၈၈။ Kernel32.dll ပျက်နေရင် Security Software တွေ Install လုပ်လို့ မရပါ။

တော်တော်ညံ့တဲ့ ကျနော် ကို့ ကိုယ်ကို သိနေတာကြာပါပြီ၊ ရိုက်ထားတဲ့ပုံက အရေ်းိုကြီးတဲ့ စာလုံးကျန်နေတယ်။ in the dynamic link library KERNEL32.dll ဆိုတဲ့ စာလုံးလေး ကျန်နေတာပါ၊ ဒီနေရာမှာ ဒီ Error ပေါ်နေတာ ကြောင့် ဖြစ်တဲ့ ပြဿ     နာ က စာထဲမှာမြင်ရသလို Avira Virus သတ်တဲ့ Software လေးကို Install လုပ်လို့ မရတဲ့ ပြဿ      နာပါ။ ပြီးခဲ့တဲ့ Post တွေမှာလဲ ရေးခဲ့ ပါသေးတယ် ဘာ့ကြောင့်ဒီလို ဖြစ်ရတယ်ဆိုတာကို၊ ဒီစက်ကိုဝယ် ပြီး ရက်ပိုင်လောက်မှာဘဲ သူ့ မူလကပါလာတဲ့ avast internet security က Upgrade မိသွားပြီး တစ်လနောက်ပိုင်း ဝယ်ရမယ်ပြောလာလို့ ဖျက်ပြစ်တာပါ။ Software တွေကို Install လုပ်တာဟာ တကယ်လို့ မိမိ အတွက်အသုံးမလိုရင် မလုပ်ကြတာကောင်းပါတယ်၊ စက်လေးတယ် ဘာ့ကြောင့်လဲ ဆိုတော့ ဒီ Software တွေကိုပြန်ဖျက်တဲ့ အခါ အဲဒီဖျက်လိုက်တဲ့ Software တွေဟာ သူတို့ နဲ့  အမျိုးစားတူတဲ့ Software တွေကို Install လုပ်လို့ မရအောင် သက်ဆိုင်ရာ Files တွေကိုဖျက်ပြီးမှာ ထွက်သွားတာကို သတိထားမိတာ ကြာပါပြီ ဒီ avast internet security ကိုထုပ်လိုက်ပြီး နောက် Avira ကို Install လုပ်ဖို့ ကြိုး စားကြည့်တာမရတော့ဘဲ အထက်မှပြထားတဲ့ Error တက်တက်နေလို့  ဘယ် Virus သတ်တဲ့ Software မှ မသုံးတော့ဘဲ ထားခဲ့တာပါ၊ ပြီးခဲ့တဲ့ နှစ်ရက်လာက်က CS5 ကိုဒေါင်းယူပြီး Install လုပ်တဲ့အခါမှာ သူနဲ့ တွဲပြီး ပါလာတဲ့ Software တွေဒုက္ခပေးလို့  Windows ပြန်တင်လိုက်ရတဲ့ အကြောင်းကို လည်းမနေ့ က ရေးပြီးပါပြီ၊ Virus သတ်တဲ့ Software တွေရှိနေတာ ကိုယ်လုပ်ခြင်တာကို မလုပ်ရလို့  မသုံးချင်နေတာကြောင့် Install မလုပ်ဘဲထားလိုက်တာ ခုပြန်လုပ်တော့ ဒီပြဿ      နာ တက်တော့တာပါဘဲ၊ ဒီ ဗဟုသုတလေးကို မြန်မာတွေကိုမျှ ဝေခြင်တာကြောင့် ဒီ Post လေးရေးလိုက်တာပါ။ ဒီလို Kernel32.dll ပျောက်နေလို့  လိုခြင်ရင် ရှာတဲ့ အခါမှာ Third Party ဝက်ဆိုဒ်တွေက ရရင်ရ မရရင် Microsoft မှာရှာရတာပါ။ ကျနော်တို့ သိထားသင့်တာက Windows စစ်ရင်တော့ Microsoft ထဲဝင်ရှာလို့ ပြဿ      နာမရှိပေမဲ့ Copy Windows သမားများကတော့ ဝင်မရှာကြပါနဲ့  သင်တို့  Windows ဟာ No Genuine Windows ဆိုတဲ့ Label လေးကို Microsoft ကသင့် PC မှာကပ်လိုက်ရင် သင့် Windows ဟာ တစ်လဘဲ ခံတော့မှာဖြစ်ပါတယ်။ ဒီလို Windows မဲသွားတဲ့ အခါ မသိတဲ့ လူများက Virus ကိုက်တယ်ထင်သွားကြတယ်။ ဒီနည်းကို ဖြေရှင်းတာက လဲ Windows အသစ်ပြန်တင်ရတော့အာပါဘဲ၊ အဲ အာလူးတွေ များသွားတယ် ဘယ်လို လုပ်ကြမယ်ဆိုတာ စကြရအောင်။ ဒီ Kernel32.dll ကို Third Party တွေကရှာနေမဲ့ အစား ကျနော့ ဆီကသာ ယူလိုက်ပါ ဒီမှာ Download ယူကြပါ။ ဒီ Kernel.exe ကို သင့်စက်ထဲက System32 ထဲမှာနေရာချပေးရပါမယ်။ My Computer ထဲကိုဝင်ပါ ပြီးရင်အောက်ပုံကိုကြည့်ပါ။

Fix the Problem with Kernel32 Step 2.jpg

 Local Disk (C:) ကိုထဲ ထပ်ဝင်ပါ ။

Fix the Problem with Kernel32 Step 3.jpg


C: ထဲကနေ Windows ထဲကိုဝင်ပါ အပေါ်ပုံကို ကြည့်ပါ။ 

Fix the Problem with Kernel32 Step 4.jpg 

 ပြီးရင် အပေါ်ပုံကလို System32 ထဲကိုဝင်ပါ ပြီးရင် အောက်ပုံထဲ မှာ နေရချ ပေးရမှာ ဖြစ်ပါတယ်။ 


Fix the Problem with Kernel32 Step 5.jpg 

သတိထားရမှာက ရှိပြီးသားဆိုထဲ့စရာမလိုပါဘူး ပြန်ပြင်လိုက်ရုံပါ ဒါပေမဲ့ ဒီလို နေရာချ ပေးပြီးသွားပြီ ဆိုရင် ပြဿ      နာ စတော့တာပါဘဲ ဘာ့ကြောင့်လဲ ဆိုတော့ ကျနော့အခုစက်က Windows အစစ်ဆိုတော့ Windows ကို Update လုပ်လိုက်တာနဲ့  တင် Kernel32.dll ဟာ ပြန်ကောင်းသွားလို့ ပါဘဲ။ ဒီပြဿ     နာ ရဲ့ အဓိက ကတော့ သင့်စက်ထဲမှာ Windows XP SP 3 မရှိတဲ့အတွက်ဘဲ ဖြစ်ပါဆယ်။ ဒီလအတွင်း ကျနော်ရဲ့ စက်ကို သုံးကြိမ် Windows ပြန်တင်ခဲ့တာပါ ခွေ တစ်ခွေထဲကိုသုံးပြီး Windows တင်တာတောင် တစ်ကြိမ်နဲ့ တစ်ကြိမ်မ တူတာကိုတွေ့ ရပါတယ် နောက်တစ်ခုက ကျနော် Avira Security ကို Install လုပ်လို့ အောင်မြင်သွားတိုင်း စက်ဟာ သိသိသာသာ ကြီးကိုလေးသွားလို့  ခုနောက်ဆုံးတစ်ခေါက်မှာတော့ Microsoft Windows Essentials Security ကိုရအောင်ရှာယူပြီးသုံးလိုက်ပါတယ်။  ဒီတော့ Windows XP SP 3 ကို ဒေါင်းယူပါ။ ဒီနည်းဟာ Copy Windows သမားများနဲ့ လုံးလုံးမသက်ဆိုင်ပါဘူး။ Copy Windows အသုံးပြုသူများ လုံးဝ လုံးဝ မစမ်းကြည့်ကြဖို့  မေတ္တာရပ်ခံပါတယ်။ 


ဒီ Windows XP SP 3 ကို ဒေါင်းယူပြီးလို့  Install ပြီးသွားရင် ကျန်တာတွေကို Windows Update ကသူ့ အလိုလိုထပ်ပြီးဖြည့်ပေးသွားမှာ ဖြစ်ပါတယ်။ အားလုံးပြီးစီးသွားရင် Microsoft.NET Framework 4 စတင်အလုပ်လုပ်ပါတယ်။ သူ စအ လုပ်မယ်ဆိုရင် အောက်ကပုံကိုမြင်ရမှာ ဖြစ်ပါတယ်။ ပြီးသွားရင် Avira Software ကို Install လုပ်လို့ ရပါပြီ။



သူ့ ကို Install လုပ်ပေးပြီးတော့ Avira ကို Install လုပ်တဲ့အခါမှ အရင်ကလို ဟိုအပေါ်ဆုံးက Error Box လေး ကျမလာတော့ဘဲ အောက်ပါပုံလေး အတိုင်းတွေ့ မြင်ရပါတယ်။ 



ဒီနောက်မှာ တော့ Avira Website ကတိုက်ရိုက် Install လုပ်ပေးတဲ့ Browser ပွင့်လာပြီး သူကိုယ်တိုင် Install စလုပ်ပေးပါတယ်။ 


အောက်ကပုံကတော့ Avira ကို Install လုပ်တာအောင်မြင်သွားတဲ့အကြောင်းပြတဲ့  Page ဖြစ်ပါတယ် ဒီလိုအောင်မြင်သွားပြီးလို Control Panel ထဲဝင်ကြည့်တော့ မြင်ရတဲ့ ပုံကအောက်ပါအတိုင်းဖြစ်ပါတယ်။ 




အောက်ကပုံလေး ကိုသေခြာကြည့်ပါ Software တွေကိုသုံးလို Update လုပ်တာပြဿ      နာ မဖြစ်ပေမဲ့ Upgrade မလုပ်ဖို့ တော့လို ပါတယ် Upgrade လုပ်လိုက်မိရင်တော့ တစ်လ ပေးသုံးပြီး ငွေတောင်းတော့မှာဖြစ်ပါတယ်။


အထက်ပါပုံကို ကြည့်ပါ Upgrade ပုံလေးကို လက်နဲ့ ပြထားပေးပါတယ် သွားမလုပ်လိုက်နဲ့ နော်။ ကျနော် avast internet security က Upgrade မိလို့ ဒီပြဿ      နာ ဖြစ်တာကို အထက်မှာပြောပြထားတယ်နော်။
နောက်တစ်ခု ပြောချင်တာကတော့ Windows တွေဟာ XP တို့  Windows 7 တို့  8 တို့ ဟာ အခြေခံအား ဖြစ်အနည်း နဲ့ အများတူကြလို့  ဒီနည်းတွေဟာ အခြေခံအားဖြင့် တူကြတာကို သတိထားပြီး သင့်စက်ဟာ Windows XP မဟုပ်လို့  မဖတ်ပဲမနေလိုက်ပါနဲ့  အနဲ့ ဆုံး ဗဟုသုတရပါတယ်။

မြန်မာတို့ အတွက် ဗဟုသုတ
9/12/2012

No comments: