အသက် ၃၅ နှစ်အရွယ်ရှိ ဂျက်သည် ကွယ်လွန်သွားပြီဖြစ်ကြောင်း
ဂျက်က ဆီးချို ရောဂါရှင်များကို ပေးသွင်းရသည့် အင်ဆူလင် ဆေးများကို လူနာအား အချိန်ကိုက် ထိုးပေးနေရသည့် စက်များအား ပေ ၃၀၀ အကွာမှ နေ၍ ထိန်းချုပ် ပြလိုက်သဖြင့် ဆေးဝါး ကုမ္ပဏီ အချို့၏ လုံခြုံရေး အထူး ကောင်းမွန်ပါသည်ဆိုသော စက်များ သိက္ခာကျခဲ့ရသည်။
ဂျက်သည် လာ့စ်ဗီးဂတ်စ်တွင် သြဂုတ်လ ၁ ရက်နေ့၌ ကျင်းပ ပြုလုပ်မည့် ဟက်ကာများ၏ Black Hat ညီလာခံတွင် လူသား အစားထိုး စက်များကို လူသားဖြင့် ခိုးဖောက်ခြင်း ခေါင်းစဉ်ဖြင့် တက်ရောက် ဆွေးနွေးမည်ဟု သူ့မိတ်ဆွေ အပေါင်းအသင်းများက ဆိုသည်။ သူ့စာတမ်းတွင် ကျန်းမာရေး ဌာနအတွင်း အသုံးပြုနေသော လုံခြုံရေး ပစ္စည်းများ၏ မလုံခြုံမှုများကို တင်ပြသွားရန် ပြင်ဆင်ထားသည်။
ကွယ်လွန်ချိန်တွင် ဂျက်သည် IO-Active ကုမ္ပဏီတွင် လုံခြုံရေးဆိုင်ရာ ဒါရိုက်တာအဖြစ် တာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။
The Voice Weekly
ပညာတွေကို နှစ်မျောလိုက်တာဗျာ ဒီလို့ ဟက်ကာတွေဟာ စက်တွေ ဘဏ်စနစ် တွေ ရဲ့အားနည်းချက် ကိုထောက်ပြတယ် ဆိုတာ ကောင်းမွန်အောင် ထပ်ကြိုးစားဖို့ လူ့ဘောင်စနစ်ကြီးကောင်းစားရန် လုပ်ဆောင်ချက်တွေပါ ဒီလို ဟက်ကာ မျိုး စောစီးစွာ ကွယ်လွန်သွားရတာ ကို အလွန်ဝမ်းနည်းမိပါတယ်။
No comments:
Post a Comment