၈၉။ Windows XP နှင့် ဟောင်းပေမဲ့ လဲ ကောင်းနေဆဲပါ
ပညာ မျှ ဝေတာ နဲ့  လူတပ်ကြီးလုပ်တာ အတော်လေး ကွာပါတယ်။ ဒီနေ့ မြန်မာပြည်သူတွေထဲ က ဝက်ဆိုဒ်ရေးနေသူတွေဟာ ဝါသနာအရ ပညာ မျှ ဝေနေကြတာတွေ့ ရပြီး ဝင်ငွေရအောင်ရှာစားနေသူတွေ ဟာ အတော်လေးကို နည်းမယ်ထင်ပါတယ်။ ကျနော်ဆိုရင် ဝက်ဆိုဒ်ရေးတာ ငွေတောင်ကုန်ပါသေးတယ်၊ ခုရေးနေနိုင်တာကလည်း Wifi Free ရတဲ့အိမ်မှာငှားနေမိလို့  ရေးနေနိုင်တာပါ။ ကျနော်ပြောချင်တာက အထက်မှာ တင်ထားပေးတဲ့ ပုံလေး အကြောင်းကနေပြီး Windows XP ရဲ့ Windows အသစ်ပြန်တင်နည်းလေး နဲ့  တွေ့ ကြုံ ရတဲ့ အခက်ခဲလေးတွေထဲက ပညာ ဗဟုသုတ လေးတွေ ပြန်မျှ ပေးခြင်တာပါ။ ကွန်ပျူ တာ တစ်လုံးကို ဝယ်လိုက်လို့  Windows အစစ်ကို သုံးလိုက်ရရင် Copy Windows တွေထက် အခွင့်ရေးတွေ အများကြီး ပိုရတာကို သုံးဖူးသူတိုင်းသိပေမဲ့ Windows အစစ်တစ်ခုရဲ့ ပေါက်ဈေး ကလဲ မလေးမှာဆိုရင် Windows အစစ် တစ်ခွေကို Professional ဆိုရင် မလေးငွေ ၆၀၀ လောက်ပေါက်တယ် Windows အစစ်ဈေး ဟာ Laptop အဟောင်းဈေး ထက်တောင်များနေတော့ ကျနော်လို ဆင်းရဲသား အဖို့  အခုလို Windows အစစ်လေး ပါတဲ့ Laptop အဟောင်းလေးကို ၄၀၀ လောက်နဲ့ ရလိုက်တော့ အတော်ကို သဘောကျ နေမိတယ်။ ကွန်ပျူ တာ ရဲ့ Windows အစစ်ဆိုတာကို က ပြပေးထားတဲ့ ပုံလေးတွေထဲက Product Key ကိုကြည့်လို့ သိနိုင်ပါတယ်။ နောက်ပြီး ကွန်ပျူ တာတစ်လုံး ဝယ်ရင် လိုအပ်တဲ့ CD ခွေတွေပါတာဟာ ပိုကောင်းပါတယ်။ Motherboard CD နဲ့  Windows မူရင်း CD ခွေလေးပါရင် လုံလောက်ပါတယ်။
ခု ကျနော် ဒီစက်လေးကို သုံးရင် Photoshop CS5 လေးသုံးခြင်လို့  Software Download လုပ်ရာကနေ စဖြစ်တဲ့ ပြသနာလေးပါ။ လွန်ခဲ့တဲ့ နှစ်လောက်က Windows XP တွေကို တော်တော်လေး Windows တင်ဖြစ်ခဲ့ပြီး အားလုံး Copy တွေကို သုံးခဲ့တာပါ။ XP တွေကို Copy သုံးတဲ့အခါ တွေ့ ရတဲ့ ပြဿ     နာ က Drivers တွေပျောက်လို့  Drivers တွေကို Third Party ဆိုဒ်တွေထဲက ရှာခဲ့ရဖူးပါတယ်။ ရှာထားတဲ့ Driver တွေကို သိမ်းထားနိုင် ခဲ့ လို့  ပထမဆုံး တင်ခဲ့တဲ့ Windows ကလွဲပြီး နောက်အလုံးအား လုံး အဆင်ပြေပြေလုပ်ဆောင်နိုင် ခဲ့ပါတယ်။ CS5 တွေကို ဒေါင်းယူတဲ့ အခါမှ ကျနော်လို မဖြစ်စေလိုတဲ့ စေတနာလဲ ပါတယ်ဗျာ ဒီနေ့ ခေတ် ကွန်ပျူ တာသမားတွေဟာ ဟိုလွန်ခဲ့တဲ့ ၁၀ ကနဲ့ အတော်ခြားနားသွားကြပြီ။ ဟိုတုန်းက Free Software တွေကိုသုံးလို့  ဒီနေ့ ခေတ် Freeware တွေလောက် စက်ကို ဆိုးဆိုးဝါးဝါး ဒုက္ခမပေးပါဘူး။ မနေ့ က CS5 ကိုဒေါင်းယူပြီး Install လုပ်တော့ လုပ်နေရင်း လက်ရှိသုံးနေတဲ့ Mozilla Firefox Browser ကို ပိတ်ပြစ်လိုက်ပါတယ်။ ကျနော်ပိတ်တာမဟုပ်ဘူးနော် CS5 နဲ့ အတူလာတဲ့ Electronic Visitors များက ပိတ်ပြစ်တာပါ။ နောက်ပြီး ကျနော် ရေးလက်စ Blogger Dashboard ကိုလဲ ရေးနေရင်းပိတ်လိုက်ပြီး ကျနော်ကို Log In ပြန်ဝင်ခိုင်းပါတယ်။ စာဖတ်သူများ လဲ ဒီအချက်ကို အထူး သတိထားကြပါ ဒီလို ပြန်ဝင်ခိုင်း ရင် ဘယ်တော့မှ မဝင်ပါနဲ့  Restart ပြန်ချပြီးမှ ဝင်ပါ အဲလို မဟုပ်ဘဲ တန်းပြန်ဝင်မိမယ်ဆိုရင် CS5 နဲ့ အတူပါလာတဲ့ ကျနော့ အခေါ် Electronic Visiters များဟာ သင့် ရဲ့ Password ကို ခိုးသွားပြီး ဆိုတာ မမေ့ကြဘို့ ပါဘဲ။ နောက် ကျနော် Restart ချပြီး ပြန်ပေါ်လာတော့ ကျနော့ ဝက်ဆိုဒ်ထဲမှာ ကြော်ငြာ တွေ ပလူပျံ အောင်များလာပါတယ် ဒီ ကြော်ငြာ တွေဟာ ကျနော် ဆိုဒ်မှာတင် မဟုပ်ဘဲ ဘယ် ဝက်ဆိုဒ်ကို ဖွင့်ဖွင့် ပေါ်နေတာကြောင့် ကျနော် Blog ကို ပြန်မဖွင့်တော့ ဘဲ System Restore ကိုသုံးပြီး Windows အဟောင်းကို ပြန်ခေါ် ဖို့ ကြိုးစားပါတယ်။ နောက်တစ်ခုက ကျနော်ဟာ စက်ထဲမှာ Virus သတ်တဲ့ Software ထဲသုံးတာကို မလုပ်တာ တစ်နှစ်လောက်ရှိနေပါပြီ။ ဒီ စက် ကိုဝယ်စဉ်က ပါလာတဲ့ Software ကိုလည်း Upgrade မိသွားလို့ ဖျက်ထားပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ပြဿ     နာ ဖြစ်လာရင် System Restore ကိုပြန်ခေါ် သုံးတဲ့ အကျင့် ဖြစ်နေလို့ ပါဘဲ။ ဒါပေမဲ့ CS5 နဲ့  တွဲဝင်လာတဲ့ ဧည့်သယ်တော် များဟာ ကျနော့ ရဲ့ Restore Point တွေကို ဖျက်သွားကြလို့ အကြိမ်ကြိမ်ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒါနဲ့  ကျနော် Windows မူရင်းခွေလေး ထဲပြီး Windows Repair ပြန်လုပ်ပါတယ် တစ်နာရီးပါး အချိန်ပေးလုပ်ခဲ့တာ လဲ ဒီ ဧည့်သယ်များထွက်မသွားတော့ပါဘူး။ ကျနော်ဖွင့် သမျှ ဝက်ဆိုဒ်တိုင်းကို သူတို့ ရဲ့ ကြော်ငြာတွေနဲ့ ပြည့်နေလို့  စိတ်အတော် ပိတ်သွားပါတယ်။ ကျနော့ စိတ်ကလဲ အတော်ခံပြင်းသွားတယ် ချက်ချင်း Windows မူရင်းခွေပြန်ထဲ့ လိုခြင်တာလေးတွေ သိမ်းပြီး ဒီ XP လေးကို Windows ပြန်တင်လိုက်ပါတယ်။  ကျနော် မနက်က ရေးလိုက်တဲ့ Post တစ်ခုထဲမှာ အမေးအဖြေလေး တစ်ခု တင်ထားပါတယ် အဲဒီအထဲ က  Kerne32.dll လေးက ကျနော် Windows မချခင်ထဲက ပျက်နေတာပါ။ ဒီအကြောင်း ထပ်ရေးပါအုန်းမယ်။ 
ဒီလို ရှင်းပြ ပေးနေရတာက ဘာ့ကြောင့် Windows အသစ်တင်ရတယ် ဆိုတဲ့ အကြောင်းရင်းလေးကို သိအောင် ပြောပြနေတာပါ။ 
Windows တင်တယ်ဆိုတာ လူတိုင်းလုပ်လို့ ရတဲ့ အချက်ပါ မပျံ တပ်သေးတဲ့ ငှက်လိုပါဘဲ အစလေးဘဲခက်တာပါ။ DVD Drive ထဲကို Windows CD ခွေလေးထဲ့ပေးလိုက်ရင် စလို့ ရပါပြီ။ ဒီတော့ ကျနော် CD ခွေလေးထဲ လိုက်ပါတယ်။  ဒီအခါမှာ အောက်ကပုံလေး တက်လာပါတယ်။ Windows အသစ်တင်တော့ မယ် ဆိုတာနဲ့  CD ခွေထဲ့ရမှာပါဘဲ DVD Drive ပျက်နေလို့ ဒါမှမဟုပ် Notebook ဖြစ်နေရင်လဲ USB ထဲကို Windows CD ထဲကနေအားလုံး ကော်ပီ ကူးယူပြီးတင်လို့ ရပါတယ်။ ကျနော်ပြီးခဲ့တဲ့ လက USB သုံးပြီးတင်ဖူးပါသေးတယ်။ စာဖေတ်တပ်ရင်လဲ ဖတ်ပေါ့ဗျာ ဒါပေမဲ့ အောက်က ပုံမှာ OK ကလွဲပြီး ဘာမှ မပါတော့ OK ကိုသာနှိပ်လိုက်ပေါ့။ Windows တင်တာဟာ ဘယ် Windows ဘဲတင်တင် Windows 8 ဖြစ်ဖြစ် 7 ဖြစ်ဖြစ် Vista ဖြစ်ဖြစ် CD သို့ မဟုပ် USB ကိုသုံးရမှာပါဘဲ။ ဒါတွေကို မသုံးဘဲ အဟောင်းရအောင်ယူနည်း ရှိပါသေးတယ် နောင်အကြောင်းသင့်ရင်တင်ပြပါအုန်းမည်။
 Ok ကိုနှိပ်လိုက်တော့ အောက်က ပုံလေး တက်လာပါတယ်။ 
Browse CD ကနေဘဲသွားသွား Program Recovery ထဲကဘဲ သွားသွား ရပါတယ် နှိပ်လိုက်ပါ။ အောက်ကပုံပေါ်လာပါတယ်။ ဒီနေရာမှာ Windows XP တွေ တော်တော်များများ ကို Windows တင်ခဲ့ ဖူးသလို Windows 7 ရော Windows 8 ပါ တင်ခဲ့ ဖူးတဲ့ အတွေ့ အကြုံ အရ စက် တစ်လုံး နဲ့  တစ်လုံး၊ CD တစ်ခွေနဲ့ တစ်ခွေ၊ Windows တစ်ခုနဲ့ တစ်ခု မတူတာကြောင့် Windows တင်လိုက်တိုင်း အတွေ့ ကြုံ မတူတာကို သတိထားပြီး ခုပြတဲ့ နည်းဟာ Fujitsu Life book S Series အတွက် ပေး ထားတဲ့ Recovery Companion CD (Ver 1.90) ကို သူ့ ရဲ့ မူရင်းခွေနဲ့ တင်တာဖြစ်လို့  သင် တင်မဲ့အခါမှာ အားလုံး တစ်ထပ်ထဲမကျ ပါဘူး။ အောက်ကပုံကို ကြည့်ပါ ကျနော် Refresh Windows ကိုသုံးခဲ့ ပြီးပါပြီ Electronic Visitors များမပြောက်လို့ ဒီတစ်ခေါက် Reinstall Windows နဲ့ ဒီတစ်ခေါက်ပြန်ဝင်တာပါ။
Reinstall Windows နဲ့ ပြန်ဝင်တော့ လုပ်ဆောင်မှု ကို အတည်ပြု ခိုင်းတဲ့သဘော Drop box လေးပေါ်လာလို့ Proceed ကိုနှပ်ပေးလိုက်ပါတယ်။ သင့်ကို အကောင်းဆုံး အကြံပြု လိုတာက English စာကို ကောင်းအောင် ကြိုးစားထားဖို့  လိုပါတယ် သင်တကယ် Computer Developer ကောင်းဖြစ်လို့ ပါက English စာကို ပြန်လည်လေ့လာလိုက်စားပါ။ 
အထက်ကပုံထဲက Preparing Installation အဆင့်မှာ ကြာပါတယ် ကြာမြင့်ချိန် စုစုပေါင်း တစ်နာရီဝန်းကျင်ရှိပါတယ် တစ်နာရီဆိုတာ အစကအဆုံးထိကိုပြောတာပါ။
ဒီတော့ ဘယ် Windows ဘယ် Version ဖြစ်ဖြစ်၊ Windows XP ဖြစ်ဖြစ် Windows 7 ဖြစ်ဖြစ် သင်သိထားရမှာက အထက်ကပုံလို CD ထဲက Files တွေကို ကွန်ပျူ တာထဲ Copy ကူးထဲ့ကြတာခြင်း အားလုံးအတူတူ ပါဘဲ၊ ဆိုလိုတာက အဓိက တူနေတာတွေကို သိထားရင် ကြိုက်တဲ့ Windows ကို တင်လိုရမယ်ဆိုတာကို နားလယ်ထားဖို့ ပါဘဲ။ 
သူ Files တွေကို ကော်ပီကူးယူပြီးတာ နဲ့  အထက်က ပုံလို စက်ထဲမှာရှိနေတဲ့ Windows အဟောင်းကို စဖျက်တော့တာပါဘဲ။ ဘယ် Version မဆို၊ ဘယ် Windows ကိုမဆို ဒီလို Windows အဟောင်းကို ပြန်ဖျက်ပြီး မှာ Windows အသစ်ကို ပြန်ပြီး Install လုပ်မယ်ဆိုတာ သိထားပေးပါ။ 
အထက်က ပုံလို အဝါရောင်ရာခိုင်နှုံးလေး ပြည့်သွားတဲ့ အထိစောင့်ပါ ပြီးသွား ရင်အောက်က ပုံလိုမြင်ရမှာဖြစ်ပါတယ်။
အထက်ကပုံမှာ Driver တွေကို CD ထဲက ကူးယူမလားလို့ မေးတာပါ စာဖတ်တပ်လေ ကောင်းလေပါဘဲ ဒီလို CD ကနေယူမလားလို့  Copy Windows တွေကိုတင်တဲ့ အခါမမေးပါဘူး။ Copy CD တွေကို သုံးခဲဖူးတာများပါပြီ Copy တွေဖြစ်တဲ့ အတွက် Drivers တွေဟာ အပြည့်အစုံပါမလာလို့ Drivers တွေပျောက်လို့ ရှာခဲ့ဖူးပါပြီ ဒီခွေကတော့ မူရင်းအခွေဆိုတော့ မေးပါတယ် Yes ကိုဘဲနှိပ်ပေးလိုက်တာပါ။ 
ဒီအဆင့်က ခုဏက Preparing Installation ထက်ပိုကြာပါတယ် စိတ်ရှည်ရှည်လေးထားပြီး စောင့်ကြည့်ပေးနေပေါ့ဗျာ၊ ပြီးသွားရင် အောက်ကပုံလေး ပေါ်လာမှာဖြစ်ပါတယ်။
စာဖတ်တပ်လို့  Formats Setting တွေပြင်ချင်ရင်တော့ Customize ကနေဝင်ပြီး အရစ်ရှည်ကြည့်လို့ ရပါတယ်၊ သင့်အနေနဲ့ စာဖတ်အားမကောင်းလို့  မပြင်ချင်ရင်တော့ Next နဲ့ သာသွားလိုက်ပါ။ 
ဒီနေရာမှာလဲ Custom Settings ကိုဝင်ရင် သင်စာဖတ်တပ်လို့  ဝင်ပြင်ခြင်ပြင်ပေါ့ဗျာ အလွယ်ဆုံးကတော့ Next ပါဘဲ၊ ကျနော် IT မတက်ခင်ထဲက English စာဖတ်အားကောင်းထားသူဖြစ်လို့  ဘာ Software လာလာ စာဖတ်ပြီးလုပ်သွားတာပါဘဲ ကျနော်တို့ ခေတ်က Windows Me တို့  Windows 2000 ဆိုတာတွေ မရှိတော့ပါဘူး နောင်မကြာခင်မှာ ခုတင်နေတဲ့ Windows XP ပြောက်တော့မှာပါ။ 
ဒီအဆင့်ကတော့ ခုဏက Driver တွေကို CD ကနေကူးယူမယ် လို့ ပြောထားလို့  Drivers တွေကို တစ်ခုဖြင်း လိုတပ်တာတွေကို မေးနေတာပါ ဒီမှာ လုပ်စရာ က OK နှိပ်ပေးရုံပါဘဲ။ 
စာဖတ်ချင်သေးရင်လဲ ဖတ်ပေါ့ဗျာ Kill Twos Birds With One Stone တဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ် အင်္ဂလိပ်စာပါ လေ့လာပြီးသား ဖြစ်တာပေါ့ လုပ်ရမှာကတော့ Next ကိုနှိပ်ရမှာပါဘဲ။ 
ဒီနေရာမှာ လက်ရှိ Folder ကိုဘဲ Install လုပ်မလား သင့်ဖာသာသင် စိတ်ကြိုက် ရွေးမလားလို့ မေးတာပါ ရွေးခြင်ရင် Browse ကဝင်ရွေးပေါ့ မသိရင်တော့ Next ကိုနှပ်ပေါ့ဗျာ
ဒီမှာ Finish ကိုမြင်လို့ ပြီးပြီ တထင်နဲ့ နော် ဒါဟာ Driver တစ်ခုထဲ့လို့ ပြီးတာကို ပြောတာပါ။ Computer ထဲမှာ Drivers တွေက အများကြီး ။ ခုကျနော်တင်နေတဲ့ Windows ထဲမှာ ၁၃ ခုကို Install လုပ်ရပါတယ်။ ဒီလို Drivers တွေထဲပြီးလို့  Drivers စုံပြီလို့ တထင်ပါနဲ့ ၊ Copy Windows ဆိုရင် Drivers တွေကို Third Party ဝက်ဆိုဒ်တွေမှာ သွားရှာရတာပါ။ အဲဒီ Third Party ဝက်ဆိုဒ်တွေကို Hacker တွေတည်ထောင်ထားတာလဲ ရှီ ပါတယ်။ Third Party Website တွေကနေဘဲ Electronic Visitors တွေဟာ ကွန်ပျူ တာတွေထဲကို ဝင်ကြတာပါ။ 
အထက်ကပုံက ခုမြောက် Drivers ဖြစ်နေပါပြီ။
ထုံးစံအတိုင်း Next နဲ့ သွားပေါ့ 
ပြီးဖို့ နီးလာပြီပေါ့ ဗျာ Finish နဲ့ သာသွားပါ၊ ဒီလိုတွေက Copy Windows တွေမှာ ပါမှာမဟုက်ပါဘူး။
Jujitsu System  Extension Utility ကကြို ဆိုပါတယ်တဲ့ Next ပေါ့ဗျာ
ကဲ့ မိတ်ဆွေ သူက ပြီးပြီဆိုတော့ ကို ကလဲ Finish ကိုနှိပ်ရုံပေါ့ တစ်ခုထဲတော့မဟုပ်ဘူး အပေါ်ရောအောက်မှာရောဘဲ။ 
 အောက်ပုံက Intel ProSet/Wireless တဲ့ သူက Wifi သုံးဖို့ ဖြစ်ပါတယ် ဒါကို Fujitsu ကပေးထားတာပါ။
သင့် စက်က Fujitsu မဟုပ်ရင်တော့ပါမှာ မဟုပ်ဖူးပေါ့ ဒါပေမဲ့ စက်တိုင်းဟာ Windows ဖြစ်လို့  Windows တင်ပြီးသွားရင် ဒီ Intel ProSet/Wireless ကိုသုံးလို့ ရသလို Use Microsoft Client ကိုသုံးပြီးလဲ Wifi ဖမ်းလို့ ရပါသေးတယ် နှစ်ခုရှိတော့ပိုကောင်းတာပေါ့ ဗိုလ်ဗိုလ်ဟန် ကတော့ ရီးစားတောင် နှစ်ယောက်လောက်ထားပါ အတော်ဘဲတဲ့။
အပေါ်ပုံမှာတော့ Ok နဲ့ ထွက်လိုပ်ပေါ့ဗျာ၊ အောက်ကပုံကတော့ တကယ်ပြီးပါပြီပေါ့ဗျာ။
ကဲ့ ခုလိုပြီးသွားလို့  သင့် Windows တက်လာတဲ့ အထိတော့ စောင့်အုန်းပေါ့ သင့် Windows အသစ်စက်စက်လေး တက်လာရင် ကြည့်လိုက်ပါ Recycle Bin ကလွဲပြီး Screen မှာဘာမှမြင်ရမှာ မဟုပ်ပါဘူး ဘာကြောင့်လဲ ဆိုတော့ Computer Know Nothing တဲ့ Computer ရဲ ဦးနှောက်လို့  ပြောပြောနေတဲ့ CPU ခေါ် Processor ဟာ Zero နဲ့ One ကိုဘဲသိလို့ ပါဘဲ။  မိတ်ဆွေကို အဓိက မှာခြင်တာက နည်းတစ်ခုကို ပုံသေမှတ်မထားဘဲ လက်တွေ့ လုပ်ဆောင်ကြည့် ပြီး အတွေ့ ကြုံ ယူတာက သင့် အတွက် ပိုပြီးထိရောက်မှု ရှိတာကို ပြောပြချင်ပါတယ်။ Copy Windows တွေကို Install လုပ်တဲ့ အခါမှာ CD တစ်ခွေကို ကြိုက်သလောက် အခြား PC တွေ Laptop တွေမှာ သုံးလို့ ရပေမဲ့ Windows အစစ်တွေအတွက်ကြတော့ CD တစ်ခုဟာ စက်တစ်လုံးတည်းအတွက်သာဖြစ်ပါတယ်။ Copy တွေနဲ့  Windows တင်ကြည့်တဲ့အခါ CD တစ်ချပ်တည်းဖြစ်ပေမဲ့ စက်တွေ မတူတဲ့ အတွက် အတွေ့ ကြုံ မတူဘူးဆိုတာ ပြောပြထားပရစေ။ နောက်ပြီး Computer ရဲ့ 32 Bit, 64 Bit စသဖြင့်တူတဲ့ အတွက် CD ကိုဝယ်တဲ့အခါ မှာ Bit တွေကိုသတိထားပြီးဝယ်ရမယ်ဆိုတာကိုလဲ သိပေးထားပရစေ၊ ကဲ့ ကျနော့ရဲ့ Windows XP လေးက ဟောင်းပေမဲ့ Windows မူရင်းအစစ်လေးဖြစ်လို့ ဟောင်းပေမဲ့ ကောင်းနေတဲ့ အကြောင်းကို နောက်ရေးမဲ့ Post မှာ ပိုပြီးထင်သာ မြင်သာမှာ ဖြစ်ပါတယ်။ နောက်တင်တဲ့ နည်းမှာ ဖြစ်တဲ့ ပြဿ     နာ ကို အောက်မှာရေးပြထားပါတယ်။
အောက်က ပုံကတော့ နောက်တင်မဲ့ Post အတွက် ပုံလေး ပါ။ kernel32.dll လေးပြောက်နေရင် Virus Software တွေ Install လုပ်လို့ မရပါဘူး ဒီတော့ Kernel32.dll ကိုရှာထဲပြုပြင်ပြီး Virus သတ်တဲ့ Software ထဲနည်းလေး တင်ပြပေးပါအုန်းမည်။ Windows အစစ်မှသာ ဒီနည်းကို သုံးလို့ ရမှာဖြစ်ပါတယ်။
ယ္ခု လို ပညာဗဟုသုတ ယူနေတဲ့ သင့်ကို 
မြန်မာတို့ ရဲ့ ဗဟုသုတမှ လေးစား ကျေးဇူးတင်ပါတယ်
8/12/2014
No comments: