VOX Dynamic Looper Guitar Effect အသုံးပြု နည်း
1) VOX Dynamic Looper Guitar Effects
Loop လုပ်ပေးနိုင်သောအချိန်ကြာမြင့်မှု
 VOX Dynamic Looper ရဲ့ ဒီဇိုင်းက ဂီတကိုဖန်တည်းတီးခတ်တဲ့နေရာမှာ မိမိလိုအပ်တဲ့တီးလုံးလေး သက်သက်ကို အကြိမ်ကြိမ် ပြန်ကျော့ပေးနိုင်တဲ့ Looped  စနစ်ကို အိမ်သုံးရော Live Show များပါသုံးလို့ ရအောင် ဖန်တည်းခဲ့တာဖြစ်ပါတယ်။ Loop ကို Loop1 နဲ့  Loop2 ဆိုပြီး ပိုင်းခွဲပြီးထဲ့ပေးထားပါတယ်၊ Loop ရဲ့အချိန်ကြာမြင့်မှုကိုလည်း စက္ကန့်  ၉၀ အထိမြင့်ထားပေးပါတယ်။ Boss နဲ့  Digitech တို့ က Loop လုပ်ပေးနိုင်တဲ့အချိန်ကို ၃နာရီထိပေးထားပေမဲ့ တကယ်တော့ Loop Time ဟာအဲလောက်ကြာစရာမလိုတာကိုတွေ့ ရသလို စက္ကန့်  ၉၀ ပေးထားခြင်းကြောင့် ဆိုးကြိုးတွေဖြစ်လာစရာမရှိတာကိုလည်း တွေရပါတယ်။ Dynamic Looper က အတီးပေါ်အတီး ထပ်နိုင်သလို့  အဆိုပေါ် အဆိုထပ်နိုင်အောင် Loop Layer ကို အကန့် သတ်မရှိပေးထားပါတယ်။   ။
Looping ရဲ့လုပ်ဆောင်နိုင်မှုများ
Dynamic Looper  ဟာဆိုရင် Overdub ခေါ် Looping တစ်ကြိမ်အတွင်းနောက်ထပ် ထပ်မံတီးပေးနိုင်တာကို ထဲ့သွင်းထားပါသေးတယ် ဆိုလိုတာကတော့ အတီးပေါ်အတီးထပ်နိုင်တာကို Overdub လုပ်တယ် လုပ်နိုင်တာကိုပြောတာပါ၊ မလိုအပ်ပါက Undo ပြန်လုပ်လို့ လဲရပါတယ် ထို့ အတူ Redo လည်းလုပ်နို င်ပါတယ်၊ သီချင်းစားသား အတိုအရှည်အလိုက် Chord Pattern ပြောင်းလည်းလို့ ရအောင်လုပ်ထားပေးပါတယ်။ ထို့ အတူ Dynamic Looper   က Loop Quantize စနစ်ကိုပါထဲ့သွင်းပေးထားပါတယ် Loop Quantize အကြောင်းကို အသေးစိတ်သိလိုပါက Boss မှထုပ်လုပ်ထားသော RC-50 Loop Station တွင်သွားရောက်လေ့လာပါ။ RC-50 Loop Station Link
Multi-Effects များကို အသုံးပြု ခြင်း
Dynamic Looper  ဟာတမူထူးခြားသော အသံတွေကို ဖန်တည်းရာမှာ Loop ကို Recording လုပ်ပေးရင်း သင်တီးခတ်ထားသမျှ ကို ပြန်ထုပ်လုပ်ပေးခြင်းတို့ ကို တစ်ပြိုင်တည်းလုပ်ဆောင်ပေးသွား နိုင်ပါတယ်။ သင်တီးခတ်နေရင်း အခြားသော Effect များကို ပြောင်းပြီးအသုံးပြုရလွယ်အောင် ဖန်တည်းပေးထားပါတယ်။ Bass နှင့် Acoustic guitar တို့ ပြိုင်တူတည်းခတ်ခြင်းနှင့်အတူ Compressor ပြုလုပ်ခြင်း Distortion, Wah, Reverb, Delay, Stutter တို့ ကိုလည်းပြုလုပ်ပေးနိုင်ပါတယ်။ 
 Vox Dynamic Looper controls
ဒီအပြင်  သင်အသံသွင်းထားသောသီချင်းစာသားများထဲသို့ Loop Effect များပေါင်းထဲ့ပေးနိုင်အောင်ဖန်တည်းပေးထားပါတယ်၊  တီးခတ်သူ ဖန်တည်းထားတဲ့ မူရင်းအသံသွင်းမှုများကို အထောက်ကူပြုရာမှာ အခြား Looper များနဲ့ မတူညီတာကိုတွေ့ ရမှာဖြစ်ပါတယ်၊ သင်ပြုလုပ်ထားတဲ့ Loop များကို တဖြည်းဖြည်းလျော့သွားအောင် Program ထဲ့သွင်းပေနိုင်ပါတယ်။ VOX Dynamic Looper တွင် Program 50 ကိုကြိုတင်ထဲ့သွင်းပေးထားပါတယ် ဒီ Program များကို သင်အရန်သင့်အသုံးပြု နုင်ပါတယ်၊ သင်ကိုတိုင် Program များထဲ့နိုင်အောင် အပို Slot 50 ပေးထားပါသေးတယ် ဒါတွေဟာ သင်လိုတိုးပိုလျှော့လုပ်လိုရအောင်စီမံပေးထားတာဖြစ်ပါတယ်။ Program တစ်ခုခြင်းအလိုက် Loop Effect Setting ထဲမှာသိမ်းထားလို့ ရပါတယ် ဒီလိုသိမ်းထားခြင်းဖြင့် သင်လိုအပ်တဲ့အခါ ပြန်လည်အသုံးပြု ရလွယ်ကူစေပါတယ်၊ VOX Dynamic Looper ထဲမှာ Mic တပ်ဆင်အသုံးပြု နိုင်အောင်လည်းလုပ်ထားပေးပါတယ် ဒီအပြင်အခြားသော တူရိယာများ ကို VOX Dynamic Looper ထဲမှာ ပူးတွဲအသုံးပြုနိုင်အောင်လည်း စီမံပေးထားပါတယ်။ သင်သီဆိုတဲ့ သီဆိုမှု ကိုလည်း Loop လုပ်လိုပါက ရပါသေးတယ်။  VOX Dynamic Looper ကိုအသုံးပြု ပြီး သီဆိုထားတာကို  DubFX  Link  နဲ့   Loop Station မှာသွားရောက်ကြည့်ရှူ  နိုင်ပါတယ်။ Vox Dynamic Looper မှာကောင်းတဲ့အချက်တွေတော်တော်များများပါဝင်ပါတယ်၊ သို့ သော်လည်း အားနည်းချက်နဲ့ တော့မကင်းပါဘူး။ အဲဒါတွေကတော့ Volume Control နှင့် Loop တစ်ခုခြင်းဆီမှာ Slider မပါရှိခြင်းတို့ ဖြစ်ပါတယ်။ သင့်အနေဖြင့် Volume Control Pedal အပိုတစ်ခုထဲ့ပြီးသုံးလို့ ရပါတယ် ဒါပေမဲ့ အမှားယွင်းမခံတာမျိုးဖြစ်နိုင်သလို တိကျမှု လည်းနည်းပါတယ်။ Vox က ပြောတာကတော့ သင့်ရဲ့နားလည်ကျွ မ်းကျင်မှု နဲ့  အဂျက်လုပ်လို့  ရတယ်လိုဆိုပါတယ် ဒါဟာလည်း အနည်းငယ်ခေါင်းပြီး ကျွမ်းကျင်သူများ အတွက်သာ အဆင်ပြေမှာဖြစ်ပါတယ်။ Vox မှာ သင် Loop လုပ်တဲ့အခါအထောက်ကူဖြစ်အောင် Limiter ထည့်ထားပေးပါတယ် သင် Overdub လုပ်တဲ့အခါပိုမိုအားကောင်းစေပါတယ်။ Vox Dynamic Looper  ရဲ့ပေါက်ဈေး US $ 400 လောက်ရှိပါတယ် Amazon.com မှာတော့ဈေးချပြီးရောင်းပေးနေတာမို Online မှဝယ်ယူနိုင်ပါက $250 လောက်နဲ့ ရနို င်ပါတယ်။ မြန်မာနိုင်ငံမှ မှာယူလိုသူများကို ကျနော်ဝန်ဆောင်မှု ပေးနိုင်ပါတယ် ကျနော်ဖုန်းနံပါကို ကျနော်ရောင်းချပေးနေသော ပစ္စည်းများအောက်တွင်ရှာယူဆက်သွယ်ပါ။
VOX VDL1 Dynamic Looper Basic Guide 
Vox Dynamic Looper Pedal demo
VOX Dynamic Looper VDL1 Demo
မူရင်း Link 
No comments: