Linux O/S အကြောင်းသီကောင်းစရာ

ဟက်ကာဖြစ်ခြင်သူများ မဖြစ်မနေတပ်မြောက်ရမဲ့ Unix ဖြစ်ပါတယ် ကျနော်ဟာ ဒီ Linux ကိုလွန်ခဲ့တဲ့ လေးနှစ်လောက်ထဲကစစိတ်ဝင်စားခဲ့တာပါ Linux Forum မှာအဖွဲ့ဝင်ထားတာလည်း လွန်ခဲ့တဲ့ လေးနှစ်လောက်ထဲကပါ၊ အောက်မှာရှင်လင်းပြသမဲ့ အကြောင်းရာများကို wikiHow ကဘဲကူးယူဘာသာပြန်ထားတာပါ သို့သော်လည်း Linux.com ကရေးသားချက်များကိုလည်း ဆက်လက်ရေးသားမှာဖြစ်ပါတယ်။ Linux ကိုရေးသားရခြင်းအကြောင်းကတော့ သီလ သမာဓိ ရှိတဲ့ နိုင်ငံတော်ကို ချစ်မြတ်နိုးသော ဟက်ကာ ကောင်းလေးများ ပေါ်ထွန်းရေးကို ရည်ရွယ်ပါတယ်၊ ဒီ post ကို
Travis Derouin, Nathan Wong, Ben Rubenstein, Ranjith Attokaran နှင့် အခြားသော ပညာရှင် 42 ဦးမှ တည်းဖြတ်ပြင်ဆင်ထားသည်။ 
Linux ကိုအသုံးပြုတဲ့ ရာခိုင်နှုံးဟာ ကမ္ဘာမှာ အတော်ကိုနည်းနေပါသေးတယ်  Microsoft Windows ကိုအသုံးပြုသူဟာ ကမ္ဘာ့ ရဲ့ ၈၆.၁ % ရှိပြီး Mac OS X ကိုသုံးသူက ၇.၄၃ % ရှိပြီး Linux သုံးသူဦးရေ က ၁.၇၃ % သာရှိပါတယ်။ Unix-like operating system ဆိုတဲ့ Linux ဟာအခမဲ့ပေးသုံးတယ်လို့ဆိုပါတယ်။ Linux ကိုစသုံးခါစမှာ ကြောက်စရာကောင်းတယ်လို့ထင်ကောင်းထင်ပါမယ် Windows ကိုသုံးရတာနဲ့စာရင် အတော်လေးကိုကွဲပြားခြားနားမှုရှိပါတယ်၊ ဒါပေမဲ့ သုံးရတာ လွယ်ကူပြီး အကျိုးကျေးဇူးများစွာရှိတဲ့ အတွေ့ကြုံကိုရမှာဖြစ်ပါတယ်။


၁။ System နှင့်အကြွမ်းတဝင်ဖြစ်အောင်လုပ်ပါ၊ သင့်ကွန်ပျူတာပေါ်မှာ ဒေါင်းလုပ် ယူပြီး Installing ပြုလုပ်ပေးပါ၊ သင့်အနေနဲ့သိပ်ပြိးလယ်လယ်ဝယ်ဝယ်မဖြစ်သေးရင် သင်သတိထားရမှာက လက်ရှိသုံးနေတဲ့ O/S ကိုဒီအတိုင်းထားပြီး Linux အတွက်ရည်ရွယ်ထားတဲ့ အပိုင်းမှာသီးခြား Installing ပြုလုပ်နိုင်ပါတယ်၊ ဒီအတွက် သင်အနေနဲ့ Windows ရော Linux ကိုပါတစ်ချိန်တည်းမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်။

၂။ Linux ကဖြန့်ဝေထားသော များလှစွာသော CD များထဲမှ  "Live CD" တစ်ချပ်ဖြင့် စမ်းသတ်ပါ။ သင့်ကွန်ပျူတာပေါ်မှာ စက္ကန့်ပိုင်းအတွင်း Installing လုပ်ပေးခြင်းကိုသင့်စိတ်ထဲ စနိုးစနောင်းဖြစ်မယ်ဆိုရင်လည်း ဒါဟာအသုံးဝင်မှာပါဘဲ။ live CD ကသင့်ကွန်ပျူတာကို Boot လုပ်ရန်အတွက် CD ထဲက Linux သဘာဝအခြေနေများကို ခွင့်ပြုပေးမှာဖြစ်ပါတယ် ဒီအတွက် သင့်ရဲ့ကွန်ပျူတာမှာ ဘာမှ Install လုပ်နေစရာမလိုပါဘူး။ Ubuntu Linux OS တွေကို CDs နှင့် DVDs တွေကနေ Boot လုပ်ယူနိုင်ပါတယ် အဲဒီ ခွေတွေထဲကနေဘဲ Install လုပ်ယူ ယုံပါဘဲ။

၃။ သင့်ကွန်ပျူတာအတွက် လုပ်ရမဲ့အလုပ်တွေကိုကြိုးစားလုပ်ဆောင်ပါ၊ ဥပမာ CD ကို Burn ရမဲ့ကိစ္စ မျိုးတွေ စာရေးသားရမဲ့အလုပ်တွကို ဆိုလိုတာဖြစ်ပါတယ်။ သင်လုပ်ဆောင်နိုင်တာရှိသလို မလုပ်နိုင်တာတွေလဲ ရှိမှာပါ ဒါတွေကို မှတ်စုရေးသားထားပါ။

၎။ Linux ကဖြန့်ဝေထားသမျှကိုလေ့လာသင်ယူပါ။ Linux ကိုမသုံးတပ်သူတစ်ယောက်က ဟက်ကာ လို့ပြောလို့ကိုမရပါဘူး Linux ကကိုးကားလမ်းညွှန်တဲ့အခါမှာ မကြာခဏဆိုသလို  "GNU/Linux Distribution" ဖြန့်ဝေမှုဖြစ်တဲ့ Software တွေကိုစုဆောင်းမှု ပြုလုပ်ပေးမှ Linux kernel လို့ခေါ်တဲ့ Program အသေးစားလေးတွေကို မိမိစက်မှာလည်ပတ်နိုင်မှာဖြစ်ပါတယ်။ 

၅။ Dual-Booting လို့ခေါ် OS နှစ်ခုကိုစက်တစ်လုံးမှာတစ်ပြိုင်ထဲ သုံးနည်းကို ထည့်သွင်းစဉ်းစားပါ၊ ဒီအတွက် Partitioning ခွဲပြီးသုံးနည်းကိုနားလည်ထားပြီးသားဖြစ်ဖို့လိုပါတယ်။ ဒီအတွက်သင့်ကို Windows ကိုဆက်လက်အသုံးပြုနေလို့ရနေအုန်းမှာဖြစ်ပါတယ်။ ဒါပေမဲ့ သင်တွက်အရေးကြိးတာကတော့ ဒီ Dual-Booting ကိုအသုံးမပြုခင် သင့်ရဲ့လိုအပ်မယ်ထင်တဲ့ Data တွေကို Back Up လုပ်ထားဖို့တော့ မမေ့ပါနဲ့။

၆။ Software တွေကို Install လုပ်ပါ။ Software တွေကိုသင်နိုင်သလောက် တစ်ပြိုင်နက်ထဲမှာ Install သို့မဟုတ် Uninstall လုပ်နိုင်ပါတယ်။ Data အချက်လက်တွေနဲ့ သိမ်းစည်းမှုကို နားလည်ပြီးသိုလှောင်ထားနိုင်တာဟာ အခြေခံအားဖြင့် Linux ကိုနားလည်စေခြင်းလည်းဖြစ်ပါတယ်။
 
၇။ Commend-line တွေရဲ့ဝက်ရောက်နှောင့်ယှက်မှုများကို မသုံးပြုတပ်အောင် သင်ယူပါပြီးရင် နှစ်သက်စွာအသုံးချတပ်ပါစေ။ ဒါကို 'terminal', 'terminal window', သို့မဟုတ် 'shell' အဖြစ်လူသိများတယ်။ အခြေခံကျတဲ့ အကြောင်းရာတစ်ခုက အသုံးပြုသူတော်တော်များများ Linux ကိုပြောင်းလည်းအသုံးပြုလာကြတယ် ဘာ့ကြောင့်လဲ့ဆိုရင် ကွန်ပျူတာရဲ့ အစိတ်ပိုင်းတွေကို  အသားပေးထားလို့ဖြစ်ပါတယ်၊ ဒါဟာစွမ်းရည်ပြည့်ဝတဲ့ မိတ်ဆက်မှုတစ်ခုဖြစ်ပြီး Windows များရဲ့လမ်းညွှန်ချက်အထောက်အပန့်များကို တူညီတဲ့ကန်သန့်ချက်တွေမဟုတ်ပါဘူး။ Linux ကိုသုံးရတာဟာ Mac OSX ကိုသုံးရတာလောက်ခက်ခဲမှုမရှိပါဘူး သေချာတဲ့လုပ်ဆောင်မှုများအတွက် ညွှန်ကြားချက်တွေကိုရှာဖို့ "apropos" က ကူညီထောက်ပန့်ပေးမှာဖြစ်ပါတယ်။ "user" ခေါင်းစဉ်အောက်မှာရှိတဲ့ "apropos user" ကိုရအောင်ရှာပြီး အသုံးပြုတပ်အောင် ကြိုးစားပါ။

၈။ Linux File စနစ်နှင့်ရင်းနှီးကျွမ်းဝင်အောင်လုပ်ပါ။ သင် Windows မှာသုံးခဲသလိုမျိုး "C:" မရှိတော့တာကို သင်ပထမဆုံးသတိပြုမိပါလိပ်မည်။ Linux မှာ "C:" အစား (aka "/") ကိုတွေ့ရမှာဖြစ်ပြီး လမ်းညွှန်တွေအားလုံး "/" အောက်မှာရှိပါတယ်

၉။ သင် Install လုပ်လိုက်တဲ့ Linux စွမ်းအင်ကိုထပ်မံတလဲလဲဆက်လက်လေ့လာပေးပါ။ Partitions ခွဲတာကိုနားလည်အောင်ကြိုးစားပါ၊ ဆန်းသစ်ပြီးမြန်ဆန်တဲ့ File စနစ်လည်းဖြစ်ပါတယ်၊ တူညီတဲ့ Disks ရဲ့ ပိုနေတဲ့အပိုင်းတွေကနေ နှစ်ဘက်လုံးရဲ့ Speed ကိုမြှင့်ပေးစေပါတယ်။ ဒီအပြင် USP stick ထဲမှာလဲ Linux ကိုသိမ်းထားပေးရန်လိုပါတယ်။ နောက်ပိုင်မှား သင်လုပ်နိုင်လာတာ တော်တော်များများကိုတွေ့ရမှာဖြစ်ပါတယ်။


Linux တွင် မူကွဲ OS များစွာရှိပါသည် သင်နှစ်သက်သည်များကိုရွှေးခြည် အသုံးပြုနိုင်ပါသည် ကျနော်အနေ နဲ့ပြောရရင် Ubuntu ကိုရွှေးစေလိုပါသည်။ 

UbuntuCentOSDebianFedoraSlackware
MintXubuntuArchOpenSUSERed Hat
SlackelPureOSMageiaPCLinuxOSPuppy
ZorinCrunchBangKubuntuManjaroBodhi

No comments: