၄၁။ Avira AntiVir Rescue System ISO (.exe) Latest Version နည်းပညာ



ဒီကောင်လေးက မိမိတို့ရဲ့စက်တွေမှာ အသုံးပြုတာ ကြာလာတာနဲ့ အမျှ Error တွေ ၊ ဗိုင်းရပ်စ်တွေကြောင့် စက်ဖွင့်တဲ့အခါတိုင်း ပေါ်တတ်တဲ့စာတန်းတွေ  အပေါ်မှာဖေါ်ပြထားတဲ့ စာတွေလို ပေါ်လာတဲ့ အခါမျိုးတွေမှာ ဒီကောင်လေးကို အသုံးပြုပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်.. အသုံးပြုပြီးတဲ့အခါမှာ မိမိတို့စက်ဟာ အရင်ကထက် ပိုမိုသွက်လက်မြန်ဆန်နေပါလိမ့်မယ်..။ မိမိတို့ရဲ့စက်ကို အမှိုက်တွေရှင်း ၊ ဖိုင်စီပေးပြီး Startup Repair လုပ်ပေးလိုက်ရင်လည်း ဒီလို ဝင်းဒိုးအယ်ရာတွေကို ပြန်ကောင်းစေပါတယ်.. ဒီကောင်လေးကို ဘာအတွက်အဓိက အသုံးပြုလဲဆိုတာ မူရင်းဆိုဒ်မှာ ရေးထားတဲ့အတိုင်း ဖေါ်ပြပေးလိုက်ပါတယ်.. ဒီကောင်လေးက ဒီလ ရက်နေ့ကမှ ထွက်လာတဲ့ နောက်ဆုံးထွက် Update လေးပါ.. Free ပေးသုံးတဲ့ ကောင်လေးပါ.. ပုံမှန် Boot မတက်နိုင်တဲ့ ဝင်းဒိုးတွေအတွက် မရှိမဖြစ်လို့တောင် ပြောလို့ရပါတယ်.. အရမ်းကောင်းတဲ့အတွက် အားလုံးပဲ ဆောင်ထားသင့်ပါတယ်.. ဒီကောင်ရဲ့ အသုံးပြုပုံကို အောက်မှာ ပုံလေးတွေနဲ့ ဖေါ်ပြပေးထားပါတယ်.. လိုအပ်တဲ့သူများ အောက်ကလင့်နေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 155 MB ရှိပါတယ်.. 

Avira AntiVir Rescue System is a Linux-based program that allows you to access computers that can’t boot up or having trouble booting up. If your computer is behaving erratically and not booting up fully, you can use Avira AntiVir to repair your system, rescue data and scan for viruses and malware programs.

အောက်က မိမိတို့ နှစ်သက်တဲ့ ဖိုင်ကို ဒေါင်းယူလိုက်ပါ.. လုပ်နည်းအတူတူပါပဲ.. 

အောက်ကပုံကတော့ .exe ဖိုင်ကို ဒေါင်းယူလိုက်တဲ့အခါမှာ ISO ဖိုင်နဲ့ ပြန်ပြောင်းသိမ်းလို့ ရမယ့်နည်းလေးပါ ဖေါ်ပြပေးလိုက်ပါတယ်..။ အပေါ်က ဖိုင် ခုစလုံး CD နဲ့ခွေကူးလို့ ရပါတယ်.. .exe ဖိုင်ကို ချက်တောက်ဖွင့်လိုက်ရင် အောက်ကပုံမျိုး ပေါ်လာပါလမ့်မယ်..။ အခွေကူးမယ်ဆိုရင်တော့ CD အသစ်ထည့်ပြီး Burn CD ကိုနှိပ်ပါ..။ ISO ဖိုင်နဲ့ပြန်ပြောင်းသိမ်းမယ်ဆိုရင်တော့ Exit ကိုကလစ်လိုက်ပါ.. ကျနော်က ISO ဖိုင်နဲ့ ပြန်ပြောင်းသိမ်းမှာ ဖြစ်တဲ့အတွက် Exit ကိုနှိပ်ပါတယ်..



2 နေရာမှာ ဖိုင်နာမည်ပေးပြီး Save ကို နှိပ်လိုက်ပါ.. အောက်ပုံ
 






အပေါ်ပုံအတိုင်း Desktop မှာ ISO ဖိုင်ရလာပါပြီ.. ISO ဖိုင်ကို ချက်တောက်ပြီး Verify Data Disc စာသားမျိုးမှာ အမှန်ခြစ်ပေးပြီး အခွေကူးထုတ်လို့ ရပါပြီ.. တကယ်လို့ .exe ဖိုင်ကို တခါတည်း အခွေကူးမယ်ဆိုရင်တော့  အောက်ကပုံတွေအတိုင်း CD အသစ်ထည့်ပြီး Burn CD ကိုနှိပ်ပြီး အဆင့်ဆင့်လုပ်ပေးလိုက်ပါ..





အခွေကူးပြီးသွားလို့ ဒီကောင်လေးကို အသုံးပြုတော့မယ်ဆိုရင်တော့ မိမိတို့ရဲ့ DVD Drive ထဲမှာ CD အခွေကိုအရင်ထည့်လိုက်ပါ.. ပြီးရင် စက်ကို Restart ချပေးလိုက်ပါ.. မိမိတို့စက်မှာပေါ်တဲ့ အပေါ်ပုံအတိုင်း Ctrl+Alt+Del ကီးတွေကို နှိပ်ပြီး စက်ကို Restart ချလိုက်ပါ.. စက်ပိတ်သွားတာနဲ့ မိမိတို့စက်မှာ ပေါ်ပေါ်ချင်း စာလေးအတိုင်း F2, F12, Esc, Del, F8 မိအောင်လိုက်နှိပ်ပြီး Boot Menu ထဲကို ဝင်လိုက်ပါ.. Boot နေရာကို သွားပြီး CD/DVD စာသားကို ရွေးပေးပြီး အပေါ်ဆုံးကို ကီးဘုတ်မှ မျှားနဲ့တင် F10 >> Enter နဲ့ ထွက်လိုက်ပါ..

 

F12 နဲ့ ဝင်လို့ ရတဲ့စက်တွေမှာ အောက်ကပုံမျိုး ပေါ်တတ်ပါတယ်.. ပိုလွယ်ပါတယ်.. ပုံမှာ ရေးထားတဲ့ အတိုင်း လုပ်ပေးလိုက်ပါ.. 

အောက်ကပုံအတိုင်း ပေါ်လာရင်တော့ 1 နေရာကို ကလစ်ပြီး အောက်ကပုံတွေအတိုင်း အဆင့်ဆင့် လုပ်ပေလိုက်ပါ.. ဒီပုံတွေအားလုံးကို အင်တာနက်က ရှာထားတာဖြစ်တဲ့အတွက် တချို့နေရာတွေမှာ  ပုံတွေထပ်ရှာလို့ မရတော့လို့ ပုံတွေပြပေးဖို့ ကျန်ခဲ့ပါတယ်.. အဲ့ဒီအဆင့်တွေမှာတော့ မိမိတို့ကိုယ်တိုင် ဖြေးဖြေးချင်း စမ်းသပ်အသုံးပြုပေးပါ..

အားလုံးပြီးသွားရင်တော့ CD ကိုပြန်ထုတ်ပြီး စက်ကို Restart ချပေးလိုက်ရင် မိမိတို့စက်မှာ ပေါ်နေတဲ့ ဝင်းဒိုး Error တွေပြန်ကောင်းသွားတာ လက်တွေ့ မြင်ရပါပြီ.. အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေပါစေဗျာ.. 
 ဒီဆိုဒ်ထဲမှာ အားလုံး Download လုပ်ယူ၍ရပါသည်။ အကြောင်းအမျိုးမျိုးကြောင့် Download လုပ်မရပါက ဒီနေရာမှ Download Link 1 လုပ်ယူပါ။

No comments: