Software မသုံးဘဲ သင့်ရဲ့ PC မှာ Virus ရှိမရှိကြည့်နည်းလေးကို တင်ပေးလိုက်ပါတယ် မိတ်ဆွေများ ဝမ်းသာကြမယ်ထင်ပါတယ်။ ဒီပြဿ နာ ကို Kernel32.dll အကြောင်းလေ့လာရင်း တွေ့ ရတဲ့ ဗဟုသုတပါ။ ဒီ kernel32.dll ပျက်နေတဲ့ စက်တွေမှာ Virus သတ်တဲ့ Software တွေ Install လုပ်ရခက်ပါတယ် ကျနော် က ကျနော့စက်တွေမှာ Virus သတ်ပေးတဲ့ Software ကိုထဲ့မသုံးလိုသူပါ။ ဒီတော့ ဒီပြဿ နာ ကိုဘယ်လိုရှင်းမလဲ ဆိုတဲ့ ဆောင်းပါးကို ရှဖတ်ရင်းကနေ တွေ့ ရတဲ့ ရလဒ်လေးကို မျှဝေပေးလိုက်ပါတယ်။
How to Fix the Problem with Kernel32
(၁) My Computer ကိုဖွင့်ပါ

(၂) Local Disk ( C ) ခေါ် C: ဆီကိုသွား ပြီးဖွင့်ပါ။ ပြီးရင် Windows ထဲကိုဝင်ပါ

(၃) WINDOWS အထဲမှာ System32 ရှိပါတယ် ဖွင့်ဝင်ပါ။

(၄) ပြီးရင် system32 ထဲမှာ Kernel32.exe ကိုရှာပါ အောက်ပုံကိုကြည့်ပါ။

(၅) kernel32 လို့ ခေါ်တဲ့ File ဟာ အထက်ကပုံလို Kernel32.exe လို့ တွေ့ ရင် သင့်ရဲ့ PC ထဲမှာ Virus များရှိနေပါပြိ၊ ဒါဆိုရင် သင်လုပ်ရမှာက Virus သတ်တဲ့ Software ကိုရှာပြီး Virus ကိုသတ်ပေးပါ သို့ မဟုပ် ဆိုင်ပို့ ပါ သင့်အဘောအတိုင်း လွယ်လင့်တကူ မဖျက်လိုက်ပါနဲ့  ဒီ Post ဟာ ဆရာကြီများအတွက် မဟုပ်လို့ သတိပေးတာပါ။

(၆) အပေါ်က ပုံလို Kernel32.dll ကိုတွေ့ ရင်တော့ သင့်ရဲ့ PC ထဲမှာ Virus မရှိပါဘူး ဒါပေမဲ့ သူ့ ကိုပြင်ပေးဖို့ တော့လိုပါ ဒါကြောင့် Kernel32.dll ကို ပြင်ပေးနိုင်မှာ Virus သတ်တဲ့ Software ကို Install လုပ်လို့ ရမှာ ဖြစ်ပါတယ်။
ဒီပြဿ နာ နဲ့ ပါတ်သက်တဲ့ နောက်ဆက်တွဲ အကြောင်းလေး ကို တင်ပြပါအုန်းမည်။
မြန်မာတို့ အတွက် ဗဟုသုတ
7/12/2014
No comments:
Post a Comment