Sunday, December 7, 2014

Windows အသစ်တင်လို့  Kernel32.exe ကိုတွေရလို Windows ကို Virus လို့ မထင်ပါနှင့်



ကျနော်ကို မေးလာလို့ ရှိရင် ကျနော်အဖြေ ကို အခြားသူတွေကိုလဲ သိစေခြင်လို့  Post လေး ဖန်တည်းလေ့ ရှိပါတယ်။ ဒီ ပုံကိုလဲ ဘယ်သူဘယ်ဝါ ဆိုတာမသိပေမဲ့ မေးလာသူ Shin Nyain Chan ရဲ့ G+ ထဲက ယူလာတာပါ။ ပုံတွေကို ယူတဲ့ အခါမှာ Virus ရှိမရှိကို စစ်ရပါသေးတယ်။ ကျနော်တို့  ဝက်ဆိုဒ်ရေးသူတွေ အတူးသိထားသင့်တာလေးတွေပေါ့။ အောက်မှာ ကျနော် Blogger Dashboard မှာ Virus ရှိမရှိကို HTML View ထဲက သွားကြည့်ထားတဲ့ ပုံလေး ကို ဖေါ်ပြပေးလိုက်ပါတယ်။ 



HTML View ထဲမဝင်ခင် ကျနော်ရေးထားတဲ့ စာတွေရဲ့ Code တွေနဲ့  ဒီပုံထဲက Code တွေရောနေရင် ရှာရလွယ်အောင် ပုံအောက်မှာဂဏန်းတွေစီရိုက်ထဲပြီး နေရာအရင်ခွဲလိုက်ပါတယ် ပြီးမှ HTML View ထဲဝင်ကြည့်ပါ တယ် အောက်ကပုံကို ကြည့်ပါ။ နံပါတ် ဂဏန်းတွေရဲ့ အတက်မှာ Shin Nyain Chan ဆီကယူလာတဲ့ ပုံရဲ့ Code တွေကိုတွေ့ ရမှာ ဖြစ်ပါတယ် အကယ်၍ ဒီပုံမှာ Virus ပါလာတယ်ဆိုရင် ဒီ Virus Code တွေနဲ့ စာမျက်နှာ ပြည့်အောင် မြင်ရမှာ ဖြစ်ပါတယ်။ ပုံတွေကို လှလို့  ကြည့်ကောင်းတိုင်းယူ လိုက်မိတာက နေပြီး စက်ထဲ ကို Virus ရောက်နေမှန်းမသိ ရောက်နေတာကို သိရမှာ မဟုပ်ပါဘူး။



အဘက်ပါပုံလေး ထဲက HTML View ထဲမှာမြင်ရတဲ့ ပုံရဲ Code တွေကိုကြည့်ခြင်းဖြင့် ပုံမှာ Virus မပါတာကိုသိနိုင်ပါတယ်။ ဘာ့ကြောင့် ဒီပုံလေး အကြောင်းကို ထဲ့ပြောတာလဲ ဆိုတော့ Shin Nyain Chan မနေ့ က ကျနော်တင်တဲ့ Software မပါဘဲ PC တွေ Laptop တွေထဲမှာ Virus ရှိမရှိကြည့်နည်းကို ဖတ်ပြီးမေးထားတဲ့ အမေးကို ဖြေဆိုရာမှာ စက်ထဲကို အမှု မဲ့အမှတ်မဲ့ ရောက်နေတပ်တဲ့ Virus ကို Windows ကိုယ်တိုင်က Virus လားလို့  အမေးကိုဖြေဆိုရာမှာ ဒါလေးဟာ အထောင့်ကူ ပြု သက်သေလေးလဲ ဖြစ်နိုင်တာမို့  ပြောပြပေးလိုက်တာပါ။ Shin Nyain Chan ရဲ့ ပုံထဲမှာတော့ Virus တွေမပါ ခဲ့ပါဘူး။ Shin Nyain Chan ရဲ့ အမေးကိုအောက်မှာ ပေါ်ပြပေးထားပါတယ်။ ကျန်ာဖြေတဲ့ အဖြေကို နှစ်ခါခွဲဖြေထားပါတယ်။ သူဒီလို မေးလိုက်တော့ ကျနော်တောင် ပြန်ပြီးတော့ ကျနော့ Windows ထဲပြန်ဝင်စစ်ခဲ့ ပါသေးတယ် ကျနော့ Windows အသစ်ထဲမှာတော့ Kernel32.dll File ကိုသာတွေ့ ရပြီး Kernel32.exe ကိုအတွေ့ ရပါဘူး။ ဒါပေမဲ့ ကျနော်စက်အထဲမှာ Kernel32.dll ဖိုင်လေး လုံးဝမရှိတာကြောင့် Virus သတ်တဲ့ Software ဖြစ်တဲ့ Avira ကို Install လုပ်လို့ မရပါဘူး ဒီနည်းကို Post အသစ် ထပ်တင်ပေးပါမည်။ Shin Nyain Chan ရဲ့ အမေး ကို သူ့ ရဲ့ G+ ထဲမှာဖြေထားသလို ဘဲ ဒီမှာလဲ နှစ်ပိုင်း ပြန်ထဲ့ထားပေးပါတယ်။ ကျနော့ ခုသုံးနေတာ Windows XP ပါ။

Shin Nyain Chan ရဲ့ (အမေး)  

ကွန်ပြူတာ ကို Window အသစ်တင် လိုက်တဲ့ အခါ
 Kernel 32.dll   ဟာ file  အနေနဲ့ ရော  exe. 
အနေနဲ့ ပါ လာပါတယ်............။
ဒါဆို Window ကိုယ်တိုင် က
Virus ဖြစ် နေပါသလား
သိပါရစေ........။ မျှ ဝေ မှု အတွက် အထူး ကျေးဇူးပါ......။


(ကျနော့ အဖြေ )

Windows ကိုယ်တိုင်က Virus မဟုပ်ပါဘူး ဒီ စက်က Windows အစစ်ပေမဲ့ Windows XP တွေကို Microsoft က ဒီနှစ် April ထဲက ထောက်ပန့် မှု မပေးတော့ဘူး ဆိုတာ တရားဝင် ကြေငြာပေးထားပါတယ် ကျ နော် ဒီစက်ကို ဝယ်တဲ့အခါတုန်းက မူလက ပါလာတဲ့ Virus သတ်တဲ့ Software လေးဟာ Upgrade မိသွားလို့  တစ်လအတွင်း ပေးသုံးပြီး တစ်လကျော်ရင် ဝယ်ရမယ်လို့ ပြောလာလို့  ကျနော် ဖျက်လိုက်ပါတယ်။ Software တော်တော် မ် ားမ် ားကို က် နော်သတိထားမိနေတာကြာပါပြီ သူတို့ ကို မသုံးတော့လို့  ပြန်ဖျက်တဲ့အခါမှာ နောက်ထပ်မျိုးတူ Software တွေ Install လုပ်မရအောင် လုပ်သွားတပ်ကြပါတယ် ကျနော်ဖျက်လိုက်တဲ့ Virus Software လေးတော့ avast internet security ဖြစ်ပါတယ် သူဟာ Microsoft ရဲ့ ပါတနာ ဝက်ဆိုဒ်ဖြစ်ပါတယ် Windows အတုသုံးနေသူများအားလုံး အတူး သတိထားသင့်ပါတယ် Microsoft ပါတနာ ဆိုဒ်တွေရဲ့ Security Software တွေကို လုံးဝ မသုံးသင့် ပါဘူး ဒီ avast internet security က စက်ထဲမှာရှိနေတဲ့ မူလ Kernel32.dll ကို ဖျက်ပြီးထွက်သွား လို့ သူ့ ကို ပြန်ပြင်ပေးရတာပါ ဒီနေ့  Kernel32.dll ကိုပြင်နည်းနဲ့  နောက်ထပ် Virus သတ်တဲ့ Software တင်နည်းကို ဗဟုသုတ ထပ်မံ မျှ ဝေပါမယ် Shin Nyain Chan မေးသလို Windows ကိုတိုင်က Virus မဟုပ်ပါဘူး ကျနော်က Virus ဆိုတဲ့ စကားကို အယုံအကြည် မရှိပါဘူး ကျနော်သူတို့ ကို Electronic Visitor လို့ ကိုယ့်ဖာသာ အမည်ပေးထားပါတယ် ဘာလို့ လဲဆိုတော့ သူတို့ မှာ အသက် မရှိတဲ့ Software မျှ သာဖြစ်လို့ ပါ။

(ဒုတိယ ထပ်မံဖြေဆို ခြင်း)

Shin Nyain Chan ကို ဖြေဆိုရာမှာ တစ်ခု လိုသွားပါတယ် အကယ်၍ PC ဖြစ်ဖြစ် Laptop ဖြစ်ဖြစ် Windows အသစ်တင် လိုကရင် Windows အဟောင်းကို လုံးဝဖျက်လိုကတော့ အဟောင်းထဲက ဘာမှ အသစ်မှာ ပါမလာပါ ဘူး Windows အသစ်တင်လိုက်တိုင်း ကွန်ပျူ တာ တစ်လုံးရဲ့ ပိုင်ဆိုင်မှု ဟာ Recycle Bin လေး တစ်ခုထဲ ပါလာတာကို Shin Nyain Chan သတိထားမိမယ် ထင်ပါတယ်။ အဲဒီ Windows အသစ်စက်စက် လေးဟာ ဘာကိုမှာ မသိနားမလည် သေးတဲ့ ခလေး သူငယ်တစ်ယောက်လိုပါဘဲ ဒီ Windows ကို ကျနော်တို့ က သင်ပေးရပါတယ် ဥပမာလေးတွေပေါ ဗျာ " ဟေ့ Windows လေး Mozilla Firefox လေးကို ငါထဲ့ ပေးမယ် မင်းလေ့လာပြီး ငါ့ကို ပြန်ပြောပြ။ ငါ Zawgyi Font လေးလဲထဲ့ပေးမယ် ငါမြန်မာလို ရိုက်တဲ့ ခါ စာလုံးပေါ်အောင် မင်းအရင်လေ့လာထားပြီး ငါသုံးတဲ့ အခါအဆင်ပြေအောင် လုပ်ပေးနာ် " စသဖြင့် ကျနော်တို့ က ကွန်ပျူ တာကို သင်ပေးရတာပါ တကယ်တော့ Computer Know Nothing လို့  ကျောင်းတုန်းက သင်ခဲ့ရတာကို သွားသတိရတယ်။ ခု Shin Nyain Chan မေးသလို Windows အသစ်ထဲမှာ Kernel32.exe ပါနေပြီဆိုရင် စက်ကို Windows ပြန်တင်ပြီး Software အသစ်တွေထဲ့ လိုက်လို့  အဲဒီ Software အသစ်တွေထဲကပါလာတာဘဲ ဖြစ်ရပါတယ်။ Windows ကတော့ Virus မဟုပ်ပါဘူး ။ Shin Nyain Chan မေးလို့  ကျ နော်တောင် ကိုယ့်စက်ထဲ ကို ပြန်ဝင်ကြည့်ပါသေးတယ် ကျနော် စက်ထဲမှာ Kernel32.exe လုံးဝမရှိပါဘူး။ ခု ကျနော် ဖြေပေးလိုက်တဲ့ အဖြေ နှစ်ခုကို Post အဖြစ်တင်ပေးလိုက်ပါမယ် ကျန်တဲ့ သူတွေပါ ဗဟုသုတ ရတာပေါ့။



Kernel32.dll မရှိလို့  ဒေါင်းလုပ် ယူပြီး Avira ကို Install လုပ်နည်းကို Post အသစ်ထပ်တင်ပေးပါမည် ဒီနည်းဟာ Windows အစစ် သုံးသူများသာ သုံးနည်းပါ Copy Windows များအတွက် ထပ်မံလေ့လာပြီး တင်ပြနိုင်အောင် ကြိုးစားပါမည်။ 

မြန်မာတို့ အတွက် ဗဟုသုတ
8/12/2014

No comments: