Sunday, September 24, 2023

မြေ ငလျင်လှုပ်ခြင်း

 မြေ ငလျင်လှုပ်ခြင်း 

အကြောင်း ၈ ပါးဘဲရှိတယ် 


မြေ ငလျင်လှုပ်လို့ ဘာဖြစ်မယ်

ညာဖြစ်မယ်ဆိုတာတွေက 

လူပြိန်းအယူမျှသာဖြစ်တယ် 


ဤမြေကြီးသည် ရေပြင်၌ တည်၏၊ 

ရေသည် လေပေါ်၌့တည်၏၊ 

လေသည် ကောင်းကင်၌ တည်တယ္ 

လေကြောင့် မြေငလျင် လှုပ်တယ် 

ဒါက အကြောင်းတစ်ပါး


တန်ခိုးရှင်တွေ တန်ခိုးပြလိုလျှင်လည်း

မြေငလျင်လှုပ်တယ် ဒါက ဒုတိယအကြောင်း


မြတ်စွာဘုရားရှင်တို့ 

ပဋိသန္ဓေ နေလျှင်းလည်း ငလ်င္လှုပ်တယ်

ဒါက ၃ ခုမြောက်အကြောင်း


မြတ်စွာဘုရားရှင် ဖွားတော်မူရင်လည်း

ငလျင် လှုပ်တယ် ဒါက ၄ ခုမြောက်အကြောင်း


ဘုရားရှင်သည် ဘုရားအဖြစ်သို့ရောက်တော်

မူရင်လည်း ငလျင်လှုပ်တယ် ဒါက ၅ ခုမြောက်

အကြောင်းဖြစ်တယ် 


မြတ်စွားဘုရားရှင်က ဓမ္မစင်္ကြာ

တရားဦးဟောတော်မူရင်လည်း

မြေငလျင် လုပ်တယ် ဒါက ၆ ခုမြောက် အကြောင်း


၇ ခုမြောက် အကြောင်းကတော့ 

အာယုသင်္ခါရ လွှတ်တော်မူတဲ့အခါမှာ 

မြေငလျင် လှုပ်တယ် 


နောက်ဆုံး ၈ ခုမြောက် အကြောင်းက တော့

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတဲ့ အခါမှာ လှုပ်တယ်


ဒီ အကြောင်း ၈ ခုကလွဲပြီး လှုပ်တာမရှိကြောင်း

မိလိန္ဒပဉာ မှာ အမေးအဖြေ ရှိတယ် 


ဝေဿန္တရာမင်းရဲ့ အလှူကြောင့် လှုပ်တဲ့ ငလျင်တောင်

မြေငလျင်လှုပ်ၿခင္းအကြောင်းထဲပါဘူး 


ဘာလည်းဗျာ ငလျင်လှုပ်တိုင်းသာ

ဟိုဟာဖြစ်မယ် ဒီဟာဖြစ်မယ်ဆို 

ဂျပန် မှာ လူတွေ မရှိလောက်တော့ဘူး 


မင်း သန်း နိုင်







No comments: