Monday, November 18, 2013

OIC ကို ပုသိမ်ဒေသခံနှစ်ထောင်ကျော်ကလည်း လက်မခံ

photo for news no  3 2ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် နိုဝင်ဘာ ၁၅ ရက်နေ့၊နေ့လယ်ပိုင်းက OIC ကို လက်မခံသည့် အကြောင်း ရဟန်းရှင်လူပြည်သူလူထုနှစ်ထောင်ကျော်ခန့်က မြို့အနှံ့လှည့်လည့်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါဆန္ဒထုတ်ဖော်မှု၌ ပုသိမ်မြို့နယ်ကျောင်းတိုက်ပေါင်းစုံမှသံဃာတော်များ၊ ကန်ကြီးဒေါင့်၊ရေကြည်၊ ကျောင်းကုန်း၊ကျုံပျော်စသည့်မြို့များမှ သံဃာအပါး တစ်ထောင်ကျော်နှင့် ပုသိမ်ဒေသခံတစ်ထောင် ကျော်ပါဝင်၍ ဌာနဆိုင်ရာ ခွင့်ပြုချက်ဖြင့်နေ့လယ်တစ်နာရီမှသုံးနာရီအထိ ပုသိမ်မြို့အနှံလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။
   “မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုလာပြီးတော့ဝင်ရောက်နှောင့်ယှက်တဲ့အတွက် လက်မခံ ကြောင်း ဆန္ဒပြတာပါ။  OIC အနေနဲ့လူမှုဒုက္ခတွေကို ဗန်းပြပြီးတော့မြန်မာနိုင်ငံမှာနယ်ချဲ့ချင်တိုင်းချဲ့ တာကို ဘုန်းကြီးတို့ လက်မခံဘူး။ဟု ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သည့်ကန်ကြီးဒေါင့်မြို့နယ်မှဆရာတော်တစ်ပါးက မိန့်ကြားသည်။
အဆိုပါဆန္ဒထုတ်ဖော်ပွဲကိုပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှုးအပါအ၀င်ရဲအင်အား(၅၀)ကျော်မှလုံခြုံရေးတာဝန်ယူဆောင်ရွက် ပေးခဲ့ပြီးပုသိမ်ခရိုင်၊ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ကလည်း ခွင့်ပြုပေးခဲ့သည်ဟုမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးကျော်စိုးက အတည်ပြုပြောကြားသည်။
OIC အနေနဲ့လူ့အခွင့်အရေးကြေညာစာတမ်းအပိုဒ် ၃၀ ကိုတောင်လက်မှတ်ထိုးမထားဘဲနဲ့ လူ့အခွင့်အရေးလို့ အော်ပြီး မြန်မာပြည် ၀င်လာတာကိုလက်မခံနိုင်ဘူး။ ဒါ့အပြင်ကျွန်တော်တို့ နိုင်ငံမှာ သူတို့ရုံးဖွင့်မှာကိုလည်း လက်မခံနိုင်ပါဘူး၊ ဒါကြောင့်ဆန္ဒပြတာပါဟုဆန္ဒထုတ်ဖော်ပွဲ၌ဦးဆောင်သူ ကိုကျော်ကျော်လွင်က ပြောသည်။
ယခုဆန္ဒထုတ်ဖော်ပွဲသည်ပုသိမ်၌် ပထမဆုံးခွင့်ပြုမိန့်ရရှိခဲ့သည့်ဆန္ဒထုတ်ဖော်ပွဲဖြစ်ပြီးဆန္ဒထုတ်ဖော်သူများမှာ ပုသိမ်မြို့လယ်တီကျောင်းတိုက်မှနေ့လယ်လတစ်နာရီခန့်တွင်စတင်ထွက်ခွာ၍နေ့လယ်  (၂)နာရီခန့်တွင် မြို့အနှံ့လှည်လည်ဆန္ဒထုတ်ဖော်ခဲ့ရာ မြို့တွင်းနေပြည်သူများမှ ရေသန့်နှင့်အချိုရည်များကိုလမ်းတစ်လျှောက် လှူဒါန်းခဲ့ပြီး ညနေ()နာရီတွင်ပြန်စတင်ခဲ့ရာလယ်တီကျောင်းတိုက်၌ပင် လူစုခွဲခဲ့သည်။
မြန်မာနိုင်ငံအတွင်း ဘာသာရေးအသွင်ဆောင်သည့် ပြဿနာများဖြစ်ပွားခဲ့ပြီးနောက် OIC မှ တရားဝင်ရုံးစိုက်ရန်ပထမဆုံးအကြိမ်လာရောက်မှုအပေါ် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် မြန်မာ အစိုးရမှ ငြင်းဆိုခဲ့ပြီးယခုအခါ ဒုတိယအကြိမ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။ OICမှကိုယ်စားလှယ် အဖွဲ့သည် နိုဝင်ဘာလ(၁၃)ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခဲ့ပြီးနိုဝင်ဘာလ ၁၅ ရက်နေ့၌စစ်တွေမြို့သို့ ထွက်ခွာခဲ့သည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့၏ အဓိကရည်ရွယ်ချက်မှာရခိုင်ပြည်နယ်ပဋိပက္ခဖြေရှင်းရေးနှင့် ပြန်လည်ထူထောင်ရေးအခြေအနေများကိုလေ့လာရန်ဖြစ်ကြောင်းနှင့် OIC ရုံးခွဲကိုမြန်မာနိုင်ငံတွင် ဖွင့်လှစ်ရန်အစီအစဉ်မရှိကြောင်း အပါအ၀င်ယင်းကိစ္စနှင့်လည်း လုံးဝပတ်သက်ခြင်းမရှိဟု နိုင်ငံတော်သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ၄င်း၏လူမှုကွန်ယက်စာမျက်နှာ၌ ပြောကြားထားသည်။


  မြစ်မခမှ ကူးယူမျှဝေသည်။

No comments: