
ဒီ Post ကို မြန်မာတို့ အတွက် ဗဟုသုတ မှ ဖုန်းဝါသနာရှင်များကို မသိမဖြင့် သိရမဲ့ အပိုင်းလေးမို ကြိုး စားရှာဖွေတင်ပြလိုက်ပါတယ်။ MediaTek Devices တွေကိုအသုံးပြုပြီးရေးထားတဲ့ Tutorial တွေကို ဒီ LINK ကနေသွားလေ့လာနိုင်ပါတယ်။ ဒီ Post မှာတော့ MT6572 မော်ဒယ်ရဲ့ ROM Dump ကိုယူပုံယူနည်းကို ပြောပြသွားမှာဖြစ်ပြီး MT6582 တို့  MT6589 တို့ မှာလဲ အတူတူဘဲ ဖြစ်ပါတယ် သို့ သော် လုပ်ဆောင်ရာ မှာ Scatterfile text သာမတူညီတာဖြစ်ပါ ဒီတော့ နောက် မော်ဒယ်တွေကို Scatterfile text ပြောင်းပေးလိုက်ရုံနဲ့  အားလုံးဟာ အတူတူ ဖြစ်သွားပြီး လုပ်ဆောင်ရမှာတွေက အတူတူပါဘဲ။ ဒီတော့ ဒီလုပ်ငန်းစဉ်ကို စလုပ်တော့မယ်ဆိုရင် ပထမဆုံး Tools တွေကို ဒေါင်းယူရပါတယ် ဘာ့ကြောင့်လဲဆိုတော့ MT6572 ဖုန်းတွေအားလုံးဟာ မတူညီကြလို့ ဘဲဖြစ်ပါတယ်။ MT6572 Chip-set တွေဟာ Lenovo မှာသုံးသလို Samsung Clone တွေမှာလဲသုံးပါတယ် အခြားသောဖုန်းအတော်များများမှာလဲ သုံးထားလို့ ပါဘဲ။ ဒါကြောင့် ဒီနည်းဟာ ဖုန်း အားလုံးကိုသုံးလို့ ရမယ်လို့  ကျိန်းသေကံမ ပြောလို့ မရပါဘူး သို့ သော်လည်း သင့်အနေနဲ့  လုပ်ရင်းမြင်လာမှာပါ။ အောက်မှာပြထားပေးတဲ့ Video လေးကတော့ MT6572 ကိုသုံးထားတဲ့ Kata Venus 3 ဖုန်းနဲ့ စမ်းပြပေးထားတာဖြစ်ပါတယ်။
လိုအပ်တာတွေကို ဒေါင်းယူကြရအောင်
လိုအပ်တဲ့ Tools တွေကတော့ သုံးမျိုးရှိပါတယ်၊
1} SP Flash Tool (SPFT)
2} Driver Auto Installer v1.1236.00
3} MTK Droid Tool v253
1}SP Flash Tool (SPFT) Tools ကို [ SP Flash Tool v3.1344.0.212 ] ဒီနေရာတွေကနေ [ SP Flash Tool v.5.1343.01 ] ဒေါင်းယူပါ။ ဒီ Link များက http://www.mediafire.com ကနေယူထားတာတွေဆိုတော့ Link များသေနေခဲ့မယ်ဆိုရင်လဲ ဒီ မော်ဒယ်တွေကို ကူးယူပြီး Google ထဲကနေရှာယူပါ ဆိုဒ်ပေါင်းမြောက်များစွာက တင်ထားပေးပါတယ်။ သင်ဒီ Post ကိုဖတ်နေတဲ့ အချိန်မှာ Version တွေယ်လောက်ပြောင်းနေပြီဆိုတာ ကို ကျ နော်မသိနိုင်ပါဘူး။
2} Driver_Auto_Installer_v1.1236.00 ကိုဒီကနေဒေါင်းယူပါ ဒါကတော့ MediaTek Device များကို ကွန်ပျူ တာဖြင့်ချိပ်ဆက်သုံးဖို့ ဖြစ်ပြီး Windows 8.1 အထိအသုံးပြု နိုင်ပါတယ်။
3} MTK Droid Tool v253 ကို ဒီနေရာကနေဒေါင်းယူပါ သူကတော့ Scatterfile ကိုဖန်းတည်းရာမှာအသုံးပြု ရမဲ့ Software လဲဖြစ်ပါတယ်။
Step 1} ပထမအနေနဲ့  Driver Auto Installer v.1.1236.00 ကိုအရင်ဆုံးသင့်ရဲ့စက်ထဲမှာ Install လုပ်ပါ။ ပြီးရင် MTK Droid Root & Tools v2.5.3 ကိုဒေါင်းယူထားပါ။ ပြီးရင် Zip File ဖြစ်လို့  File ကိုပြန်ဖြည်ထားပေးပါ။ ပြီးရင် Run as Administrator ဖြင့် Run လိုက်ပါ။ ဒါဆိုရင် အောက်မှာပြထားတဲ့အတိုင်း မြင်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ သင့်ရဲ့ ဖုန်းကို ကွန်ပျူ တာနဲ့  မဆက်ခင် ဖုန်းထဲက Setting > DEVELOPERS OPTION> USB DEBUGGING ကိုဝင်ပြီး အမှန်ချစ်ပေးထားပါ။ ပြီးနောက် ကွန်ပျူ တာနဲ့ ချိပ်ဆက်ပေးပါ၊ ဒီအခါမှာ MTK Droid Tool ဟာ သင့်ဖုန်းထဲက သတင်းအချက်လက်အားလုံးကို ဖေါ်ပြပေးမှာဖြစ်ပါတယ်။ အကယ်၍ ဘာမှ ဖေါ်ပြပေးခြင်းမရှိပါက သင့်ဖုန်းနဲ့ ကွန်ပျူ တာတို့ ကို ချိပ်ပေးတဲ့ Driver ဟာမှားနေလို့ ဖြစ်ပါတယ်။ ဒီအခါမှာ အောက်ပုံမှပြထားပေးသလို IMEI/NVRAM ကိုမြင်ရမှာမဟုပ်ပါဘူး Scatter from file ဆိုတာကိုဘဲမြင်ရမှာဖြစ်ပါတယ်။ IMEI/NVRAM ကိုမြင်ရမှသာ အောက်ကပုံနဲ့ ကိုက်ညီမှာဖြစ်ပါတယ်။ IMEI/NVRAM နဲ့ ဆိုတဲ့ Tutorial ကို ဒီ LINK ကနေသွားလေ့လာနိုင်ပါတယ်။ လုပ်ဆောင်ချက်အားလုံးကိုက်ညီသွားရင်တော့ Venus 3 မှာအပြာရောင်နဲ့ ပြထားပေးမှာဖြစ်ပြီး ဒီလိုအပြာရောင်ပြပေးထားတဲ့ အဓိပ္ပာယ်ကတော့ သင့်ဖုန်းဟာ Root မဖေါက်ရသေးဘူး နောက်ပြီး ဒီ Tutorial အတွက် Root ဖေါက်စရာမလိုဘူးလို့  ဆိုလိုတာလဲဖြစ်ပါတယ်။

Step 2} BLOCK MAP ဆိုတဲ့ နေရာမှာ ကလစ်နှိပ်ပေးပါ သူအလုပ် လုပ်နေတာကို အောက်ပါပုံကဲ့သို့ မြင်ရမှာဖြစ်ပါတယ်။ ဒီအဆင့်ဟာ Scatterfile ကိုဖန်တည်းယူမှာ မို့ အောက်ပုံမှာ မျှားနဲ့ ပြထားတဲ့ Create Scatter File ကိုကလစ်နှပ်ပေးပါ။

Step 3} ဒီ Scatter File ကိုသိမ်းပေးရပါတယ် File Name ကို MT6572_Android_scatter.txt လို့ ပေးပြီး သင်သိမ်းလိုတဲ့ Folder နေရာကို File လမ်းကြောင်းရွေးပြီးသိမ်းလိုက်ပါ။ သင့်အနေနဲ့ ပိုလွယ်သွားအောင် အောက်မှာနမူနာပြပေးထားပါတယ်။

Step 4} ယ္ခု သင်ဒေါင်းယူထားတဲ့ SP Flash Toold vx.xxx ကို Zip File ဖြည်ပေးပါ။

Step 4} Zip File ဖြည်ပြီးသွားရင် ထို File ထဲဝင်ပြီး Flash_tool.exe File ကို run as administrator နဲ့  Run ပေးလိုက်ပါ ပိုလွယ်သွားအောင် အောက်ပ ပုံကိုကြည့်ပါ။

Step 6} Smart Phone Flash Tool ပွင့်လာပြီဆိုရင် အောက်မှာ အနီနဲ့ ဘောင်ခတ်ပြပေးထားပါတယ် Scatter loading နေရာကို ကလစ်နှိပ်ပြီးဖွင့်ပေးပါ။ ပြီးရင် သင်သိမ်းထားတဲ့ MT6572_Android_scatter.txt File ထားတဲ့နေရာကိုသွားပါ။

Step 7} ဒီအဆင့်ကနေ သင်သိမ်းထားတဲ့ MT6572_Android_scatter.txt နေရာမှ ထို File ကိုဖွင့်ပေးရမှာဖြစ်ပါတယ်။ ဒီနေရကနေ သင့်ဖုန်းထဲမှာရှိတဲ့ Partation Table ကိုပြပေးမှာဖြစ်တာကို ကြို အသိပေးထားတာဖြစ်ပါတယ်။

Step 8} အောက်ကပုံကိုကြည့်ပါ Download Tap ဘေးက Read Back Tab ကို ကလစ်နှိပ်ပေးပါ ကျွန်တော်တို့  Full ROM DUMP ကိုရဘို့ အတွက် Hex Mecimal Format အဖြစ် အလုပ်လုပ်ရမှာ ဖြစ်ပါတယ်။

Step 9} MT6572_Android_scatter.txt ကို ဖွင့်ဖို့  အထက်မှာ ပြပေးပြီးပါပြီ၊ ဒီနေရာမှာ အထူးသတိပေးလိုတာကတော့ တိကျမှန်ကန်တဲ့ Hex Code တွေကို MT6572_Android_scatter.txt နေကူးယူရာမှာ အမှားယွင်းမရှိရလေအောင် Notepad++ Application ကို အသုံးပြု စေချင်ပါတယ်။ အောက်ပုံမှာပြထားတဲ့ အတိုင်း Add Tab နေရာမှာ ကလစ်နှိပ်ပါ၊ အနီနဲ့ ဘောက်ခတ်ပြထားပေးတဲ့ နေရာမှာ အမှန်ချစ်ပေးပြီးမှ ROM_0 နေရာကို Double Click နှိပ်ပေးပါ အထူးအရေးကြီးတာကတော့ ROM_0 ကို အခြား Filename ပေးလို့ ကိုမရပါဘူး။ ROM_0 နေရာကို Double Click နှိပ်ပေးလိုက်ရင် အောက်မှာ မြင်နေရသလို ပုံထပ်ထွက်လာမှာဖြစ်ပါတယ်။

Step 10} ဒီ ROM_0 ကိုသိမ်းဖို့  Folder သည်းသန့် တစ်ခုထပ်ဖွင့်ပြီး သိမ်းထားပါ ဒီ Folder ကိုတော့ File-name အသစ်ပေးပြီးသိမ်းနိုင်ပါတယ် ဒီ Tutorial ထဲမှာတော့ Rom-dump လို့  File-name ပေးပြီးသိမ်းထားပါတယ် ပြီးမှ Save လုပ်ပေးလိုက်ပါ။

Step 11} သင် Save လုပ်ပြီးသွားပြီ ဆိုရင်တော့ Read Back Block လို့ ခေါ်တဲ့ Start Address နေရာမှာ စတင်ဖေါ်ပြပေးတာကို တွေ့ ရမှာဖြစ်ပါတယ်။ သူ့ ရဲ့ Type ကတော့ HEX ဖြစ်နေရမှာကိုတော့ သေခြာအောင်လုပ်ပေးပါ။ ထို့ နောက် Start Addrress မှာ MT6572_Android_scatter.txt ထဲကအချက်လက်တွေရရှိမှာဖြစ်ပြီး သူ့ ကိုဖွင့်ပေးရပါတယ် ထို့ နောက် PRELOADER Section ထဲကိုသွားပါ ပြီးရင် 0x0 ဆိုတဲ့ linear_start_addr ကို Copy ကူးယူပါ ပြီးရင် Start Address မှာနေရာချပေးပါ။

Srep 12} ဒီအဆင့်မှာ Length text box ရဲ့ Value ကိုသတ်မှတ်ပေးဖို့ လိုပါတယ် ဒါဟာ FAT Section အတွက်ဖြစ်ပါတယ် MT6572_Android_scatter.txt ဆိုတဲ့အနားတစ်ဝိုက်မှာပါ ပုံမှာပေါ်နေတဲ့နေရာကနေအောက်ကိုဆင်း သွားရပါမယ်၊ အောက်နားမှာ FAT ဆိုတဲ့ Partition Name ကိုတွေ့ ပါလိမ်မယ်။ အဲဒီမှာရှိတဲ့ linear_start_addr: ကိုကော်ပီထပ်ပြီးကူးယူပါ ပြီးရင် Lenght နေရာမှာ နေရာချ ပေးပါ 0x96B40000 နဲ့ ဆုံးထားတဲ့ ဂဏန်းတွေကိုအောက်ကပုံမှာတွေ့ သလို တွေ့ ရမှာဖြစ်ပါတယ်။ အထူးသတိထားရမှာကတော့ MT6572 တိုင်းရဲ့ တန်ဘိုး ဂဏန်းတွေဟာ တူမှာမဟုပ်ပါဘူး။ ဒါပေမဲ့ အားလုံးဟာ MT6572_Android_scatter.txt တန်ဘိုးကိုညွှန်းဆိုထားကြတဲ့ ကိန်းတွေဘဲဖြစ်ပါတယ်။

Step 13} အထက်မှာပြောခဲ့တာတွေကို လုပ်ဆောင်လို့ ပြီးရင် OK မှာ ကလစ်နှိပ်လို့ ရပါပြီ၊ ပြီးရင် သင့်ရဲ့ ဖုန်းကို Power ပိတ်ပါ ပြီးရင် USB Cable ကြိုးကို ကွန်ပျူ တာ နှင့်ချိပ်ဆက်ပေးထားပါ ဖုန်းရဲ့ ဘက်ထရီကို ဖြုတ်လိုက်ပါ။ ပြီးရင် READ BACK နေရာမှာ ကလစ်နှီပ်ပေးပါ အောက်ကပုံကို ကြည့်ပါ၊ ဒီလို ကလစ်နှိပ်ပြီးတာနဲ့ တပြိုင်နက်ထဲ သင့်ဖုန်းနဲ့  USB Cable ကြိုးကိုဆက်ပေး ပြီး ဘက်ထရီကို ပြန်တပ်ပါ။ သင့်လုပ်ဆောင်ချက်မှန်ပါက ကွန်ပျူ တာမှာ မှန်ကန်ကြောင်း အတည်ပြုတဲ့ သဘောအသံ ပြု တာကိုကြားရမှာဖြစ်ပါတယ်။ ဒီနောက် အောက်ဆုံးက ရာခိုင်နှုံးပြ Bar မှာ ရာခိုင်နှုံးတက်လာတာကို မြင်ရပါလိမ့်မယ်။ ဒါဟာ FULL ROM DUMP ယူဖို့ ကို READ BACK အလုပ် လုပ်ပြီ ဆိုတာကို ပြသနေတာဖြစ်ပါတယ်၊ ကြာမြင့်မှု အချိန်ကတော့ လက်ရှိ စမ်းနေတဲ့ ဖုန်းအရ မီးနစ် ၄၀ လောက်ကြာပါတယ် ဒါဟာ CPU, RAM နဲ့  Internal ROM တို့ အကြီးအသေးပေါ် မူတည်ပါတယ်။
အထူးသတိပေးခြင်တာကတော့ သင့်ကွန်ပျူ တာမှာ Windows တွေ Browsers တွေကို ပိတ်ထားပေးပါ ဘာ့ကြောင့်လဲဆိုတော့ သင့်ရဲ့ကွန်ပျူ တာဟာ လုပ်ငန်းစဉ် များစွာကို လုပ်နေရတာကို ခံနိုင်မည် မဟုပ်သောကြောင့်ဖြစ်ပါတယ်။ အကယ်၍ သင်က သင်သုံးလက်စ Browsers Windows များကို ပိတ်မထားပါက သင့် ကွန်ပျူ တာ အလို လို Reboot လုပ်သွားမှာစိုးရိန်ရတဲ့အတွက်ဖြစ်ပါတယ်။ ထို့ ကြောင့် ဒီ လုပ်ငန်းစဉ်ကို စလုပ်တော့မယ် ဆိုရင် အခြားဘာကိုမှာ သင့် ကွန်ပျူ တာမှ မလုပ်ဖို့  လုပ်နေတာကိုလဲ ပြီးအောင်စောင့် ပိတ်ပြီးတော့မှ စတင်လုပ်ပါ။ ထို့ အတူ သင့် ကွန်ပျူ တာမှာ Sleep Mode ကို On ထားပါက ပြန်ပြီး Disable လုပ်ထားပေးဖို့ လိုပါဒါ ဒါတွေဟာ READ BACK လုပ်ဆောင်မဲ့ လုပ်ငန်းစဉ်ကို အနှောက်ရှက်ဖြစ်စေပါတယ်။

Step 14} အောက်ကပုံမှာ ပြပေးထားသလို ရာခိုင်နှုံး တက်လာပြီး သူလုပ်ဆောင်ရမှာတွေကို လုပ်နေတာ မြင်ရမှာဖြစ်ပါတယ်။ ရာခိုင်နှုံး ၁၀၀ ပြည့်သွားပြီ ဆိုရင် အစိမ်းရောင် အဝိုင်းလေး လယ်နေတဲ့ Pop Up Icon လေးတက်လာတာကို မြင်ရမှာဖြစ်ပါတယ်၊ ဒီလိုမြင်ရပြီဆိုရင်တော့ သူ့ ရဲ့လုပ်ဆောင်ချက် များပြီးသွားပြီဖြစ်ပါတယ်၊ လက်ရှိ လုပ်ဆောင်နေတဲ့ ဖုန်းရဲ့ FULL ROM DUMP ကတော့ 2.4GB လောက်ရှိပါတယ် ထို့ ကြောင့်သင့် Hard Disk ရဲ့ဝင်ဆန့် မှု ကို သေချာအောင်စစ်ထားဖို့ သတိပေးလိုပါတယ်။

Step 15} ကောင်းပြီ ခု သင့် FULL ROM DUMP ကိုလုပ်ဆောင်မှု့ အောင်မြင်သွားပါပြီ ဒီတော့ MTK Droid Root and Tools ကိုအသုံးပြု တဲ့ အဆင့်ပါ ဒီ FULL ROM DUMP ကို SP Flash Tool မှတ်မိနိုင်အောင် ပြောင်းလဲပေးရပါမယ် ဒီအတွက် Root, Backup နဲ့  Recovery Tab မှာ ကလစ်နှိပ်ပေးပါ ပြီးရင် To process file ROM_ from Flash Tool လို အနီနဲ့ ပြပေးထားတဲ့ နေရာမှာ ကလစ်နှိပ်ပါ။

Step 16} အခု ROM_0 ကိုခုဏက သိမ်းထားတဲ့နေရာကနေပြန်ဖွင့်ပါ အောက်ပုံမှာပြထားတဲ့ အတိုင်း Open မှာ ကလစ်နှိပ်ပြီးဖွင့်လိုက်ပါ။

Step 17} အောက်မှာ ပြထားတဲ့ အတိုင်း သင် ပြောင်းပေးထားတဲ့ File ကို အနီနဲ့ ဘောင်ခတ်ပြထားသလို မြင်ရမှာ ဖြစ်ပါတယ်။

Step 18} အောက်ပုံကိုကြည့်ပါ CWMR ကပြပေးနေတာက သင့် လုပ်ဆောင်မှု ထက်ဝက်အထိ ရောက်နေပြီ CWMR ရဲ့ RUA1 Version ကို ဖန်တည်းဖို့ အတွက် သင့် Yes မှာ ကလစ်နှိပ်ပေးဖို့ လိုပါတယ်။

Step 19} အထက်မှာလုပ်ဆောင်မှု ပြီးအောင်စောင့်ပါ ပြီးရင် သင်ရဲ့ MTK Droid Root and Tools folder ရှိတဲ့နေရာကိုသွားပြီး သင့်လုပ်ရမဲ့ Files အားလုံးကို ညွှန်ပြပြီး Back Up Folder နေရာမှာ ပလစ်နှိပ်ပေးပါ ပြီးရင် သင် ဖန်တည်းပြု လုပ်ထားတဲ့ Folders အားလုံးကို မြင်ရမှာဖြစ်ပါတယ်။

Step 20} လုပ်ဆောင်စရာများအားလုံး ပြီးသွားပြီ ဆိုရင်တော့ MTK Droid Root and Tools က ပြောင်းပေးလိုက်တဲ့ FULL ROM DUMP ကိုမြင်ရမှာဖြစ်ပါတယ်၊ ကျွန်တော် ဒီ File-Name ကိုမျှားနဲ့ ပြပေးထားတာကို သင်မြင်ရမှာဖြစ်ပါတယ်။

STEP 21} အောက်ကပုံကတော့ FULL ROM DUMP လုပ်ဆောင်မှု အဆင့်ဆင့် ပြီးသွားတာကိုပြပေးထားတဲ့ ပုံ ဖြစ်ပါတယ်။

Step 22} MTK6572 မှာ CWMR Version ရဲ့လမ်းကြောင်းအတိုင်း Recovery နဲ့  Boot Image တို့ ကို ဖန်တည်းပေးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ Unmodified Version များကိုလည်း ဖန်တည်းပေးမှာဖြစ်ပါတယ်။ အကယ်၍ သင့်အနေနဲ့  Unmodified Version များကိုအသုံးပြုလိုပါက factory_NONmodified_recovery.img လို့  နာမည်ပြောင်းထားနဲ့ File မျိုးတွေ့ ရမှာဖြစ်ပါတယ်။ ဒီလို factory_NONmodified_recovery.img ကို SP Flash Tools ထဲက Recovery မှာ ကလစ်နှိပ်ပေးရင် သင်တွေ့ ရမဲ့အရာဖြစ်ပါတယ် တစ်ချို့ လုပ်ဆောင်မှု များကိုအသုံးပြုရာမှာ Boot.img နှင့်အတူတူပင်ဖြစ်ပါတယ်။
ဒီနေရာမှာ တစ်ချက်သိထားရမှာကတော့ Scatter File ကိုရန်ဖန်ရန်ခါ စစ်ဆေးမှု များပြုလုပ်ခြင်းမရှိတာကို သင်တွေ့ ကြုံ ရမှာဖြစ်ပါတယ် ကျွန်တော် Venus 3 ဖုန်းကို ပထမအကြိမ်စမ်းလုပ်စဉ်အခါတုန်းက UBOOT.img File က အလုပ် လုပ်ဆောင်မှု မရှိတာကိုတွေ့ ရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ File Folder ထဲမှာလိုအပ်တဲ့ UBOOT.img ရှိမနေလို့ ဘဲဖြစ်ပါတယ်ကျွန်တော် ဒီပြဿ နာကို ဖြေရှင်းဖိုစဉ်းစားရင်း အခြား FULL ROM DUMP ကိုထပ်လုပ်ခဲ့ရပါတယ်။ အခြားနည်းကို အသုံးပြု လိုပါက အထက်မှာပြပေးထားတဲ့ Video အတိုင်းအသေးစိတ်ပြုလုပ်ရမှာ ဖြစ်ပြီး လုပ်ဆောင်စရာပိုမိုများပြားပါတယ်။ ဒီတော့ Venus 3 မှာပြောက်နေတဲ့ UBOOT.img ကိုရအောင်ရှာပြီး ဖြစ်အောင်လုပ်ခဲ့ရပါတယ် သူအတွက်အမည်ကတော့ lk.bin ဒါကို FULL ROM DUMP ထဲကနေဘဲရအောင်ရှာယူခဲ့တာဖြစ်ပါတယ်။

Step 23} အထက်မှာပြောခဲ့သလိုပါဘဲ အကယ်၍သင်က CWMR Version ကို Flash လုပ်လိုပါက Recovery လုပ်မဲ့ Patched Version ကိုရွေးပြီးလုပ်ဆောင်ရမှာဖြစ်ပါတယ် ဒီတော့မှ File Size ကိုသင်မြင်ရပြီး လုပ်ဆောင်ရာမှာ ဇဝေဇဝါ မဖြစ်မှာဖြစ်ပါတယ်။ ဒါမှမဟုပ်လို့  Stock Recovery ကို Flash လုပ်လိုပါက Unmodified Version ကိုရွေးသုံးရမှာဖြစ်ပါတယ်။ ဒါဆိုရင် ခု သင့်အနေနဲ့  FULL ROM DUMP + PATCHED BOOT.IMG + CWMR RECOVERY နဲ့  FULL ROM DUMP ရဲ့ UNMODIFIED VERSION တို့ နဲ့ ပါတ်သက်တဲ့ အတွေ့ ကြုံ တွေရရှိဖြစ်ပါတယ်။

Step 24} အောက်မှာ FULL ROM DUMP နဲ့ ပါတ်သက်ပြီး STOCK ROM လို့ ခေါ်တဲ့ အကြောင်းအရာကို အနည်းပိုပြီး နီးနီးကပ်ကပ် နားလည်အောင် ပြပေးလိုက်ပါတယ်။

ဒီတော့ သင့် SP Flash Tool ကိုအသုံးပြုတော့မယ်ဆိုရင် Stock ROM ကိုသိမ်းထားတဲ့နေရာကိုရောက်အောင်သွားရောက်ရွေးပေးပြီး SP Flash Tool ထဲက Scatter-Loading ကိုကလစ်နှိပ်ပေးပါ။ ပြီးရင် MT6572 _Android_scatter.txt ကိုတွေ့ အောင်ရှာပါ ဒီလုပ်ဆောင်မှု သေချာသွားပြီဆိုမှ SP Flash Tool ထဲက Download ကိုကလစ်နှိပ်ပေးပါ။ ထို့ နောက် သင့်ဖုန်း ဘက်ထရီ နဲ့  USB Cable ကိုဖြု တ်ထားပြီး တစ်ပြိုင်နက်ထဲမှာဘဲ ဘက်ထရီနဲ့  USB Cable ကိုပြန်တပ်ပါ ဒီအခါမှာ သင့်ကွန်ပျူ တာက အသံမြည်တာကိုကြားရမှာဖြစ်ပါတယ် အားလုံးကိုက်ညီသွားပြီ ဆိုရင် SP Flash Tool ရဲ့ ရာခိုင်နှုံးပြ ဘားတန်းလေးမှာ အလုပ် လုပ်နေတာကို တွေ့ ရမှာဖြစ်ပါတယ်၊ ပြီးသွားရင် အစိမ်းရောင် အဝိုင်းလေး လယ်နေတာတွေ့ ရပါမယ်။ ဒါဆိုရင် သင် Stock ROM ကို Flash ပြုလုပ်တာအောင်မြင်သွားပြီးဖြစ်ပါတယ်။ ပြီးသွားရင် သင့်ဖုန်း ဘက်ထရီကို ပြန်ဖြုတ်ပါ ခဏလေး စောင့်ပြီးပြန်ထဲ့ ပါ ပြီးမှ Power ကိုဖွင့်ပါ ဒါဆိုအားလုံးကောင်းသွားပါပြီ။
လိုရမယ်ရပေါ့ဗျာ သင်ဖြစ်ဖြစ် ဘယ်သူဖြစ်ဖြစ် Kata Venus 3 ဖုန်းရဲ့ FULL ROM DUMP ကိုအလိုရှိပါက အောက်ပါ Link ကနေဒေါင်းယူကြပါ။
DOWNLOAD KATA VENUS 3 STOCK ROM v1.0.6
မိတ်ဆွေတို့  ဒီ နေရာကနေ လေ့လာသင်ယူလို့  ဗဟုသုတများရသွားတယ် ဆိုရင်ဖြင့် ကျွန်တော် ပီတိစား ရင်း ခွန်အားဖြစ်ရမှာ အမှန်ပါ။ ဒီ ဝက်ဆိုဒ်ထဲက မည်သည့် နည်းပညာကို မဆို လွပ်လပ်စွာ ကူးယူမျှ ဝေကြပါ။
မြန်မာတို့ အတွက် ဗဟုသုတ
29/11/2014
No comments:
Post a Comment