၂၀။ FaceBook Account ဖွင့်နည်း

၁။ အကယ်၍ သင့်မှာ Facebook အကောင့် ရှိပြီးသား ကိုနောက်ထပ်အကောင့်ဖွင့်လိုတာ ဖြစ်ပါက အရင် အဟောင်းကို ပြန်ဖျက်ပေးမပါမယ်၊ ဆိုလိုတာက အီးမေး တစ်ခုနဲ့အကောင့် သစ်ဖွင့်မရဘူးဆိုတဲ့သဘောပါ။

၂။ ပုံမှာပြထားတဲ့အတိုင်း
 

     First Name: မှာ သင့်ပထမအမည်ကိုထဲ့ပါ
     Surname ဆိုတာမျိုးပါလာ ရင် Last Name နဲ့အတူတူဘဲ ဖြစ်ပါတယ် သင်ရဲ့ နောက်နာမည်တစ်လုံးကို ထပ်ဖြည့်ပေးပါ။
    Your Email: မှာသင့် အီးမေးကိုဖြည့်ပါ
    Re-enter Email: မှာဒုတိယအကြိမ် အီးမေးကိုထပ်ဖြည့်ပေးပါ
    New Password: မှာသင်ထဲ့ခြင်တာကိုထဲ့ပါ (အရေးကြီး လျှိုဝှက် နံပါတ်ဖြစ်ပါသည် မေ့မသွားပါစေနဲ့)
    I am: နေရာမှာ သင်က ကောင်လေး ဆိုရင် Male ကိုရွေးပါ။ သင်က ကောင်မလေး ဆိုရင်တော့ Female ကိုရွေးပါ။
    Birthday: မှာ သင့်ရဲ့ မွေးနေ၊ မွေးလ၊ မွေးတဲ့ခုနှစ်ကိုဖြည့်ပါ။
ပြီးတာနဲ့အောက်မှာ အနီနဲ့ ဝိုင်းပြထားတဲ့ Sign Up ကို နှိပ်ပါ နောက်စာမျက်နှာကိုပြောင်းသွားပြီး ပန်းစလုံးဖြည့်ပေးရပါတယ်၊ Facebook မှာ Design အပြောင်းလဲ ရှိတာမို့ ဖုန်းနံပါတ်ပေးရတဲ့အခါရှိသလို မပေးရတဲ့အခါလဲ
ရှိပါတယ်။ ပန်းစာလုံးပုံစံဖြည့်ပြီးလို့ မှန်ရင်လဲဖုန်းနံပါ မပေးရဘူးထင်တယ်၊ ကျနော်အကောင့် နှစ်ခု ကို တစ်ရက်ဘဲ ခြားပြီး ဖွင့်တာ တစ်ရက်နဲ့ တစ်ရက်မတူတာကိုတွေ့ရပါတယ်။ ဖုန်းနံပါတ်မတောင်းဘူးဆိုရင် အဆင့် ၃ ဆင့်
လုပ်ဆောင်ရပြီး ဖုန်းနံပါတ်တောင်းရင်တော့ လေးဆင့် လုပ်ဆောင်ရမှာပါ။ ခုအဆင့် သုံးဆင့်ဖြည့်တဲ့ နည်းကို အရင်ပြပေးပါမယ်။ ပန်းပုံလို ကျိုတို့ကျဲတဲ စာလုံဖြည့်ပြိးသွားလို့ အဆင့် ၃ ဆင့်လာမယ်ဆိုရင် အောက်ကပုံ
ကိုကြည့်ပါ။
 
    အဆင့် ၁။ က Find Your Friend ကိုပေးထားပါတယ်။ အနီရောင်နဲ့ ဝိုင်းပြထားပါတယ် ဒါပေမဲ့ ဘာမှမဖြည့်ဘဲ အောင်ဆုံးမှာ Skip This Step ကို အနီရောင်တားပြထားပါတယ်။
    အဲဒီနေရာမှာ ကလစ်နှိပ်ပြီး ဒီအဆင့်ကို ကျော်လိုပ်ပါ။ ဒုတိယ အဆင့်ကိုသွားပါမယ်။

၃။ ဒီအဆင့်က သင့်ကျောင်းပညာရေး အကြောင်းကိုဖြည့်ခိုင်းတာပါ၊ 
 
ဒီနေရာမှာလဲအောက်ကမြင်ရတဲ့ပုံကိုကြည့်ပြီး အောက်နားမှာ မှင်နီတဲ့တားပြထားတဲ့ Skip ကိုနှိပ်ပြီးကျော်လိုက်ပါ သူညာဘက်က Save & Continue ကိုမနှိပ်ပါနဲ့။

၎။ ဒီအဆင့်ကတော့ သင့်ရဲ့ ပုံကိုတင်ချင်ရင် တင်လို့ရအောင်ပေးထားတာပါ။ အကယ်၍သင်က တင်လိုပါက Upload a photo မှာကလစ်နှပ်ပေးပါ Box လေးတစ်ခုပေါ်လာမယ် အဲဒီ Box ထဲက Browser မှာနှိပ်ပြီး သင့်ရဲ့
ကွန်ပျူတာထဲက သင်သိမ်းထားတဲ့ ပုံးကိုရွေးပေးပြိး Open ကို နှိပ်ပြီး တင်ပေးပါ။ Facebook ကအလုပ်လုပ်နေတာ လေးကိုစောင့်ပါ။ 
 
သင်ပုံမတင်လိုဘူးဆိုရင်တော့ အောက်နားမှာ မှင်အနီတားထားတဲ့ Skip ကိုဘဲနှိပ်ပြီးကျော်ပါ၊ သူဘေးက Save & Continue ကိုမနှိပ်ပါနဲ့။ ဒီအဆင့်းပြီးသွားပြီဆိုတာနဲ့ အောက်မှာမြင်ရတဲ့စာရွက်မျိုးပေါ်လာရင် သင် Facebook အကောင့်တစ်ခု ရသွားပါပြ။
 
အထောက်ကူပြုစေချင်းအလို့ငှာ အောက်ပါ Video လေးကိုထဲ့ပေးထားပါတယ်။

Facebook မှာ အဆင့်း သုံး ဆင့် နဲ့ဘဲဝင်ရဝင်ရ  ဖုန်းနံပါတ်တောင်းလို့ အဆင့်လေးဆင့် နဲ့ဘဲ ဝင်ရဝင်ရ ဓါတ်ပုံတင်တဲ့ အဆင့်ထိ ကို Skip နဲ့ကျော်သာ ကျော်သွားပါ။ ပုံတင်သည်ဖြစ်စေ မတင်သည်ဖြစ်စေ အဆင့် သုံး သိုမဟုတ် လေး ဟာအတူတူပါဘဲ။
ဖုန်းနံပါတ်တောင်းတယ်ဆိုရင် ဖုံးနံပါတ်ပေးလိုက်ပါ ဖုံးထဲကို Message ဝင်လာပါမယ် အဲဒီအထဲ့မှာပါတဲ့ Code နံပါတ်ကိုဖြည့်ပေးပါ ပြီးသွားတဲ့နဲ့ ကိုဟာ Facebook အကောင့်ကိုပိုင်သွားပြီး အထက်မှာပြထားတဲ့ ပုံမျိုးမြင်ရပြီဖြစ်ပါတယ်။
Facebook အသုံးပြုသူများ လုံးဝ လိုက်နာရမဲ့စည်းကမ်းချက် ခုကို http://www.wikihow.com/Make-a-New-Facebook-Account ဒီဝက်ဆိုဒ်မှာတွေ့ထားပါတယ်။ အကောင့်ကိုပြန်ဖျက်နည်းလည်းပေးထားပါတယ်။ ဒီအချက်ချက်ကိုဖေါ်ပြမေးပါမယ်။
၁။ Don't upload any pictures that you'll regret later. Anyone can save them and share them with people you dislike or do not know.
။ မည်သည့် ဓါတ်ပုံကိုမှ Upload တင်မပေးပါနဲ့ နောင်ကြ နောင်တရနေမယ်၊ သင်ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ သင့်တင်သည့်ပုံကို လက်ဆင့်ကမ်းမျှဝေကြလိပ်မယ်။
၂။ Don't give your mobile number and personal details
 ။ သင့်၏ ပုဂ္ဂိုလ်ရေး အကြောင်းရာ အသေးစိတ် နှင့် သင်၏ ဖုန်းနံပါကို မပေးပါနဲ့။
၃။ Don't add anyone you don't know. It could be some freak behind the computer.
 ။ သင်မသိသောလူများ ကို မအက် (Add) ပါနဲ့ သင့်ကွန်ပျူတာရဲ့ နောက်ကွယ်မှာ မျက်လုံးပြူးရမဲ့ အကြောင်းရာများ ဖြစ်စေနိုင်ပါတယ်။ (အထူးအရေးကြီးသောအချက်ဖြစ်ပါသည်။)
၎။ Be careful when providing personal details, even when you're giving them to your friends.
 ။ မိမိ ပဂ္ဂိုလ်ရေး အချက်အလက်များ ပေးတဲ့အခါမှာ သင်၏ မိတ်ဆွေဖြစ်နေပါစေ သတိရှိပါ။
၅။ Don't meet up with anyone you have met on Facebook.It may be very unsafe for you!
 ။ Facebook မှာတွေ့ရတဲ့ မည်သည့်မိတ်ဆွေနဲ့မှ တွေ့ဆုံခြင်းမပြုပါနဲ့ သင့်အတွက် အန္တရယ်ဖြစ်နိုင်ပါတယ်။
http://www.wikihow.com/Make-a-New-Facebook-Account မူရင်းဝက်ဆိုဒ်လိပ်စာပါ။ သင်တို့လဲကြားဖူးမှာပေါ့ Facebook ကအကောင့်တွေ မကြာမကြာ အဟက်ခံရတာမျိုးတွေကို။ ဒါဟာ အထူးသဖြစ် မိမိမသိတဲ့လူကို
Add မိတာကြောင့်အဖြစ်များပါတယ်။ Facebook ကိုကျနော်ဟာ အလွန်မုန်းသူဖြစ်ပါတယ် သို့သော်လည်း မသိသူများကို နားလည်တဲ့နေရာကရှင်းပြပေး အသိအမြင်ဖွင့်ပေးချင်တာ ကြောင့် ဒီ Post တွေကိုရေးနေရတာ ဖြစ်ပါတယ်။
English စာ ကြွမ်းကျင်သူများ အလွယ်တစ်ကူ ဝင်ရောက်ကြည့်နိုင်အောင် Facebook နည်းပညာ လိုင်းလေးတွေ ကိုချိပ်ထားပေးပါတယ်။ http://www.gcflearnfree.org/facebook101ဒီဆိုဒ်မှလည်းအသုံးပြုနည်းများကို မြန်မာပြန်နိုင်ရန်ကြိုးစားပါအုန်းမယ်။

No comments: