ Insertion Point ကိုချပေးပါ သင့်တော်သော အနိတ်မြင့်ကို ညှိရန် Tab သို့ မဟုပ် Shift + Tab ကိုနှိပ်ပါ။
        outline numbered text
        5}Paragraph တစ်ခုအတွက် Indent တစ်ခုဖန်တည်းခြင်း
        Paragraph တစ်ခုဖန်တည်းဖို့ အတွက် နည်းသုံးခုရှိပါတယ်။
        • စာပိုဒ်ကြီးတစ်ခုလုံးရဲ့ ဘယ် (ညာ) Indent ကို အတိုးအလျောလုပ်ပေးခြင်း
        • ပြီးခဲ့သော စာပိုဒ်များနှင့် မတူစေရန် စာပိုဒ်၏ ပထမ လိုင်းမှာ Indent လုပ်ပေးခြင်း။
        •  စာပိုဒ်အားလုံး ထဲမှ ပထမ လိုင်းကိုသာ Indent လုပ်ပေးခြင်းတို့ ဖြစ်သည်။
        Indent Paragraph ပြုလုပ်ရာတွင်း နည်းပေါင်းများစွာရှိသေးသည် ၎င်းတို့ မှာ Tab Key ကိုသုံးခြင်း၊ Paragraph Dialog Box ကိုသုံးခြင်း၊ Shortcut Key ကိုသုံးခြင်းအပြင် Indent Paragraph ပေတံကိုလည်းအသုံးပြု နိုင်သည်။  ဥပမာပြရရင် Home Tab အောပ်မှာရှိတဲ့ Paragraph Section ထဲက Decrease Indent decrease indent သို့ မဟုပ် Increase Indent increase indent တို့ ဖြစ်ပါသည်။ နောက်တစ်ခုက Paragraph Section ထဲကညာဘက်က Paragraph Button ကိုလဲနှိပ်ပြီးသုံးနိုင်သည်။ Paragraph Dialog Box ထဲမှာရှိတဲ့ Indents and Spacing Option ကိုရွေးပါ ပြီးရင် Indentation ကိုထပ်ရွေးပါ ဒါဆိုရင် Indentation ရဲ့ အတိုင်းအတာကို ထဲ့ပေးလို့ ရပါပြီ။  
        indents and spacing
        6}Show and Hide Paragraph Marks
        Paragraph Mark ကို Show သို့ မဟုပ် Hide လုပ်ရန်နည်း နှစ်ခုရှိပါတယ်။
        (က) Home Tab အောက်က Paragraph Section ထဲမှာရှိတဲ့ Show/Hide Paragraph Layout ကို ကလစ်နှိပ်ပါ ဒီနေရာကနေသင့်ရဲ့ Paragraph Marks များကို  Show နဲ့  Hide လုပ်ခွင့်ပေးမှာဖြစ်ပါတယ်။
        (ခ) ဘယ်ဘက်အထက်နားက Application Menu ထဲမှာ ဒီ Icon လေးဘေးက မျှားမှာ ပလစ်နှိပ်ပြီး ပေါ်လာမဲ့ Dialog Box လေးထဲမှာ ရှိတဲ့ View ကနေဝင်ပြီး Show/Hide Paragraph Marks ကိုရွေးပေးခြင်းဖြင့်သုံးနိုင်ပါတယ်။ 
        7} Set or Change Tab Stops
        Tab Key ကိုနှိပ်ပြီးတဲ့ နောက် Cursor နောက်ဆုံးရှိနေတဲ့ နေရာဟာ Tab Stop ဖြစ်ပါတယ်။ ထို Tab Stop ရှိနေတဲ့နေရာ ကနေပြီး  Tab Key ကိုနှိပ်ပေးခြင်းဖြင့် နောက်ထပ်စာရေးမဲ့ နေရာကို ချက်ခြင်းပြောင်းသွားနိုင်ပါတယ် ဒီ Tab Stop ကိုအသုံးပြု ပြီး စာလုံးတွေရဲ့အနေထားကို ကော်လာ များအတွင်းမှာ လိုသလိုညှိပြီးထားပေးနိုင်ပါတယ်။ Tab Stop နဲ့ ပါတ်သက်ပြီး ပုံစံ နှစ်ခုရှိပါတယ်။ အဲဒါတွေကတော့ Default Tab Stop နဲ့  Custom Tab Stop တို့ ဖြစ်ပါတယ်။ Default Tab Stop ကို ဘယ်ဘက်ခြမ်းကနေ အလိုလျောက်ချ ပေးထားတာဖြစ်ပါတယ်၊ အသုံးပြုသူအနေဖြင့် Character နှစ်ခုကို နေရာပုံသေနှစ်ခုထားပြီး ပြု ပြင်နိုင်ပါတယ်။ သို့ သော်လည်း Custom Tab Stop ကိုတော့ အသုံးပြု သူကိုယ်တိုင်နေရာချ ပေးထားခြင်းဖြစ်ပါတယ်။ ဒီ Tab Stop ကိုမြင်ဆင်ဖို့  Tab Dialog Box ထဲက ပေတံကနေပြင်ဆင်ပေးလို့ ရပါတယ်။
        Add Leader Tab Stops
        အောက်မှာပြပေးထားတဲ့ အဆင့်အတိုင်း Tab Stop ကို Leader နဲ့ တွဲသုံးနို င်ပါတယ်။
        (က) Cursor ကို ဘာမှမရေးရသေးတဲ့ လိုင်းမှာ ထားလိုက်ပါ။
        (ခ) Home ထဲကနေပြီး Paragraph Section ထဲမှာရှိတဲ့  Tab Icon ကို ကလစ်နှိပ်ပါ။ အောက်မှာပြထားပေးတဲ့ Dialog Box လေးပေါ်လာပါမယ်။
        tabs
        (ဂ) Tab Stop ထဲမှာထားလိုတဲ့ တန်းဘိုးကို ရိုက်ထဲ့ပေးပါ၊ ပြီးရင် နှစ်သက်ရာ Option တစ်ခုကိုရွေးပါ။
        (ဃ) Set Button ကို ကလစ်နှိပ်ပါ ပြီးရင် OK ကို နှိပ်ပါ။
        (င) လိုင်းအစမှာ စာလုံးကို စရေးပါ ပြီးရင် Tab Key ကို နှိပ်ပါ။ ပြီးရင် Tab ကိုထားလိုတဲ့ နေရာကို Insertion Point ကိုရွေ့ ပါ။ ပြီးရင် Leader ဟာ Insertion Point ရဲ့ ဘယ်ဘက်မှာ ပေါ်လာပါမယ်။ 
        Add Tab Stops
        အလျှားလိုက်ပေးထားတဲ့ ပေတံထဲမှာ Tab Marker ရှိပါတယ် အဲဒီ Button မှာကလစ်နှိပ်လိုက်ရင် အောက်မှာပြထားပေးတဲ့ Drop-Down Menu လေးပေါ်လာပါမယ် အဲဒီအထဲမှာ ဒီလို 
         Left Tab left-tab, Center Tab center tab, Right Tab right tab  Decimal Tab decimal tab များကိုတွေ့ ရမှာဖြစ်ပါတယ်။
        the tab menu
        (က) Tab Stop ကိုသင်ထားလိုတဲ့ နေရာမှာ ထားနိုင်အောင် ပေတံ ပေါ်မှာ ကလစ်နှပ်ပါ အကြမ်းဖျင်းအားဖြစ် Tab ဟာ  ပေတံပေါ်မှာ ပေါ်လာမှာဖြစ်ပါတယ်။
        (ခ) အထက်ပါအဆင့်ကို ပြန်လုပ်ပေးခြင်းဖြင့် မူလကနဲ့ မတူတော့တဲ့ Alignments ကိုသင်ချ ပေးနိုင်မှာ ဖြစ်ပါတယ်။ Tab Stop ကိုသင်ထားလိုတဲ့နေရာမှာ ထားဖို့  Insertion Point ကိုရွေ့ ပေးပါ ပြီးရင် ရွေးထားတဲ့ Alignment နှင့်အတူ Text ကိုထဲ့သွင်းပြီး Tab Key  ကို နှိပ်ပါ။
        align text using tab
        Change Tab Stops
        သင့်အနေနဲ့  Tab Setting ကိုပြောင်းလိုပါက Paragraph Group ထဲမှာရှိတဲ့ Tab Stop Section မှာပြောင်းပေးနိုင်ပါသည်။ Tab Stop Dialog Box ထဲမှာ တန်ဘိုးကိုရေး ထဲ့ပေးခြင်း သို့ မဟုပ် အသင့်ရှိသည်များကို ရွေး ပေး ခြင်းဖြင့် ပြောင်းပေးနိုင် ပါသည်။
        Remove a Tab Stop
        Tab Stop ကို ပြန်ဖြုတ်လိုပါ က နည်း နှစ်ခုရှိပါသည်။
        • အလျှားလိုက် ပေတံ ကို အသုံးပြုနည်း။
        သင် Tab ကို ပြန်ဖြု တ်လိုပါက ထို  ဖြုတ်လိုသော Tab ရှိရာစာပိုက်အတွင်း Insertion Point ကိုထားပေးပါ။ သို့ မဟုပ် သင်ပြုတ်လိုသော Tab Stop ကို Select မှတ်ပေးပါ။ ထိုအခါ ပေတံမှ လက်ရှိ Paragraph ထဲမှ Tab Stop ကိုပြပေးပါလိပ်မည်။ ထို သင်ဖြု တ်လိုသော Tab Stop Symbol အပေါ်မှာ Cursor ကိုချပေးပါ။ ပြီးရင် Mouse က Left Key ကိုဖိဆွဲပြီး ယူပါ ပြီးလျှင် Mouse ကိုလွှပ်လိုက်ပါ။
        • Dialog Box ကို အသုံးပြုခြင်း။
        (က) သင် ပြန်ဖျက်လိုသော Tab ရဲ့ စာပိုဒ်အတွင်းထဲမှာ Insertion Point ကိုသေချာအောင် ချ ထားပေးပါ။
        (ခ) Paragraph Setion ထဲက Tab Dialog Box ထဲမှာရှိတဲ့ Tab Option ကိုရွေးပေးပါ။
        (ဂ) Clear Button သို့ မဟုပ် All Clear ကို ကလစ်နှိပ်ပေးပါ.
        (ဃ) ပြီးရင် OK ကို ကလစ်နှိပ်ပါ။
        8} Set Text Alignment
        Kingsoft Writer မှာ Alignment Option နဲ့ ပါတ်သက်ပြီး လုပ်ဆောင်လို့ ရတာ ငါးခုရှိပါတယ်။  အဲဒါတွေကတော့ Align Left,  Align Right, Centered, Justify နှင့် Distribute တို့ ဖြစ်ပါတယ်။ အသုံးပြုနည်း အဆင့်ဆင့် ကို အောက်မှာဖေါ်ပြပေးထားပါတယ်။
        သင်ညှိခြင်တဲ့ စာ ကို Select မှတ်ပါ။
        (က) Home Tab ထဲက Paragraph Section ထဲမှာရှိတဲ့ Alignment Button ကို ကလစ်နှိပ်ပါ။
        Paragraph Dialog Box ထဲက Alignment Button နေရာကနေလဲ ပြုလုပ်နိုင်ပါတယ်။ ၎င်းတို့ ကို အောက်မှပြပေး ထားပါတယ်။
        (က) သင်ချိန်ညှိခြင်တဲ့ စာများနေရာမှာ Insertion Point ကိုထားပါ။
        (ခ) Home Tab ထဲက Paragraph Section တွေထဲက ညာဘက်မှာရှိတဲ့ Paragraph Button ကိုကလစ်နှိပ်ပါ။
        set text alignment
        (ဂ) General Section ထဲမှာရှိတဲ့ Alignment Type ကိုရွေးပါ။
        (ဃ) သုံးလိုတဲ့ Alignment ကိုရွေးပြီး OK မှာ ကလစ်နှိပ်ပါ။
        9} Set Line Spacing in Writer
        Line Space များထဲ့သွင်းရန် အောက်ပါ အဆင်းများကို လုပ်ဆောင်ပါ။
        (က) Home Tab ထဲက Paragraph Section ထဲမှာ Line Spacing ရဲ့ဘေးက မျှားလေးကို ကလစ်နှပ်ပါ Drop-Down List လေးကျ လာပါမယ်။ Line ရဲ့ Space ကိုဘယ်လောက်ထားခြင်တယ် ဆိုတာကို တန်ဘိုး ပေးထားပါတယ် သင်ကြိုက်သလို ရွေးယူပါ သူပေးထားတဲ့ အထဲက သင့်စိတ်ကြိုက် ပါမလာဘူးဆိုရင် အဲဒီ Paragraph Dialog Box ထဲမှာဘဲ More ထဲကမေရှာယူပါ။
        paragraph
        (ခ) သင်လိုခြင်တဲ့ လိုင်းအစိတ်အကြဲကို Spacing Section ထဲမှာရွေးသုံးနိုင်ပါတယ်။
        (ဂ) ရွေးပြီးသွားရင်တော့ OK ကိုနှိပ်ပေးပါး။
        10} Add Shading Color
        Home Tab ထဲက Paragraph Section ထဲမှာရှိတဲ့ Shading Color ကိုရွေးပါ။ ပြီးရင် Fill List ထဲကသင်ကြိုက်တဲ့ အရောင်ကိုရွေးပါ။ ဒီလို Shade ထဲ့တဲ့အခါမှာ စလုံး များကိုသော်၎င်း စာပိုဒ် ကိုသော်၎င်း ထဲ့လိုရပြီး စရွက်တစ်ခုလုံးကိုတော့ ထဲ့လို့ မရပါဘူး။
        11} Set Borders to Text or Cell
        Home Tab ထဲက Paragraph Section ထဲမှာရှိတဲ့ Outside Border ကိုရွေးပေးပါ ၎င်းအထဲက Drop-Down List ထဲမှာရှိတဲ့ Text နဲ့  Cell များမှ သင်နှစ်သက်ရာကို ရွေးသုံးပါ။
        Options in Style group
        Style တစ်ခုဆိုတာဟာ စာရွက်စာတန်းတွေကို အလွယ်တကူ လူစိတ်ဝင်စားအောင် ပြု လုပ်ပေးတဲ့ ပုံစံအမျိုးအစားဖြစ်ပါတယ်။Style နဲ့ ပါတ်သက်ပြီး ခြောက်မျိုးခွဲပြပေးထားပါတယ်။
        1}Use a Style
        2}Create a New Style
        3}Style Reference Field
        4}Modify a Style
        5}Apply a Style
        6} Delete a Style
        1}Use a Style
        Style တစ်ခုကို ပြုလုပ်၍သုံးနည်း။
        (က) သင်ပြောင်းလိုတဲ့ Format ရဲ့ စာစုထဲမှာ Cursor ကိုချပေးပါ။
        (ခ) Home Tab ထဲက Style Group ထဲမှာရှိတဲ့ Style and Formatting ကိုဖွင့်ရန် Style Button မှာနှိပ်ပေးပါ ပေါ်လာမဲ့ Task Window ကိုအောက်မှာပြပေးထားပါတယ်။
        style and formatting
        (ဂ) Task Window ထဲက The Style and Formatting ထဲမှာ Kingsoft Writer ရဲ့ အဓိက Style List များရှိပါတယ်၊ သူတို့ ထဲက တစ်ခုခုကို သင်ရွေးလိုက်တဲ့ အခါမှာ Cursor ရှိတဲ့ နေရာက စာပိုဒ်ကိုစပြီးတော့အသုံးပြု သွားမှာဖြစ်ပါတယ်။  သိထားရမှာကတော့ Home Tab ထဲက Style Section ကိုအလျှ င်အမြန်အသုံးပြု တပ်ဖို့ ဘဲဖြစ်ပါတယ်။ သင်သုံးလိုတဲ့ Style ကိုမတွေ့ ပါက Style Library ထဲမှာသွားရှာပါ။
         2} Create a New Style
        Style အသစ်များကို ဖန်တည်းရန် အဆင့်ဆင့် ကို အောက်မှာပြထားပေးပါတယ်။
         (က) Home Tab ထဲက Style Group ထဲမှာရှိတဲ့ New Style  icon new style  မှာ ကလစ်နှီပ်ပြီး New Style Dialog Box ကိုဖွင့်ပါ။ New Style Dialog Box ကိုဖွင့်ရန် New Style and Formatting Task Window မှာ ကလစ်နှိပ်ပါ။ 
        new style dialog
        (ခ) Name Option ထဲမှာ Style Name ကိုထဲ့သွင်းပါ။ 
        (ဂ) Format Button မှာ ကလစ်နှိပ်ပြီး Drop-Down List ကိုဖွင့်ပေးပါ။ အဲဒီအထဲမှာ Formatting Option ခြောက်မျိုးပါတယ်။ Font, Paragraph, Tab, Border, Numbering နဲ့  Shortcut ဆို့ ဖြစ်ပါတယ်။ အဲဒီအထဲက သင်ကြိုက်တာကိုရွေးပါ။
        (ဃ) ပြီးရင် OK မှာကလစ်နှိပ်ပါ။
        (င) Style and Formatting Task Window ထဲက Formatting To Apply ထဲမှာ Style အသစ်ပေါ်လာပါလိပ်မည်။ 
         3} Style Reference Field
        Style Reference Field ကိုအသုံးပြု ဖို့ လုပ်ဆောင်ရန် အချက်ငါးချက် ရှိပါတယ်။ 
        (က) Header/ Footer ကိုပြု ပြင်ရန် Insert Tab ရဲ့ Header & Footer Section ထဲက Header & Footer ကိုရွေးပါ။
        (ခ) StyleRef ကိုထဲသွင်းလိုတဲ့ နေရာမှာ Cursor ကိုချပေးပါ။
        (ဂ) အောက်ကပုံမှာပြထားတဲ့ Fields Dialog Box ကိုဖွင့်ရန် Insert Tab မှာရှိတဲ့ Text Section ထဲက Fields ကိုရွေးပေးပါ။
        fields dialog
        (ဃ) Fields List ထဲက StyleRef ကိုရွေးပါ ပြီးရင် Field Code ကိုရွေးပါ။
        (င) OK မှာ ကလစ်နှိပ်ပါ Field ကနေပြီး Header / Footer တစ်ခုခြင်းဆီအတွက် Heading 1 ထဲကိုထဲ့သွင်းပေးပါလိပ်မည် 
        4} Modify a Style
        သင့်အနေနဲ့  မူသေထဲပေးထားတဲ့ Style တွေကိုမကြိုက်ရင် သင့်စိတ်ကြိုက် ပြု လုပ်ပေးလို့  ရပါတယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့ အောက်ပါ အချက်တွေကို လုပ်ဆောင်ပါ။ 
        (က) Home Tab ထဲက Style Group ထဲမှာရှိတဲ့ Old Tools Option ကို ရွေးဖို့  Mouse နှင့် Right Click ကိုသုံးပြီး Style and Formatting Task Windows ကိုဖွင့်ပါ။
        (ခ) သင်ပြု ပြင်လိုသော Style ကို ရွေးပြီး Click Formatting To Apply List ထဲမှာရွေးပါ ပြီးနောက် Modify Option ကို Pop-up Menu ထဲမှာ ကလစ်နှိပ်ပြီးရွေးပါ။
        modify
        (ဂ) Modify Style Dialog Box ကိုဖွင့်ပါ။
        modify style
        (ဃ) သင့်အနေနဲ့ ဒီထက်ပိုပြီး စစ်ဆေး ပြု ပြင်လို ပါက Format Button ဘေးကမျှားလေးကိုနှိပ်ပြီး Dialog Box ကိုဖွင့်ပြီး သင် ပြု ပြင်လိုတာကိုရွေးပါ။
        (င) ပြီးရင် OK ကိုနှိပ်ပေးပြီး Dialog Box ကိုပိတ်လိုက်ပါ။ Style and Formatting Task Window ကိုသုံးပြီး ပြု ပြင်လိုပါက အခြားသော စာရွက်များမှာလဲ ယ္ခု သင်ရွေးလိုက်သော Style အတိုင်းဖြစ်နေမယ်ဆိုတာကို သိထား ဖို့ လိုပါတယ်။ 
        5} Apply a Style
        Style တစ်ခုကို အသုံးပြုဖို့ ရန် နည်းလမ်း နှစ်ခုရှိပါတယ်။
        (က) Home Tab ထဲက Style Section မှာရှိတဲ့ ကြိုက်ရာကို ကလစ်နှိပ်ပါ။ 
        (ခ) Style and Formatting Task Window ထဲက Click Formatting To Apply List ထဲမှာ သင်ကြိုက်နှစ်သက်ရာ Style ကို ရွေးသုံးပါ။
        6} Delete a Style
        Style တစ်ခုကိုပြန်ဖျက်ဖို့ ရန် Shortcut Menu ထဲမှ Delete ကိုရွေးပါ အောက်ကပုံမှာပြထားပေးပါတယ်။ 
        delete a style
        သို့ သော်လည်း Kingsoft Writer ကမူသေထဲ့ပေးထားတဲ့ Style များကိုတော့ ပြန်ဖျက်ဖို့ ဆိုတာမဖြစ်နုင်ပါဘူး Formatting Task Window ကိုစာရွက်စာတန်းတွေထဲမှာတိုက်ရိုက်ပြောင်းသုံးဖိုကိုတော့ သုံးလို့ ရပါတယ်။ လုပ်ဆောင်ရမဲ့ အဆင့်များကို အောက်မှာ ပြပေးထားပါတယ်။
        (က) သင်ပြောင်းလိုသော Style နေရာမှာ Insertion Point ကိုချပေးပါ။
        (ခ) Home Tab ထဲက Style Section ထဲမှာရှိတဲ့ Style Button ကိုနှိပ်ပါ Style and Formatting Task Window ပွင့်လာပါလိပ်မည်။
        (ဂ) Click Formatting to Apply Section ထဲမှာရှိတဲ့ Style ကိုရွေးပါ ပြီးရင် Pop-Up Menu ထဲက Delete ကိုရွေး ပြီး User-Defined Style ကိုဖျက်လိုက်ပါ။
        Editing
        ဒီ Editing အပိုင်းမှာ Home Tab အောက်မှာရှိတဲ့ Editing Group ကိုရှင်းပြပေသွားမှာ ဖြစ်ပါတယ်။ 
        1} Find and Replace
        2} Use Select Option
        1} Find and Replace
        Find
        သင့်ရဲ့ စာရွက်စာတန်းတွေထဲမှာ စလုံးတွေ စာပိုဒ်တွေကို ရှာဖွေတပ်ဖို့  လိုပါတယ်။  ဒီအတွက် Home Tab ထဲက Editing Section ထဲမှာ Find ကိုရှာပါ။ Find ကိုရှာဖို့  ဒီ  find icon Icon ကိုရှာပါ။
        (က) အောက်မှာပြထားတဲ့ Find/Replace Dialog Box ကိုဖွင့်ပြီး Drop-Down List ကိုသုံးပါ။ 
        find
        (ခ) Find Tab ကိုသွားပါ ပြီးရင် Find What Box ထဲမှာ လိုခြင်တဲ့ Text ကိုရိုက်ထဲ့ပြီးရှာပါ။
        (ဂ) လိုခြင်တဲ့ Text ကိုရှာ ဖို့  Find Next ကိုနှိပ်ပြီးရှာပါ တကယ်လို့ ခုလိုရှာလို လိုခြင်တဲ့ Text ကိုမတွေ့  ရင် Kingsoft Writer ကပြီးဆုံးကြောင်း အသိပေးတဲ့ Dialog Box ပေါ်လာပြီး သင့်ကို အသိပေးပါလိပ်မည်။
        (ဃ) သင် အဓိက လိုခြင်တာကို ရှာဖို့  နောက်ထပ်သင့်တော်တဲ့ ရလဒ်ကိုရရှိဖို့ Find Next ကိုကလစ်နှိပ်ပါ။
        (င) ပြီးရင် Text ရှိရာကို ပြန်သွားဖို့  Close ကို ကလစ်နှိပ်ပါ။ 
        Replace
        သင့်ရဲ့ စာရွက်စာတန်းတွေထဲမှာရှိတဲ့ စာလုံးတွေ စာပိုဒ်တွေကို ရှာပြီး နေရာပြန်ချထားပေးဖို့ ဆိုတာကို သင်သိရှိထားရမှာ ဖြစ်ပါတယ်။ 
        (က) Home Tab ထဲက Editing Section ကိုသွားပါ Find/Replace Dialog Box ထဲမှာရှိတဲ့ Replace replace icon Icon ဖြစ်တဲ့  ဒီနေရာကနေဖွင့်ပါ။
        replace tab
        (ခ) Find What: လို့ ရေးထားတဲ့ နေရာမှာသင်ရှာလို တဲ့ စာကိုထဲ့ပေးပါ။
        (ဂ) Replace With: ဆိုတဲ့နေရာမှာ File လို့ ပေးလိုက်ပါ။ 
        သတိထားဖို့ က အကယ်၍ Replace Text Box ထဲမှာ ဘယ်စာလုံးမှ ထဲ့မပေးဘူးဆိုရင် Program ကနေပြီး သင်ရှာတဲ့ Results အားလုံးကို ဖျက်ပြစ်လိုက်မှာ ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့ ။ 
        (ဃ) စတင်ရှာဖွေဖို့ ရန် Find Next Button ကိုကလစ်နှိပ်ပေးပါ။ သင်ရှာတဲ့ စလုံးကို တွေသွားပြီဆိုရင် စလုံးကိုဖေါ်ပြပေးမဲ့ စာရွက်ရှိရာကို ပြန်ရောက်သွားပါလိမ်မည်။ ဒါဆိုရင်အောက်မှ ပြထားပေးတဲ့အဆင့် များကိုလိုက်လုပ်ပေးပါ။
        • နောက်ထပ်သင့်တော်တဲ့ စလုံးကို ရှာအုံးမယ်ဆိုရင် Find Next မှာကလစ်နှိပ်ပေးပါ။
        • Find What Section ထဲမှာထဲ့သွင်းခဲ့တဲ့စာကို သင် Replace လုပ်ရန် Replace With ထဲမှာရှိတဲ့စာကို ပြန်ထဲ့ဖို့  Replace ကို ကလစ်နှိပ်ပေးလိုက်ရုံပါဘဲ။
        • သင်ရှာဖွေခဲ့တဲ့ Results အားလုံးကို တစ်နေရာထဲမှာ Replace လုပ်ဖို့  Replace All ကို ကလစ်နှိပ်ပါ။
        replacement
        • Find and Replace Dialog Box ကိုပြန်သွားဖို့  OK မှာကလစ်နှိပ်ပါ။ ပြီးရင် နောက်ထပ် Close မှာ ကလစ်ထပ်နှိပ်ပါ။
        • သင့် ရှာဖွေခဲ့ တဲ့ စလုံးတွေထဲက အမှားတွေကို Replace လုပ်မိခဲ့ရင် Quick Access Toolbar မှာရှိတဲ့ Undo ကို ကလစ်နှိပ်ပြီး ပြန်ပြင်ပေးပါ။
        Go To
        Go To ကိုသုံးပြီး စာလုံးတစ်လုံး သို့ မဟုတ် စာပိုဒ် တစ်ပိုဒ် ကိုရှာနည်းကိုလဲ သိထားဖို့ လိုပါတယ်။ 
        (က) Home Tab ထဲက Editing Section ထဲမှာ Find ကိုရွေးပါ၊ ပြီးရင် Drop-Down List ကိုသုံးပြီး Find/Replace Dialog Box ကိုဖွင့်ပါ။ အောက်ပုံမှာပြပေးထားပါတယ်။
        go to tab
        (ခ) Go to what: ထဲမှာရှိတဲ့ Page, Section သို့ မဟုပ် Bookmark Option ထဲမှ တစ်ခုကိုရွေးပါ
        (ဂ) ပြီးရင် OK နှိပ်ပါ။
        2} Use Select Option
        Word သို့ မဟုပ် Phrase တစ်ခုကို Select မှတ်ပြီး ရှာတာကိုလည်း သိထားဖို့ လိုပါတယ်။  Home Tab ထဲက Editing Section မှာ Select Drop-Down List ထဲက Select ကိုရွေးပါ။ select icon ဒီ Icon လေးပါ။
        •  Document တစ်ခုလုံးကို Select မှတ်ဖို့  Select All ကိုရွေးပါ  Shortcut ကိုသုံးလိုပါက Ctrl + A ကိုသုံးပါ။
        kingsoftstore.com/user-manual မူရင်း ဆိုဒ် Address
        No comments: