၇၂။ Windows XP မှာရှိတဲ့ Movie Maker ကိုအသုံးပြုနည်း


1:  Windows XP မှာရှိတဲ့  Movie Maker ကိုကလစ်နှပ်ဖွင့်ပါ၊ ပြီးရင် သင် Edit လုပ်ခြင်သော Video ကိုဖွင့်ရင် အောက်ပုံမှာပြထားသော Import video နေရာမှာကလစ်နှိပ်ပြီးဖွင့်ပါ။ ဒီလိုမျိုး Editing မလုပ်ခင် သိထားဖို့လိုတာကတော့ Windows XP မှာရှိတဲ့ Movie Maker ကအလုပ် လုပ်ပေးနိုင်တဲ့ Format အမျိုးအစားကို သိဖို့လိုပါတယ်။ ကျနော်ကတော့ Format ပြောင်းရန်အတွက် Any Video Converter ကိုသုံးပါတယ် မည်သည့် Converter ကိုဘဲသုံးသုံးရပါတယ် Movie Maker ထဲသို့ Video တွေကို Import မလုပ်ခင် သင့်ရဲ့ Video ကို MPEG 1 Format ကိုအရင်ပြောင်းထားပါ ပြီးမှ Movie Maker ထဲကို Import လုပ်ပြီး Editing ကိုစတင်ပါ ထိုသို့ ပြောင်းမထားပါက Movie Maker ထဲ့သို့ Import လုပ်လို့ကိုရမည် မဟုတ်ပါ။


2: သင်ရဲ့ Video ကို Import လုပ်ပြီးသွားပြိဆိုရင် အောင်ကပုံမှာ ပြထားသလို ပေါ်ပါမယ် အဲဒီ Video File ကို မောစ် နဲ့ဖိဆွဲပြီး ပုံမှာမျှားပြပေးထားတဲ့နေရာကို ဆွဲယူသွားပြီး နေရာချပေးပါ။ ( Video ကားတစ်ခုလုံးကို လုပ်တာမျိုးဆိုရင် သင်ပြောင်းလိုက်တဲ့ MPEG1 Format Files တွေအများကြီးဖြစ်သွားမှာဖြစ်လို့ File နံပါတ်တွေကိုသေခြာကြည့်ပြီးနေရာချပေးပါ)


3: Video မှာ effects များထည့်ပေးရန် Window ၏ဘယ်ဘက်မှာရှိတဲ့ Video Effects မှာကလစ်နှိပ်ပေးပါ ပေါ်လာတဲ့ Video Effects များထဲမှာသင် အသုံးပြုလိုသော Effects ကိုမောစ်နှင့်ဖိဆွဲပြီး Video Clip များ၏အလည်သို့ ဆွဲချပေးပါ။


4: သင့် Video Clip များထဲသို့ Video Transitions များထည့်ရန် Window ၏ဘယ်ဘက်မှာရှိတဲ့ View Video Transitions မှာကလစ်နှိပ်ပါ ပေါ်လာသော Transitions များထဲမှ Storyboard ဟုခေါ်သာ သင်၏ Video Clip များ၏အခန်းဆက်ပေးသောနေရာများ သို့ မောစ်နှင်ဖိဆွဲ၍နေရာချပေးပါ သင် Preview ကြည့်လိုပါက ညာဘက် Screen ကနေကြည့်နိုင်ပါတယ်။


5:  သင့် Video ထဲသို့ သချင်းထည့်ရန် Timeline ဟုခေါ်သော Audio/Music မှာကလစ်နှိပ်ပေးခြင်းဖြင့်ထည့်ပေးနိုင်ပါတယ်။


6: သင့်၏ Video Clip ရဲ့ Time ကိုချုပ်လို ချဲ့လိုပါက အောက်မှာပြထားသော ပုံကိုကြည့်၍ မောစ်ဖြစ်ဘေးတိုက်ဆွဲပေးခြင်းဖြင့် Time ကိုချုပ်လို့ ချဲ့လို့ရပါတယ်။


7:  သင် Editing လုပ်လိုသော Video ထဲမှာပါသော သချင်းထဲမှအသံများကိုတိုးလို ဖြောက်လိုပါက Window ရဲ့ညာဘက်မှာရိသော Import Audio or Music ကိုသွားပြိး သင်ပြင်လိုသော သချင်းကိုရွေးပြိး Timeline ထဲသို့မောစ်ဖြစ်ဆွဲယူပါ၊ အောက်ကပုံမှာပြထားသလို ချုပ်ပေးနိုင်ပါသည် Video ထဲမှာမူရင်းပါလာသော အသံကို ဖြောက်လိုပါက Timeline ၏ဘယ်ဘက်ထောင့် မှာ Mic ပုံလေးကိုမြင်ရပါမယ် Mic ပုံ၏ဘယ်ဘက်ဘေးမှာရှိသော Icon လေးကို ကလစ်နှပ်ဖွင့်ပြီး သင်လိုသလိုရွှေ့ပြောင်းခြင်းဖြင့်ပြုပြင်နိုင်ပါသည်။


8: သင်၏ Video ထဲသို့ စားသားများထည့်လိုပါက အောက်ကပုံမှာပြထားသော Make Title Or Credit မှာကလစ်နှိပ်ပြီးလုပ်ဆောင်နိုင်ပါတယ်။ Make Title Or Credit ကနေသင်၏ Video ကိုစာတန်းထိုး ဇတ်ကားလေး အဖြစ်ဖန်တည်းပေးနိုင်ပါတယ် Windows 7 အစစ်ကိုသုံးထားသော သူများ Windows XP က Movie Maker ကိုဒေါင်းလုပ်ရယူနိုင်ပါတယ် အခြားသော Free Video Editor တွေကို သုံးနေမှာနဲ့ စာရင် ဒီ Movie Maker က ပိုကောင်းပါတယ် ဒါနဲ့ ကျနော် စမ်းထားတဲ့ Video File များကိုနမူနာ တင်ပေးပါမယ်။ ဒိမှာစာတန်းထိုးလေး ထဲရင် သင်စိတ်ကြိုက် လုပ်ဆောင်နိုင်စရာ အခြား ခေါင်းစဉ်တွေ Make Title Or Credit အောက်မှာအများကြီးရှိပါတယ် အချိန်ယူလေ့လာပြီးတော့သာသုံးပါ။


9: Timeline ပေါ်မှာ ကလစ်နှိပ်ပါ ပြီးရင် Timeline ကိုပြန်စစ်ပါ ထည့်ထားတဲ့ သချင်းတွေ ခေါင်းစဉ်တွေ စာတန်းထိုးတွေ နှင့် Effect, Transition များကို လိုအပ်သလိုပြုပြင်ပါ ပြီးရင် ညာဘက်မှာ ရှိနေတဲ့ Screen ကနေကြည့်ပါ။

10: သင်စိတ်ကြိုက် ပြုပြင်ဖန်တည်းလို့ပြီးသွားပြီ Save လုပ်တော့မယ်ဆိုရင် ဘယ်ဘက်အထက်ထောင့်က File မှာကလစ်နှိပ်ပြီး ကျလာမဲ့ Box လေးထဲက Save Movie File ကနေပြီး Save to my computer မှသခမ်းပေးပါ။ ယ္ခု ရှင်းပြနေတာတွေက ပြည့်စုံတယ် မဟုပ်ပါဘူး သင်ကိုတိုင် လက်တွေ လုပ်ကြည့်ပြီး တိုးတက်အောင် လုပ်ပါ  လူမင်း ရဲ့ Video ကားဖြစ်တဲ့ "ရက်လည်" ထဲကဇတ်ဝင်ခန်း အချို့ဟာ Windows XP ရဲ့ Movie Maker လောက်နဲ့လုပ်လို့ ရပါတယ်။ သေချာလေ့လာပေးပါ။


Movie Maker Video Editing Tutorial



Windows Movie Maker On Youtube

No comments: