Tuesday, January 21, 2014

မလေးရှား ၂၁ ရက်နေ့သတင်း

Bangladesh, Indonesia, Myanmar, Nepal, the Philippines, Pakistan, India နဲ့ Vietnam အပါဝင်နိုင်ငံပေါင်းစုံက တရားမဝင်အလုပ်သမားတွေကို ဒီနေ့စတင်ဖန်းရာမှာ စုစုပေါင်း ၁၁၉၀ ရှိသွားပြီဖြစ်ကြောင်း

Immigration Department က ယနေ့ထုပ်ပြန်ထားတာကို တွေ့ရပါတယ်။ တရားမဝင်လုပ်သား ၁၁၉၀ ဆိုတဲ့အရေအတွက်ဟာ တနိုင်ငံလုံးအတိုင်းတာကို ဖေါ်ပြထားတာဖြစ်ပါတယ် အများဆုံးဖမ်းးမိတာက
 Kuala Lumpur ကလို့ဖေါ်ပြထားပါတယ် Kuala Lumpur မှာဖမ်းမိသူ စုစုပေါင်း ၄၆၄ ယောက်လို့အတိအကျဖေါ်ပြထားတာကို တွေ့ရပါတယ်။ ဒီနေ့အဓိက ဆွဲတဲ့နေရကတော့ မြန်မာတိုင်း သိပြီးသားဖြစ်တဲ့ ချောင်ကစ်
(Chow Kit) ဧရိယာ နဲ့ မြိုလယ် Kota Raya ဝန်းကျင်မှာလို့သိရပါတယ်။


တံခါးများကို ဖျက်ပြီးဝင်ရောက်ဖမ်းဆီးမဲ့အနေထားပုံလေးပါ။

 According to Malaysian National News Agency (BERNAMA) ရဲ့အပြောအရကြတော့ ဒီနေ့မိသူစုစုပေါင်း ဟာ ၁၅၆၅ ယောက်ရှိပြီလို့ဖေါ်ပြ
ထားတာကို တွေ့ရပြီး အများစုက  Indonesian ဖြစ်ပါတယ်  Indonesian ဦးရေစုစုပေါင်း ၆၉၅ ဦးဖြစ်ပြီး  Bangladesh ဦးရေ ၂၅၅ နဲ့မြန်မာ ၁၅၇  ဦးရှိတယ်လို့ ဖေါ်ပြထားတာတွေ့ရပါတယ်။ သူတို့အဆိုအရ မလေးရှားမှာ
 တရားမဝင်အလုပ်သမား 400,000 မှ 500,000 ကြား အများစုဟာ  Bangladeshis တွေလို့ဆိုပါတယ်။
 JOHOR BARU မှာဖမ်းမိသူက ၅၀ ရှိကြောင်းသိရပြီး Nepalese လူမျိုး ၂၉ ဦးပါတယ်လို့ဖေါ်ပြထားတာတွေရပါတယ်
Penang မှာဖန်းမိသူ ၄၉ ဦးထဲမှာ လူမမယ်အရွယ်ကလေးငယ် ဦးပါတာကိုတွေရပါတယ်။ Batu Kawan မှာမိသူ ၁၀ ဦးရှိပါတယ်။  Immigration Act 1959/63 ဥပဒေ  Section 6 (3) အရဖမ်းမိသူများကို ဒဏ်ငွေ
RM 10,00 သို့မဟုပ် ထောင်ဒဏ် နှစ် သို့မဟုပ်နှစ်ခုလုံးကို ကျခံရမယ်လို့ Star သတင်းစာမှာဖေါ်ပြထားတာတွေ့ရပါတယ်။

အောက်ပါပုံလေးကတော့ မလေးရှားလူဝင်မှုကြီးကြပ်ရေးကိုတိုင်ပါဝင်တဲ့ ပုံလေးပါ 



ဦးကျော်ဟိန်း ဆိုသွားတဲ့ သချင်းလေး ကိုသတိရနေတယ် ကျနော်လဲ ဆင်ခြင်နိုင်သလောက်
တော့ ဆင်ခြင်ပြီးနေထိုင်ပါတယ် ခုချိန်ထိတော့ ကျနော်အလည့်မရေားသေးကြောင်း မိတ်ဆွေများကို အသိပေးထားပါတယ်။ တိကျတဲ့လူဦးရေအမှန်ဖန်းမိထားသူစရင်းကတော့ ၁၅၆၅ ကအမှန်သတင်းဖြစ်တာကိုတွေ့ရပါတယ်။ 

 
ခုလိုပုံတွေကို တင်ပြပေးနေတဲ့ကျနော်ကိုတိုင်ကလဲ ဘာစာရွက်စတန်းမှ မရှိဘဲနေရတဲ့သူဖြစ်ပါတယ်။

 

၂၁၊ ၁၊ ၂၀၁၄ Malaysia သတင်း



Kedah တွင်ဖမ်းမိသူများ



Immigration Act ဥပဒေ 1959/63 ,Section 6 (3) အရအရေးယူမည်



 ၂၃ ရက်နေ့ထုပ်သတင်း 

ဒီနေ့ ၂၃ ရက်နေ့ထုပ်သတင်း အရဖမ်းဆီးရမိသူ ၁၇၅၇ ဦးရှိသွားပါပြီ၊ ၎င်းတို့ထဲတွင် ကလေးငယ် ၄၄ ဦးပါဝင်နေတာကိုတွေ့ရပါတယ်။ ၂၁ ရကနေ့ကဖမ်းမိထားသူဦးရေထက် ၁၉၂ ဦးသာထပ်တိုးလာတာဖြစ်ပါတယ်။
သူတို့စစ်ဆေးသူ ၆၈၆၆ ဦးတွင် ၁၇၅၇ ဦးသည် တရားမဝင်အလုပ်သမားများဖြစ်ကြောင့်တွေ့ရှိရတယ်လို့ ကြေငြာထားပါတယ် လက်ရှိဖမ်းမိသူများထဲတွင် အင်ဒိုနီးရှားအလုပ်သမား ၇၃၉ ဦး၊ ဘင်္ဂလားဒေ့ ၂၇၅ ဦး၊ မြန်မာ ၂၀၆ ဦး၊
အိန္ဒိယ ၁၃၅ ဦး ကိုအသေးစိတ်ဖေါ်ပြပေးထားပြီး ကျန်လူမျိုးများအရေတွက်ကို ဖေါ်ပြပေးချင်းမရှိပါ။



ဒီသတင်းကို Immigration Department နှင့် The Star သတင်းစာတို့မှ ပေါင်းယူပြီး ဘာသာပြန်ထားပါသည်

No comments: