၈၆။ HTML Page တစ်ကို ဘယ်လို ရေးမလဲ။

HTML  ဆိုတာ Hyper Text Markup Language ကိုအတိုကောက်သုံးထားတာပါ၊ HTML ဟာ Web Pages များကိုကောင်းသည်ထက်ကောင်းအောင် မွန်းမန်ပြင်ဆင်ရာမှာ အခြေခံအကြဆုံးသော ကွန်ပျူတာ ဘာသာစကား တစ်ခုဖြစ်ပြီး အဆင်ပြေချောမွှေ့စေသော Code များနှင့်း ဖွဲစည်းထာတဲ့ Language လည်းဖြစ်ပါတယ်၊ အင်တာနက်ပေါ်က စာမျက်နှာတော်တော်များကို HTML ကိုအခြေခံသော (ColdFusion, XML, XSLT) Code များနှင့်ကောင်းသည်ထက်ကောင်းအောင် ဖန်တည်းထားကြတာဖြစ်ပါတယ်။ ဒီဆောင်းပါးကို ဖတ်ခြင်းဖြင့် သင့်ရဲ့ HTML အရည်သွေးကိုတိုးတက်အောင် ကြိုးစားပြီး wiki-How အပါဝင် အခြားအခြားသော Website များမှာပါ ဝင်ရောက်လေ့လာပြီး သင့်ရဲ့ HTML ခေတ်မှီ တိုးတက်အောင် အမြဲကြိုးစား နေပါလို့ မှာကြားလိုပါတယ်။

Sample HTML Pages

   Sample HTML Page With Colors 

Sample HTML Page with Colors

 

 Sample HTML Page With Headers  

Sample HTML Page with Headers

 

  https://docs.google.com/file/d/0B_Ar5N9FMNWwOGlFaGgwX3gxMTg/edit 

Sample HTML Page with Hyperlinks

 





၁။  ဒီအဆင့်တွေကို စတင်မလုပ်ဆောင်မှီ Things You'll Need section ကိုအောက်ဆုံးမှာ ရေးပြထားတာရှိပါတယ်၊ အရင်သွားဖတ်ကြည့်ပါ။




 ၂။ HTML Code တွေနဲ့ သင်မပါတ်သက်သေးမှီ သိထားရမဲ့ အရာများ:

HTML မှာ Tags တွေက အရန်းအရေးကြီးပါတယ်။ Tags ဆိုတာကတော့ လူ နဲ့ စက် တို့အကြားမှာ နားလည်အောင် ပူးတွဲဖေါ်ပြပေး ရတဲ့ စလုံး တွေကိုခေါ်တာဖြစ်ပါတယ်။ HTML ကိုအသုံးပြုတဲ့ အခါမှာ Angle Brackets လို့ခေါ်တဲ့ < > ထဲမှာထဲ့ ရေးတဲ့ စလုံးတွေ ဟာ Tags တွေဘဲဖြစ်ပါတယ်။ Tags ကို ကွန်ပျူတာ နဲ့ အသုံးပြုသူ တို့အကြားမှာ ပိုမိုကောင်းမွန်စေတဲ့ သရုပ်ဖေါ်ရေးသားချက် လို့လည်းမှတ်ထားလို့ ရပါတယ်။ href လို့ခေါ်တဲ့ အမှတ်သားဟာ Web Page တစ်ခုကိုသွားဖို့ရန် Link ချိပ်ပေးတဲ့အခါမှာ စက် ကိုနားလယ်အောင်ထဲ့ပေးရတဲ့ Tags ဖြစ်ပါတယ်။

    <a href="http://www.wikihow.com/">WikiHow</a>

META သို့မဟုတ် DOCTYPE  Tags များကလွဲပြီး Tags အားလုံးနီးပါးကို Slash / သင်္ကေတဖြင့် တူညီနဲ့အမည်အတိုင်း ပိတ်ပေးရပါတယ် အထက် ဥပမာ ကိုကြည့်ပါ အစမှာ <a> နဲ့စပေးထားလို့ အဆုံးမှာ </a> နဲ့ပိတ်ပေးထားပါတယ်။ 
 



၃။  DOCTYPEs
အများအားဖြင့် ဝက်ဆိုဒ်စာမျက်နှာ တော်တော်များများကို DOCTYPES ဖြင့်ရေးသားရန် သတ်မှတ်ပြဋ္ဌာန်းထားတာဖြစ်ပါတယ်၊ အဲဒီအတွက်ထောက်ပန့်ဖြစ်စေတာကတော့ Coding တွေကိုရွေးထုပ် ခွဲခြားနိုင်ခြင်း အပြင် Browser အနေဖြင့်ဘယ်လို အဓိပ္ပာယ် ကောင့်ယူရမယ်ဆိုတာကို ပြသပေးခြင်းလည်းဖြစ်ပါတယ်။ Pages တော်တော်များများဟာ DOCTYPE မပါဘဲ အလုပ်လုပ်ပါတယ် ဒါပေမဲ့ DOCTYPE မပါဘဲလုပ်ဆောင်နိုင်ရန်အတွက် အနိတ်ဆုံး HTML 4.01 Version လိုအပ်ပါတယ်၊ အောက်မှာပြပေးထားတာကို ကြည့်ပါ။ 

    <!DOCTYPE html PUBLIC "-//W3C//DTD HTML 4.01//EN"
         "http://www.w3.org/TR/html4/strict.dtd">

DOCTYPEs ကို Net (အင်တာနက်) ပေါ်မှာရှိတဲ့ Page အတော်များများမှာအသုံးပြုနေတာဖြစ်ပြီး ပထမဦးဆုံး HTML ပုံစံလည်းဖြစ်ပါတယ်၊ ဒီပြင် ဒါဟာ အများပြည်သူနားလည်လွယ်အောင် အဓိပ္ပာယ် ဖွင့်ပေးသော Coding ပုံစံလည်းဖြစ်ပါတယ်၊ Browser နဲ့ Page တို့ကို DOCTYPE ရဲ့နေရာကိုဖေါ်ပြပေးရန်ပို၍ကောင်းပါတယ်။

DOCTYPE ရဲ့ Tags သို့မဟုတ် Specific Tags တွေဟာ HTML ရဲ့မူကွဲ Version အဖြစ်နဲ့နှစ်အတော်ကြာကြာထဲကတည်ရှိလာခဲ့တာဖြစ်ပါတယ်၊ 
ခုလောလောဆယ် အသစ်ပြဋ္ဌာန်းလိုက်တဲ့ Tags တွေကတော့  <b> နဲ့  <i>  တို့ဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ ဘာ့ကြောင့်လဲဆိုတော့ဒီ Tags တွေဟာ စလုံးတွေကိုအလှဖန်တည်းရာမှာ ပိုပြီးကောင်းမွန်စေပါတယ်၊ အသေးစိတ်သတ်မှတ်ချက်တော့မဟုတ်ပါဘူး၊ <strong> tag ကို <b> နဲ့အစားထိုးပြောင်းလဲလိုက်သလို <em> tag ကို <i> နဲ့အစားထိုးပြောင်းလဲလိုက်တာဖြစ်ပါတယ်။ ဒါဟာ အရေးတကြီးလိုအပ်သည့်အတွက် အစားထိုးပြောင်းလည်းလိုက်တာဖြစ်ပါတယ်၊ အကယ်၍ စလုံး တွေကိုဘာသာပြန်တော့မယ်ဆိုရင် မူလ အဓိပ္ပယ်ကို မပြောက်စေဘဲ ထားပေးပါတယ် စီစဉ်ဖွဲစည်းမှုကိုပြောင်းပြစ်လိုက်တာ မဟုတ်ပါဘူး၊ ဒါဟာ ဝေါဟာရ အသုံးအနှုံးအရ မှန်ကန်ပါတယ်။  XHTML Version 2.0 နဲ့ HTML versions past 3 က  <b> နဲ့  <i> Tags တွေကိုကန့်ကွက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ 




 ၄။ HTML ၏ တိုရှင်းလိုရင်း ဥပဒေ

ခုအသုံးများတဲ့ tags ကိုလေ့လာကြည့်ရအောင်။ ဝက်ဆိုဒ် စာရွက် တစ်ရွက်ကိုတည်ဆောက်တဲ့အခါ အရိုးရှင်းဆုံးတည်ဆောက်ရတာပါ၊ tags တစ်ခုနဲ့ဖွင့် ရင် တူညီတဲ့ tags နဲ့ပြန်ပိတ်ပေးရပါတယ်၊ အပြင်အဆင်ဖွဲစည်းထားမှုအားလုံးကို ထည့်သွင်း စဉ်းစားရန်လိုအပ်ပါတယ်၊ ဒီနေရာမှာ XHTML ရဲ့သေချာရေရာတဲ့ အဆင်အပြင်ကို ဥပမာ အနေနဲ့ ဖေါ်ပြပေးလိုက်ပါတယ်။

    <!DOCTYPE html PUBLIC "-//W3C//DTD XHTML 1.0 Strict//EN"
         "http://www.w3.org/TR/xhtml1/DTD/xhtml1-strict.dtd">
    <html xmlns="http://www.w3.org/1999/xhtml">
         <head>
              <meta http-equiv="Content-Type" content="text/html;charset=utf-8"/>
              <title>Hello World!</title>
         </head>
         <body>
              <h1>Hello World!</h1>
         </body>
    </html>

Hello World ဆိုတဲ့စာလေး ဖြစ်လာဖို့ coding system ကိုတည်ဆောက်ဖို့အမြဲ လိုပ်ပါတယ် အဲဒီ coding language ကနေပြီး Hello World စာလေးဖြစ်လာဖို့ အရိုးရှင်းဆုံး ကုဒ်တွေနဲ့ ဖန်တည်းပြပေးထားတာဖြစ်ပါတယ်။ ဒါကို Hello World စာသားလို့ ခေါ်ပါတယ်။




၅။ ခေါင်းစဉ်  

Web page တစ်ခုရဲ့ ခေါင်းစဉ်ကို ထည့်မယ်ဆိုရင် <head> tag ရဲ့အတွင်းမှာထားပေးရပါတယ်၊ ဒီလိုထားပေးထားတာကို အသုံးပြုသူအနေနဲ့ မမြင်နိုင်ပါဘူး။ ဒီ <head> tag ဟာ အချက်လက်ပေါင်းမြောက်များစွာသော tags တွေထဲက တစ်ခုသော tags ဖြစ်ပါတယ်။ 
META tag ကို စာသားအချက်အလက်များ နှင့် Search Engines သို့မဟုတ် အခြားသောအသုံးတည့်သည့်နေရာများအတွက် အသုံးပြုလေ့ရှိသည်၊
LINK tag ကို Stylesheets (CSS) ကဲ့သို့သော စရွက်စာတန်းဆိုင်ရာ ချိတ်ဆက်ပေးရန်အတွက် အသုံးပြုသည်။
SCRIPT tag ကို အများအားဖြင့် Web coding အချို့နှင့် Page တစ်ခုရဲ့မူကွဲသောစာရွက်စာတန်းများကိုဝင်ရောက်ရာမှာ သုံးပါတယ်။
STYLE tag ကို အခြေခံအားဖြင့် Stylesheets အတွက်ဖြစ်ပြီး Page တွေပေါ်မှာ တိုက်ရိုက်ရေးတဲ့ Tags ဖြစ်ပါတယ်။
TITLE tag ကိုတော့ Browser ရဲ့အပေါ်ပိုင်းက ခေါင်းစည်းနေရာမှာ စာရေးဖို့ရန် ဖြစ်ပါတယ် ( သင်ခု သုံးနေတာ Mozilla ဆိုရင် အပေါ်ဆုံး ဘယ်ဘက်ကိုကြည့်ပါ Mozilla Firefox ဆိုတာကိုမြင်ရပါမယ် ဒါဟာ TITLE tag နဲ့ရေးထားတာပါ)
   
 အထက်မှာရှင်းပြပေးထားတဲ့ Tags များကို အောက်မှာ ဥပမာ သုံးပြထားပါတယ် ဒီဥပမာ က ကျနော်ဘာသာပြန်ဆိုနေတဲ့ wikiHow ဝက်ဆိုဒ်ရဲ့အသုံးပြုတားတာကို အကျင်းချုံးရေးပြထားတာလည်း ဖြစ်ပါတယ်။

    <head>
         <title> ... </title>
         <meta name="description" content=" ... " />
         <link rel="stylesheet" type="text/css" href=" ... " />
         <meta http-equiv="content-type" content="text/html; charset=UTF-8" />
         <style type="text/css" media="all"> ... </style>
         <script type="text/javascript" src=" ... "></script>
    </head>

Tags အားလုံးဟာ <head>  နှင့် </head> အတွင်းထဲမှာရှိနေရပါတယ် အထက်မှာ ပြပေးထားတဲ့ Tags အားလုံးဟာ သင်တကယ် HTML ကိုတပ်ချင်ရင် မဖြစ်မနေသိကိုသိရမဲ့ Tags တွေဘဲဖြစ်ပါတယ်။




၆။ အခြေခံ Tags များ 
ဒီအဆင့်ကို အထူးအလေးပေး လေ့လာပါ Tags တွေကိုသုံးတဲ့နေရာမှာ အကြမ်းဖျှင်းနည်းလေးကို  အထူးအလေးပေး လေ့လာပါ ဘာကြောင့်လည်းဆိုတော့ အချုပ်ကိုထုတ်ပြပေးမှာဖြစ်လို့ပါ။

<strong> Tag က ရေးလိုက်တဲ့ စာလုံး ကိုထိရောက်မှုရှိအောင်သုံးတာဖြစ်ပါတယ် ဒါပေမဲ့ ထင်သာမြင်သာအောင် Bold လုပ်တာမျိုး မဟုတ်ပါဘူး။ 

<small> Tag ကရေးလိုက်တဲ့ စာလုံးကို ပုံမှန်ထက်သေးစေချင်ရင်သုံးတာဖြစ်ပါတယ်။ 

<pre> Tag က ထဲ့သွင်းထားတဲ့ စာလုံးစုကို ပေါ်လွင်စေအောင် လုပ်ပေးတာဖြစ်ပါတယ် ဒီလုပ်တဲ့အခါမှာ စာလုံးအားလုံးရဲ့ အကွာဝေးကိုပြဆိုတာလည်းဖြစ်ပါတယ်။ 

<em> Tag က စလုံးရဲ့ အသံကိုဖိပြီး ရွတ်တာကိုပြတဲ့နေရာမှာသုံးပါတယ် ဒါဟာ စလုံးရဲ့ Style ကိုပြတာမဟုတ်ပါဘူး အဓိပ္ပာယ် အတွက်ဖြစ်ပါတယ်။ 

<del> Tag က အမှန်ချစ်ပေးထား သည်ကို ပြန်ဖျက်ရာတွင် သုံးပါသည်။

<ins> Tag ကို <del>Tag အနောက်မှာထားသုံးပါတယ် စလုံးအောက်ကနေ မျဉ်းတားပြတာကို ပေါင်းထည့်တဲ့အခါသုံးပါတယ်။ 

<h1> Tag ကို စာပိုဒ်တွေကို ခေါင်းစဉ်ခွဲတွေထည့်တဲ့နေရာမှာသုံးပါတယ်၊ ဘာ့ကြောင့်လည်းဆိုတော့ ခေါင်းစဉ် ခွဲတွေဆိုတာလည်း လိုအပ်လို့ပါဘဲ။ ခေါင်းစဉ်ပေး Tag ကိုပြန်ပိတ်ပေးပြီးသုံးရတာဖြစ်ပါတယ်။ 

<p> Tag ကို စာပိုဒ် အစုလိုက်ဖေါ်ပြရာမှာ သုံးပါတယ်။ 

<!---...---> Tag ကို Unlike လိုမျိုး Tag တွေအဖြစ်သုံးပါတယ်၊ ဒီ Tag ကို Comment တွေအထဲမှာထဲ့သုံးရတာပါ၊ ဒီအချက်တွေကို Text Program တွေရဲ့အခြေခံ Source တွေမှာတိုက်ရိုက်တွေ့နိုင်ပါတယ်။ 

<blockquote> Tag က Source တွေရဲ့အခြေခံပုံစံကို အနက်ဖွဲဆိုရာမှာကိုးကားတဲ့အခါသုံးပါတယ်၊ သူ့ကို <cite> Tag နဲ့တွဲသုံးရတာပါ။

ခုရေးသားချက်တွေက အသေးဖွဲတွေပါ HTML  Dog ရဲ့ Tag မှာဝင်ရောက်လေ့လာဖို့လည်းတိုက်တွန်းပါတယ်။




၇။ ပြန်ကြားရေးဆိုင်ရာ ဖွဲစည်းပုံတည်ဆောက်ခြင်း။


အရိုးရိုး Tags များကိုသုံးပြီး Data တွေကိုသိမ်းထားဖို့ Pages များကိုတည်ဆောက်ထားတာဖြစ်ပါတယ်၊ ဒါ့ကြောင့် စာပိုဒ်တွေထဲမှာ ရှိတဲ့သတင်းအချက်လက်တွေကို ကျွန်တော်တို့ ခေါင်းစဉ်တပ်ပေးလို့ရပါတယ်။ ဒီ Data တွေကို ကွန်ပျူတာကသာ နားလည်ပါတယ် Link အားလုံးကိုဆိုလိုတာတော့မဟုတ်ပါဘူး။ ချိပ်ဆက်နေသော သို့မဟုတ် ဆက်စပ်နေသော အတွေးခေါ်မျိုးကိုတော့ ကွန်ပျူတာက သတိမထားမိပါဘူး။ လူလိုဆက်စပ်တွေးခေါ်တပ်တဲ့ ဦးနှောက် မျိုး ကွန်ပျူတာမှာ မရှိပါဘူး။ ကွန်ပျူကသိမြင်နိုင်အောင် ချိပ်ဆက်နေသော ဆက်စပ်မှုများကို ကျတော်တို့က စိတ်ချယုံကြည်ရသော HTML Page များကိုတည်ဆောက်ရပါမယ်။ ဒါကို <div> လို့ခေါ်တဲ့ Tag ကဖြစ်မြောက်အောင်လုပ်ဆောင်ပေးလို့ရပါတယ်၊ ဒါက ရေးသွင်းချက်အလွန်များတဲ့ စာရွက်များကိုအထောက်ကူပေးနိုင်အောင် တည်ဆောက်ပေးရတာဖြစ်ပါတယ်။ ဒီပြင် CSS နှင့်ပုံစံတူပြီး မှန်ကန်တဲ့ Code အမြောက်များနဲရေးသွင်းပေးရတာထက်လွယ်ကူစေပါတယ်။ 

   <div> tag ဟာ အထူးကောင်းမွန်တဲ့နည်းတစ်ခုဖြစ်ပြီး လွယ်ကူစွာပုံဖေါ်ပေးတဲ့အပြင် အသုံးပြုသူနဲ့ ကွန်ပျူတာတို့ နှစ်ဦးနှစ်ဘက်နားလည်အောင် မူမတူတဲ့ အချက်လက်အစုတွေကို အသုံးပြုလို့ရနိုင်စေပါတယ်။   <div> tag အပါအဝင် ရိုးရိုး HTML အဆင်အပြင်တွေကို အသုံးပြုနည်းလေးတွေ ကြည့်ကြရအောင်။


    <!DOCTYPE html PUBLIC "-//W3C//DTD XHTML 1.0 Strict//EN"
         "http://www.w3.org/TR/xhtml1/DTD/xhtml1-strict.dtd">
    <html xmlns="http://www.w3.org/1999/xhtml">
         <head>
              <meta http-equiv="Content-Type" content="text/html;charset=utf-8"/>
              <title>Hello World!</title>
         </head>
         <body>
              <h1>Hello World!</h1>
              <div id="contentOne">
                  <p>This is some text in div#contentOne.</p>
                   <div class="subSection">
                        <p>A paragraph in a sub-section of div#contentOne</p>
                   </div>
              </div>
         </body>
    </html>

<div> tags က သင့် CSS နှင့် Javascript ကိုအသုံးပြုတဲ့အချိန်မျိုးမှာ ရှာဖွေမှုပြုခြင်းနဲ့ ပုံဖော်တဲ့နေရာတွေမှာ အထောက်ကူဖြစ်စေပါတယ်။ HTML ဟာ CSS နှင့် Javascript တို့ကဲ့သို့ ဖြစ်မြောက်စေတဲ့ လုပ်ဆောင်မှုတွေကို မတူညီတဲ့ Code တွေနဲ့အသုံးပြုပါလိပ်မည်။

ကျနော်ရဲ့ကြိုးစားထားမှုဟာ စာဖတ်သူတွေအတွက် လုံလောက်မယ်မဟုတ်ဖူးဆိုတာကို ကျနော်သိပါတယ် မိတ်ဆွေတို့ကို အကြံပေးပရစေ၊ 


  • အခြားသော HTML ဆိုဒ်များကိုသွားရောက်လေ့လာပါ၊ ကိုမသိသေးတဲ့ Code တွေကိုကူးယူအသုံးပြုပေးပါ။
  • Tag ကို <> ဒီသင်္ကေနဲ့ အဖွင့်ပိတ်လုပ်ရတာကိုဘယ်တော့မှ မမေ့ပါနဲ့ <>Tag ကိုအဖွင့်မှာသုံးပြီး </> Tag နဲ့ အမြဲပြန်ပိတ်ပေးရတာကို အမြဲနှစ်လုံးသွင်းထားပါ။ ဥပမာ <Body> </Body>
  • လူဆိုတာ မမြဲတန်း မျှောလင့်ချက် ကြီးမားမှ အောင်မြင်မယ် ဒါကြောင့် စမ်းသတ်ပါ တည်ထွင်ပါ Code တွေရေးသားပေးပါ။
  • ဒီအလုပ်ကို စတင်မိပြီဖြစ်တဲ့အတွက် Server Coding တွေကိုလဲသွားရောက်သင်ယူပါ။
  • ဒီစာတွေကိုဖတ်ပြီး စိတ်မရှောလိုက်ပါနဲ့ ကို့အတွေးနဲ့ကိုဆက်လက်လုပ်ဆောင်ပါ။ ကွန်ပျူတာ ပညာရပ်တိုင်းဟာ အမြဲ အသစ်ဆန်းတွေပေါ်နေပါတယ်။
  • HTML ပြီးရင် CSS နဲ့ Javascript ကိုဆက်လက်လေ့လာသင်ယူပါ။
အသိပေးနှိုးဆော်ချက်။ 

ကျနော် မိတ်ဆွေအားလုံးကို အသိပေးထားချင်တာလေးတွေရှိတယ် HTML ဆိုတာ Coding များသက်သက်ပါဝင်တယ် ဆိုတာလုံးဝမေ့မထားပါနဲ့၊ အဓိပ္ပာယ်ကတော့ HTML ဆိုတာ အပြည်ပြည်ဆိုင်ရာပုံစံတစ်ခုအတွင့်မှာ ပါဝင်ပါတ်သက်နေတဲ့ အဓိပ္ပာယ်မျိုးလည်းဖြစ်ပါတယ်။ တင်ပြမှုအပြောင်းလည်းအဖြင့် အခြားသော Coding ပြောင်းလည်းမှုအဖြင့် CSS ကဲ့သို့လည်း ပြောင်းလည်းသင့်ပါတယ်။ တနည်းပြောရရင် အခြားသောသူများ အသိအမှတ်မပြုသေးတဲ့  ဝေါဟာရ မှန်ကန်တဲ့ သဘောလဲဖြစ်ပါတယ်။ အခြား Languages များဖြစ်တဲ့ CSS, Javascript,  XML တို့ကိုအကယ့်ကိုအထောင့်ပန့်ပေးတဲ့ Language လည်းဖြစ်ပါတယ်။ HTML ရဲ့အဓိပ္ပာယ်က မာတိကာ ကိုတည်ဆောက်ပေးတဲ့သဘောလည်းဖြစ်ပါတယ်။ မှန်ကန်တဲ့တင်ပြမှုဆိုတာ Java နဲ့ CSS တို့ရဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။


သင် ဒါတွေရှိဖို့လိုအပ်ပါတယ် 

ANSI encoding ကိုအထောင့်ပန့်ပြုပေးနိုင်တဲ့ Text Editor ။
Internet Explorer or Mozilla Firefox ကဲ့သို့သော Browser ။
Adobe Dreamweaver, Aptana Studio, or Microsoft Expression Web ကဲ့သို့သော HTML editor များ စသဖြင့်ရှိတားရန်လိုအပ်ပါသည်။

ဒီ HTML အခြေခံကို wikiHow မှာပြန်လည်လေ့လာပြိး ရေးသားတင်ပြထားတာဖြစ်ပါတယ် HTML Dog မှာလေ့လာပြိး ထပ်မံတင်ပြပါအုန်းမယ်။

No comments: