ဖုန်းဖြင့် facebook ကောင့်ဖွင့်နည်း
ဖုန်းဖြင့် facebook အကောင့်ဖွင့်နည်း ကို facebook မှာတင်ဘို့ အကြောင့်းဆုံလာလို့  တင်ပေးခြင်လို့  ကျနော့ ဆိုဒ်မှာအရင် တင်လိုက်ပါတယ်။ Blogger တစ်ယောက်က facebook အကောင့်ဖွင့်နည်း ကို ကွန်ပျူ  တာပါမှ ဖွင့်လို့ ရ သရောင် ရေးထားတာ တွေ့  ပြီး ကွန်ပျူ တာမပါလဲ ဖွင့်လို့ ရတာ သိအောင် ဒီ Post ကိုရေးလိုက်တာ ဖြစ်ပါတယ်။ ဒီလို့  facebook အကောင့်ဖွင့်ဖို့ ရန် အီးမေး ရှိဖို့  လိုပါတယ် ဒါကို ကွန်ပျူ တာ ရှိမှ ဖွင့်လို့ ရသရောင် ရေးထားတော့ ကွန်ပျူ တာ မရှိတဲ့ လူတွေ ဖွင့်လို့ မရ တော့ ဘူးလား ? ရပါတယ်ဗျာ ကဲ့  စလိုက်ကြရအောင်
ပထမ သိထားဘို့ က ဖုန်းရှိနေတယ်ဆိုရင် သင့်ဖုန်းထဲမှာ Play Store ရှိနေလား ကြည့်လိုက်ပါ Play Store ရှိနေတယ်ဆိုရင်သင့် မှာ Gmail ရှိနေပြီးသားပါ ဒီ Gmail ဟာ အီးမေးပါဘဲ လက်ရှိ အီးမေးက ဖွင့်လို့ မရဖြစ်နေလို့ ရှိရင် အကောင့်အသစ်ထပ်ယူလို့ ရပါတယ်။
အထက်ပါပုံမှာ Gmail ကိုတွေ့ ရပါမယ် သင့်အနေနဲ့  အကောင့်အသစ် မဖြစ်မနေယူရမယ် ဆိုရင် အောက်ပါပုံကိုကြည့်ပါ သင့်ဖုန်းထဲက Setting ကိုရှာပါ။
အထက်ကပုံမှာပြထားတဲ့ Setting ထဲကိုဝင်ရင် အောက်ပါပုံကိုမြင်ရပါမယ်။ ဒီနေရာမှာ တစ်ခုသတိပြု စေချင်တာက ဖုန်းတွေ မတူရင် Setting ထဲကိုဝင်ပြီးပေမဲ့ ကျနော်အခုပြသလို တထေရာတည်း တူခြင်မှတူနိုင်မယ် ဆိုတာလေးကိုသတိပြု ပါ လက်ရှိ ကျနော်နမူနာပြပေးတဲ့ ဖုန်းက Samsung Tab 4 ကိုအသုံးပြု ထားတာဖြစ်ပါတယ် ဒါကြောင့် Samsung သမားများ အနေဖြင့် ပိုနီးစပ်မယ် ထင်ပါတယ် သို့ သော်လည်း မူ ကိုသိထားရင် ကျန်ဖုန်းများအနေဖြစ် ခက်မယ် မထင်တော့ ပါဘူး အခြေခံအားဖြစ်တူကြ ပါတယ် ။
အထက်ပါပုံမှာမြင်ရတာ Samsung Tab 4 Setting ပြီး General ခေါင်းစဉ်အောက်မှာရှိတဲ့ Add accounts ထဲကိုဝင်ရတာဖြင့်ပါတယ် ကျန်အမျိုးအစားများတွေထဲက ဥပမာ Lenovo Vibe X ဆိုပါတော့  Setting ထဲမှာ ရှိတဲ့ System ခေါင်းစဉ်အောက်က Add Account ထဲဝင်ရမှာ ဖြစ်ပါတယ် ဒါကတော့ ဖုန်းတွေ မတူရင် မတူသလို ကွဲပြားနေမှာဆိုတော့  မိတ်ဆွေတို့ အတွက် အခြေခံပေးထားပြိးပါပြီ ကျန်တာက ကိုယ့်ဘာသာ ကြိုးစားကြပါ။ ဘယ်ဖုန်းကိုဘဲသုံးသုံး Add Account ထဲကိုဝင်ပါ။
Add Account ထဲကိုဝင်ပြီးသွားရင် အထပ်ပါပုံကိုတွေ့ ရပါတယ် Add လို့ ရတဲ့ အကောင့်တွေ အများကြီးထဲက မိမိ အနေဖြင့် Google ကိုသုံးရမှာဆိုတော့ ပုံထဲမှာ ပြထားတဲ့ အတိုင်း Google ထဲကိုဝင်ပါ။ အောက်ပါပုံထဲ ကိုရောက်သွားမှာဖြစ်ပါတယ်။
ဒီမှာ ပုံကနှစ်ခုဖြစ်သွားတယ် အပေါ်ပုံမှာစာက မရှင်းတော့ နောက်ပုံတစ်ပုံထပ်ထဲပေးထားပါတယ် သင့်အနေနဲ့  အကောင့် အသစ်လိုချင်တာဖြစ်လို့  New ထဲကိုဝင်လိုက်ပါ။
ထုံစံအတိုင်း နာမည်ဖြည့်ပါ။
သင့်နာမည် အရင်းသော်၎င်း သင်ကြို က်နှစ်သက်ရာ အမည်သော်၎င်း ထဲနိုင်ပါတယ်
သင်နှစ်သက်တဲ့ အီးမေးနာမည်ကိုရွေးပါ ကျနော်ရွေးထားတာကတော့  Davidshwehtee2 ကိုဖြည့်လိုက်ပါတယ်။
ကိုက်နှစ်သက်ရာ Password ကိုပြည့်ပါ နှစ်ကြိမ်ဖြည့်ရပါတယ်။
ဒါကတော့  ဒီအကောင့်ကို ဖန်တည်းနေသူဟာ လူ ဖြစ်တယ်ဆိုတာကို သက်သေပြတဲ့ သဘောပါ ဘေးက အစိမ်းရောင်နဲ့ စာကို  ကြည့်ပြီးပြန်ဖြည့်ပေးရတာပါ။
အထက်ပါပုံမျိုးဆိုရင် Not now ကိုရွေးဝင်ပါ သင့်အနေနဲ့  Password ကို recovery လုပ်ထားခြင်ရင်တော့  Set up recevery option ထဲဝင်ရမှာဖြစ်ပါတယ် ကျနော်ကတော့  Not now နဲ့ ဝင်လိုက်တာပါ။
ညာဘက်က မျှားကိုရွေးဝင်ပါ ->
ဒီလိုပုံမျိုးကြရင် I accept ကိုသာရွေးဝင်ပါ
ဒီလိုပုံမျိုးကြရင် ဘယ် ဘက်က Skip ကိုရွေးဝင်ပါ Continue ဆိုရင် ငွေ ပေးရမှာဖြစ်ပါတယ်
ဒီအဆင့်ရောပြီဆိုတာနဲ့ သင့်ရဲ့ အီးမေးအကောင့် အသစ်ဖွင့်တာအောင်မြင်သွားပြီဖြစ်ပါတယ် သင့် Gmail ကိုအောက်ပါပုံအတိုင်းမြင်ရမှာဖြစ်ပါတယ်။
Gmail ပုံလေးအပေါ်မှာ နှိပ်ပြီးဝင်မယ်ဆိုရင် အောက်ပါပုံအတိုင်းမြင်ရမှာဖြစ်ပါတယ်။
ဒီတော့ သင့်ဆီမှာ အီးမေးရှင်နေပြီဖြစ်လို့ နောက်အဆင့်မှာ facebook account ဖွင့်ရန်သာလိုပါတော့ တယ်။
Play Store မရှိသူများ ကိုမြင်ဖူးထားတာကြောင့် ကျနော့ ဝက်ဆိုဒ်ထဲ ကို Play Store ကိုရွှေ့ ပြောင်းနေပါတယ် မပြီးသေးပါဘူး မပြည့်စုံသေးပေမဲ့ အတော်များများတော့ ထဲ့ ထားပြီးပါပြီ မြန်မာတို့ အတွက် Play Store ဆိုပြီး Link ချိတ်ပေးထားပါတယ်။ Play Store ထဲရောက်ပြီဆိုရင် Serch Box ထဲကနေ facebook လို့ ရိုက်ထဲပြီးရှာပါ  facebook app icon ကိုတွေ့ ရင် ဒေါင်းလုပ် ယူပါ။ အောက်ပါပုံကတော့  facebook app ကို ဒေါင်းယူနေပုံ ဖြစ်ပါတယ်။
  အထက်ပါပုံ နှစ်ပုံမှာ Play Store ထဲက facebook ကိုဒေါင်းယူဘို့  Comment ပေးလိုပ်ပြီး Accept မှာ ထပ်နှိပ်ရပါတယ် ပြီးရင် Download စတင်လုပ်နေတဲ့  ပုံကိုမြင်ရမှာဖြစ်ပါတယ်။
ဒေါင်းယူလိုပြီးသွားရင် facebook ထဲကိုဝင်ပါ အပေါ်ပုံမှာပြထား LON IN က အကောင့်ရှိပြီးသားများ facebook ထဲဝင်ရတဲ့ နေရာပါ သင်က ခုမှ အကောင့်အသစ်လုပ်မှာ ဆိုတော့  Sign Up for Facebook ကို နှိတ်ပြီးဝင်ရမှာဖြစ်ပါတယ် ဒီလိုဝင်လိုက်မယ်ဆိုရင် သင် facebook ကိုစတင် အကောင့်ဖွင့်နေပါပြီ အောက်ပါပုံကိုကြည့်ပါ။
ပုံကနဲနဲဝါးတားတားဖြစ်နေတယ် Next ကိုနှိတ်ပါ။
ဒီနေရာမှာ နောက်ထပ်တစ်ခု ပြောချင်တာက ဟို Blogger ကြီး ပြောသလို အီးမေးရှိမှ facebook အကောင့်ဖွင့်လို့ ရတယ် ဆိုတာ မှန်ပေမဲ့ အခုအပေါ်ပုံမှာ မြင်ရသလို Mobile Number လို့ ရေးထားတဲ့ နေရာမှာ သင့် ဖုန်း နံပါတ်ရိုက်ထဲ့ပေးပြီး လဲ ဖွင့်လို့ ရပါတယ် ဒါပေမဲ့ သင်ဟာ သင့် SIM Card ကိုတစ်ဆင့်ပြန်ဝယ်ထားတာမျိုးဆိုရင် အရင်လူကဖွင့်ပြီးသား ဖြစ်နေခဲ့မယ်ဆိုရင် သင်ဒီနံပါတ်ကိုသုံးလို့ မရ ပါဘူး သင်က Sim Card ကိုသင့်နာမည်နဲ့ ဝယ်ထားတာဆိုရင် အီးမေးဖွင့်နေစရာမလိုဘဲ သင့် ဖုန်းနံပါတ် ရိုက်ထဲ့ ပေးလိုက်ပြီး အကောင့်အသစ်ကိုဖွင်ယူ လို့ရပါတယ်။
ခုကျနော် အီးမေးနဲ့  ဖွင့် နည်းရော ဖုန်းနဲ့ ဖွင့် နည်းပါ ပြပေးသွားပါမယ်။ 
ပထမ ဖုန်းနဲ့ ဖွင့်မယ်ဆိုရင် Mobile Number နေရာမှာ သင့်ဖုန်းနံပါတ်ရိုက်ထဲ့ပေးပြီး Next ကိုနှိတ်ပါ။ 
အောက်ပါပုံကိုတွေ့ ရပါမည်။ 
 ဖုန်းနံပါတ်ဖြည့်ပြီး Next ကိုနှိတ်ပါ။ 
အပေါ်ပုံမှာ နာမည်ဖြည့်ပါ။ 
အပေါ်ပုံတွင်မွေးသက္ကရစ်ဖြည့်ပါ။
                                              ကျား/မ ရွေးပါ။
                                      အပေါ်ပုံမှာ  Password ဖြည့်ပါ။
သင့်ဖုန်းထဲသို့  Code Number ပို့ ပေးပါတယ် ဒီ Code Number ကိုယူပြီး Confirm လုပ်ရမှာဖြစ်ပါတယ်။
အပေါ်ပုံက Next ကိုနှိတ်ပါ။ 
အောက်ပါပုံတွင် သင့်ဖုန်းထဲသို့ ပေးပိုက်လိုက်သော Code နံပါတ်ကိုကူးယူပြီးဖြည့်ပေးပါ။
                            ဒီအဆင့်မှာ သင့် ပုံဖြည့်လို့ ရပါပြီ ပုံပေါ်မှာ နှိတ်လိုက်ပါ။
 ဒီအဆင့်ရောပြီးရင် ကျန်တာတွေက အီးပေးနဲ့  အကောင့်ဖွင့်တာဖြစ်ဖြစ် ဖုန်းနဲ့ အကောင့်ဖွင့်တာဖြစ်ဖြစ် အာလုံးအတူတူပါဘဲ Confirm လုပ်တဲ့ နေရာမှာ Code ကို ဖုန်းထဲက SMS ကနေယူပြီး Confirm လုပ်တာနဲ့  Email ထဲက Code ကို ယူပြီး Confirm လုပ်တာလေးသာ ကွာခြားတာဖြစ်ပါတယ် ဒီတော့  ဖုန်းနဲ့ အကောင့်ဖွင့်ရတာ ပိုလွယ်တယ်လို့ ကျနော်ထင်ပါတယ် ဖုန်းသမားများ က အီးမေးနည်းကို ကျော်ဖတ်သွားကြပါ ဟိုးအောက်မှာ        ဒီအဆင့်မှာ သင့် ပုံဖြည့်လို့ ရပါပြီ ပုံပေါ်မှာ နှိတ်လိုက်ပါ   ဆိုတဲ့ နေရာရောက်အောင်ဆင်းသွားကြပါ။ အောက်ပိုင်းက လုပ်ရမဲ့လုပ်ဆောင် ချက်များအားလုံး အတူတူ ဖြစ်ပါတယ်။ 
သင့်အနေနဲ့  အီးမေးနဲ့ အကောင့်ဖွင့်ခြင်တာဆိုရင်တော့  အပေါ်ပုံမှာ Sign Up With Email Account နေရာမှာ နှိတ်ပေးလိုက်ပါ။ အောက်ပါပုံအတိုင်း သင့်အီးမေးကိုဖြည့်ပေးပါ။
 ပြီးရင် အောက်ကပုံပေါ်လာပါမယ် Next မှာနှိတ်ပါ။
အောက်ကပုံ ပေါ်လာမယ် သင့်ရဲ့မွေးနေ့  မွေးလ မွေးရက်ဖြည့်ပါ။
 ရွေးပြီးသွားရင် အောက်ကပုံလိုမြင်ရပါမယ် Next ကိုနှိတ်ပါ။
 ပြီးရင်အောက်ကပုံလို ကျား/မ ရွေးပါ ကျနော်ကတော့ ကျားရွေးရတာပေါ့ဗျာ။
ကျ/မ ရွးပြီးရင် Next ကိုနှိတ်ပါ။ နောက်တစ်ဆင့်ကတော့  သင် Password ဖြည့်ရမှာဖြစ်ပါတယ် အောက်ပုံကို ကြည့်ပါ။
Password ဖြည်းပြီးရင် Next ကိုနှိတ်ပါ။ အောက်ပါပုံကိုတွေ့ ရမှာ ဖြစ်ပါတယ်။ 
ဒီအဆင့်မှာ သင့် ပုံဖြည့်လို့ ရပါပြီ ပုံပေါ်မှာ နှိတ်လိုက်ပါ။ ဒီနေရာမှာ ဖုန်းနဲ့  အကောင့် လုပ်သူရော အီးမေးနဲ့  အကောင့် ဖွင့်သူပါ တူသွားပါပြီ အောင့် အဆင့်များ ကို ဖုန်းသမားများက ဒီ ကနေစ လိုက်လုပ်ကြပါ။
အပေါ်ပုံမှာ ရေးထားတဲ့  Take a Photo နဲ့  Choose From Gallery ကိုရွေးပြီး သင့်ပုံကိုထဲ့ လို့ ရပါတယ် Take a Photo ကိုရွေးရင် သင် Camera နဲ့  ချက်ချင်းရိုက်ပြီး တင်တာဖြစ်ပြီး Choose From Gallery ကတော့  အသင့်ရှိတဲ့ ပုံကိုသုံးတာဖြစ်ပါတယ်။
ပုံရွေးလို့ ပြီးသွားရင် အပေါ်ကပုံလို ပေါ်လာမှာဖြစ်ပါတယ် Get Started မှာနှိတ်လိုက်ပါ။
ဒီလို ပုံ ပေါ်လာရင်တော့ သင့် friend request စလုပ်လို့ ရပါပြီ ပြီးရင် ညာဘက် အပေါ်က Done ကိုနှိတ်လိုက်ပါ။ 
အပေါ်က ပုံလိုမျိုးပေါ်လာရင် သင့်အကောင့်ဖွင့်တာပြီးသွားပါပြီ။ ဒီနေရာမှာ တစ်ခုပြောချင်တာက ကျနော် ဖုန်းနဲ့ ဖွင့်တဲ့ အကောင့်ရယ် ဒီနေ့  အီးမေးနဲ့ ဖွင့်တဲ့ အကောင့်ရယ် နှစ်ခုဟာ မတူညီတာလေးတွေ တွေ့ ရပါတယ်။ အပေါ်က ပုံဟာ ဖုန်းနံပါတ်နဲ့ ဖွင့်ထားတာဖြစ်ပြီး အောက်ကပုံကတော့  အီးမေးနဲ့ ဖွင့်ထားတာဖြစ်ပါတယ်။
အထက်ပါပုံမှာ Continue လို့ ရေးထားတဲ့ နေရကိုနှိတ်ပါ။ အောက်ကပုံမှာ Account ကို Confirm လုပ်ရမှာဖြစ်လို့  Account Confirmation လို့ ရေးထားပါတယ် အောက်ပါပုံကိုကြည့်ပါ။
ဒီနေရာမှာ အီးမေး နဲ့  လုပ်တဲ့ အကောင့်ကို Confirm လုပ်ဖို့  Gmail ထဲကိုဝင်ပါ အောပါပုံကိုကြည့်ပါ။
Gmail ထဲဝင်လိုပြီးရင် Inbox ထဲမှာ Social Facebook လို့ ဘယ်ဘက်အပေါ်နားမှာရေးထားတာတွေ့ ရပါမယ် ညာဘက်မှာ 1 New လို့ ရေးထားတယ် ဖွင့်ပါ အောက် ပါ ပုံ ကိုမြင်ရမှာဖြစ်ပါတယ် ။
Facebook ဆိုတဲ့ နေရာကို နှိတ်ပြီးဝင်ပါ။ 
Confirm Your Account မှာနှိတ်ပါ သို့ မဟုတ် Code 16970 ကို Copy ကူးယူပြီး Account Confirmation မှာသွားဖြည့်ပါ အကြောင်း အမျိုးမျိုးကြောင့် Error တက်လာရင် Account Confirmation နေရာကိုပြန်သွားပြီး Send Code Again ကိုနှိတ်ပါ ပြီး သင်လက်တွေ့ လုပ်တဲ့ အခါမှာ ရလာမဲ့ Code နံပါတ်ဟာ ယခုကျနော်သုံးနေတဲ့ Code နဲ့ တူမှာမဟုပ်ပါဘူး။
Send Code Again ကိုနှိတ်ပါ ပြီးရင် Gmail ထဲပြန်ဝင်ပါ။ Facebook ကနောက်ထပ်ပို့ ထားတဲ့ အီးမေးကို တွေ့ ရမှာဖြစ်ပါတယ် ဖွင့်ဝင်ပါ Confirm Your Account ကိုထပ်နှိတ်ပါ။
အပေါ်ကပုံကိုကြည့်ပါ Gamil ထဲကိုအသစ်ရောက်နေမဲ့  Facebook ကိုဖွင့်ပါ  ဒုတိယပုံပေါ်လာပါတယ် Get Started မှာနှိတ်ပါ အောက်ပါပုံ ပေါ်လာရင် Facebook ကိုရွေးပြီး Just once ကိုနှိတ်ပါ
Just once ကိုနှိတ်ရင် အောက်ပါပုံ ပေါ်လာပါပြီ ဒါ ဆို သင် အကောင့်အသစ်ဖွင့်တာ အတော်ခရီးပေါက်နေပါပြီ။ 
ကဲ သင် Friends ရှာပေတော့  ကျနော့ ရဲ့ ဒီ William TN SP အကောင့်ကို ပထမဦးဆုံး မိတ်ဆွေအဖြင့် လက်ခံပေးသူက တော့  Min Min ဖြစ်ပါတယ်။ ဒုတိယ လက်ခံပေးသူက Khaing Lay ဖြစ်ပြီး တတိယ လက်ခံပေးသူက Moema Ma ဖြစ်ပါတယ်။
ဒီအဆင့်ထိဟာ အီးမေးနဲ့ အကောင့်ဖွင့်လိုက်တာ ဖြစ်ပါတယ် App တွေရဲ့ Update တွေကြောင့် ဒီနည်းတွေဟာ နောင် နှစ်တွေမှာ အပြောင်းလဲတွေ ဖြစ်နိုင်ပါတယ် ဒါပေမဲ့ မူ ကိုသိထားပြီးရင် မခက်တော့ ပါဘူး ကျနော့ မိတ်ဆွေ အားလုံး ကျမ်းမာကြပါစေ ချမ်းသာကြပါစေ ဘေးရန်အပေါင်း သောက အပေါင်း ကင်းဝေးကြပါစေ။
မြန်မာတို့ အတွက် ဗဟုသုတ
17/6/2015
No comments: