ဒီဖြေရှင်းနည်းလေးကို Windows 7 ကုမ္ပဏီက ဒီရှစ်လပိုင်းအကုန်က
တင်ပေးထားပါတယ်.. 2007 ခုနှစ်တုန်းက ရှိခဲ့တဲ့ ဖြေရှင်းနည်းက Windows
Vista အတွက်ထုတ်ပေးခဲ့တာပါ.. Windows Vista အတွက် ဆိုပေမယ့် တချို့
အဲ့ဒီနည်းနဲ့ Windows 7 မှာလည်း အသုံးပြုလို့ ရခဲ့ကြပါတယ်.. အခုလည်း
ဒီနည်းကို Windows 7 မှာရော၊ Vista မှာပါ ဒီလို Error အတွက် အသုံးပြုလို့
ရပါတယ်.. ဒီအောက်မှာတော့Windows 7 ကုမ္ပဏီမှာ ရေးပြထားတဲ့ စာသားတွေထဲက
အနည်းငယ်ဖေါ်ပြပေးလိုက်ပါတယ်.. ဒီဖြေရှင်းနည်းကို Windows 7ကုမ္ပဏီက
အတိုကောက် BCD ဖြေရှင်းနည်းလို့ ခေါ်ပါတယ်..။ ဒီ Error
ဖြေရှင်းနည်းပိုစ့်ကို PDF ဖိုင်နဲ့ ထုတ်ပေးထားပါတယ်.. လိုအပ်တဲ့သူများ
ပိုစ့်ရဲ့ အောက်ဆုံးမှာ ဒေါင်းယူနိုင်ပါတယ်..
Bootrec.exe options
The Bootrec.exe tool supports the following options. Use the option that is appropriate for your situation.
Note Use the Bootrec.exe tool to troubleshoot "Bootmgr Is Missing" issue. If rebuilding the BCD does not resolve the startup issue, you can export and delete the BCD, and then run this option again. By doing this, you make sure that the BCD is completely rebuilt.
To do this, type the following commands at the Windows RE command prompt:
bcdedit /export C:\BCD_Backup
c:
cd boot
attrib bcd -s -h -r
ren c:\boot\bcd bcd.old
bootrec /RebuildBcd
ဒီ Error ကို ဖြေရှင်းဖို့ မိမိတို့ဆီမှာ Windows Installation Disc
ဝင်းဒိုးတင်လို့ရတဲ့ Windows 7 DVD ခွေရှိဖို့လိုပါတယ်.. တချို့
ဝဘ်ဆိုဒ်တွေမှာ Windows System Repair Disc နဲ့လည်း လုပ်ပြထားကြပါတယ်..
တကယ်လို့ ဝင်းဒိုးတင်တဲ့ အခွေမရှိရင်တော့.. System Repair Disc ကို
မိမိတို့ ဝင်းဒိုးထဲက ထုတ်ယူသိမ်းထားခဲ့တဲ့ သူများဆိုရင်တော့
ပိုအဆင်ပြေပါတယ်.. System Repair Disc လည်းမရှိသေးဘူးဆိုရင်တော့..
ကျနော်နောက်ပိုစ့်တွေမှာ တင်ပေးသွားပါမယ်.. လိုအပ်တဲ့သူများ Cbox နဲ့
Comment နေရာတွေမှာ ရေးပေးထားခဲ့ပါ.. တောင်းတဲ့လူရှိမှ System Repair Disc
32-bit နဲ့ 64-bit တွေကိုတင်ပေးပါမယ်.. System Repair Disc
ကိုဒေါင်းယူလို့ရတဲ့သူများကတော့ 200 MB မပြည့်တဲ့ အတွက် CD အသစ်တချပ်နဲ့
အခွေကူးလိုက်ပါ.. Boot တက်ဖို့လိုပါတယ်.. Verify Disc Data စာသားနေရာမှာ
အမှန်ခြစ်ပေးပြီးမှ အခွေကူးပါ..
Windows 7 (or) System Repair Disc ခွေရှိပြီးသားသူများကတော့ မိမိတို့ရဲ့ DVD Drive ထဲမှာ အခွေကိုအရင်ထည့်လိုက်ပါ.. ပြီးရင် စက်ကို Restart ချပေးလိုက်ပါ.. မိမိတို့စက်မှာပေါ်တဲ့ အပေါ်ပုံအတိုင်း Ctrl+Alt+Del ကီးတွေကို နှိပ်ပြီး စက်ကို Restart ချလိုက်ပါ.. စက်ပိတ်သွားတာနဲ့ မိမိတို့စက်မှာ ပေါ်ပေါ်ချင်း စာလေးအတိုင်း F2, F12, Esc, Del, F8 မိအောင်လိုက်နှိပ်ပြီး Boot Menu ထဲကို ဝင်လိုက်ပါ.. Boot နေရာကို သွားပြီး CD/DVD စာသားကို ရွေးပေးပြီး အပေါ်ဆုံးကို ကီးဘုတ်မှ မျှားနဲ့တင် F10 >> Enter နဲ့ ထွက်လိုက်ပါ..
F12 နဲ့ ဝင်လို့ ရတဲ့စက်တွေမှာ အောက်ကပုံမျိုး ပေါ်တတ်ပါတယ်.. ပိုလွယ်ပါတယ်.. ပုံမှာ ရေးထားတဲ့ အတိုင်း လုပ်ပေးလိုက်ပါ..
အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်.. DVD ထဲကို ဝင်သွားတာ ဖြစ်ပါတယ်..
အပေါ်ပုံအတိုင်း Repair ကိုနှိပ်ပါ.. အောက်ကပုံအတိုင်းပေါ်လာရင် Startup Repair ကိုအရင် လုပ်ပေးလိုက်ပါ..
Startup Repair ပြီးသွားရင် Command Prompt ကို နှိပ်ပြီးဝင်သွားလိုက်ပါ..
ဒီအောက်က စာကြောင်းတွေကို ပေါ်လာတဲ့ cmd.exe ဘောက်စ်ထဲမှာ တကြောင်းချင်းစီ ရိုက်ထည့် Enter ခေါက်.. နောက်ကြောင်းထပ်ရိုက် Enter ခေါက်.. စာကြောင်းအားလုံး မှန်အောင် ရိုက်ပေးရမှာပါ.. စာဆက်ရေးတဲ့ နေရာမှာ ဆက်ပြီး.. စာလုံးခြားတဲ့နေရာမှာ မှန်အောင် စာလုံးချဲထားပေးရပါမယ်.. မှားလို့ မရပါ.. ဒီနေရာက စာကြောင်းတွေကို သေချာ ရိုက်ထည့်ပေးလိုက်ပါ.. အောက်မှာ ပုံလေးတွေနဲ့ တကြောင်းစီး ခွဲပြပေးထားပါတယ်..
bcdedit /export C:\BCD_Backup
C:
cd boot
attrib bcd -s -h -r
ren C:\boot\bcd bcd.old
bootrec /RebuildBcd
C:
cd boot
attrib bcd -s -h -r
ren C:\boot\bcd bcd.old
bootrec /RebuildBcd
ဒီပုံတွေအားလုံးကို အင်တာနက်ကနေ ရှာယူထားတာဖြစ်တဲ့ အတွက် တချို့ပုံတွေက
နည်းနည်း ဝါးနေပါလိမ့်မယ်.. ဖြည်းဖြည်းချင်း သေချာကြည့်ရင် ကြည့်လို့၊
လုပ်လို့ အဆင်ပြေပါတယ်..
အောက်ကပုံ ( bcdedit /export C:\BCD_Backup ) စာကြောင်းရိုက်ထည့် Enter ခေါက်ပါ..
ဒုတိယတကြောင်း ( C: ) Enter ခေါက်ပါ.. တတိယတကြောင်း ( CD boot ) Enter ခေါက်ပါ..
လေးကြောင်းမြောက် ( attrib bcd -s -h -r ) Enter ခေါက်ပါ..
ငါးကြောင်းမြောက် ( ren c:\boot\bcd bcd.old ) Enter ခေါက်ပါ..
ခြောက်ကြောင်းမြောက် ( bootrec /RebuildBcd ) Enter ခေါက်ပါ..
အပေါ်မှာ တကြောင်းစီ ခွဲပြထားတဲ့ ပုံတွေကို အားလုံးပြီးသွားရင် အောက်ကပုံအတိုင်း မြင်ရပါလိမ့်မယ်.. မိမိတို့ ရိုက်ထည့်ရမယ့် စာသားနေရာတွေကို မျဉ်းနီပြပေးထားပါတယ်.. အားလုံးပဲ ကြည့်ရအဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်.. အောက်ကပုံရဲ့ နောက်ဆုံးမှာ Yes / No မေးထားတာ ဖြစ်တဲ့ အတွက် ကျနော်တို့က ကီးဘုတ်မှ Y ကီးကို တချက်နှိပ်ပေးလိုက်ရင် ရပါပြီ.. Y ရဲ့ အောက်က Successfully စာသားပေါ်လာရင်တော့ အောက်တကြောင်းမှာ Exit လို့ရိုက်ထည့်ပြီး Enter ခေါက်ထွက်လိုက်ပါ.. အဲ့လိုမှ မထွက်သေးရင် အပေါ်ကြတ်ခြေခတ်နဲ့ ပိတ်ပစ်လိုက်ပြီး စက်ကို Restart ချပေးလိုက်ပါ.. စက်ရဲ့ DVD Drive ထဲမှာရှိတဲ့ ဝင်းဒိုးခွေကို အရင်ထုတ်လိုက်ပါ.. စက်ပြန်တက်လာရင်တော့ Bootmgr is missing Error ကောင်းသွားပါပြီ.. ဒါက ပထမနည်းပါ..
ဒုတိယနည်းလမ်း..
အောက်ကတော့ နောက်တနည်းပါ.. အပေါ်နည်းနဲ့ အဆင်မပြေခဲ့ရင် အောက်ကနည်းနဲ့ ဆက်လုပ်ပေးလိုက်ပါ.. အပေါ်ပုံတွေအတိုင်း ဝင်းဒိုးခွေထည့်ပါ.. စက်ကို Restart ချပြီး Repair Your Computer ကနေ Commant Prompt ကိုကလစ်ပြီးဝင်လိုက်ရင် အောက်ကပုံမျိုးဘောက်စ်ထဲမှာ Bootrec.exe /RebuildBcd စာသားကို ရိုက်ထည့်ပြီး Enter ခေါက်ပါ..
အောက်ကတော့ နောက်တနည်းပါ.. အပေါ်နည်းနဲ့ အဆင်မပြေခဲ့ရင် အောက်ကနည်းနဲ့ ဆက်လုပ်ပေးလိုက်ပါ.. အပေါ်ပုံတွေအတိုင်း ဝင်းဒိုးခွေထည့်ပါ.. စက်ကို Restart ချပြီး Repair Your Computer ကနေ Commant Prompt ကိုကလစ်ပြီးဝင်လိုက်ရင် အောက်ကပုံမျိုးဘောက်စ်ထဲမှာ Bootrec.exe /RebuildBcd စာသားကို ရိုက်ထည့်ပြီး Enter ခေါက်ပါ..
အောက်ကပုံအတိုင်း Y ကီးကို နှိပ်ပေးလိုက်ပါ..
အပေါ်ပုံတွေက အတိုင်းလုပ်ပေးလိုက်ရင် ဒီအယ်ရာတွေ ကောင်းသွားပါလိမ့်မယ်..
အောက်ဆုံးမှာ ဟိုးအရင်တုန်းက Windows Vista အတွက်လုပ်နည်းလေးပါ
ရေးပေးလိုက်ပါတယ်.. တချို့လူတွေ Windows 7 မှာလည်း အသုံပြုကြပါတယ်..
တတိယနည်းလမ်း........
A) Type C: and press <Enter>.
B) At the C:\ prompt, type cd boot and press <Enter>.
C) At the C:\Boot prompt, type the following commands and press Enter after each command.
B) At the C:\ prompt, type cd boot and press <Enter>.
C) At the C:\Boot prompt, type the following commands and press Enter after each command.
Code:
bootrec /FixMbr bootrec /FixBoot bootrec /RebuildBcd
That's it,
နမူနာလုပ်တတ်အောင် Video Tutorial လေးပါ ရှာပေးလိုက်ပါတယ်.. အားလုံးပဲ
လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ.. စိတ်ညစ်စရာ အပေါင်းမှ ကင်းဝေးကြပါစေ..
PDF နဲ့လိုချင်ရင် ဒီမှာ..
Download (22.5 MB)Fix Bootmgr missing
လွင်မင်းဗိုလ် ရဲ့မူရင်း ဆိုဒ် Link ကိုဒီကနေသွားပါ လွင်မင်းဗိုလ် ဆိုဒ်မှကူးယူမျှဝေသည်။
BOOTMGR is missing Error - လက်တွေ့ဖြေရှင်းနည်း
ဒီဖြေရှင်းနည်းကို အရင်တုန်းကလည်း ပိုစ့်တခုတင်ပေးခဲ့ဖူးပါတယ်..။
အဲ့ဒီတုန်းက ပိုစ့်မှာ Microsoft ကုမ္ပဏီက ထုတ်ပေးခဲ့တဲ့ နည်းနဲ့
လုပ်ပြပေးခဲ့တာဖြစ်ပြီး.. အခုဒီပိုစ့်မှာတော့ Microsoft ရဲ့ နည်းအပြင်
ကျနော်တခြားနည်းတခုနဲ့ ထပ်ပေါင်းလိုက်လို့ အဆင်ပြေပြေ ဖြေရှင်းလို့
ရသွားတဲ့ နည်းလမ်းလေးမို့
လက်တွေ့ဖြေရှင်းနည်းလို့ ခေါင်းစဉ်တပ်လိုက်တာပါ..။ ဟိုးအရင်တုန်းက
ဒီလိုနည်းလမ်းလေးတွေကို မသိခဲ့၊ မလုပ်တတ်ခဲ့စဉ်တုန်းက ဒီလိုဖြစ်လာရင်
ဝင်းဒိုးအသစ်ပြန်တင်ပစ်လိုက်ပါတယ်.. ကျနော်ကိုယ်တိုင် ဒီလိုလုပ်ခဲ့တာပါ..
အခုဒီနည်းကို ရခဲ့တော့ ကျန်ခဲ့တဲ့ ၂ပါတ်လောက်က သူငယ်ချင်း တစ်ယောက်ရဲ့
စက်မှာ ဒီလို BOOTMGR is missing အယ်ရာပေါ်တဲ့အခါမှာ ဒီနည်းနဲ့
လက်တွေ့ဖြေရှင်းပေးလိုက်တာ အောင်မြင်ခဲ့ပါတယ်.. ဒါကြောင့် ဒီလို
အယ်ရာမျိုးဖြစ်ပေါ်ခဲ့ရင် ဝင်းဒိုးထဲက မိမိတို့ရဲ့ Data တွေ မဆုံးရှုံးစေပဲ
ဒီနည်းလေးနဲ့ ဖြေရှင်းလို့ ရအောင် ဒီနေ့ဒီပိုစ့်ကို အားလုံးအတွက်
အဆင်ပြေစေမယ့် နည်းလမ်းကောင်းလေး တခုအဖြစ် ဖေါ်ပြပေးလိုက်ပါတယ်..။
နောက်တခုက ဒီလို BOOTMGR is missing အယ်ရာဖြေရှင်းဖို့
မိမိတို့စက်ကောင်းနေတဲ့ အချိန်မှာ မိမိတို့ကိုယ်တိုင် ဖန်တီးထားခဲ့တဲ့System Repair Disc CD တချပ်လိုအပ်ပါတယ်..။ ဒီပိုစ့်ကို တင်ပေးရတဲ့
ရည်ရွယ်ချက်ထဲမှာ System Repair Disc ဖန်တီးထား၊ လုပ်ထားကြဖို့ သိစေချင်တဲ့
ရည်ရွယ်ချက်လည်း ပါပါတယ်..။ System Repair Disc ပြုလုပ်ဖန်တီးနည်းကို
အရင်တင်ပေးခဲ့တဲ့ ဝင်းဒိုး Recovery ပိုစ့်တွေမှာ ပုံလေးတွေနဲ့
ရှင်းပြပေးခဲ့ပြီးသားပါ.. လိုအပ်တဲ့သူများကတော့
အဲ့ဒီပိုစ့်တွေကို ပြန်ကြည့်ပြီး ကိုယ်တိုင် System Repair
Disc တွေဖန်တီးထားကြပါ..။ အရင်တုန်းက တင်ပေးခဲ့တဲ့ BOOTMGR is missing Error ပိုစ့်ကို
ဒီပိုစ့်ကနေလည်း ပြန်ကြည့်လို့ ရပါတယ်..။ ဒီဖြေရှင်းနည်းလေးကို
လိုအပ်တဲ့သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။
BOOTMGR is missing အယ်ရာပေါ်ခဲ့ရင် အောက်ကပုံမျိုး မြင်တွေ့ရပါလိမ့်မယ်..။
ဘာမှနှိပ်လို့ မရတော့ပါဘူး.. ကွန်ပျူတာထဲလည်း ဝင်လို့မရ၊ Safe Mode
ထဲလည်းဝင်လို့မရ၊ F8 ကီးလည်း အလုပ်မလုပ်တော့ပါဘူး..
အဲ့လိုအခါမျိုးမှာ System Repair Disc CD နဲ့ Safe Mode နေရာက
Repair နေရာကို ဝင်လို့ရမှာ ဖြစ်ပါတယ်.. ဒါကြောင့် အောက်ကပုံလိုမျိုး
အယ်ရာပေါ်ခဲ့ရင် မိမိတို့စက်ရဲ့ DVD Drive ထဲကို System Repair Disc
အခွေအရင်ထည့်လိုက်ပါ.. ပြီးရင် ပုံမှာပြထားတဲ့ အတိုင်း ကီးဘုတ်မှ
Ctrl+Alt+Del ကီးတွေကို တွဲနှိပ်ပြီး စက်ကို Restart ချပေးလိုက်ပါ..
မိမိတို့စက်မှာပေါ်တဲ့ အပေါ်ပုံအတိုင်း Ctrl+Alt+Del ကီးတွေကို နှိပ်ပြီး
စက်ကို Restart ချလိုက်ပါ.. စက်ပိတ်သွားတာနဲ့ မိမိတို့စက်မှာ ပေါ်ပေါ်ချင်း
စာလေးအတိုင်း F2, F12, Esc, Del, မိအောင်လိုက်နှိပ်ပြီး Boot Menu ထဲကို
ဝင်လိုက်ပါ.. Boot နေရာကို သွားပြီး CD/DVD စာသားကို ရွေးပေးပြီး
အပေါ်ဆုံးကို ကီးဘုတ်မှ မျှားနဲ့တင် F10 >> Enter နဲ့ ထွက်လိုက်ပါ..
F12 နဲ့ ဝင်လို့ ရတဲ့စက်တွေမှာ အောက်ကပုံမျိုး ပေါ်တတ်ပါတယ်.. ပိုလွယ်ပါတယ်.. ပုံမှာ ရေးထားတဲ့ အတိုင်း လုပ်ပေးလိုက်ပါ..
စက်ပြန်တက်လာလို့ အောက်ကပုံမှ စာသားပေါ်လာရင် ကီးဘုတ်မှ ကီးတခုခုကို အမြန်မိအောင် လိုက်နှိပ်ပေးလိုက်ပါ..
အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်.. DVD Drive ထဲက System Repair Disc အခွေထဲကို ဝင်သွားတာ ဖြစ်ပါတယ်..
အပေါ်ပုံအတိုင်း နှိပ်ပေးပြီး အောက်ကပုံအတိုင်း ပေါ်လာရင် Command Prompt ကို နှိပ်ပြီးဝင်သွားလိုက်ပါ..
ဒီအောက်က စာကြောင်းတွေကို ပေါ်လာတဲ့ Comment Prompt (cmd.exe) ဘောက်စ်ထဲမှာ
တကြောင်းချင်းစီ ရိုက်ထည့် Enter ခေါက်.. နောက်ကြောင်းထပ်ရိုက် Enter
ခေါက်.. စာကြောင်းအားလုံး မှန်အောင် ရိုက်ပေးရမှာပါ.. စာဆက်ရေးတဲ့ နေရာမှာ
ဆက်ပြီး.. စာလုံးခြားတဲ့နေရာမှာ မှန်အောင် စာလုံးချဲထားပေးရပါမယ်..
မှားလို့ မရပါ.. ဒီနေရာက စာကြောင်းတွေကို သေချာ ရိုက်ထည့်ပေးလိုက်ပါ..
အောက်မှာ ပုံလေးတွေနဲ့ တကြောင်းစီး ခွဲပြပေးထားပါတယ်..
bcdedit /export C:\BCD_Backup
c:
cd boot
attrib bcd -s -h -r
ren c:\boot\bcd bcd.old
bootrec /RebuildBcd
အပေါ်ကလုပ်နည်းနဲ့ ပုံတွေက အရင်တုန်းကတင်ပေးခဲ့တဲ့ ပိုစ့်အတိုင်း
ကျနော်လုပ်ခဲ့တာ တွေကို ဒီနေရာမှာ ပြန်လည်ဖေါ်ပြပေးထားတာပါ..
ဒီလိုအယ်ရာဖြစ်လာရင် ဒီအပေါ်ကလိုမျိုး အရင်လုပ်ပေးပါ..
ဒီလိုလုပ်ပေးလိုက်တဲ့အတွက် BCD Backup ဖိုင်တွေ ဝင်းဒိုး C:
ထဲကို ပြန်လည်ရောက်ရှိနေပါလိမ့်မယ်.. BCD Backup ဖိုင်တွေ ပြန်ရောက်သွားတဲ့
အတွက် အောက်တပိုင်းမှာ ဆက်ပြပေးထားတဲ့ လုပ်နည်းကို လုပ်တဲ့အခါမှာတော့
အလွယ်တကူ လုပ်လို့ရသွားပါလိမ့်မယ်.. အပေါ်ကလိုမျိုး Comment Prompt ထဲမှာ
စာတွေရိုက်ထည့်ပြီးသွားရင်တော့ မိမိတို့ရဲ့စက်ကို Restart ချပေးလိုက်ပါ..
ဝင်းဒိုးပြန်တက်လာကို ကြည့်ကြည့်ပါ..။ ကျနော့်လုပ်ပေးတဲ့ စက်မှာတော့
ဝင်းဒိုးမတက်သေးပါ.. ဒါကြောင့်စက်ကို Restart ပြန်ချပါတယ်.. စက်ထဲမှာတော့
System Repair Dics အခွေကို ထည့်ပေးထားပါ.. ပြီးရင်အပေါ်ကနည်းအတိုင်း Boot
ကနေ အခွေထဲကို ရောက်အောင်ပြန်ဝင်ပါ.. DVD Drive ထဲကို ပြန်ဝင်လို့
ရပြီဆိုရင်တော့ အပေါ်မှာ ပြပေးထားပြီးသားဖြစ်တဲ့ ပုံတွေထဲက
အောက်ကပုံမျိုးကို ပြန်မြင်ရပါလိမ့်မယ်.. Next ကိုနှိပ်ပြီး နောက်တပုံ
ထပ်ပေါ်လာတဲ့အခါမှာတော့ Next ကိုထပ်မနှိပ်ပါနဲ့..
Load Drivers ကိုနှိပ်ပါ.. ဒီအဆင့်မှာ Next ကိုထပ်မနှိပ်မိဖို့ သတိပြုပါ..
တကယ်လို့ Next ကိုထပ်နှိပ်လိုက်ရင်တော့ အပေါ်ပိုင်းပုံတွေမှာ ပြထားတဲ့
Comment Prompt ထဲဝင်တဲ့ နေရာကို ရောက်သွားပါလိမ့်မယ်..
ဒီလိုဖြစ်ခဲ့ရင် နောက်ပြန်ဆုတ်ဖို့ စက်ကို Restart ချပြီး
ဒီနေရာကို ပြန်လာဖို့ပဲ ရှိပါတယ်..။ ဒါကြောင့် ဒီအဆင့်ရောက်ရင် Load Drivers ကိုနှိပ်ပြီး ဝင်သွားလိုက်ပါ..
Load Drivers ကိုနှိပ်ပါ.. ဒီအဆင့်မှာ Next ကိုထပ်မနှိပ်မိဖို့ သတိပြုပါ..
တကယ်လို့ Next ကိုထပ်နှိပ်လိုက်ရင်တော့ အပေါ်ပိုင်းပုံတွေမှာ ပြထားတဲ့
Comment Prompt ထဲဝင်တဲ့ နေရာကို ရောက်သွားပါလိမ့်မယ်..
ဒီလိုဖြစ်ခဲ့ရင် နောက်ပြန်ဆုတ်ဖို့ စက်ကို Restart ချပြီး
ဒီနေရာကို ပြန်လာဖို့ပဲ ရှိပါတယ်..။ ဒါကြောင့် ဒီအဆင့်ရောက်ရင် Load
Drivers ကိုနှိပ်ပြီး ဝင်သွားလိုက်ပါ..
Load Drivers ကနေ ဝင်လိုက်ရင် အောက်ကပုံမျိုး မြင်ရပါလိမ့်မယ်..
အဲ့ဒီလို ပေါ်လာရင် Computer ကိုကလစ်ပြီး မျှားပြထားတဲ့ နေရာ DVD Drive
ရှိတဲ့ နေရာကို နှိပ်ပြီး ဝင်သွားလိုက်ပါ..
အောက်ကပုံမျိုး ပေါ်လာရင် Bootmgr ဆိုတဲ့ ဖိုင်လေးကို Right Click ထောက်ပြီး Copy ယူလိုက်ပါ.. ဒါဟာ System Repair Disc ထဲက Bootmgr ဆိုတဲ့ ဖိုင်ကို Copy ယူလိုက်တာ ဆိုတာကိုတော့ ရှင်းပြဖို့ မလိုလောက်တော့ဘူး
ထင်ပါတယ်.. အောက်မှာ ဆက်ကြည့်ပါဗျာ..
(C:) ထဲကို ရောက်လို့ အောက်ကပုံအတိုင်း ပေါ်လာရင် နေရာလွတ်တခုမှာ Right
Click >> Paste နဲ့ ဟိုဘက်က copy ယူလာတဲ့ Bootmgr ဖိုင်လေးကို
ထည့်ပေးလိုက်ပါ.. အဲ့ဒီဖိုင်လေး ရောက်သွားရင်တော့ Open တို့၊ OK တို့
မနှိပ်ပါနဲ့.. အောက်မှာပြထားတဲ့အတိုင်း
Cancel နှိပ်ပြီးထွက်လိုက်ပါ..။ နောက်ထပ်ပေါ်လာတဲ့ ဘောက်စ်တွေမှာလည်း Cancel
တို့ No တို့ပဲ နှိပ်ပြီး စက်ကို Restart ချဖို့မေးလာရင် Yes နှိပ်ပြီး.. Restart ချပေးလိုက်ပါ.. စက်ပြန်တက်လာရင်တော့ မိမိတို့ကွန်ပျူတာဟာ BOOTMGR
is missing အယ်ရာက ပြန်ကောင်းသွားပါပြီ..။ ပုံမှန်ဝင်းဒိုးကို ပြန်ရသွားတာ
လက်တွေ့မြင်ရပါပြီ..
ဒီလို အယ်ရာမျိုး ဖြစ်ခဲ့ရင် ဖြေရှင်းလို့လွယ်အောင် လက်တွေ့ အောင်မြင်ခဲ့တဲ့ နည်းလမ်းကို ပြန်လည်မျှဝေလိုက်ပါသည်..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..
လွင်မင်းဗိုလ်ရဲ့ မူရင်း Link ကိုဒီကနေသွားပါ
No comments:
Post a Comment