Thursday, January 9, 2014

ဒီလ ၂၁ ရက်နေ့ မှာ စတင်မည့် မလေးရှား အော်ပရာစီ နှင့် I-Card အကြောင်း

Photo: မလေးရှားမှာ နေထိုင်သူများ ဒီလ ၂၁ ရက်နေ့ မှာ စတင်မည့် မလေးရှား အော်ပရာစီ I-Card အကြောင်း သတင်းကိုဒီမှာ http://thesupernaturalmyanmar.blogspot.com/2014/01/blog-post.html#more ဝင်ရောက်ဖတ်ကြပါ
Putra Jaya ပြည်ထဲရေးဝန်ကြီး Datuk Seri Dr Ahmad Zahid Hamidi ကဒီနေ့ထုပ်ပြန်လိုက်တဲ့သတင်းလေးဖြစ်ပါတယ်၊ မလေးရှားမှာ တရားမဝင်လုပ်ကိုင်နေကြသော နိုင်ငံခြားသားအလုပ်သမားများကို ဖန်းဆီးရန်
အတွက် ဒီလ ၂၁ တစ်ရက်နေ့မှာစတင်မှာ ဖြစ်ကြောင်းကို TV3 ညရှစ်နာရီသတင်းမှာ ထဲ့သွင်းကြေငြာသွား သလို တရုပ် သီတင်း

စာတွေမှာလဲ ဒီနေ့ရက်နေ့ရက်စွဲနဲ့ ရေးသားထားပါတယ်။ ဒီစီမံချက်မှာ
 Immigration Department, Royal Malaysia Police နဲ့ People’s Volunteer Corps တို့ပါဝင်မှာဖြစ်ကြောင်းထဲ့သွင်း ပြောကြားသွားပါတယ်၊ ဒီစီမံချက်ကို တရားမဝင် နိုင်ငံခြားသားမှားအတွက် အထူးအရေးကြီးတဲ့
I-Card ထုပ်ပေးရေး နဲ့ပါတ်သက်တဲ့ လွှပ်တော် အစည်းဝေးပြိးမဲ့ Jan 20 နောက်နေ့မှာ စတင်မှာဖြစ်ပါတယ်။ ဖန်းမိတဲ့ တရားမဝင် အလုပ်သမားများကို မိမိနိုင်ငံသို့ ပြည်နှင်ဒဏ်ပေးမှာဖြစ်ပြီး ဒီအတွက်ကုန်ကျစရိပ်ကို
အဖန်းခံထိသူကသော်၎င်း၊ အလုပ်ရှင်မှသော်၎င်း သို့မဟုပ် သက်ဆိုင်ရာ နိုင်ငံများ၏ ကော်မရှင်အဖွဲများမှ ကုန်ကျခံရမှာဖြစ်ကြောင်း ထဲသွင်းပြောကြားထားပါတယ်။ ဒီကုန်ကြစိတ်တွေအတွက် သူတို့နိုင်ငံရဲ့ ပြည်သူပိုင်
ငွေတွေထဲက သုံးစွဲမှာမဟုတ်ကြောင်းလဲ ပြောကြားသွားပါတယ်။ ဝန်ကြီးကဆက်လက်ပြောကြားရာမှာ လက်ဗွေနှိပ်ပြိး ပါမစ်လျှောက်ထားသူများသည် သက်တန်းကုန်ဆုံးပြိး မိမိနိုင်ငံကိုပြန်သွားပြိးနောက် အခြားသော
အမည်သစ်ဖြစ်ပြန်လယ်ဝင်ရောက်ခွင့်ပြုမှာ မဟုတ်ကြောင်းလည်းထဲ့သွင်းပြောကြားသွားပါတယ်။ သူပြောသွားသည့်အထဲတွင် 6p လက်ဗွေသမားများကို ပါမစ်သက်တန်းဆက်တိုးပေးမှာမဟုတ်တဲ့အပြင် Jan 20
ရက်နေ့ဟာ နောက်ဆုံးလို့ ဆိုပါတယ် ဒီလိုသက်တန်းကုန်သွားသူများကို ၁၀ ရက် အတွင်းအလုပ်ရှင်ကတာဝန်ယူပြီးပြန်ပို့ပေးရမယ်လို့ ဆိုပါတယ်။ သူတို့ဘက်ကဒီအတွက်အချိန်ကိုလုံလုံလောက်လောက်ပေးထားခဲ့တာဖြစ်
လို့  Immigration ရုံမှာလျှောက်ထားခြင်းများပြွတ်သိပ်နေတာကြောင့်နောက်ဆုံးရက်အထိစောင့်မှာမဟုတ်ကြောင်းကိုထဲ့သွင်းပြောကြားထားပါတယ်။ ဒီသီတင်းဆိုး နဲ့ အတူတွဲထွက်လာတဲ့ သတင်းကောင်းကတော့
မလေးရှားမှာ ရှိနေတဲ့နိုင်ငံခြားသားအလုပ်သမားများကို I-card ထုပ်ပေးရေးဘဲဖြစ်ပါတယ်။ ဒီသတင်းရဲ့မူလ ဝက်ဆိုကို http://www.themalaymailonline.com ချိပ်ပေးထားပါတယ် ဒီအပြင် I-Card သတင်းကိုလည်းတင်ပြပေးသွားမှာဖြစ်ပါတယ် အောက်ပါ
Video ဟာ I-Card အကြောင်းသတင်းထူးဖြစ်ပါတယ်။



I-Card နဲ့ပါတ်သက်ပြိး သိလိုသူများအတွက် သတင်းကိုအောက်မှာ ဖေါ်ပြပေးထားပါတယ်

Zahid (second from left) at the launching of the I-Kad for foreign workers on Thursday.
I-Card ကိုလက်ရှိတရားဝင် အလုပ်သမား ၂.၃ သန်းအတွက် လုပ်ပေးမှာဖြစ်တယ်လို့ ပြောပေမဲ့ 6P အစီစင်နှင့်ရှောက်ထားသော သူများပါဝင်ပုံမရပါဘူး။
ဒီ ကဒ်ကို အဆင့်မြင်းနည်း ပညာနှင့်လုပ်ထားမှာ ဖြစ်ပါတယ်။
I-Card တစ်ခုကို RM 110 နှုံးဖြစ် အလုပ်ရှင်ကသော်၎င်း အလုပ်သမားမှသော်၎င်း လျှောက်ထားနိုင်ပြီး နိုင်ငံတော် ငွေကိုသုံးမှာမဟုတ်ကြောင်းပြောပါတယ်။
I-Card ကိုင်ဆောင်ထားသူ မဟုတ်သော မြည်သည့် နိုင်ငံခြားသား အလုပ်သမားကိုမှ ညီနှိုင်းမှုတွေ အပေးအယူလုပ်ခြင်းတွေ လုပ်မှ မဟုတ်ဖူးလို့ ဆိုပါတယ်။
I-Card နှင့်ပါတ်သက်သော ဥပဒေကို ပြီးခဲ့နှစ် နိုဝင်ဘာလ ၁၅ ထဲက Percetakan Nasional Malaysia Berhad (PNMB) က အသုံးပြုရန်တင်ပြခဲ့တာဖြစ်ပါတယ်။
Ahmad Zahid ကပြောကြားရာမှာ I-Card ကိုအတုလုပ် အသုံးပြုခြင်းကိုရှောင်ရှားရန် နှင့် နိုင်ငံခြားသားအလုပ်သမားသည် တရားဝင်မဝင်ကို စစ်ဆေးနိုင်သည့် အချက် ၁၀ ချက်ထဲ့သွင်းထားပါတယ်။

I-Card မူရင်းသတင်းကို ဒီမှာဝင်ဖတ်ကြပါ

No comments: