

ဒီပုံက Windows XP ထဲမှာ Class View ကိုပြောင်းဖို့ ပြပေးထားတာပါ ကျနော်စက်ဟာ Windows တစ်ခါတင်ရင် တစ်မျိုးဖြစ်နေတော့ ခုလိုပုံတော့မဟုပ်ပါဘူး ဒီတော့ မိတ်ဆွေတို့ သိထားရမှာက Windows တွေ Version မတူကြပေမဲ့ အခြေခံသဘောတွေက အတူတူ ဆိုတာကို အမြဲ ပုံသေယူထားလို့ ရပါတယ်။ Windows XP ရဲ့ Control Panel ဝင်ပြီးပြီးချင်း အထက်ကပုံမှာ ပြထားသလို Switch To Classic View ကိုနှမ်ပြီးကြည့်ရင်အောက်ကပုံလို Speaker Icon ပါတဲ့ View ကိုတိုက်ရိုက်တွေ့ ရမှာဖြစ်ပါတယ်။

အထက်ကပုံထဲက Sounds And Audio Device ပုံလေးကို ကလစ်နှစ်ချက်ဆင့် နှိပ်ပြီးဝင်လိုက်ရင်အောက်မှာမြင်ရတဲ့ ပုံလေး ပေါ်လာပါမယ်။ ဒီ Dialog Box ထဲက Volume Tab ထဲမှာရှိနေရပါတယ်။

အထက်ကပုံထဲမှာ Mute နဲ့  Place Volume Icon In The Taskbar ကိုတွေ့ မှာပါ ပုံထဲမှာတော့ နှစ်ခုလုံးကို အမှန်ချစ်ပေးထားပါတယ် ဒါပေမဲ့ သင့်ကွန်ပျူ တာထဲက Mute မှာ အမှန်ချစ်ရှိနေခဲ့ရင်တော့ ပြန်ဖြုတ်ပြစ်ပါ ဘာ့ကြောင့်လဲ ဆိုတော့ Speaker အသံကို ပိတ်ထားလို့ သင်ဘာသံမှကြားရမှာ မဟုပ်ပါဘူး။ Place Volume Icon In The Taskbar သာအမှန်ချစ်ပေးထားပြီး Apply ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် သင့်ရဲ့ Speaker Icon ဟာ Task Bar ပေါ်မှာ ပြန်ပေါ်လာမှာဖြစ်ပါတယ်။

အထက်က Volume Tab မှာ Mute ကိုအမှန်ချစ်ပေးထားလို့  ခုလို Task Bar မှာပေါ်နေတဲ့ Speaker Icon မှာ အနီရောင်အဝိုင်းလေးပြထားတာကိုတွေ့ ရတာဖြစ်ပါတယ် ဒီလိုဖြစ်နေရင် အထက်မှာပြောထားသလို Mute ကိုပေးထားတဲ့ အမှန်ချစ်ပြန်ဖြုတ်လိုက်ပါ။ ခုရှင်းပြခဲ့တာက Windows XP အတွက်ဖြစ်ပြီး အောက်မှာ Windows 7 အတွက်ဆက်ရှင်းပြပါမည် သို့ သော် သင် Windows XP ကိုလဲ Windows 7 နည်းအတိုင်းသုံးကြည့်မယ်ဆိုသုံးလို့ ရပါတယ် ဘာ့ကြောင့်လဲဆိုတော့ အခြေခံတွေအတူတူ ဖြစ်တယ်ဆိုတာ အထက်မှာပြောပြထားပြီးသားပါ။
Windows 7 နှင့် Windows 8 မှာ Speaker Icon ဖေါ်နည်း
Windows 7 နှင့် Windows 8 မှာ Speaker Icon ဖေါ်ဖို့ အတွက် Control Panel ထဲဝင်စရာမလိုတာကိုပြပေးထားပါတယ် ဒီလိုတန်းဝင်တဲ့ နည်းကို Windows XP သမားများလည်းလုပ်ကြည့်လို့ ရပါတယ် စမ်းကြည့်ကြပါ။ Windows 7 နှင့် Windows 8 မှာတော့ Task Bar ကနေတိုက်ရိုက်လုပ်ပြထားပါတယ် အောက်ပုံကိုကြည့်ပါ

Windows 7 နှင့် Windows 8 မှာတော့ Task Bar ထဲမှာ Speaker Icon ကိုတိုက်ရိုက်ထဲ့မထားပါဘူး သီးသန့် သိမ်းထားပေးပါတယ် အထက်ကပုံထဲကလို သိမ်းထားပေးတာ ပိုပြီးကြည့်ကောင်းပါတယ် ဒါပေမဲ့ သင့်အနေနဲ့  ရှိမရှိဆိုတာကိုသော စစ်ဆေးထားသင့်ပါတယ် ပြီးတော့ Task Bar ပေါ်မှာအမြဲပေါ်နေချင်ရင် Speaker Icon ကို Mouse နဲ့ ဖိဆွဲပြီး Task Bar အပေါ်ချပေးထားလို့ ရတယ်လို့ ပြောထားပါတယ်။ အကယ်၍ ဒီ Pop Up Box ထဲမှာပါ Speaker ရှိမနေရင်တော့ ပြန်ဖေါ်ပေးရမှာဖြစ်ပါတယ်။ Windows 7 နှင့် Windows 8 မှာ Control Panel ကသွားရင် မြင်ရမဲ့ ပုံ က အောက်ကပုံလိုဖြစ်ပါတယ်။

ကွန်ပျူ တာ Developer ဖြစ်လို သူများကတော့ မိမိမှာ ကွန်ပျူ တာ အနဲဆုံး သုံးလုံးလောက်ရှိထားလေ ပိုကောင်းလေပါ ကျနော်ကတော့ အမြဲတန်း ဝယ်ထားပေမဲ့ စားစရာမရှိရင် ပြန်ရောင်းလိုက် ငွေလေးရလာရင် ပြန်ဝယ်လိုက်နဲ့ သံသရာလည်နေတော့တာပါဘဲ။ တကယ်တော့ Windows 7 နှင့် Windows 8 မှာ Speaker Icon ပြန်ဖေါ်ဖို့ ရာ Task Bar ကနေဘဲအလုပ် လုပ်ရမှာဖြစ်ပါတယ် Windows XP သမားများလဲအတူတူပါဘဲ။ ဘယ် Windows ဘဲဖြစ်ဖြစ် Task Bat ပေါ်မှာ Right-Click နှိပ်ပြီး အောက်ပုံမှာပြထားသလို Properties ကိုခေါ်လို့ ရပါတယ်

Properties ကိုခေါ်ပြီးလို့  ကျလာတဲ့ Dialog Box တွေဟာ Windows Version တွေမတူလို့ ကျ လာတဲ့ Dialog Box ပုံစံတွေမတူကြပေမဲ့ Dialog Box အားလုံးမှာ Customize Tab တော့ပါကြတာဖြစ်လို့  အခြေခံအားဖြစ်တူတယ်လို့  ကျနော်အထက်မှာပြောခဲ့တာဖြစ်ပါတယ်။

ဒီတော့ Windows XP ရယ် Windows 7 ရယ်မဟုပ်ပါဘူး အားလုံးကို ဖြတ်ထိုးဥာဏ်လေးသုံးပြီး လုပ်ကြမယ်ဆိုအားလုံး အဆင်ပြေပါတယ်။ Customize ကိုနှိပ်လိုက်လို့ ကျ လာတဲ့ Dialog Box တွေမတူပေမဲ့ Speaker Icon ကို Show နဲ့  Hide ပြောင်းပေးကြရမှာဖြစ်ပါတယ် ဒီတော့ သင်လိုတဲ့ Command ကိုပေးဖို့ သာလိုရာကိုရွေးကြရမှာပါ Windows 7 နှင့် Windows 8 မှာတော့အောက်ကပုံလိုမြင်ကြရမှာဖြစ်ပါတယ်။

ဒီတော့ Show icon and notification လို့ ရေးထားတဲ့ Tab ဘေးက Drop-Down Arrow လေးကိုနှိပ်ပြီး မိမိ လိုရာကိုရွေးပေးလိုက်ကြပါ။ ပြီးရင် ဒီ Screen ပုံလေးရဲ့ ဘယ်ဘက်အောက်ထောင့်မှာ Turn On နဲ့  Off ကိုရှာပါ အောက်မှာပုံနဲ့ ပြပေးထားပါတယ်။

သင့်ရဲ့ Volume Icon ကို On ဖြစ်အောင်လုပ်ထားပေးဖို့ လိုတာကို သတိထားပါ။

အားလုံးရွင်လမ်းခြမ်းမြေ့ကြပါစေ
မြန်မာတို့ အတွက် ဗဟုသုတ
24/12/2014
No comments:
Post a Comment