Friday, June 28, 2013

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ရေးအတွက်

"သမ္မတ နေရာတွင် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် တားမြစ်ထားသည်ဆိုသော ဖွဲ့စည်းပုံ အခြေခံပုဒ်မ ၅၉ (စ) ကို မပြင်ဆင်ပါက ၂၀၁၅ ရွေးကောက်ပွဲတွင် သြစတေးလျ အစိုးရအနေနှင့် အကူအညီပေးမည်မဟုတ်" ဟု The The Voice Weekly ၏ ဖေ့ဘုတ်စာမျက်နှာ၌ သတင်းတက်လာသောအခါ.......



ထိုကိစ္စသည် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ရေးအတွက် အခြေခံ ဥပဒေပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ရန် သို့မဟုတ် ဖျက်သိမ်းရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ဖိအားပေးခြင်း ဖြစ်သည်ဟု သဘောပေါက်ကာ........

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေ ပျော်ကြသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်သူတွေ မဲ့ကြသည်။

ကျွန်တော်ကတော့ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ခြင်းဟာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ရေး လမ်းပွင့်သည့်အတွက် ပုဂ္ဂိုလ်ရေးအရ ဝမ်းသာမိပေမယ်လို့ နိုင်ငံအရေးအရကြည့်လျှင် မလျော်ကန်ဟုမြင်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် မည်သည့်အကြောင်းနှင့်မျှ ပုဒ်မ ၅၉ (စ) ကို မထိပါးသင့်ဟု မြင်ပါတယ်။

ပုဒ်မ ၅၉ (စ) ကို ဖော်ပြပေးချင်ပါတယ်။

"မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦးကိုသော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူး၏ ကျေးဇူးသစ္စာတော်ကို ခံယူ စောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ။ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် မရှိစေရ။"

အထက်က ဥပဒေကို ကြည့်ပါက တိုင်းတပါးသားနှင့် လူမျိုးခြားများ တိုင်းပြည်အား စိုးမိုးခြယ်လှယ်ခြင်း မပြုနိုင်အောင် ဥပဒေနှင့် တားမြစ်ထားတာ ဖြစ်ကြောင်းတွေ့ရပါမယ်။

လက်ရှိမြန်မာပြည်မှာ လူမျိုးခြားများ စီးပွားရေး၊ လူမှုရေးများ၌ စိုးမိုးချယ်လှယ်နေကြတယ်ဆိုတာက ငြင်းလို့မရတဲ့ အချက်ဖြစ်ပါတယ်။ အကယ်၍ ဒီလူတွေသာ မြန်မာပြည်ရဲ့ လွှတ်တော်အတွင်းမှာ၊ နိုင်ငံတော် အစိုးရအတွင်းတွေမှာ ရောက်ရှိနေရာယူခဲ့ကြပါလျှင်.......ဒါက ကျွန်တော်အပါအဝင် မည်သည့်မြန်မာမဆို မလိုချင်ဆုံး အချက်ပါ။ တစ်ဖက်ကလည်း ဘာသာခြား၊ လူမျိုးခြား၊ တိုင်းတစ်ပါးခြားတွေ အလိုချင်ဆုံး အချက် ဖြစ်နေပါတယ်။

တိုင်းပြည်တပြည်ရဲ့ အမျိုးသားအကျိုးစီးပွားကို ဥပဒေနှင့် ကာကွယ်ရပါတယ်။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အတွက်နှင့် အမျိုးသားအကျိုးစီးပွားကို မျက်ကွယ်ပြုရမယ်ဆိုတာ လုံးဝမဖြစ်သင့်ပါ။

အကယ်၍ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ဖို့ ပုဒ်မ ၅၉ (စ) ကို ပြင်လိုက်သည် ဆိုပါစို့။ ဘာဖြစ်မလဲ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာမယ်။ ကောင်းလှပါတယ်။ ဒါပေမယ့် ဘယ်နှစ်နှစ် လုပ်နိုင်မလဲ။ လွန်ရောကျွံရော ၁၀ နှစ် ပေါ့ဗျာ။ ဒီ့နောက်ရော မတွေးဝံ့စရာပါ။ ဘင်္ဂါလီ တစ်ယောက်လည်း သမ္မတဖြစ်ပိုင်ခွင့် ရှိတယ်။ ပေါက်ဖော်တစ်ယောက်လည်း ဖြစ်ပိုင်ခွင့် ရှိတယ်။

ကျွန်တော်တို့ နေရတာကိုက ကမ္ဘာပေါ်မှာ လူဦးရေအများဆုံး တိုင်းပြည်တွေကြား နေရတာ။ တကယ်လို့များ ဘင်္ဂါလီတစ်ယောက် သို့မဟုတ် ပေါက်ဖော်တစ်ယောက်များ သမ္မတဖြစ်ပြီး ဆွေမျိုးတွေကိုသာ ဖိတ်ခေါ်လိုက်လျှင်........
မြန်မာဆိုတာတောင် ပျောက်သွားနိုင်ပါတယ်။

ထောက်စရာတစ်ချက်တော့ ရှိပါတယ်။ "ဥပဒေကို ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ပဲ ပြင်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဟုတ်တော့လျှင် နဂိုရ်အတိုင်း ပြန်ထားမယ် ဆိုရင်ရော" ဆိုတဲ့ မေးခွန်းပါ။ ဒါက ကလေးအတွေး၊ လူပြိန်းအတွေးပါ။ ဥပဒေဆိုတာ နိုင်ငံသားတိုင်းအတွက် ဖြစ်တဲ့တွက် လူတစ်ဦးတစ်ယောက်တည်းအတွက် ရည်ရွယ်ပြီး ရှုံ့ချည်နှပ်ချည် လုပ်လို့ မရပါဘူး။

အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်မယ့် ကိစ္စမှာ ကျွန်တော်တို့ အရှည်ကို ကြည့်ရပါမယ်။ ရေငတ်ပြေစေဖို့ ရေထိန်းတံခါးကို ဖွင့်ပြီး ရေသောက်သလို ဖြစ်နေပါမယ်။ ကိုယ်ရေငတ်ပြေတဲ့ အကျိုးကနည်းနည်း၊ နောက်က ဆက်ဖြစ်လာမယ့် အိုးအိမ်တွေ ရေနှင့်ပါသွားမယ့် အပြစ်တွေက အဆုံးမရှိ ဖြစ်သွားပါမယ်။ ကျွန်တော်တို့ မျက်စိတစ်ဆုံး ကြည့်ရပါမယ်။ မျက်မွှေးတစ်ဆုံး ကြည့်လို့မရပါဘူး။

တနည်းအားဖြင့် လူတစ်ဦးတစ်ယောက်ဟာ တိုင်းပြည်ကို အချိန်အတိုင်းအတာ တစ်ခုအထိသာ အကျိုးပြုနိုင်မှာဖြစ်ပြီး ဥပဒေကသာ တိုင်းပြည်ရဲ့ အမျိုးသားအကျိုးစီးပွားကို တိုင်းပြည်တည်နေသ၍ အကာအကွယ်ပြုပေးနိုင်မယ်နားလည်စေချင်ပါတယ်
Views: 119

ဧဒင်မှ ကူးယူမျှဝေသည်

No comments: