၃၃။ Computer တွေကို Internet ကနေ လှမ်းပြီး ကြည့်ပေး၊ ပြင်ပေးနည်း




ဒီကောင်လေးကို ကျနော်စမ်းနေတာ ၂ရက်၊၃ရက်လောက် ရှိသွားပြီ..။ အရင်ကသုံးမကြည့်ဖူးတော့ အခုမှ စမ်းသပ်နေရတာ..။ အတော်လေးအဆင်ပြေပါတယ်..။ သူ့အတွက် ဖူးသုံးလို့ ရအောင် လိုက်ရှာရင်း၊ စမ်းသုံးရင်းနဲ့ ကြာနေတာ..။ အခုတော့ ဒီကောင်လေးကို ကျနော်သိသလောက်၊ သုံးကြည့်မိသလောက် ပြန်လည်မျှဝေလိုက်ပါတယ်..။ အောက်မှာ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီိကောင်လေးအတွက် Crack ဖိုင်လေး ၃ခု ထည့်ပေးထားပါတယ်..။ Crack သုံးခုစလုံးကို တပြိုင်ထဲ သူ့ရဲ့ ဖိုဒါလေးထဲမှာ သွားပြီး ထည့်ပေးလိုက်ရင် Full သုံးလို့ ရသွားပါပြီ..။ crack ထည့်နည်းကို Adobe CS6 အားလုံးကို Activator တခုတည်းနဲ့ Full ဖြစ်အောင်လုပ်နည်း ပိုစ့်မှာပြည့်ပြည့်စုံစုံ လုပ်ပြထားပါတယ်..။ မလုပ်တတ်သေးတဲ့သူများ အဲဒီပိုစ့်ကို ပြန်ကြည့်လိုက်ပါဗျာ..။ ဒီထဲမှာပါတဲ့ Crack ဖိုင်ကို ထည့်ရမှာ အဲဒီနည်းနဲ့ အတူတူပါပဲ..။ ဒီပိုစ့်မှာ Crack မရခင် Trial နဲ့ စမ်းသုံးထားတဲ့ ပုံလေးတွေနဲ့ Crack ထည့်ပြီး ဖူးနဲ့ အသုံးပြုထားတဲ့ ပုံလေးတွေကိုပါ ဖေါ်ပြပေးထားပါတယ်..။ အသုံးပြုရတာ မခက်ပါဘူး.. Connection ကျနေတဲ့ အချိန်ဆိုရင်တော့ နဲနဲနှေးတယ်.. ဖြည်းဖြည်းချင်း တဖက်ကစက်ကို တချက်ချင်း နှိပ်ရမှာပါ..။ Connection ကောင်းနေရင်တော့ မြန်ပါတယ်..။ ဒီကောင်လေးကို လိုအပ်တဲ့သူများ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 8.3 MB ရှိပါတယ်..။ 
မှတ်ချက်။ ။ဒီကောင်လေးကို အသုံးပြုပြီး ကျနော့်ကို Internet ကနေကွန်ပျူတာ ပြင်ခိုင်းဖို့ မတောင်းဆိုကြပါနဲ့ဗျာ..။ အဲ့ဒါတွေ လိုက်လုပ်ပေးနေရင် Blog မှာ စာရေးနိုင်မှာ မဟုတ်တော့ပါဘူး..။ ဒါကြောင့် ဒီလို မတောင်းဆိုကြဖို့ ကြိုတင်အသိပေး တောင်းပန်အပ်ပါတယ်.. အားလုံးကို ခင်မင်လေးစားလျှက်ပါဗျာ..


အပေါ်ဆုံးကပုံကတော့ Install ဆွဲတဲ့နေရာမှာ ရွေးပေးရမယ့် နေရာလေးပါ.. ဒါကျနော် လုပ်သွားတဲ့ ပုံလေးကို ပြပေးထားတာပါ..။



နောက်တဆင့်အနေနဲ့ ပုံတပုံကျန်ခဲ့ပါတယ်.. အဲဒီပုံမှာ No နေရာကို ရွေးပေးပြီး Next(Install) ကိုနှိပ်ပေး လိုက်ပါ..။ ဒါဆိုရင် ဒီကောင်လေးကို Install ဆွဲထည့်ပါလိမ့်မယ်..။ ပြီးသွားရင်တော့ အောက်ကပုံလေး အတိုင်း မြင်ရရင်.. ပြထားတဲ့အတိုင်း Exit နဲ့ ပြန်ထွက်လိုက်ပါ..။ ဘာလို့လဲဆိုတော့ Crack ၃ခုကို ထည့်ပေးရမှာမို့လို့ပါ..။ အပေါ်ဆုံးမှာ ညွန်းထားတဲ့ Adobe CS6 ပိုစ့်ကအတိုင်း Crack နဲ့ဖူးဖြစ်အောင် လုပ်ပြီးသွားမှ ဒီကောင်လေးကို အသုံးပြုဖို့ ပြန်ဖွင့်ပါ..


အောက်ကပုံကတော့ Crack တွေထည့်ပြီးသွားလို့ Full ဖြစ်သွားတဲ့ ပုံလေးကိုယှဉ်ပြီး ပြပေးထားတာပါ..



ဒီအောက်ကပုံလေးတွေမှာ ကျနော် Crack တွေရှာမရခင် Trial နဲ့ အရင်စမ်းသုံးထားတဲ့ ပုံလေးတွေပါ.. ဒီပုံတွေရဲ့ ဟိုးအောက်ဆုံးမှာ Full ဖြစ်သွားပြီးမှ သူငယ်ချင်းတစ်ယောက်ရဲ့ စက်ကို Photoshop လုပ်နည်းနဲနဲပြပေးရင်းနဲ့ ဒီကောင်လေးကို လုပ်ပြထားပါတယ်..။ ဒီအောက်ကပုံမှာ Trail နဲ့သုံးတဲ့ အချိန်မှာ နိုင်ငံမတူလို့ ထင်ပါရဲ့ (ကျနော်နေတဲ့နိုင်ငံကနေ တခြားနိုင်ငံတခုကို လှမ်းလုပ်ပြထားတာပါ..။) ကျနော့်ဆီက ID နဲ့ Password ပါ ဟိုဘက်ကလူကို ပေးရပါတယ်..။ ဟိုဘက်ကလူကလည်း သူ့ရဲ့ ID နဲ့ Password ကျနော့်ကို အရင်ပေးထားရပါတယ်..။ ဘာလို့လဲဆိုတော့ ကျနော်က သူ့စက်ကို လှမ်းပြီးလုပ်ပေးရမှာ ဆိုတော့.. သူဆီက ID နဲ့ Password ကို အရင်သိမှ အင်တာနက်ကနေ လှမ်းချိတ်လို့ ရမှာပါ..။ တကယ်လို့ သူက ကျနော့်စက်ကို လုပ်ပေးမှာဆိုရင် ကျနော့်ရဲ့ ID နဲ့ Password ကို သူ့ကိုအရင်ပေးရမှာပါ.. ကျနော်ရှင်းပြတာ (ဒီသဘောကို) နားလည်မယ်လို့ ထင်ပါတယ်..။ 
အသုံးပြုမယ့်လူ၂ယောက်က ၂ဖက်စလုံးမှာ ဒီဆော့ဖ်ဝဲလ်ကို ဖွင့်ထားပါ..။ ဖွင့်လိုက်တာနဲ့ ID နဲ့ Password ကအလိုလိုပေါ်နေမှာပါ..။ အဲ့ဒီပေါ်နေတဲ့ ID နဲ့ Password ကို ဖုန်းနဲ့ဖြစ်စေ၊ Gtalk နဲ့ဖြစ်စေ၊ Gmail နဲ့ ဖြစ်စေ မိမိတို့ အဆင်ပြေရာနဲ့ တဖက်နဲ့တဖက် ပို့ပေးကြပါ..။ အခုဒီအောက်ကပုံမှာ ကျနော်က Gmail မှ Voice and Video Call အရင် Chat နေပြီးမှ အဲ့ဒီကနေ ဟိုဘက်ကလူရဲ့ ဒီဆော့ဖ်ဝဲလ်ကို ဖွင့်ခိုင်းထားပြီး အဲဒီမှာပေါ်နေတဲ့ ID နဲ့ Password ကို Chat နေတဲ့နေရာမှာ စာရိုက်ပြီး ပို့ခိုင်းလိုက်ပါတယ်..။ ကျနော်က သူ့စက်ကိုလုပ်ပေးမှာဆိုတော့ ကျနော်က အရင်သူ့ရဲ့ ID, Password ကို တောင်းပြီး အောက်ကပုံအတိုင်း Copy, Ppaste နဲ့ ထည့်လိုက်ပါတယ်..။ ဒီနေရာမှာ နားလည်အောင် ရှင်းပြထားလို့ စာနည်းနည်းရှည်ပါတယ်..။ ကျော်မဖတ်ပဲနဲ့ နားလည်အောင် သေချာဖတ်ပေးကြပါ..။ အောက်ကမျှားပြထားတဲ့အတိုင်း တဆင့်ချင်းစီ လုပ်ပေးလိုက်ပါတယ်.. အစိမ်းနဲ့ဝိုင်းပြထားတာ ကျနော့်စက်မှာ ပေါ်နေတဲ့ ID, Password ပါ..။ အနီရောင်နဲ့ ညွှန်းထားတာတွေကတော့ ဟိုဘက်ကစက်မှာ ပေါ်နေတဲ့ ID, Password တွေပါ..။ Gmail Chat တဲ့နေရာက ဟိုဘက်ကပို့လာတဲ့ ID,Password တွေကို Partner ID နေရာမှာ ထည့်ပါတယ်.. Remote Control နေရာမှာ တချက်ကလစ်ပါတယ်.. ပြီးရင် Connect to Partner စာသားကို နှိပ်လိုက်ပါ..။ နောက်တပုံမှာ ဆက်ကြည့်ပေးပါ..။




အောက်ကပုံအတိုင်း ထပ်ပေါ်လာရင် ဟိုဘက်က စက်ရဲ့ Password ကို ထည့်ပေးလိုက်ပါတယ်..။ ပြီးရင် Log On ကို နှိပ်လိုက်တာနဲ့ ဒီကောင်လေးက အင်တာနက်ကနေ ဟိုဘက်ကစက်ကို သွားပြီး Connect လုပ်ပါလိမ့်မယ်..။ Connect မိတာနဲ့ ဟိုဘက်က ကွန်ပျူတာရဲ့ Desktop ဟာ ဒီဘက်က မိမိတို့ ကွန်ပျူတာ Screen ပေါ်မှာ ပေါ်လာပါလိမ့်မယ်..။ အောက်ကပုံလေးတွေမှာ ပြပေးထားပါတယ်..။



အောက်ကပုံအတိုင်း ဟိုဘက်က စက်ရဲ့ Screen ပုံကို မြင်နေရပါတယ်..။ ဒါဆို Connect မိသွားပြီဖြစ်လို့ ဟိုဘက်ကစက်ကို ဒီဘက်ကနေ လှမ်းပြီး နှိပ်လို့ ရပါပြီ..။ ဒီပုံတွေက ဖူးမဖြစ်ခင် Trial နဲ့ သုံးတာရယ်၊ နိုင်ငံမတူတာရယ်တို့ကြောင့် ထင်ပါတယ်.. ဟိုဘက်ကလူရဲ့စက်မှာလည်း ကျနော့်စက်ရဲ့ ID, Password တွေကို တောင်းပါတယ်..။ ဟိုဘက်ကလူက အဲဒါတွေကို မှန်အောင်ထည့်လိုက်မှ Connect မိတာပါ..။ ဒီနေ့မနက် ထပ်ပြီးစမ်းသုံးကြည့်တဲ့ ဒီနိုင်ငံတွင်းက စက်အချင်းချင်းမှာကြတော့ (ဖူးဖြစ်သွားလို့လားတော့မသိ) ကျနော့်ဆီက ID, Password တွေထည့်ပေးဖို့ မလိုဘူး.. ဟိုဘက်က စက်ရဲ့ ID, Password ထည့်လိုက်တာနဲ့ တခါတည်း တန်းပြီး Connect ဖြစ်သွားပါတယ်..။ ဒီတခုတော့ မိမိတို့ ဖါသာ စမ်းသပ်ကြပါကုန်.. Trial နဲ့ အထပ်ထပ်မြင်နေရပေမယ့်၊ Full နဲ့ကျတော့ ရှင်းရှင်းလင်းလင်း ဖြစ်နေပြန်ရော.. အခုမှစမ်းသုံးကြည့်တာမို့လို့ ဘယ်ဟာအမှန်ဖြစ်မလဲ သေချာမသိသေးပါ..။





ဒီပုံတွေအားလုံးက ကျနော့်စက်ကနေ ဟိုဘက်ကစက်မှာ လိုက်လုပ်ထားတာတွေကို ဓါတ်ပုံရိုက်ပြထားတာတွေပါ..။




ဒါကတော့ Trial နဲ့ သုံးကြည့်တဲ့နေ့က ဟိုဘက်ကစက်မှာ Mozilla ပေါ်မှာ မြန်မာစာ ရိုက်လို့ မရလို့ Option ကနေ လိုက်ပြောင်းပေးလိုက်တာ.. ပြီးတော့ အောက်ကပုံအတိုင်း Google မှာ ကျနော့်စက်ကနေ လှမ်းပြီး မြန်မာစာရိုက်ကြည့်လိုက်တော့ အဆင်ပြေသွားလို့ မှတ်တမ်းတင်ထားတာလေးပါ..




အပေါ်ကပုံလေးတွေက Trail နဲ့ တခြားနိုင်ငံက ကွန်ပျူတာကို လုပ်ပြထားတာ ဖြစ်ပြီး.. အောက်ကပုံလေးတွေကတော့ ဒီနိုင်ငံအတွင်းမှာပဲ Crack ထည့်ပြီး Full ဖြစ်သွားတဲ့ အချိန်မှာ စမ်းသုံးထားတဲ့ ပုံလေးတွေပါ..။ အောက်ကပုံမှာ သူငယ်ချင်းရဲ့စက်ကို Photoshop ဖွင့်ပြီး ဓါတ်ပုံထည့်ဖို့ ဘောင်လေး တခု လုပ်ပြပေးခဲ့ပါတယ်..။ နောက်တခုက ဒီကောင်လေးနဲ့ပဲ.. ကျနော့်စက်ထဲက ဆော့ဝဲလ်တခု Win.rar ချုပ်ထားတဲ့ ဖိုင်တခုကို သူ့စက်ထဲ အရောက်လှမ်းပို့ပေးခဲ့ပါတယ်..။ ဘယ်လိုလုပ်လဲဆိုတာ အောက်ကပုံလေးတွေမှာ ဆက်ကြည့်ပါ..






အပေါ်ပုံမှာ ဘောင်တခုလုပ်ပြီးသွားပါပြီ.. အလယ်မှာ ဓါတ်ပုံထည့်ပေးလိုက်ရုံပါပဲ..။ အောက်ကပုံမှာတော့ မျှားပြထားတဲ့နေရာကို တချက်ကလစ်လိုက်ရင် စာတန်းလေး၂ခု ကျလာပါလိမ့်မယ်.. အဲ့ဒီထဲက File Transfer ကို ထပ်ကလစ်လိုက်ရင် နောက်ထပ် ဘောက်စ်တခု ထပ်ပေါ်လာပါလိမ့်မယ်..။ အဲဒီပေါ်လာတဲ့ ဘောက်စ်ကတော့ ဒီဘက်က စက်အတွက်နဲ့ ဟိုဘက်ကစက်အတွက် တခြမ်းစီ ပေါ်နေပါလိမ့်မယ်..။ အောက်ပုံမှာ ပြထားပါတယ်.. 

 


ကဲ ကျနော့်စက်နေ ဟိုဘက်စက်ကို File Transfer လုပ်ပါပြီး..။ အောက်ကပုံအတိုင်း အဆင့်ဆင့် နှိပ်သွားပါတယ်..။ ကျနော်က ဟိုဘက်ကစက်ကို လှမ်းချိတ်တာဖြစ်တဲ့ အတွက် ဟိုဘက်ကလူက ဘာမှ လုပ်ဖို့ မလိုပါဘူး..။ ထိုင်ကြည့်နေယုံပါပဲ..။ ဒီဘက်ကနေ အားလုံးလှမ်းလုပ်သွားတာပါ..။ ဒီဘက်က ပို့လိုက်တဲ့ ဖိုင်ကို သိမ်းဖို့ ဟိုဘက်စက်မှာ ဖိုဒါတခု အရင်ဖွင့်ရပါတယ်..။ ကျနော်က OK OK OK ဆိုပြီး အလွယ်နာမည်ပေးပြီး ဖွင့်လိုက်ပါတယ်..။ ကျနော်ပို့မယ့်ဖိုင်ကို အဲ့ဒီဖိုဒါထဲ ထည့်ပေးရမှာပါ.. မိမိပို့ချင်တဲ့ ဖိုင်ကို အရင်တချက်ကလစ်ပါ.. ဖိုဒါတခု ဖွင့်ပြီးရင် Send ကိုနှိပ်ပေးလိုက်ပါ..။





အပေါ်ပုံမှာတော့ ဖိုင်ကို ပို့ပေးနေတာ ဖြစ်ပြီး.. ပို့ပြီးသွားရင် အောက်ကပုံအတိုင်း မြင်ရပါလိမ့်မယ်.. ဟိုဘက်က လူက ပို့လိုက်တဲ့ဖိုင်ကို သွားဖွင့်ကြည့်လိုက်ရင် မိမိတို့ပို့လိုက်တဲ့ ဖိုင်လေးသူ့စက်ထဲ ရောက်နေတာကို တွေမြင်ရမှာဖြစ်ပါတယ်..။


မိမိတို့ လုပ်စရာရှိတာ ပြီးသွားလို့ ပိတ်တော့မယ်ဆိုရင်တော့ အပေါ်ပုံ Close ကိုနှိပ်လိုက်ပါ..။ ဒီကောင်လေးကို Connection ဖြတ်ပြီး တခါတည်း ပိတ်တော့မယ်ဆိုရင်တော့ အောက်ကပုံမှာ ပြထားတဲ့ အတိုင်း ကြတ်ခြေခတ်ကို နှိပ်လိုက်ရင် ဒီကောင်လေးကို အပြီးပိတ်ပြီးသား ဖြစ်သွားပါလိမ့်မယ်..။




ဒါကတော့ ဒီကောင်လေးကို ကျနော်သုံးကြည့်မိသလောက် ပြန်လည်မျှဝေပေးလိုက်တာပါ..။ ကျနော်မသိသေးတဲ့ အပိုင်းတွေလည်း ကျန်ပါသေးတယ်..။ အဲ့ဒါတွေကိုတော့ မိမိတို့ကိုယ်တိုင် ရှာဖွေစမ်းသပ်ရင်း အဆင်ပြေ အောင်မြင်ကြပါစေဗျာ..


လွင်မင်းဗိုလု ရဲ့ မူရင်း Link ကိုထည့်ပေးထားပါသည်။
http://lwinminbo.blogspot.com/2012/09/teamviewer-enterprise-7014563-computer.html






No comments: