Saturday, September 7, 2013

ရိုဟင်ဂျာသည်မြန်မာတိုင်းရင်းသား မဟုတ်ကြောင်းဗြိတိန်ဝန်ကြီးချုပ်နေထိုင်ရာ ဒေါင်းနင်းလမ်း၌ အင်္ဂလန်ရောက်မြန်မာများမှ မြအေးသမီးအဖွဲ့အားတန်ပြန် ဆန္ဒထုတ်ဖေါ်



(- မောင်ရမ္မာ) ရိုဟင်ဂျာသည်မြန်မာ တိုင်းရင်းသား မဟုတ်ကြောင်းငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖေါ်ပွဲတရပ်ကို ဇွန်လ၁ ရက်နေ့က မြန်မာ နိုင်ငံသားများစုစည်းပြီးဗြိတိန်နိုင်ငံ၊လန်ဒန်မြို့ ဗြိတိသျှ ၀န်ကြီးချုပ်နေအိမ်တည်ရှိရာ အမှတ် ၁၀၊ဒေါင်းနင်းလမ်းရှေ့တွင်ပြုလုပ်ခဲ့ကြသည်။ “
လန်ဒန်မှာရှိတဲ့ဗြိတိသျှဝန်ကြီးချုပ်ရဲ့ အိမ်ရှေ့မှာ အားလုံးစုပြီးတော့ တညီတညွတ်တည်းနဲ့ ရိုဟင်ဂျာကိစ္စနဲ ပတ်သက်ပြီးတော့ ရိုဟင်ဂျာတွေဟာ သမိုင်းတွေကို လိမ်ပြီးတော့သူတို့တွေဟာ ဗမာနိုင်ငံမှာ မူလတိုင်းရင်းသားလူမျိုးစု ဖြစ်ပါတယ် ဆိုပီး အရေးဆိုနေတဲ့ကိစ္စကို သူတို့တွေဟာ လိမ်နေတာ ဖြစ်ပါတယ်။ မြန်မာ တိုင်းရင်းသားလူမျိုးစုအမှန်အကန် မဟုတ်ပါဘူးဆိုတာကို မြန်မာ တိုင်းရင်းသားတွေအကုန်လုံးက တညီတညွတ်တည်းနဲ့ လာရောက်ပြီးတော့ ဗြိတိသျှ ၀န်ကြီးချုပ်နဲ့ တကွ MP တွေ၊ ကမ္ဘာတ၀ှမ်းကလူတွေ သိရှိအောင်လို့ ဆန္ဒဖေါ်ထုတ်ခြင်းဖြစ်ပါတယ်” ဟုဆန္ဒပြပွဲနှင့် ပတ်သက်ပြီးပြောခွင့်ရ အမျိုးသမီး ဒေါ်မေသက်မွန်ကပြောသည်။ လက်ရှိ အချိန်တွင်နိုင်ငံခြားသား တချို့သည် ရိုဟင်ဂျာများဘက်မှထောက်ခံပေးနေခြင်း အပေါ်အခြေအနေမှန်ကိုသိစေလို၍လည်း ယခုလို ဆန္ဒဖေါ်ထုတ်ခြင်းဖြစ်သည်ဟုလည်း သူမက ဆက်ပြောသည်။ “ လက်ရှိ အချိန်မှာ တချို့သော အင်္ဂလိပ်လူမျိုးေ တွဟာ ရိုဟင်ဂျာကိစ္စနဲ့ပါဝင် ပတ်သက်နေတယ်။ သူတို့တွေဟာ ရိုဟင်ဂျာပြောတဲ့စကားတွေကို ယုံကြည်ပြီးတော့ ရိုဟင်ဂျာတွေကိုထောက်ခံပြီး အများကြီးလုပ်ဆောင်နေ ပါတယ်။ ဒီကိစ္စကို ဆန့်ကျင်တဲ့အနေနဲ့ဗြိတိသျှဝန်ကြီးချုပ်အပါ အ၀င်ဗြိတိသျှအမတ်တွေနဲ့တကမ္ဘာလုံးက လူတွေ သိရှိလာအောင် ကျွန်မတို့ခုလို လုပ်ရတာ ဖြစ်ပါတယ်။” ၎င်းပြင်တချို့ အင်္ဂလိပ် တချို့သည် ရိုဟင်ဂျာ ကိစ္စကို ဗြိတိသျှပါလီမာန်ထိ ယူဆောင်လာကာ ဒေါ်အောင်ဆန်းစုကြည်အားဖိအားပေးပြိး ရိုဟင်ဂျာကိုတိုင်းရင်းလူမျိုးတစ်မျိုးအဖြစ် အသိအမှတ်ပြုအောင်စီစဉ်နေသည်ဟု ဆိုသည်။ “ မကြာခင်မှာ ဒီရိုဟင်ဂျာတွေဟာ ဗြိတိသျှ ပါလီမန်ထဲကိုဝင်ပြီးသူတို့တွေဟာ မြန်မာ နိုင်ငံရဲ့လူမျိုးစုတခုဖြစ်တယ်။ ဗမာ အစိုးရကသော်၎င်း၊ဗမာလူမျိုးတွေကသော်၎င်း၊ ရခိုင်လူမျိုးတွေကသော် ၎င်း၊သူတို့တွေကို နှိပ်ကွက်နေပါတယ်လို့တစာစာအော်ပြီးတော့ ဗြိတိသျှ ပါလီမန်မှာ အရေးဆိုဖို့ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အင်္ဂလန်ကို လာတဲ့အချိန်မှာ ဗြိတိသျှ ၀န်ကြီးချုပ်နဲ့ အမတ်တွေဟာ ဒီကိစ္စကို နားမလည်ဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုဖိအားပေးတာတွေ၊ ရိုဟင်ဂျာ တိုင်းရင်းသား အဖြစ်လက်ခံအောင် ပြောမယ့်ကိစ္စတွေရှိနေတယ်လို့သိရတယ်။ ဒါကြောင့်ဒီပြဿနာ အပေါ် အကုန်လုံးက သိရှိ နားလည်သဘောပေါက်လာအောင် ကျွန်မတို့ကအသိပေးတဲ့သဘောလည်း ဖြစ်ပါတယ်” ဟု ပြောသည်။ ဒီရိုဟင်ဂျာ အရေးကိစ္စဟာ မြန်မာနိုင်ငံ အတွက်ဘယ်အတိုင်းအတာထိ အရေးကြီးပါသလဲလို့မေးမြန်းရာ သူမက ယခုလို ပြောသည်။။ “ ဒီကိစ္စဟာ ဘာသာရေးကိစ္စလည်းမဟုတ်ပါ။ လူ့အခွင့်အရေးကိစ္စလည်းမဟုတ်ပါဘူး။ လူဝင်မှု ကြီးကြပ်ရေးပြဿနာတခုဖြစ်ပါတယ်။ ဒါပေမယ့် အခုအခါ ဒီပြဿနာဟာ အထူး အရေးကြီးတဲ့အဆင့်ကို ရောက်လာတယ်။ ဘယ်လောက်ထိအရေးကြီးလဲဆိုရင်နိုင်ငံရဲ့ နယ်နိမိတ်၊ နိုင်ငံရဲ့အချုပ် အခြာ အာဏာ၊ မိမိနိုင်ငံရဲ့အမျိုးသားရေးကိုထိထိခိုက်လာတဲ့ အခြေအနေဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီရိုဟင်ဂျာတွေဟာ ရခိုင်ပြည်ကိုဗြိတိသျှ ကိုလိုနီခေတ်ကတည်းကပင် သူတို့တွေဟာ လယ်ယာမြေ လုပ်သားတွေအဖြစ် ၀င်ရောက်နေထိုင်တယ်။ ရခိုင်တွေကလည်းသူတို့ကိုဧည့်သည်အဖြစ် လက်ခံထားတယ်။ ဒါပေမယ့် သူတို့ဟာ တဖြည်းဖြည်းနဲ့လောဘကြီးလာပြီး ရခိုင်ပြည်ကိုသူတို့ပြည်၊သူတို့ဟာ ရခိုင်တွေထက်ဒီမြေမှာ အယင်ကတည်းကပင် ရောက်နေတဲ့လူတွေ ဖြစ်တယ်ဆိုတဲ့ လိမ်လည်တဲ့ သတင်းတွေကို ထုတ်လွင့်တယ်။ လူတွေကိုအယုံသွင်းတယ်။ ဒါကြောင့်မို့လိ တချို့မြန်မာ့သမိုင်းကိုနားမလည်တဲ့သူတွေက သူတို့ပြောတာကိုဟုတ်လေသယောင်၊ နားယောင်ကြပါတယ်။ သူတို့ဟာ ဧည့်သည်ကို အိမ်ရှင်က စော်ကားတာထက် ပိုဆိုးနေပါတယ်။ အဲဒီလို အခြေအနေကြောင့်မို့ဒီကိစ္စဟာ ရခိုင်တမျိုးသားလုံးအတွက်အရေးသာမဟုတ်၊ မြန်မာ တစ်နိုင်လုံးအတွက်ပါ အရေးကြီးပါတယ်” ဟု ဆက်ပြောသည်။ မြန်မာနိုင်ငံတွင်ဥပမာအားဖြင့် တရုတ်နွယ်ဖွား မြန်မာ လူမျိုးများ၊ အိန္ဒိယ နွယ်ဖွားမြန်မာ လူမျိုးများရှိကြောင်း၊ သူတို့အနေဖြင့် မြန်မာနိုင်ငံသားအဖြစ်ဖြင့်ပျော်ရွင်စွာ နေထိုင်နေကြကြောင်း၊ ရိုဟင်ဂျာ ဆိုသူများ အနေဖြင့်လည်းသူတို့ကဲ့သို့နိုင်ငံသားအဖြစ်၊ ဧည့်နိုင်ငံသားအဖြစ်ဘယ်လိုဘဲနေနေ ရခိုင်လူမျိုးများအနေဖြင့်သော်၎င်း၊ ဗမာလူမျိုးတွေအနေဖြင့်လည်းကန့်ကွက်စရာ မရှိပါကြောင်း၊သို့သော်သူတို့မှာ မရှိသည်ကို အရှိလုပ်ပြီး လိမ်လည်ကာ ရခိုင်ပြည်နယ်ကိ သူတို့ပြည်နယ် ဖြစ်ကြောင်းမဟုတ်မတရား သမိုင်းလိမ်များဖြင့်ကမ္ဘာတွင်လိမ်လည်နေ၍ ကန့်ကွက်ရခြင်းသာ ဖြစ်ကြောင်း သူမက ပြောသည်။ ဆန္ဒဖော်ထုတ်ပွဲသို့မြန်မာ အသိပညာရှင် အတတ်ပညာရှင်များ၊ဂုဏ်သရေရှိပုဂ္ဂိုလ်များ၊ ကျောင်းသား၊ကျောင်းသူများနှင့်နိုင်ငံရေး၊ လူမှုရေးအသင်းအဖွဲ့များမှပုဂ္ဂိုလ်များအပါ အ၀င်မြန်မာနိုင်ငံပြည်ထောင်စု တိုင်းရင်းသားများ၁၃၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။ ၎င်းအပြင်ဆန္ဒဖော်ထုတ်ပွဲတွင် တက်ရောက်လာသူအားလုံးက အချက်၉ ချက်ပါလန်ဒန်ကြေငြာစာတမ်း London Declaration 2012 ကိုတညီတညွတ်တည်း လက်မှတ်ရေးထိုးခဲ့ကြပြီးဗြိတိသျှဝန်ကြီးချုပ်ထံ ပေးပို့ခဲ့ကြသည်ဟု သိရသည်။ မြန်မာမျိုးချစ်လူငယ်များ 

ရခိုင်အမျိုးသား ကို R J ရဲ့ မဟာ ဝက်ဆိုဒ်မှ ကူးယူမျှဝေသည် 

No comments: