၃၆။ Device Manager ထဲမှာ Driver တွေကို Update နှင့် Install လုပ်နည်း

MediaTek USB VCOM Driver For Windows 8/8.1 အကြောင်းကို ရေးပေမဲ့ ဒီလိုနည်းနဲ့  မိမိ ရဲ့ PC တွေ Laptop တွေနဲ့ တွဲသုံးမဲ့ Other Devices များ ကို သုံးလို့ ရအောင်လုပ်နည်းလေးပါ။ ဥာဏ်ရှိသလို့  သုံးကြပေါ့ သိသူဖေါ်စားကြပေါ့ဗျာ။ ဒီအကြောင်းကိုရေးရတာကတော့ ဖုန်း ပညာလိုက်စားလိုသူတွေအတွက် အတူး အသုံးဝင်မှာပါ ဖုန်း တစ်လုံးကို Power ပိတ်ပြီးကွန်ပျူ တာနဲ့ ဆက်တဲ့ အခါမှာ ဒီနည်းလေးက အရန်းကို အရေးကြီးပါတယ်။ လက်ရှိကျနော် ဖြစ်နေတဲ့ ပြသာနာ က Samsung Clone တစ်လုံးကို ကလီရကဖြစ်လာတဲ့ ပြသနာပါ။ ဒီအတွက် ကျနော် ကွန်ပျူ တာထဲမှာ MediaTek PreLoader USB VCOM Port ကို Install လုပ်ဖို့ လို့ နေတာကြောင့် လုပ်ရင်းကိုင်ရင်း Post အဖြစ်ဖန်တည်းထားခြင်းပါ။ သူ့ မူရင်းက English လိုရေးထားလို့  ကျနော်ရဲ့ Google+ ထဲမှာ မူရင်းကိုဖတ်လို့ ရပါတယ် နောက်တစ်ခုက Post နှစ်ခုကိုပေါင်းပြီးဘာသာပြန်ထားတာပါ။ Windows 7 ရော Windows 8 မှာပါသုံးလို့ ရတယ်လို့ ဆိုပါတယ်။

ဒီဆင့်ကိုလုပ်ဆောင်ဖို့  ပထမအနေနဲ့  MediaTek PreLoader USB VCOM  အဟောင်းကို Disable လုပ်ဖို့ လိုပါတယ်။ ဒီတော့ ဒီအဟောင်းကို ဘယ်လိုဖျက်ထုပ်ရမလဲ ဆိုရင်  Windows 7 ဖြစ်ဖြစ် Windows 8 ဖြစ်ဖြစ် Control Panel ထဲဝင်ရမှာဖြစ်ပါတယ် ဒီတော့ အောက်ပုံက Windows 7 အတွက်ပါ။


အောက်ကပုံကတော့ Windows 8 အတွက်ဖြစ်ပါတယ်။


Device Manager ကိုဝင်ပြီးပြိဆိုရင်အောက်ပါပုံအတိုင်းတွေ့ ရပါမယ်။


ဒီအထဲကသင့်တို့ ဖျက်ထုပ်လိုတဲ့ အစိတ်အပိုင်း ကို Disable လုပ်ပေးလိုက်ရုံပါဘဲ Disable လုပ်ဖို့ သင်လုပ်လိုတဲ့ အစိတ်အပိုင်းပေါ်မှာ Right Click နှိပ်ပေးပါ ပြီးရင် Disable ကိုရွေးနှပ်ပေးလိုက်ရုံပါဘဲ အောက်ပုံကိုကြည့်ပါ။ မှားမဖျက်ဖို့ တော့ အရေးကြီးပါတယ် သေချာအောင်လုပ်ပါ။



Disable မလုပ်ဘဲ Update လုပ်ပေးချင်တာဆိုရင်တော့ သင်ပြု လုပ်လိုတဲ့ အပိုင်းကိုရှာပါ ဒီအထဲမှာ Other Device ကိုရှာပြီးချဲ ပေးလိုက်ပါအောက်ပါပုံ အတိုင်းတွေ့ ရမည်ဖြစ်ပါတယ်။
 


အနီရောင်နဲ့ ဝိုင်းပြထားတဲ့ နေရာက အစိတ်အပိုင်းတွေကို ပြန်ပြင်ဖို့  Driver တွေကို Install လုပ်ပေးဖို့ လိုပါတယ်။ ဒီအတွက် သူတို့ တွေကို Update လုပ်ပေးဖို့ လိုပါတယ်။


Update လုပ်လိုတဲ့ အစိတ်အပိုးတစ်ခု အပေါ်မှာ Pointer ကိုတင်ပေးပြီး Right Click နှိပ်ပေးပါအောက်ပါပုံလေးအတိုင်းပေါ်လာပါမယ်။ Update Driver Software ကိုနှိပ်လိုက်ပါ အောက်ပါပုံကိုထပ်တွေ့ ရပါမယ်။


အထက်ပါပုံမှာ အနီရောင်နဲ့ ဝိုင်းပြထားတာ အွန်လိုင်းကနေ ရှာတာဖြစ်ပြီး စက်ထဲကနေ မိမိ ဖာသာရှာခြင်ရင်တော့ အောက်က Browse my computer for driver software ကိုရွေးရမှာဖြစ်ါတယ်။ သင်က အွန်လိုင်းကရှာတာဆိုရင်အောက်ပါပုံကိုမြင်ရမှာဖြစ်ပါတယ်။


တကယ်လို သင်ရှာနေတဲ့ Driver ကိုအမှန်တွေ့ ခဲ့ရင် အောက်ကပုံလိုတွေ့ ရမှာဖြစ်ပါတယ်။ ဥပမာ ပုံဖြစ်ပါတယ် Windows has successfully update your driver software ဆိုတဲ့စာက အဓီကပါ။ အောက်ပုံကိုကြည့်ပါ။


အကယ်၍ မအောက်မြင်လို့  အဆင်မပြေဘူးဆိုရင်တော့ အောက်ပုံထဲက လို Windows was unable to install your Unknown Device လို့ ရေးထားတာကိုတွေ့ ရပါမယ်။


ဒီလိုဘာ့ကြောင့်ဖြစ်ရသလဲဆိုတော့ သင် Install ထားတဲ့ Driver ဟာမမှန်တာလည်းဖြစ်နိုင်တယ် သင် Install လုပ်ရသေးလို့ လဲဖြစ်နိုင်ပါတယ်။ ။ ။ ။ ။ ။ ။

ဒုတိယနည်း။

အောက်ကပုံကိုကြည့်ပါ Action နေရာကိုနှိပ်ဝင်ပြီး Add Legacy Hardware ကိုရွေးလိုက်ပါ။


Add Legacy Hardware ကိုရွေးလို့ ပြီးရင် အောက်ကပုံအတိုင်း ပေါ်လာပါမယ်။ Install the hardware that I manually ကိုရွေးပေးလိုက်ပြီး Next ကို ကလစ်နှိပ်ပြီးပေးလိုက်ပါ။


Show All Devices ကိုရွေးပြီး  Next ကိုထပ်နှိပ်ပါ။


Browse ကိုနှိပ်ပေးပြီးတော့ သင်ထား ထားတဲ့ Files နေရာလမ်းကြောင်းကိုရွေးပေးလိုက်ပါ ပြီးရင် OK နှိပ်ပေးလိုက်ပါ။


ဒီအပိုင်းကတော့ MediaTek Preloader USB VCOM Port ကိုပြု လုပ်တဲ့အပိုင်းဖြစ်တာကြောင့် ၎င်းကို Install လုပ်ထားပေးဖို့ လိုပါတယ် ခုကနော်လုပ်နေတာက ဒီအပိုင်းဖြစ်ပါတယ်။ ပြီးရင် Next ကိုနှိပ်လိုက်ပါ။ ( မည်သည့် အပိုင်းကိုမဆို ကိုယ်လိုရာကိုရွေးလုပ်ရမှာဖြစ်ပါတယ် နည်းကတော့ ကြိုက်တာသုံးပါ)


အောက်ကပုံကတော့ ကို Update လုပ်လိုတဲ့ Software ဟာစက်ထဲမှာရှာလို့ မတွေလို့ ပေါ်လာတာဖြစ်ပါတယ် သေချာအောင် Install လုပ်ပေဖို့ လိုပါတယ်။




ကျနော်လက်တွေလုပ်ကြည့်နေရာမှာ ဒီအဆင့်အထိ ကျနော်လည်းမှားနေပါသေးတယ် ဘာ့ကြောင့်လဲ ဆိုတော့ ကျနော်လိုချင်တဲ့ Software တွေကိုဒေါင်းယူတဲ့နေရာမှာ နာမည်တွေသာတူပြီး ပါလာတာတွေကလွဲနေလို့ ပါဘဲ ဒါကိုစိတ်ရှည်ဖို့ တော့လိုပါတယ်။ ပညာရပ်တစ်ခုကို လွယ်လွယ်ရရိုးမှမရှိဘဲ ထပ်ကြိုး စားရမှာပေါ့။ တကယ်တော့ MediaTek Driver ကိုပြင်ဆင်ဖို့ နေရာမှန်က အောက်ပုံမှာဖေါ်ပြထားတဲ့နေရာမှာရှိနေလို့ ပါဘဲ။ Software ကိုလည်းသေချာပြန်စစ်ဖို့ လိုပါတယ်။


အရေးကြီးတာက ကို လိုချင်တဲ့ Driver တွေကို မိမိရဲ့ PC သော်၎င်း Laptop သော်၎င်း ထိုမူရင်း ကုပ္ပဏီ ဝက်ဆိုဒ်များမှ ရှာယူနို င်လေ အကောင်းဆုံးဖြစ်လေပါဘဲ။ အားလုံးကိုကျေးဇူးတင်ပါတယ်။ သင်တို့  အဆင်ပြေရင် တုန့် ပြန်စာလေးရေးသွားကြပါ ပီတိစားပြီး ခွန်အားဖြစ်လို့ ပါဘဲ။

မြန်မာတို့ အတွက် ဗဟုသုတ စုစောင်းရှာဖွေနေရင်းဖြင့်

No comments: