Monday, June 10, 2013

စကားကြီးသုံးခွန်းနှင့် ဒေါ်အောင်ဆန်းစုကြည်

Photo: စကားကြီးသုံးခွန်းနှင့် ဒေါ်အောင်ဆန်းစုကြည်
(၀ံသာနုအယ်ဒီတာ့ အာဘော်)

အရပ်ထဲ ရယ်စရာဟာသအနေနဲ့  လူတော်တော်များများ ကြားဖူးတဲ့ မေးခွန်းလေးတစ်ခုရှိပါတယ်။ ဘုရားလောင်း မဟာဇနက္ကမင်းသား သင်္ဘောပျက်လို့ ဆီဦးထောပတ်တ၀စား၊ လင်းယဉ်တိုင်ဖျားပေါ်တက်၊ သားစားငါးတွေထူပြောပြီး လှိုင်းလေထန်တဲ့ ပင်လယ်ပြင်ထဲ ခုန်ဆင်းမယ့်အချိန် စကားကြီးသုံးခွန်းပြောခဲ့တယ်။ အဲဒါ ဘာလဲသိလား ဆိုတဲ့မေးခွန်းပါ။ ရုတ်တရက်ဆိုတော့ မေးခံရတဲ့လူအတွက် အဖြေရှာမရပါဘူး။ အဖြေက တစ်၊နှစ်၊သုံးလို့ ရေပြီး ၀ုန်းခနဲခုန်ဆင်းတာပါတဲ့။ ခမ်းနားတဲ့အကြောင်းအရာကို မဆီမဆိုင်အချက်နဲ့ ဟာသဖောက်ထားတဲ့ ရယ်စရာဟာသလေးတစ်ခုပါ။

ခုလည်း ခမ်းနားတဲ့လူတစ်ယောက်ဟာ စကားကြီးသုံးခွန်းပြောပြီး ခုန်ဆင်းသွားခဲ့ပါတယ်။ တားဖို့အချိန်မမှီလိုက်ပါဘူး။ ဇနက္ကမင်းသားရဲ့ဟာသလိုမျိုး ရယ်စရာမကောင်းတာတော့ သေချာပါတယ်။ ဒါပေမယ့် တူညီတဲ့အချက်ကတော့ သားစားငါးထူပြောပြီး လှိုင်းလေထန်တဲ့ပင်လယ်ပြင်ထဲ ကိုယ့်သဘောနဲ့ကိုယ် ခုန်ဆင်းသွားတာပါ။ မဏိမေခလာကတော့ ဆက်သွယ်ရေးဧရိယာပြင်ပရောက်နေလို့ လာကယ်ဖို့မသေချာပါဘူး။

တရားမ၀င် ဘင်္ဂလီများအရေးဟာ မျက်မှောက်ခေတ်နိုင်ငံရေးအခင်းအကျင်းမှာ လိုသလိုအသုံးချပြီး ခလောက်ဆန်လို့ရတဲ့ ၀ှက်ဖဲတစ်ချပ်ပါ။ အဲဒီဖဲဟာ ဒိုင်လက်ထဲမှာရှိပါတယ်။ အဲဒီတော့ ၀ိုင်းထဲကထိုးသားတွေအနေနဲ့ အင်မတန်သတိထားပြီး ကစားနိုင်ပါမှ တော်ကာကျမယ့်အနေအထားပါ။ တစ်ချက်မှားတိုင်း တစ်လှည့်စားခံနေရပါတယ်။ အရင်းပြုတ်တဲ့အချိန် ၀ိုင်းဘေးမှာငုတ်တုတ်ထိုင်နေရုံကလွဲပြီး တခြားလုပ်စရာမရှိတော့ပါဘူး။

မှန်သောစကားဟာ သစ္စာမည်ပါတယ်။ ဒါပေမယ့် သိကြားသာသနာမှာ သစ္စာဆိုလို့ လိုရာပြည့်တယ်ဆိုတာ မရှိတော့ပါဘူး။ အဲဒီတော့ မှန်တိုင်းမကောင်းဘူးဆိုတဲ့ အရပ်စကားပေါ်ထွက်လာပါတယ်။ တောင်ကုတ်လူသတ်မှုဖြစ်တော့ ပြည်တွင်းနေမူဆလင်တွေ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့ကြပါတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်က လူများစုဆိုတာ လူနည်းစုအပေါ် ထောက်ထားညှာတာရမယ်ဆိုတဲ့ စကားကို လူသိရှင်ကြားပြောခဲ့ပါတယ်။ စကားကြီးသုံးခွန်းထဲက ပထမဦးဆုံးစကားပဲဖြစ်ပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူ၊ ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ မေတ္တာစကားပါ။ ရင်ထဲကလာတဲ့ သစ္စာစကားပါ။ ဒါပေမယ့် သူမတိုင်းတဲ့ပေတံ နည်းနည်းတိုသွားခဲ့ပါတယ်။ အဲဒီစကားကြောင့် သူမအပေါ်လေးစားချစ်ခင်တဲ့ စာရေးသူအပါအ၀င် ရခိုင်တချို့ကလွဲပြီး နှစ်ပေါင်းများစွာ သစ္စာခံခဲ့ကြတဲ့ တောင်ကုတ်မြို့ခံတွေအပါအ၀င် ရခိုင်တွေရဲ့ ထောက်ခံမှုကို ဆုံးရှုံးသွားခဲ့ရပါတော့တယ်။ စာရေးသူအနေနဲ့ သူမပြောတဲ့စကားဟာ မူဆလင်တွေအပေါ်မှာ ဆက်ဆံပုံတစ်ခုတည်းကို သက်ရောက်စေတာမဟုတ်ပဲ မငြိမ်းသေးတဲ့ ပြည်တွင်းစစ်ကြားမှာ တခြားတိုင်းရင်းသား လူမျိုးစုငယ်လေးတွေ ဖိနှိပ်ခံနေရတာကိုပါ သက်ရောက်စေတယ်လို့ ဖြည့်စွက်နားလည်ပေးခဲ့လို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီစကားကြောင့် လူမျိုးခြားနဲ့ အိမ်ထောင်ပြုခဲ့သူ သူမကို သံသယ ရှိနေသူတွေကြားမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားပြီး အနုတ်လက္ခဏာပြသွားခဲ့ပါတော့တယ်။ အဲဒီတုန်းက သူမမသိသေးတဲ့အချက်က အဲဒီစကားပြောပြီး ရက်ပိုင်းအတွင်း ပေါ်ပေါက်လာမယ့် ဘင်္ဂလီ-ရခိုင်အဓိကရုဏ်းဖြစ်ပွားရာ ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသမှာ တိုင်းရင်းသား ရခိုင်တွေဟာ လူနည်းစုဖြစ်ပြီး ဆယ်စုနှစ်ပေါင်းများစွာ ဘင်္ဂလီတွေရဲ့ သတ်ဖြတ်မုဒိန်းကျင့်တာတွေကို ခံစားခဲ့ရတယ်ဆိုတာပါပဲ။ သူမစကားကို ဘင်္ဂလီတွေအလေးထားခဲ့သလား ဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ။

ဒုတိယမြောက်စကားကတော့ အတိအကျမမှတ်မိပေမယ့် မှတ်မိသလောက်ပြန်ပြောရရင် ကုလားလို့ ကျွန်မဘယ်တော့မှမခေါ်ဘူး။ အဲလိုခေါ်တာဟာ မိဘသွန်သင်ဆုံးမမှု အားနည်းလို့ ဆိုတဲ့စကားပဲဖြစ်ပါတယ်။ တကယ့်ကို အငြင်းပွားစရာစကားတစ်ခွန်းပဲ ဖြစ်ပါတယ်။ ထုံးတမ်းစဉ်လာခေါ်ဝေါ်ခဲ့တဲ့ အသုံးအနှုန်းတစ်ခုအတွက် လူတွေရဲ့ နားလည်မှုထဲမှာ သူမတိုင်းတဲ့ပေတံက တော်တော်လေးကို လွဲချော်နေခဲ့ပါတယ်။ မြန်မာပြည်က အဆင့်အတန်းရှိတဲ့ ယဉ်ကျေးတဲ့လူတွေဟာ မူဆလင်၊ဟိန္ဒူ၊ဆစ် လူမျိုးတွေကို ဘိုင်နိမ်းနဲ့ ကုလားလို့ မျက်နှာချင်းဆိုင်ခေါ်တဲ့လူ မရှိသလောက်ရှားပါတယ်။ ဒါပေမယ့် လူမျိုးအနေနဲ့ နှိမ်ချတဲ့သဘောထားမျိုး လုံးဝမပါပဲ ကုလားတစ်ယောက်၊ ကုလားမတစ်ယောက်ဆိုတာမျိုးကို ပြောရိုးပြောစဉ်ပြောဆိုကြပြီး စာထဲမှာလည်း ထည့်ရေးတာမျိုးရှိပါတယ်။ ဘိုးစဉ်ဘောင်ဆက်ပြောဆိုသုံးစွဲလာတဲ့ ဒီအသုံးအနှုန်းကို ပြောဆိုလို့ အပြစ်ရှိတယ်ဆိုတာမျိုးကို မြန်မာတစ်ရာမှာ ၉၉ယောက် လက်မခံနိုင်ပါဘူး။ အဲဒီစကားကို မိန့်ခွန်းထဲမှာ ထည့်ပြောခဲ့ဖူးတဲ့ နိုင်ငံရေးခေါင်းဆောင်တွေထဲမှာ သူမဖခင် မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ပါဝင်နေတော့ ဗိုလ်ချုပ်ကိုယ်တိုင်လည်း မိမဆုံးမ၊ဖမဆုံးမဘ၀ကို ကျရောက်သွားပါတော့တယ်။ မလိုအပ်ပဲပြောတဲ့စကားတစ်ခွန်းအတွက် သူမပြန်ရလိုက်တာက ပြည်သူအများစုရဲ့ ပြစ်တင်ဝေဖန်ခြင်းပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူမကိုလေးစားသူတစ်ဦးအနေနဲ့ ဒီစကားဟာ လူလူချင်းဘိုင်နိမ်းတပ်ပြီး ကုလားလို့ခေါ်ခြင်းဟာ လူမျိုးရေးခွဲခြားမှုဖြစ်တယ်လို့ သူမဆိုလိုတာနေမှာပါ ဆိုပြီး စာရေးသူဖြည့်စွက်နားလည်ပေးခဲ့ပါတယ်။။

အဲဒီစကားနှစ်ခွန်းအပြင် အငြင်းပွားစရာစကားတွေ သူမထပ်ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် အဖတ်ဆည်လို့မရတဲ့ စကားကြီးသုံးခွန်းလောက်ကိုပဲ ကောက်နုတ်တင်ပြချင်ပါတယ်။ တတိယမြောက် စကားကတော့ ခုချိန်မှာ လူမှုဆက်သွယ်ရေးကွန်ယက်တွေမှာ အလှုပ်ခတ်ဆုံးဖြစ်သွားတဲ့ ဘင်္ဂလီသားဖွားနှုန်းထိန်းချုပ်တာဟာ လူအခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ စကားပါပဲ။ ဒီစကားကို ဗုံးတစ်လုံးအဖြစ် တင်စားမယ်ဆိုရင်တော့ အဲဒီဗုံးဟာ ကိုယ့်ကိုယ့်ကိုသေကြောင်းကြံပြီး ခွဲတဲ့ဗုံးပဲဖြစ်ပါလိမ့်မယ်။ သူမပြောတာဟာ မှားသလားဆိုတော့ မမှားပါဘူး။ ဒါပေမယ့် ပြောသင့်သလားဆိုတော့ သူမအနေနဲ့ လုံးဝမပြောသင့်တဲ့ စကားပဲဖြစ်ပါတယ်။ လူ့အခွင့်အရေးဆိုတာ အမျိုးသားအကျိုးစီးပွားနဲ့ ယှဉ်လာတဲ့အခါ မစားကောင်းတဲ့အသီးတစ်မျိုး ဖြစ်ပါတယ်။ တရားမ၀င်လူ၈သိန်းရဲ့ အခွင့်အရေးကို ဦးစားပေးဖို့ ကျန်တဲ့ တရားဝင်သန်းခြောက်ဆယ်ကျော်ရဲ့ အခွင့်အရေးတွေ ဖဲ့ပေးရမယ့် အခြေအနေမျိုးဟာ တရားမျှတမှုရှိပါသလား။ မူဆလင်ရွေ့ပြောင်းနေထိုင်သူများရဲ့ ပြဿနာဟာ ယနေ့ကမ္ဘာမှာ ခေါင်းအကိုက်ရဆုံး ပြဿနာတစ်ခုပါ။ လက်ရှိဥရောပနိုင်ငံအချို့မှာ ရာစုနှစ်အတွင်း အဆိုးဝါးဆုံး လူမျိုးရေးအဓိကရုဏ်းတွေ ဖြစ်ပေါ်နေပါတယ်။ နိုင်ငံတကာမှာ မူဆလင်အကြမ်းဖက်ဝါဒကို ထိတ်လန့်ကြောက်ရွံ့မှု တစ်နေ့တခြား များပြားလာနေပါတယ်။ ဒီပြဿနာတွေရဲ့ မြစ်ဖျားခံရာကို ကြည့်လိုက်ရင် မူဆလင်တိုင်းပြည်တွေကနေ မငြိမ်မသက်မှုတွေကြောင့် နေရပ်ကိုစွန့်ခွာလာတဲ့ ဒုက္ခသည်တွေ၊ ဒုက္ခသည်အယောင်ဆောင်တွေဟာ လူသားချင်းစာနာမှု၊ လူ့အခွင့်အရေးစတဲ့ အက်ကြောင်းတွေကနေ တစတစ စိမ့်ဝင်လာပြီး သူတို့နဲ့အတူပါလာတဲ့ ဘာသာရေးအစွန်းရောက်ဝါဒဟာ လက်ခံရာနိုင်ငံတွေကို ကောင်းကောင်းဒုက္ခပေးလျှက်ရှိနေပါတယ်။ တရားဥပဒေစိုးမိုးတဲ့နိုင်ငံတွေမှာတောင် ပြဿနာပေါင်းသောင်းခြောက်ထောင် ဖြစ်ပွားနေတာကိုကြည့်ရင် တရားဥပဒေစိုးမိုးမှုမရှိတဲ့ မြန်မာနိုင်ငံမှာ ဘယ်လောက်ထိရှေ့လျှောက် ဆိုးဝါးလာနိုင်သလဲဆိုတာ သာမန်လူတစ်ယောက်အနေနဲ့တောင် မှန်းကြည့်ရင် သိနိုင်ပါတယ်။ ကုလားအုတ်ပုံပြင်ဟာ ဒီခေတ်မှာ မျက်ဝါးထင်ထင်မြင်နေရတဲ့ အရာတစ်ခုပါ။ အဲဒါကို မြင်လျှက်၊ကြားလျှက်၊သိလျှက်နဲ့ အဆင်ခြင်မဲ့ ဒီစကားထွက်လာတာကတော့ အများသူငှာ အံ့သြသင့်စရာပါ။ စာရေးသူအနေနဲ့ ဒီတစ်ခါတော့ ဘယ်လိုမှဖြည့်စွက် နားလည်ပေးလို့မရတော့ပါဘူး။

ဘင်္ဂလားဒေ့ရှ်လို မူဆလင်အများစုနေထိုင်ရာ နိုင်ငံမှာတောင် သားဖွားနှုန်းကန့်သတ်မှုတွေကို အကောင်အထည်ဖော်နေတဲ့အချိန်မှာ အိမ်နီးချင်းဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဒီကိစ္စကိုဆောင်ရွက်တာဟာ မတရားဘူးလို့ စွပ်စွဲလို့မရပါဘူး။ မြန်မာနိုင်ငံက တိုင်းရင်းသားအများစုက သားသမီးတစ်ဦးစနှစ်ဦးစထက် ပိုယူတာမျိုး စားဝတ်နေရေးကြောင့် ဒီဖက်ခေတ်မှာ အရမ်းနည်းပါတယ်။ ဘင်္ဂလီမိသားစုတွေရဲ့ သားဖွားနှုန်းဟာ ကြောက်ခမန်းလိလိမြင့်တက်နေတာ ကြာပါပြီ။ ဒါကိုထိန်းချုပ်ဖို့မကြိုးစားရင် တစ်နှစ်ထက်တစ်နှစ် ဖြစ်ပေါ်လာမယ့် ပြဿနာတွေက အများကြီးပါ။ ဒါကို လူ့အခွင့်အရေးရှုထောင့်ကနေ ကွက်ကွက်လေးကြည့်တာက နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ရဲ့ ရှိသင့်ရှိထိုက်တဲ့အမြင်မျိုး မဟုတ်ပါဘူး။ တရားမ၀င်ဘင်္ဂလီတွေကို မြန်မာနိုင်ငံသားတွေထက် ပိုတဲ့အခွင့်အရေးမျိုး ပေးသင့်ပါသလား။ အဲဒီလိုပေးလို့ဖြစ်လာတဲ့ ပြဿနာတွေကို မြန်မာနိုင်ငံသားတွေပဲ ရင်စီးခံစားရမယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် မစဉ်းစားမိလေရော့သလား။ တတိယစကားအဆုံးမှာ ၀ုန်းခနဲခုန်ဆင်းသွားတယ်လို့ စာရေးသူသုံးသပ်ရင် မှားတယ်လို့ ငြင်းမလား သိချင်ပါတယ်။

မြန်မာတစ်နိုင်ငံလုံး တလောက သူမကိုထိုင်ဗုတ်ခဲ့ကြတဲ့ Time မဂ္ဂဇင်းရဲ့ သြဇာအရှိဆုံးပုဂ္ဂိုလ်ရွေးချယ်ပွဲမှာ သူမကို Icon စာရင်းမှာထည့်သွင်းထားတာ တွေ့ခဲ့ရပါတယ်။ လက်ရှိဘ၀မှာတော့ သူမဟာ Politician တစ်ယောက်ပါ။ လွှတ်တော်အမတ်တစ်ယောက်ပါ။ အတိုက်အခံပါတီခေါင်းဆောင်တစ်ယောက်ပါ။ အဲဒီတော့ သူမအနေနဲ့ နိုင်ငံရေးသမားတစ်ယောက်ပီသစွာ ပြောဆိုပြုမူကျင့်ကြံတတ်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဒီစကားကို မာသာထရီဇာလို ပရဟိတသမားတစ်ယောက်ကပြောလို့ ဘာမှပြဿနာမရှိပါဘူး။ နိုင်ငံရေးလမ်းကြောင်းပေါ်လျှောက်လှမ်းနေတဲ့ နိုင်ငံရေးသမားတစ်ယောက်ဟာ လူထုရဲ့အသံကို နားစွင့်ရပါတယ်။ လူထုဆန္ဒကို လိုက်လျှောရပါတယ်။ လူထုနဲ့ ကင်းကွာလို့မရပါဘူး။ လူထုရဲ့အားနဲ့ ရှေ့တိုးဖို့ ကြိုးစားရပါတယ်။ ခု သူမ လူထုနဲ့ ကင်းကွာစပြုလာပါပြီ။ ဒါ သူမအနေနဲ့ ကျဆုံးဖို့ အစပြုလာတာပဲ ဖြစ်ပါတယ်။

သူမဟာ တစ်နိုင်ငံလုံးရဲ့မျှော်လင့်ချက်ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ လူထုအသည်းနှလုံးထဲမှာ သူမကိုအမှတ်တစ်ရာအပြည့် ပေးခဲ့ကြပါတယ်။ ခု သူမရဲ့စကားတွေကနေ သူမဆီက အမှတ်တွေတဖြုတ်ဖြုတ်ကြွေကျပြီး ပြိုင်ဖက်အုပ်စုဆီ ရောက်သွားပါတော့တယ်။ အဲဒါဟာ နိုင်ငံအတွက် ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။ ခုချိန်ထိ ပြိုင်ဖက်အုပ်စုနဲ့ သူမဟာ အရည်အချင်းအများကြီး ကွာဟနေပါသေးတယ်။ ဒါပေမယ့် ဒီလိုကွာတာကို သာယာပြီး စိတ်ထင်ရာလျှောက်ပြောနေလို့ မရပါဘူး။ ငါမှန်တယ်ဆိုပြီး လက်လွတ်စပယ် ပြောဆိုလို့ မရပါဘူး။ အမှန်တရားကို တိုင်းတာတဲ့နေရာမှာ သူမရဲ့ပေတံတစ်ချောင်းတည်းနဲ့ တိုင်းတာလို့ မပြည့်စုံပါဘူး။ ပြိုင်ဖက်အုပ်စုက ဘာပြောပြော ပြည်သူနားမ၀င်ပါဘူး။ ဘယ်လိုကတိပဲပေးပေး ပြည်သူ့ရင်ထဲမရောက်ပါဘူး။ သူမရဲ့နှုတ်ထွက်စကားဟာ ပြည်သူတွေကို အားဖြစ်စေပါတယ်။ ဒါပေမယ့် ဒီစကားကျတော့ ပြည်သူတွေကို ငါ့လောက်မသိတဲ့ နွားတွေလို့ စော်ကားလိုက်သလို အများစုကခံစားနေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဗဟိုပြုစနစ်နဲ့ လည်ပတ်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ သူမရဲ့တာဝန်ဟာ အင်မတန်ကြီးမားလှပါတယ်။ ပါတီကိုထောက်ခံတာထက် သူမကိုထောက်ခံတဲ့လူဦးရေက အဆပေါင်းများစွာပိုများနေပါတယ်။ ဒီအချက်ကြောင့် သူမတစ်စုံတစ်ခုမှားတာနဲ့ ပါတီရဲ့လူထုထောက်ခံမှု ယိုင်ဆင်းသွားတတ်ပါတယ်။ သူမရဲ့ပြိုင်ဖက်အုပ်စုဟာ နိုင်ငံတ၀ှမ်းက မဲဆန္ဒနယ်တော်တော်များများမှာ လူရိုသေ၊ရှင်ရိုသေ၊ ရပ်မိရပ်ဖ၊ မြို့မျက်နှာဖုံး၊ သူဌေးသူကြွယ်စတဲ့ ပုဂ္ဂိုလ်တွေကို ပါတီကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်ခိုင်းခဲ့ပါတယ်။ လာမယ့် ၂၀၁၅ကျရင်လည်း အဲလိုပဲ ၀င်ခိုင်းအုန်းမှာပါ။ ဒီလူတွေဟာ အစိုးရနဲ့မကင်းရာမကင်းကြောင်း ပတ်သက်နေရသူတွေဖြစ်ပေမယ့် သက်ဆိုင်ရာဒေသတွေမှာ ရပ်ရေးရွာရေး လူဝင်ဆန့်ပြီး သြဇာကြီးတဲ့လူတွေပါ။ နာမည်ပျက်ရှိသူတွေရှိနေပေမယ့်လို့ နာမည်ကောင်းရှိတဲ့ လူတွေလည်း တပုံတခေါင်းရှိနေပါတယ်။ အဲဒီလိုလူမျိုးတွေနဲ့ ယှဉ်ပြိုင်ရမယ့် NLD ကိုယ်စားလှယ်တွေဖက်ကို ပြန်ကြည့်တဲ့အခါ တချို့ဟာ ကိုယ်ကျိုးစွန့်အနစ်နာခံပေးဆပ်မှု၊ ရိုးသားဖြောင့်မတ်မှု၊ နိုင်ငံရေးအမြင်ရှိမှု စတဲ့အားသာချက်တွေ ရှိနေပေမယ့် နှစ်ပေါင်းများစွာ လူရာမ၀င်ဖြစ်အောင်ဖန်တီးခဲ့တာ ခံခဲ့ရတဲ့အတွက် သြဇာရှိမှုအပိုင်းမှာ အစိုးရလူတချို့ကို မယှဉ်နိုင်ပါဘူး။ ဒီလိုကိုယ်စားလှယ်တွေအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အ၀ါကို အတိုင်းအတာတစ်ခုထိ မှီခိုပြီး ယှဉ်ပြိုင်ရမှာပါ။ အဲဒါကြောင့် ဒေါ်စုဟာ ပါတီတစ်ခုလုံးအတွက် အခရာဖြစ်နေပါတယ်။ သူမခြေလှမ်းတစ်ချက်အရွေ့မှားတာနဲ့ သူမရဲ့လူတွေ ကြိုးစားခဲ့သမျှ အကုန်ဂွမ်းမယ့် အနေအထားမှာ ရှိနေပါတယ်။ လောလောဆယ်တော့ သူမစကားရဲ့ ရိုက်ခတ်မှုကြောင့် တစ်သက်လုံး ဒီချုပ်အပေါ် သစ္စာရှိစွာနဲ့ ထောင်ကျခံ၊ဘ၀ပျက်ခံ၊ သူ့ဆီကိုဖုန်းဆက်တာတောင် ဖုန်းအိမ်ကခေါ်မပေးရဲတဲ့အထိ လူရာမ၀င်ဖြစ်ခဲ့ရတဲ့ တောင်ကုတ်မြို့နယ် NLD ပါတီဝင် အချစ်ဆုံးသူငယ်ချင်း မိုးနိုင်စိုးတစ်ယောက် ဘယ်လိုနေမလဲ စဉ်းစားနေမိပါတယ်။

မြန်မာနိုင်ငံသား အများစုဟာ နိုင်ငံရေးအမြင် နည်းပါးကြပါတယ်။ အယုံလွယ်တတ်ကြပါတယ်။ တစ်ဖက်က လူမျိုးရေး၊ဘာသာရေးအကြောင်းပြပြီး မှိုင်းတိုက်ရင် အလွယ်တကူလက်ခံတတ်ကြပါတယ်။ အဲဒါကြောင့် ငါကမှန်တဲ့စကားကိုပြောတာဆိုပြီး လက်လွတ်စပယ်လုပ်လို့မရပါဘူး။ နိုင်ငံရေးလောကမှာ စာတွေ့ဆိုတာ တခါတလေမှာ အလုပ်မဖြစ်တတ်ပါဘူး။ တောမကျွမ်းရင် အချိန်မရွေးသားကောင် ဖြစ်သွားတတ်ပါတယ်။ အနားက လက်ခုပ်သံတွေကိုချည်း သာယာနေလို့မရပါဘူး။ တစ်ယောက်တည်း အကုန်လုံးတာဝန်ယူ ခေါင်းခံနေလို့မဖြစ်ပါဘူး။ အဆုတ်၊အတက်၊ အလှည့်၊အပြောင်း သူ့နေရာနဲ့သူ အထာညက်ဖို့လိုပါတယ်။ နိုင်ငံရေးလောကမှာ တရားမျှတစွာယှဉ်ပြိုင်တဲ့ ပွဲမျိုးဆိုတာ စာအုပ်မှာပဲရှိပါတယ်။ အပြင်မှာမရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မဟာဇနက္ကကတော့ ကိုယ့်သင်္ဘောကိုယ်ဖျက်ပြီး မှန်ကန်သော စကားကြီးသုံးခွန်းနဲ့အတူ ရေထဲဝုန်းခနဲ ခုန်ဆင်းသွားပါပြီ။ ကျွန်တော်ကတော့ သူရေကူးတာကို ဆက်လက်အားပေးဝေဖန်နေအုန်းမှာပါ။ သူ့ကို စိတ်ပျက်မိပေမယ့် မျှော်လင့်ချက်တော့ မကုန်သေးပါဘူး။ အကောင်းဆုံးကူးခတ်ပြီး ရည်မှန်းချက်ကမ်းခြေကို ဆိုက်ရောက်နိုင်ပါစေလို့ပဲ ဆန္ဒပြုလိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။

မြတ်သိန်းထွန်း(ဘွရှင်)

အယ်ဒီတာချုပ်

ဝံသာနု

စကားကြီးသုံးခွန်းနှင့် ဒေါ်အောင်ဆန်းစုကြည်
(၀ံသာနုအယ်ဒီတာ့ အာဘော်)
အရပ်ထဲ ရယ်စရာဟာသအနေနဲ့ လူတော်တော်များများ ကြားဖူးတဲ့ မေးခွန်းလေးတစ်ခုရှိပါတယ်။ ဘုရားလောင်း မဟာဇနက္ကမင်းသား သင်္ဘောပျက်လို့ ဆီဦးထောပတ်တ၀စား၊ လင်းယဉ်တိုင်ဖျားပေါ်တက်၊ သားစားငါးတွေထူပြောပြီး လှိုင်းလေထန်တဲ့ ပင်လယ်ပြင်ထဲ ခုန်ဆင်းမယ့်အချိန် စကားကြီးသုံးခွန်းပြောခဲ့တယ်။ အဲဒါ ဘာလဲသိလား ဆိုတဲ့မေးခွန်းပါ။
ရုတ်တရက်ဆိုတော့ မေးခံရတဲ့လူအတွက် အဖြေရှာမရပါဘူး။ အဖြေက တစ်၊နှစ်၊သုံးလို့ ရေပြီး ၀ုန်းခနဲခုန်ဆင်းတာပါတဲ့။ ခမ်းနားတဲ့အကြောင်းအရာကို မဆီမဆိုင်အချက်နဲ့ ဟာသဖောက်ထားတဲ့ ရယ်စရာဟာသလေးတစ်ခုပါ။

ရင်ခွင်လမ်းမှ ကူးယူမျှဝေသည်။

No comments: