Sunday, May 19, 2013

မ​လေးရှားသို့ မြန်​မာ အလုပ်​သမား ​စေလွှတ်​မူ ရပ်​ဆိုင်း​တော့မည်



Saturday, June 8, 2013 အကြမ်းဖက်မှုများ ဆက်ဖြစ်နေပါက မလေးရှားသို့ လုပ်သားစေလွှတ်မှုရပ်ဆိုင်းမည်ဟု အလုပ်သမား ဒုဝန်ကြီးပြော  မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေပါက မလေး ရှားနိုင်ငံ သို့ အလုပ်သမားစေလွှတ် မှုများ ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း အလုပ်သမားရေးရာ
ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်သိန်းက ပြောသည်။မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပဋိပက္ခများကြောင့် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ အကြမ်း ဖက်မှုများနေရပြီး ဇွန် ၅ ရက်ထိ မြန်မာနိုင်ငံသား လေးဦး သေဆုံးပြီး ငါးဦးဒဏ်ရာရရှိကာ ၁၀၀၀ ကျော် ဖမ်းဆီးခံထားရ ကြောင်း သတင်းရရှိသည်။“မလေးရှားမှာ ဆက်ပြီးတော့ ပြဿနာတွေထပ်ဖြစ်နေရင်တော့ အလုပ်သမားစေလွှတ်မှုတွေကို ရပ်ဆိုင်း ထားမှာပါ”ဟု အလုပ်သမားရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်သိန်းက ပြောသည်။မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသော မြန်မာနိုင်ငံသားများ သတ်ဖြတ်ခံရမှုနှင့် ဖမ်းဆီးခံရမှုများကိုမလေးရှား ရှိ မြန်မာသံရုံးက စီစဉ်ဆောင်ရွက်နေကြောင်း ဒုဝန်ကြီးဦးမြင့်သိန်းက ဆက်လက်ပြောသည်။မေ ၃၀ ရက်မှ ဇွန် ၄ ရက်အ ထိ ဆလန်းဂါးပြည်နယ် အချို့နေရာနှင့် ကွာလာလမ်ပူမြို့တို့ တွင် မြန်မာ နိုင်ငံသားများနှင့် မလေးရှားဒေသခံများသည် အနည်းဆုံးခုနစ်ကြိမ် တိုက်ခိုက်မှုများဖြစ်ပွား ခဲ့သည်။ တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံ သားလေးဦးသေဆုံးပြီး ခုနစ်ဦး ဒဏ် ရာ ရရှိခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံသား တစ်ထောင်ကျော်ကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။ခိုက်ရန်ဖြစ်ပွားသည့် ဆာလာရမ်းမြို့နယ်တွင် မလေးရှားရဲတပ်ဖွဲ့က တရားမ၀င် ၀င်ရောက်နေထိုင်သူ များကို ရှာဖွေ စစ်ဆေးနေသော်လည်း တရားခံနှင့် သံသယဖြစ်ဖွယ်ရှိသူများထက် မြန်မာများကိုသာ သဲသဲမဲမဲ  ဖမ်းဆီးနေသည်ဟု ယူဆရသောကြောင့် လက်ရှိအချိန်တွင် မြန်မာနိုင်ငံသား အများစု မှာ ကြောက်လန့်စိုးရိမ်နေကြကြောင်း၊ အလုပ်ခွင်ဝင်ရန်ပင် ထိတ်လန့်နေ ပြီဖြစ်ကြောင်း ပိနန်နာရေးကူညီမှု အသင်းမှ ဦးခင်မောင်ဝင်းက ပြောသည်။မလေးရှား နိုင်ငံရောက် မြန်မာနိုင်ငံသားဦးရေ ၅၀၀၀၀၀ ၀န်းကျင်ခန့်ရှိပြီး တရားဝင်နေထိုင် သူ ၂၀၀၀၀၀ ၀န်းကျင်၊ တရားမ၀င် နေထိုင်သူ ၂၀၀၀၀၀ ၀န်းကျင်နှင့် နိုင်ငံရေးခိုလှုံသူလူဦးရေ ၁၀၀၀၀၀ ၀န်းကျင်ခန့် ရှိကြောင်း သတင်းရရှိသည်။ဇွန်လ ၅ ရက်ကလည်း မလေး ရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးတင်လတ်က မလေးရှားနိုင်ငံခြားရေး ၀န်ကြီးနှင့် မလေးရှားနိုင်ငံ ရဲချုပ်တို့ထံ သွားရောက်တွေ့ဆုံကာ မြန်မာနိုင်ငံသားများ အကြမ်းဖက် ခံရမှု တွင် ပါဝင် ကူညီဖော်ထုတ်ပေးရန် ပြောကြားထားသည်။အဆိုပါ မြန်မာနိုင်ငံသားများ အသတ်ခံရမှုနှင့် ဖမ်းဆီးခံရမှုများကြောင့် ဇွန် ၆ ရက်တွင် မလေး ရှားရောက် မြန်မာအဖွဲ့အစည်းများဖြစ်ကြသော ပြည်ပရောက် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့၊ NLD YOUTH (LA) Malaysia GSC အထွေထွေ သပိတ်ကော်မတီနှင့် KEPONG နာရေးကူညီမှု အသင်းတို့မှ ခေါင်းဆောင် ငါးဦးက လက်ရှိဖြစ်ပေါ်နေသော ကိစ္စများကြောင့် ဆန္ဒပြတောင်းဆိုမှုများ ပြု လုပ် ခဲ့ သည်။ဇွန် ၇ ရက်တွင်လည်း မလေးရှား နိုင်ငံရောက် မြန်မာများကို ဆက်လက်ဖမ်းဆီးမှုများပြုလုပ်နေ ကြောင်း ခပ်ပွန်းနာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောကြားသည်။ မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများအနက် အထောက်အထားစာရွက်မရှိသည့်သူ များကို ဖမ်းဆီးမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးတင်လတ်ကပြောသည်။“အထောက်အထားမရှိတဲ့ သူတွေကို ဖမ်းတယ်။ ပတ်စပို့မိတ္တူရှိ ရင်တောင် မြန်မာနိုင်ငံကို ပြန်ခွင့်ပေးမှာပါ။ အဲလို မြန်မာနိုင်ငံကို ပြန်ပို့ပေးတာ ၁၂၀၀၀ လောက်ရှိပါပြီ”ဟု ဦးတင်လတ်က ပြောသည်။7Days News

ဧဒင်သတင်းမှ ကူးယူမျှဝေသည်။

No comments: