Friday, July 18, 2014

C Box မှာ မေးထားတဲ့ Ko Ko နဲ့  မောင်မောင် တို့  အတွက် အဖြေပါ


ပထမ မေးထား သူ Ko Ko က Huawei G730 -U00 ကို Update လုပ်လိုက်တာ V100R001CHNC17B151 ဖြစ်သွားလို့  ဘယ်လို လုပ်ရမလဲလို့  မေးထားတဲ့ အမေးကို ဖြေပေးမှာဖြစ်ပါတယ်။ 
ကျနော်သုံးဘူးတဲ့ Root ဖေါက်တဲ့ Software တွေထဲမှာ V Root ကိုအကြိုက်ဆုံးပါ ဒီ V Root ဟာဆိုရင် Android OS v4.2.2 အထိ Root ဖေါက်ပေးနိုင်နိုင်တာ လက်တွေ့  သုံးဘူးလို့  ရဲရဲ အာမခံပါတယ် ဒီ
V Root နဲ့ ဘဲ ASUS K012 FE170CG ကိုဖေါက်တဲ့ အခါမှာ ပထမအဆင့်အောင်မြင်နေပါပြီ ဒုတိယ အဆင့်မှာ Password တောင်းပါတယ် ဒီနေရမှာ ကျနော် ဘယ် Password ကိုပေးရမယ်ဆိုတာ မသိဘူးဖြစ်နေလို့  လက်ရှော့ထားရပါတယ် ဘာ့ကြောင့်ဒါတွေကိုပြောရလဲဆိုတော့ One-Click ဘဲဖြစ်ဖြစ် V Root ဘဲဖြစ်ဖြစ် Root ဖေါက်တဲ့ ဘယ် Software မှာ Android v4.2.2 အထက်ကို Root ဖေါက်လို့  မရသေးတာသိစေချင်လို့  ပြောပြနေတာဖြစ်ပါတယ်  ကျနော်ဖတ်ထားသမျှ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ Root ဖေါက်နည်း ဆောင်းပါးတွေမှာ Grade တွေ ပြန်ရှော့ဖို့  ပေးထားတာ တွေရပါတယ် Downgrade လုပ်တယ်လို့  ခေါ်ပါတယ် Sony Xperia Z2 တို့ လို Jelly Bean ဟုပ်တဲ့ Kitkat OS တွေကို Root ဖေါက်ဖို့  Downgrade ပြန်ချခိုင်းတာတွေရပါတယ် နောက်တခုက Framaroot-1.9.2 apk ကို Free ရှာလို့ ရရင် Root ဖေါက်လို့ ရကောင်းရနိုင်မယ် ကျနော် အတွေ့ ကြုံ အရ Framaroot က Free မရပါဘူး  YouTube မှာတော့ Video File ကြည့်ဖူးတယ် ဒီနေရကသွားကြည့်ပါ နောက်ထပ် Root ဖေါက်လို့ ရတယ်ပြောတဲ့ ဆိုဒ်တွေရှာတင်ပေးလိုက်ပါတယ် 
Myanmar Techno Library
မောင် (စွယ်စုံကျမ်း)
ဦးအာကာ
အထက်ပါ ဆိုဒ်တွေကို ဝင်ရောက်လေ့လာကြည့်ပါ ကျနော်ကတော့ ကိုတိုင် မစမ်းရသေးဘဲ ဘာကိုမှ အာမ မခံပါဘူး ကိုတိုင်လဲ လေ့လာဆဲပါ။ ဒီလောက်ဆို Ko Ko အနေနဲ့  မြန်မာတို့  အတွက် ဗသုသုတ ဆိုက်ရဲ့စေတာကို မြင်သွားရင် ကူညီရကျိုးနပ်ပါပြီ။




ခုဆက်ပြီး ဖြေပေးမှာ ကိုမောင်မောင် အတွက်ဖြစ်ပါတယ်။ ကိုမောင်မာင်က အကိုရေတဲ့ Post တွေမှာ အကို့ လို အကန့်  ကန့်  လေးတွေ လုပ်ခြင်ပါတယ်တဲ့ ။  ဟုပ်ကဲ့ ကိုမောင်မောင် ခင်ဗျာ ကိုမောင်မောင် က ကျနော်ရေးထားတဲ့ ဆိုဒ်ကို သမံကာ ရှန်ကာ လောက် ဖတ်တာပေါ်လွင်နေပါတယ် ထားပါလေ ဒီနေရာမှာကလစ်နှိပ်ပြီး ကျနော်ဝက်ဆိုဒ်ထဲမှာလည်း ပြန်ဖတ်ပြီးလေ့လာပါ လိုအပ်တာလေးကိုရှင်းပြပေးပါမယ်။ အောက်က ပုံလေး ကို ကြည့်ပါ



Web Master တစ်ယောက်အနေနဲ့  အထက်မှာ ပြထားပေးတဲ့ ပုံထဲက မျှားပြထားတဲ့ အနီရောင် ဘောင်ကို သေချာလေ့လာ ပါ အနီရောင်ဘောင်ထဲမှာ ရှိသမျှ  Icon လေးတွေတစ်ခုချင်းကို လုပ်တပ်အောင် လေ့လာထားပါ ဒါဟာ Post ရေးတာနဲ့  Page ရေးတဲ့အပိုင်းမှာ အလွန်အင်မတန်အရေးကြီးပါတယ်။ အဲဒီအရုပ်ပုံလေးတွေကို အပေါ်မှာ Pointer တစ်ခုချင်းဆီကိုတင်ကြည့်ပါ စာတခုချင်းပေါ်လာပါတယ်  Insert Jump Break ကို့ တွေ့ အောင်ရှာပါ သူ့ ပုံက စာရွက်ကိုထက်ဝက် ပိုင်းထားတဲ့ ပုံလေးပါ Insert a Video နဲ့  Alignment ပုံနှစ်ကြားမှာရှိပါတယ်။  ဘယ်လို သုံးရမယ်ဆိုတာ က တော့ သင်ရေးထားတဲ့ Post ထဲက အပေါ်ဆုံး စာကြောင်း လေး ငါး ကြောင်း လောက် မှာ Click တစ်ချက်နှတပ်ပါ Pointer ချပေးလိုက်တာပါ ဒီနေရာရဲ့ အောက်ပိုင်းကို ဝှက်ထားမယ်ဆိုတဲ့သဘောပါ ဖတ်ချင်တဲ့ အခါ Read More ကနေဆက်ဖတ်ရမှာဖြစ်ပါတယ် ဒီလို အောက်ပိုင်းကို ဝှက်ထားလိုက်ခြင်းဖြစ် Post တွေဟာ အပိုဒ် ခွဲထားသလို မြင်နေရမှာဖြစ်ပါတယ် ။ ကဲ့ ကိုမောင်မောင်လည်း ကျေနပ်နိုင်ပါစေဗျာ။ 

အကြောင်း အမျိုးမျိုးကြောင့် မဖြေဆိုခဲ့တာတွေကို တောင်းပန်ပါတယ် တစ်ချိုးမေးခွန်း တွေက ဘာကို မေးလို့ မေးမှန်းမသိတာတွေတွေ့ ရတယ်။ အားလုံး ကျမ်းမာကြပါစေ။

No comments: