Wednesday, October 8, 2014

Windows 8 မှာ Active လုပ်တဲ့အခါ ဒီနည်း ကို ရှောင်ပါ

ဒီရက်ပိုင်းအတွင်း ကျနော် Lap Top အဟောင်းလေး ကို Windows 8 တင်ဖြင့်ခဲ့ပါတယ် ဒါလေးနဲ့  ပါတ်သက်ပြီး ကျနော်ဗဟုသုတလေး ပြောပြလိုပါတယ် ဖြစ်ပုံက ဒီလိုပါ ကျနော့မိတ်ဆွေရေးနေတဲ့ "ရင်ခွင်လမ်းလေးထဲမှာ" ဆိုတဲ့ ဝက်ဆိုဒ် Hack ခံထားရပါတယ် ဒီဆိုဒ်ကို ပြန်ယူဘို့ ကြိုးစားနေရင်း ကျနော် Lap
Top ထဲကို Electronic Visitor တွေဝင်ရောက်လာပါတယ် Electronic Visitorတွဆိုလို့  ဆန်းနေမလား မသိဘူး တကယ်တော့ Hacker တွေပို့ ပေးလိုက်တဲ့ Software တွေပါ ကျနော်စက်ထဲက Restore Point ကိုဖျက်ပြစ်လိုက်ကြပါတယ် ကျနော်သုံးနေတာကလဲ Windows 7 Copy ဆိုတော့ Microsoft ဆိုဒ်တွေထဲ မဝင်ရဲ့ဘူး Third Party ဆိုဒ်တွေကိုလည်း ကြောက်တယ် Windows 7 ကိုပြန်ပြင်ဘို့  ကြိုးစားတော့လည်း Windows 7 DVD Drive ကိုမောင်းမဲ့ Driver တွေကိုဖျက်သွားတယ် သေရောဘဲ၊ တော်တယ်ဗျာ Hacker တွေကိုအရန်းလေးစားတယ် "ရင်ခွင်လမ်းလေးထဲမှာ" ဆိုတဲ့ ဝက်ဆိုဒ်ကိုလည်း ပြန်ယူမယ်လို့  ဆုံးဖြတ်ထားတယ်။ ဒီနေရာမှာ Blogger ဆရာကြီးများကို မဆိုလိုပါ Blogger ရေးနေသူတွေ သိထားသင့်တာလေးတွေရှိပါတယ် အဲဒါကတော့ မိမိ ဝက်ဆိုဒ်ဟာ အဟက် ခံရတာလား Blog ကပြန်ယူသွားတာလား ဆိုတာပါဘဲ။ ဒါကို ဘယ်လိုသိအောင်လုပ်ရမလဲ ဒါအရေးကြီးပါတယ် သင်တို့ ရေးနေတဲ့ Blog တွေထဲမှာ ရုပ်တရက် သင်တို့ မတင်ဘဲ ကြော်ငြာတွေတွေ့ ရတပ်ပါတယ် နောက်တစ်ခုကတော့ သင်ကိုယ်တိုင်ထဲ့မထားဘဲ စာလုံးတွေပေါ်ကို Pointer တင်ရင် ကြော်ငြာတွေပေါ်လာတာမျိုး တွေ့ ရတပ်ပါတယ်၊ ဒီလိုဖြစ်လာပြီဆို ရင် သင်တို့ ရေးနေတဲ့ဝက်ဆိုဒ်ကို မိတ်ဆွေများထံ အကူညီတောင်းပြီး ဖွင့်ခိုင်းပါ၊ သို့ မဟုပ် သင်ကိုယ်တိုင် အခြား စက်တစ်လုံးကနေ ပြောင်းဖွင့်ကြည့်ပါ အဲသလို ဖွင့်လို့  တစ်ခြားစက်တွေမှာပါ ဒီကြော်ငြာ ရှိနေရင် သင့်ဝက်ဆိုဒ်ကို Blog ကသဘောကျ လို့  သူတို့ ရဲ့ ကြော်ငြာတင်တာဖြစ်ပါတယ် ဒါကို သင်ဖျက်ဖို့ မကြိုးစားပါနဲ့  သူတို့ က တင်တာကို သင်အကြိမ်ကြိမ်ဖျက်မိရင် သူတို့ ရဲ့ စဉ်းမျဉ်းကို ဖောက်ဖျက်ရာရောက်လို့ သင့် Blog ကိုပြန်ယူလိုက်တပ်ပါတယ်။ ခုဏက ပြောသလို ကြော်ငြာတွေဟာ သင့်စက်မှာ ဘဲ ပေါ်ပြီး သူငယ်ချင်း မိတ်ဆွေများ စက်ကဖွင့်လို့  မပေါ်ဘူးဆိုရင် သင့် စက်ဟာ အဟက်ခံထားရပါပြီ ဒါလေး ကို သတိပေးခြင်းပါ။
      ခု ကျနော်ဖြစ်တာကတော့ Restore Point အဖျက်ခံရတာပါ ကျနော်အလေ့ကျင့်လေးတစ်ခုပြောပြချင်ပါတယ် ကျနော် မည်သည့် Virus သတ်တဲ့ Software ကိုမှအယုံကြည်သိပ်မရှိပါဘူး စက်ကို အမြဲဂရုတစ်စိုက်ကြည့်ပြီး မသင်ကာတာမြင်ရင် Recovery ပြန်လုပ်လေ့ရှိပါတယ် ဒါကိုသိတဲ့ Hacker များက Electronic Visitor လွှပ်ပြီး Restore Point နဲ့  DVD Driver ကိုဖျက်သွားကြတာပါ ခု တော့ Windows 8 Pro 9200 တင်ထားပါတယ် ဒါကို Active လုပ်ဖို့  Software ရှာရင်း ကိုလွင်မင်းဗိုလ် ရဲ့ ဆိုဒ်ထဲရောက်သွားပါတယ် ကျနော်ကံ ညံ့နေတယ် ပြောရမလားဘဲ Download Link တွေ သေနေတာနဲ့  တိုးပါလေရော၊ ခက်တော့နေပြီဆိုပြီး ရှာရင်းဖွေရင်း YouTube ထဲရောက်သွားတော့ Video File တစ်ခုကိုကြည့်မိတာ သဘောကြတာနဲ့  လိုက်လုပ်မိတာ Windows 8 ကို Update လုပ်တဲ့ဖိုင်နဲ့  သွားတို့ လို ငါးပါးမှောက်တော့တာပါဘဲ၊ ဒီဗဟုသုတလေး မျှ ဝေလိုတာကြောင့် ဒီ Post လေးကိုရေးတင်လိုက်တာပါ ကျနော်အဆင်မပြေဖြစ်သလို Blogger များ မဖြစ်ရလေအောင် ကျနော့အတွေ့ အကြုံ လေးကို တင်ပြလိုက်တာပါ။  ဒီ Video File လေးကို အောက်မှာပြထားပေးပါတယ် လိုက်မလုပ်ကြပါနဲ့  ဗဟုသုတအဖြစ်ကြည့်ဖြစ်အောင်တော့ကြည့်ထားကြပါလို့ ၊ ကျနော်ဆိုဒ်ကို မျက်စိလည်လမ်းမှားရောက်လာကြကုန်သော ကျနော်မိတ်ဆွေများ ကျနော်လို မဖြစ်ရလေအောင် သိပေးခြင်းဖြစ်ပါတယ်။ အောက်ပါ Video လေးအတိုင်းလိုက်လုပ်မိတာ သူပေးတဲ့ Software က Windows Update လုပ်တဲ့ Software ဖြစ်နေပြီး Microsoft က Update Files ပေါင်း 89 Files ထဲ့သွားခဲ့ပါတယ်၊ ဒါနဲ့ ပါတ်သက်ပြီးလဲ သတိပေးလိုပါတယ် Microsoft ကပို့ လိုက်တဲ့ Update Files တွေကို အမြန်ဖျက်ပြီး Windows Update မှာ Never Update လုပ်ပေးပါ ဒါဟာ Windows 7 အသုံးပြုသူများ အထူးသတိထားရမှာ ဖြစ်ပါတယ်။


သူပြပေးတဲ့ ဆိုက်ကိုလဲထဲ့ပေးလိုက်ပါတယ်။
http://thepiratebay.se/torrent/7773457/Microsoft_Windows_8_PERMANENT_Activator_For_W8_Build_9200_%5B ကျနော့ Windows 8 Pro လေး Active ဖြစ်သွားရင်း Post တင်ပါအုန်းမယ်။

ကျနော် Windows 8 ကိုတင်ဖြစ်ဖို့  ဒီခွေလေး ကျနော်ဆီရောက်နေတာ လ ကျော်နေပါပြီ ကျနော်နဲ့ ညီလိုဖြစ်နေတဲ့ ကျနော်ကွန်ပျူ တာသင်ပေးခဲ့ဖူးတဲ ပြုံချို ဆိုတဲ့ညီငယ်က ပေးထားတာပါ သူလေ့လာနေတာဆိုပြီး Windows 8 အသုံးပြုနည်း စာအုပ်လေးကို ပေးထားခဲ့တာပါ စာရေးသူက " ရသ (ICT) " ပါ Windows ကို Install လုပ်ပြီးစာအုပ်ကို မဖတ်ဖြစ်ခဲ့ပါဘူ ခု ပြန်ဖတ်ကြည့်တော့မှ Windows Active လုပ်နည်းလေးကို တွေ့ ရပါတယ် ဒီစာအုပ်ထဲက အတိုင်းလုပ်ကြည့်လိုက်တာ ခုတော့ ကျနော်တင်လိုက်တဲ့ Windows 8 ဟာ Active ဖြစ်သွားပါပြီ ဒါကြောင် ကျနော်မိတ်ဆွေများ "  ရသ (ICT) " ရဲ့ Windows 8 ထည့်သွင်းနည်းစာအုပ်ကို ဝယ်ဖတ်စေချင်ပါတယ် ဒီစာအုပ်လေးဟာ အတော်လေး ပြည့်စုံပါတယ်။ Windows ကို Active လုပ်ချင်လို့  တွေခဲ့ရတဲ့ အထက်မှာရေးခဲ့သလို ကျနော်အဖြစ်မျိုး ဖြစ်စရာအကြောင်းမရှိတော့ဘူးပေါ့။ ဒီနေ့  မြန်မာ IT နည်းပညာတွေဟာ ကျနော်တို့ ခေတ်က IT သမားတွေထက် သာနေပါပြီ မြန်မာပြန်စာအုပ်ကောင်းတွေထွက်နေပါပြီ။ ကျနော် IT Diploma ယူခဲတဲ့ ၂၀၀၃ ခုကနဲ့  အမြားကြီးကွာခြားသွားပါပြိ။ ကျနောဆိုဒ်ကို ရောက်လာကြတဲ့ စာဖတ်ပရိတ်သတ်လဲ ရသ (ICT) ရေးတဲ့ Windows 8 ကိုလေ့လာခြင်း စာအုပ်လေး ပြေးသာဝယ်ထားကြပေတော့။
Windows 8 နဲ့  ပါတ်သက်တာလေးတွေ ထပ်တင်ပေးပါအုန်းမယ်။
မြန်မာတို့ အတွက် ဗဟုသုတ။

No comments: