![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWtAF7XEVx5yPy1RcvvhwvirrhOq8tiJ3BZms343Q2U_CryJGoOTQJvpSAd9xBj58WvjvGB-rQ90wzNs-MoVaEoRrCTQ46KeeXqVjhJ-w1WQq79eMIC5zpgxXhNEul6lx6rnxq8BLpQNLV/s400/1381630_514565191973907_956162099_n.jpg)
သမ္မတဦးသိန်းစိန်က ဥပဒေပါ သမ္မတလစာ သိန်း ၅၀ ကို မခံစားဘဲ တလ ငွေကျပ် ၁၅ သိန်းသာ လျှော့ယူခံစားမှုသည် ဥပဒေ ချိုးဖောက်သည့် ပုံစံဖြစ်နေကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က သတိပေး ပြောဆိုလိုက်သည်။
ယနေ့ အမျိုးသားလွှတ်တော် အစည်းအဝေး တွင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့်အဆောင်အယောင်များဆိုင
`` နိုင်ငံတော် သမ္မတရဲ့လစာခံစားခွင့် သိန်း(၅၀)ဟာ ဥပဒေ မှာပါရှိပြီးဖြစ် တဲ့အတွက် လိုက်နာရ မယ်။ အခု လို မယူ တဲ့ အတွ က် ဥပဒေ ကို ချိုး ဖေါက် သလို ဖြစ်နေ ကြောင်း၊ သူ့အနေ နဲ့ဒီလစာကိုယူသင့်ကြောင်း ၊သူ မယူ တဲ့ အတွက် အခု လို ဥပဒေ ကို ပြန်ြပင်နေရတယ်´´ ဟု ဦးခင်အောင်မြင့်က ဆိုသည်။
သမ္မတက လတ်တလော တလ ငွေကျပ် ၁၅ သိန်းရယူနေသည့်အတွက် ယင်းလစာအတိုင်း ဥပဒေတွင် ပြင်ဆင်ပြဋ္ဌာန်းပေးရန် လွှတ်တော်က ဆောင်ရွက်သောအခါ ဘဏ္ဍာရေး ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းက သမ္မတ၏ လစာ တလ ၁၅ သိန်းဟု ပြဋ္ဌာန်းလျှင် သမ္မတ၏ ဂုဏ်သိက္ခာကျနိုင်ကြောင်း တင်ပြ လာသဖြင့် ဦးခင်အောင်မြင့်က ``သမ္မတအနေဖြင့် ဥပဒေပါ သိန်း ၅၀ လစာ ခံ စားခွင့် ဆက် လက် ခံ စား မယ်၊ မခံစားဘူး´´ မေးမြန်းရန် ဒေါက် တာ မောင် မောင်သိမ်းကို သမ္မတ ဦးသိန်းစိန် ထံသို့ တိုက်ရိုက်ဖုန်း ဆက် မေးမြန်းခိုင်းခဲ့ကြောင်း၊ သမ္မတ ဦးသိန်းစိန် က တလ သိန်း၅၀ မ ခံ စား လိုဘဲ လစာ ခံစား ခွင့် သတ် မှတ် ချက် ကို လွှတ်တော် က သာ သတ်မှတ် ပေးရန် ပြန် လည် ပြောဆို ခဲ့ ကြောင်း သိရှိရသည်။
လတ်တလောတွင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့်အဆောင်အယောင်များဆိုင
From: ဧရာ ၀တီ
အထက်ပါ Post ကို Myanmar Daily Star မှာကူးယူထားတာဖြစ်ပါတယ် ဒီ Post ထဲမှာ သမ္မတ ကို ဖုန်းဆက် မေးမြန်သူ နဲ့ မေးခိုင်း သူတွေဟာ နိုင်ငံရဲ့ အဆင့်မြင့်ရာထူးတွေမှာ နေရာရနေတာကိုတွေ့ရ တာအတော် စိတ်မကောင်းပါဘူး ပြည်သူတွေ အတွက် တစ်ကယ် အလုပ်လုပ်မယ် တိုရင် သမ္မတ မယူတဲ့ လစာအပိုငွေတွေကို ပြည်သူတွေအတွက်လိုအပ်တဲ့ နေရာတွေမှာသုံးလို့ရပါတယ်။ ဟိုကချည်း ဒီကငှားနဲ့တောင်မှ လျှပ်စစ်စက်ရုံ ကောင်းကောင်းမတည်ထောင်နိုင်တဲ့ ကျနော်တို့မြန်မာနိုင်ငံမှာ အရာရှိကြီးများ ယူထားတဲ့လစာ တွေဟာ အရန်းအရန်းကို မြင့်လွန်းနေလို့ သမ္မတကြီးက လူလိုသိ လူလိုနားလည်လို့ လစာ လျှော့ယူတာကို ဥပဒေ ချိုးဖေါက်သလေး ဘာလေး ပြောတဲ့သူဟာ ရတာထက်ပိုလို ချင်နေတာဘဲဖြစ်ရမယ်။ အခွင့်ရေးကို အရယူမယ် ဆိုတဲ့လူစားမျိုးတွေ ရဲ့လေသံနဲ့ပြောလာသူတွေမေးပရစေ သမ္မတ က ဥပဒေ ချိုးဖေါက်တဲ့ ပုံစံ ဖြစ်တော့ရော ဘာပုဒ်မ နဲ့အရေးယူမှာလဲ လစာလျှော့ယူတာကို အပြစ်လာလုပ်တယ်၊ ပိုယူ ခိုးယူ လဒ်ယူ နေတဲ့ နိုင်ငံတော်က အရာရှိကြီး များကြတော့ ဥပဒေ ကိုမချိုးဖေါက်ဖူး ဆိုတဲ့ သဘောလားလို့ မေးလိုက်ချင်ပါတယ်။ အခွင့် ရေးသမားတွေ နဲ့ Democracy ဟာတကယ်တော့ ဖုန်းကြီးရူး နဲ့ လှေလူး အရန်းကို သဟဇာတ ဖြစ်နေကြတော့တာဘဲ နော်။
မြန်မာတို့အတွက် ဗဟုသုတ
No comments:
Post a Comment