Thursday, November 28, 2013

အနန္တရပစ္စယော။ သမနန္တရပစ္စယော။ Guglielmo Marconi နှင့် ယနေ့ IT ခေတ်

 
ကျနော်တို့ ရဲ့ မြန်စွားဘုရား ဟာ ပဌာန်းတရားတော်ကို ဟိုးလွန်ခဲ့သော နှစ်ပေါင်း ၂၅၆၀ လောက်ကဟောကြားခဲ့ရာမှာ အနန္တရပစ္စယော နှင့် သမနန္တရပစ္စယော ကိုထဲသွင်း ဟောကြားထားပါတယ် အနန္တရပစ္စယော ကို အခြားမဲ့ တဆက်တည်း အကြားမရှိဖြစ်၍ ကျေးဇူးပြုတတ်သောတရား လို့ ရှေးဆရာကြီးများကတော့

စကြာဝတေးမင်း နတ်ရွာစံခြင်း(သေခြင်း)သည် အကြီးဆုံးသား
ရတနာအား အလိုလို မင်း(ဘုရင်)ဖြစ်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ရုပ်ဝတ္ထုကို မြင်သည်နှင့် အသိစိတ်သည် အာရုံတွင် တဆက်တည်းဖြစ်ခြင်း၊နောက်နောက် စိတ်အစဉ်တွေ ဆက်တိုက်ဖြစ်ရန်အတွက် ရှေ့ရှေ့စိတ် အစဉ်တွေပျက်ပျက်ပေး၍ ကျေးဇူးပြုခြင်းငှာ အနန္တရပစ္စည်းတရားကိုဟောတော်မူသည် လို့ ဆိုထားပါတယ်

 သမနန္တရပစ္စယော ကို ကောင်းစွာ(အခြားမဲ့)တဆက်တည်း အကြားမရှိ အတားအဆီးမရှိ၍ ကျေးဇူးပြုတတ်သောတရား။ ရှေးဆရာကြီးများကတော့
စကြာဝတေးမင်း တောထွက်၍ ရဟန်းပြုခြင်းသည် အကြီးဆုံးသော သားရတနာအား တဆက်တည်းအကြားမရှိကောင်းစွာ မင်း(ဘုရင်)ဖြစ်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ မြင်စိတ် သိစိတ် ကောင်းလျှင်ကောင်းသည်ဟုဝန်ခံခြင်း၊မကောင်းလျှင် မကောင်းဟု ဝန်ခံခြင်းတို့သည် စိတ်များ ဆက်ကာဆက်ကာ ဖြစ်ပေါ်လာအောင် အခြားမရှိ ဆက်၍ဖြစ်ခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ သမနန္တရ ပစ္စည်းတရားကိုဟောတော်မူသည် လို့ ဆိုထားပါတယ်။ 

ကျနော်ဒီနေရာမှာ ပြောပြချင်တာက အခြားမဲ့မရှိ တဆက်တည်း အကြားမရှိဖြစ်လေ့ ရှိပုံ နဲ့ ကောင်းစွား အခြားမဲ့မရှိ တဆက်တည်း အကြားမရှိ ဆိုတဲ့ ဟောဒီ စင်္ကြဝဠာ ကြီးကနေ စင်္ကြာဝဠာ ကုဋ္ဋေ တစ်သိမ်းမသော စင်္ကြာဝဠာ အားလုံးဟာ အကြားအလပ်မရှိတာ ကိုရော စိတ် စေတသိက် ရုပ် တို့ ကြားမှာပါ အကြားအလပ် မရှိတာကို ဘုရား ရှင်က နှစ်ပေါင်း ၂၅၆၀ ကျော်လောက်က ဟောပြသွားခဲ့ပြီးပါပြီ ဒီလိုအကြားမရှိတာ Guglielmo Marconi ကတော့မသိပါဘူး သိစရာ ဥာဏ်လည်းမမှီနိုင်ပါ ဘူး ဒါပေမဲ့ လေထဲမှာ လှိုင်းတွေ အကြားအလပ် မရှိဆက်စပ်နေတာလောက်ကို မြင်နိုင်တော့ Guglielmo Marconi ဟာ ရေဒီယိုလှိုင်းကို အသုံးပြုတဲ့ ဆက်သွယ်ရေး စက်တွေကို ၁၈၉၆ နောက်ပိုင်းမှာ စတင်တည်ထွင် အသုံးပြုလာပါတယ် ၁၉၀၉ နိုဗလ် ဆုတွေရခဲ့ပြီး ၁၉၂၀ နှစ်ဦးပိုင်းလောက်မျာ ရေဒီယို ကနေအသံလွှင့်တာကိုစတင် တည်ထွင် ခဲ့ပါတယ်၊
Guglielmo Marconi ရဲ့ပုံကိုလည်း ရှာဖွေဖေါ်ပြပေးလိုက်ပါတယ် Guglielmo Marconi သာလူဖြစ်မလာခဲ့ရင် ယနေ့ IT ခေတ် ဆိုတာ ရှိချင်ရင် ရှိမယ် မသေချာဘူး။ ကျနော်ပြောချင်တာ က ကျနော်တို့ရဲ့ မြတ်စွာဘုရား ရှင်ဟာ ဘယ်သူ့ဆီကမှ အခြေခံနည်းတွေ ကို မယူဘဲနဲ့ ကိုယ်တော်တိုင် ကျင့်ကြံပြီး ဘုရားဖြစ်ကို ရခဲ့တာပါ။ ယနေ့တော်ကြပါတယ် ဆိုတဲ့ ကွန်ပျူတာ ပညာရှင်တွေဟာ Guglielmo Marconi တို့လိုပုဂ္ဂိုလ်မျိုး တွေဆီမှ အဆင့်ဆင့် နည်းပညာ လက်ဆင့်ကမ်းခဲ့ ကြလို့ ဒီနေ့ IT ခေတ်ဖြစ်လာတာပါ အလားတူပါဘဲ James Watt သာလူဖြစ်မလာခဲ့ ရင် ယနေ့ Hybrid Synergy System လို့ခေါ်တဲ့ ဓါတ်ဆီ နဲ့ ဘက်ထရီ နှစ်မျိုးပေါင်းသုံး ပြီးမောင်နိုင်တဲ့ကားတွေ ပေါ်လာစရာမရှိပါဘူး အောက်ပါ post ကတော့

မြန်မာ IT လူငယ်များ မှကူးယူခဲ့ပါတယ်


လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်လောက်က အီတလီလူမျိုး ရူပဗေဒပညာရှင် မာကိုနီ (Guglielmo Marconi) ဟာ ရေဒီယိုလှိုင်းတွေကို အသုံးပြုပြီး သတင်းအချက်အလက်တွေကို ပထမဆု့းအောင်မြင်စွာ ထုတ်လွှင့်နိုင် ခဲ့တဲ့ ပညာရှင်ဖြစ်ပါတယ်။ အဲ့ဒီအချိန်ကစလို့ ကမ္ဘာကြီး ဟာလည်း အရင်ကနဲ့မတူ အပြောင်းလဲကြီး ပြောင်း လဲခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့မှာ ကွန်ပြူတာနဲ့အင်တာနက်တော်လှန်ရေးကြီးအကြောင်း အာပေါင်အာရင်း သန်သန် နဲ့ လူအများ ပြောဆိုနေနိုင်တာဟာ လူနေမှုဘ၀တွေ၊ နေ့စဉ်ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို လွန်ခဲ့တဲ့နှစ်(၁၀၀) ကျော်လောက်ကတည်းက စတင်ပြောင်းလဲမှုတွေရဲ့ ရလဒ်ဖြစ်ပါတယ်။
သတင်းအချက်အလက်တွေကို မမြင်တွေ့နိုင်တဲ့ မိုင်ထောင်ပေါင်းများစွာဝေးကွာတဲ့ ဒေသတစ်ခု ကနေတစ်ခုကို လေထုကိုဖြတ်သန်းပို့ဆောင် ပေးနိုင်ခဲ့တာဟာ အဲ့ဒီအချိန်ကအလွန် အံ့သြစရာကောင်းတဲ့ တီထွင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ ကြိုးမဲ့ဆက်သွယ်မှု သာမရှိခဲ့ဘူးဆိုရင် ရေဒီယို၊ တီဗွီ၊ ဆက်တယ်လိုက် ဆက်သွယ်မှုတွေဆိုတာ ဖြစ်လာမှာမဟုတ်ပါဘူး။ ကမ္ဘာကြီးဟာ အကြားအလပ်မရှိ ဆက်သွယ်စေနိုင်ပြီး ကမ္ဘာ့ရွာ (Global Village) အဆင့်ရောက်လာတာဟာ ကြိုးမဲ့ဆက်သွယ် ရေးနည်းပညာတွေရဲ့ စွမ်းဆောင်ပေးနိုင်မှုကြောင့်ပဲဖြစ်ပါတယ်။
   မာကိုနီကနေစတင်ခဲ့တဲ့ ကြိုးမဲ့ဆက်သွယ်မှုနည်းပညာဟာ အဆင့်ဆင့်ပြောင်းလဲတိုးတက်လာပြီး ဆဲလ်ဖုန်း (cell phone)၊ ပေဂျာ (pager)၊ ဆက်တယ်လိုက် (satellite) ဆက်သွယ်မှု၊ ဒစ်ဂျစ်တယ် အချက်အလက် (digital data) တွေ ဆက်သွယ်မှုတွေအထိ ပြောင်းလဲလာတာ ဖြစ်ပါတယ်။
 ကြိုးမဲ့ဆက်သွယ်မှုနည်းပညာဟာ မာကိုနီခေတ်က morse code အသုံးပြုပြီး ကြိုးမဲ့သံကြိုးရိုက်တာက စလို့၊ အခုလက်ရှိသုံးစွဲနေတဲ့ ဒစ်ဂျစ်တယ်အချက်အလက် (digital data) တွေ ပို့ဆောင်တဲ့ နည်းပညာ အဆုံး၊ မမြင်နိုင် တဲ့ လှိုင်းတွေကနေ လက်ဆင့်ကမ်းသယ်ပို့ပေးတဲ့အချက်ကတော့ အတူတူပါဘဲ။ အဲ့ဒီ လှိုင်းတွေဟာ လျှပ်စစ်သံလိုက်ရောင်စဉ်ရဲ့ အစိတ်အပိုင်းတွေဖြစ်ပြီး စွမ်းအင်လှိုင်း (Energy wave)   တွေဖြစ်တဲ့ မြင်နိုင်တဲ့အလင်း၊ အိတ်စရေးတွေပါဝင်နေပါတယ်။ အဲ့ဒီထဲက အစိတ်အပိုင်း တစ်ခုဖြစ် တဲ့ ရေဒီယိုဖရီကွင်စီဖြစ်တဲ့ Radio Frequency (RF) တွေကတော့ သတင်းအချက်အလက်တွေ သယ်ဆောင်ဖို့အတွက် အသုံးဝင်စေပါတယ်။ ဘယ်လိုဒေတာအမျိုးအစားတွေကို ထုတ်လွှင့်တာဖြစ်စေ၊ RF တွေကို အသုံးပြုရတာဖြစ်ပြီး ရေဒီယိုထုတ်လွှင့်ရုံသက်သက် မဟုတ်ပါဘူး။ 
သတင်းအချက်အလက်တွေကို ရေဒီယိုကနေ လက်ဆင့်ကမ်းသယ်ဆောင်ပေးတာခြစ်ပြီး အသံတွေ၊ စကားပြောဆိုမှုတွေ၊ တီဗွီလှိုင်းတွေ၊ ကွန်ပြူတာအချက်အလက်တွေ (computer data) တွေ အားလုံးပါဝင်ပါတယ်။ သတင်းအချက်အလက်တွေကို လှိုင်းတွေကနေတစ်ဆင့် ပို့ဆောင်ဆက်သွယ်ဖို့အတွက် Modulator လို့ခေါ်တဲ့ပစည်းကို သုံးရပါတယ်။ အဲ့ဒီပစည်းကနေ လေထဲကို ထုတ်လွှင့်ပေးပါတယ်။ လွယ်လွယ်ပြော ရင်တော့ အသံလွှင့်စက်ပါ။ 
တစ်ခါတစ်လေမှာ ဆဲလ်ဖုန်းရဲ့တာဝါတိုင်နဲ့ သိပ်မဝေးတဲ့နေရာက ဆက်သွယ်တာ၊ ဒါမှမဟုတ် ကမ္ဘာ့ ဘယ်လောက်ပဲဝေးဝေး ကိုယ်ရည်ရွယ်ပို့ဆောင်တဲ့ခရီးလမ်းဆုံးကိုရောက်ရင် demodulation လို့ခေါ် တဲ့လုပ်ငန်းစဉ်ကို လုပ်ဆောင်ရပါတယ်။ ကြိုးမဲ့ဆက်သွယ်မှုနည်းပညာမှာ အသံတွေထုတ်လွင့်တဲ့ modulation နဲ့ အသံဖမ်းယူဖို့ ပြန်ပြောင်းလဲတဲ့ demodulation ကတော့ မရှိမဖြစ် လုပ်ငန်း စဉ်နှစ်ရပ်ဖြစ် ပါတယ်။
   တီဗွီခလုတ်ကနေ လိုင်းပြောင်းလိုက်တာပဲဖြစ်ဖြစ်၊ သူ့ထက်ပိုပြီးရှုပ်ထွေးတဲ့ ဆဲလ်ဖုန်းကနေ အီးမေးလ်တွေ ပို့ တာ၊ လက်ခံတာပဲဖြစ်ဖြစ် တစ်နေ့ပြီးတစ်နေ့ ပြောင်းလဲနေတဲ့ နည်းပညာသစ်တွေထဲ ၀င်ရောက်လုပ်ကိုင်တိုးဝင် ဆောင်ရွက်နေရတယ်ဆိုတာကတော့ အသေအချာပဲဖြစ်ပါတယ်။
MODULATION
RF လှိုးတွေကိုအသုံးပြုပြီး သတင်းအချက်အလက်တွေ ပို့ဆောင်တဲ့လုပ်ငန်းကို Modulation လို့ခေါ်ပါတယ်။ လှိုင်းတွေကို လက်ခံရတဲ့အချိန်မှာ အဲ့ဒီလှိုင်းတွေကို Demodulation ကလုပ်ပြီး သတင်းအချက်အလက် (information) တွေအဖြစ် ပြောင်းပေးရပါမယ်။
DATA
ကြိုးမဲ့ဆက်သွယ်နိုင်တဲ့ ဒေတာ (DATA) ဆိုတာ သတင်းအချက်အလက်တွေဖြစ်တဲ့ ရေဒီယိုနဲ့ တီဗွီ signal တွေ၊ လူအသံတွေ၊ ကွန်ပြူတာဒေတာတွေအားလုံး အကျုံးဝင်ပါတယ်။ အဲ့ဒီ ဒေတာတွေကို လျှပ်စစ်သံလိုက်စက်ကွင်း (Electromagnetic spectrum) ထဲက လျှပ်စစ်သံလိုက် (Electromagnetic) ရဲ့ ရေဒီယိုလှိုင်း (radio wave) တွေကနေ လက်ဆင့်ကမ်းသယ်ဆောင်ပေးပါတယ်။ ဘယ်ဒေတာ အမျိုးအစားကိုမဆို RF တွေကနေ လက်ဆင့်ကမ်းသယ်ဆောင်ပေးနိုင်ပြီး AM ၊ FM စတဲ့ ရေဒီယို လှိုင်းတွေသက်သက်ပဲ သယ်ဆောင်ပေးနိုင်တာ မဟုတ်ပါဘူး။
CELLS
ဆယ်လူလာတယ်လီဖုန်းဆိုတာ ဆဲလ်တွေကိုအသုံးပြု ဆက်သွယ်တဲ့ဖုန်းမို့လို့ ဆဲလ်ဖုန်းလို့ခေါ်တာပါ။ ဆဲလ်ဆိုတာ ဧရိယာတစ်ခုကို ဆဲလ်လေးတွေအဖြစ် ခွဲစိတ်ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဆဲလ်ဖုန်းကနေ စကားပြောဆိုမှုကို လက်ခံတာဖြစ်ဖြစ် ပို့တာဖြစ်ဖြစ် ဆဲလ်တွေအတွင်းမှာပဲ ဆက်သွယ်နိုင်တာ မျိုးမဟုတ် ဘဲ နေရာဒေသအမျိုးမျိုးမှာ ဆက်သွယ်ဖို့ လုပ်ဆောင်နိုင်စေပါတယ်။ သတင်းအချက်အလက်တွေဟာ ဆဲလ်တစ်ခုကနေတစ်ခု အဆင့်ဆင့်ဆက်သွယ်ပြီး ကိုယ်ဆက်သွယ်လိုတဲ့ နေရာကို ရောက်ရှိစေပါတယ်။
TRANSISMITTERS & RECEIVER
သတင်းအချက်အလက်တွေကို သယ်ပိုးထားတဲ့ ရေဒီယိုဖရီကွင်စီလှိုင်း (RF wave) တွေကို လွှင့်စက်ကနေ ပို့လွှတ်ပါတယ်။ အဲ့ဒီလှိုင်းတွေကို ဖမ်းစက်ကနေ လက်ခံရယူပါတယ်။
BASE STATION
ဆဲလ်တွေ အသီးသီးရဲ့အတွင်းမှာ Base Station ရှိနေပြီး ဆဲလ်တွေရဲ့ အတွင်းမှာရှိတဲ့ ဖုန်းတွေဆက်သွယ်ဖို့နဲ့ တခြားဒေသဆီကိုပို့မယ့် ဆဲလ်ဖုန်းတွေရဲ့ သတင်းအချက်အလက်တွေကို လက်ဆင့်ကမ်းဆောင်ရွက်ဖို့ base station ကနေ လုပ်ဆောင်ပေးပါတယ်။
HANDOFF
ဆဲလ်ဖုန်းကနေ စကားပြောနေရင်း တစ်နေရာကနေတစ်နေရာကို သွားလိုက်ရင် ဆဲလ်တစ်ခုကနေ တစ်ခုရွှေ့ပြောင်းနေတဲ့ သဘောဖြစ်ပါတယ်။ Handoff တွေဟာ base station တစ်ခုကနေ တစ်ခု ဆက်လက် လက်ဆင့်ကမ်း ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ အဲ့ဒီ အတွက် သင်စကားပြောဆို ဆက်သွယ်တဲ့နေရာမှာ ပြတ်တောက်သွားတာမျိုး မဖြစ်ပါဘူး။

မြန်မာ IT လူငယ်များ မှာသွားရောက် ဆက်လက်ဖတ်ရှုကြပါ။

No comments: