Tuesday, July 30, 2013

ကာလာမ ပုဏ္ဏား တို့မှ လာသော ကျနော် စင်္ကြာဝဠာ အနန္တ အတွက် ဗဟုသုတ

ဒီနေ့ ၁၃၇၅ ခုနှစ် ဝါဆိုလုဆုတ် ရက်နေ့ ခရစ်သက္ကရဇ် 2013 ခု 7 လပိုင်း 30 နေ့မှာ ကျနော့ရဲ့ စာဖတ်အားကိုစုစီးပြီး ပထမဆုံး Post လေးတစ်ခုကိုစတင် ရေးသားပါမယ်။ ကျနော့ဝါဒ ကျနော့ဆောင်ပုဒ်က မြန်မာတို့အတွက် ဗဟုသုတ လို့ဒီဆိုက်မှာတင်ထားပေးပါတယ်။ ဒီတော့ကာ အများပြည်သူဆိသို့ ဗဟုသုတ ပို့ဆောင်ပေးရေး အဓိကဖြစ်ပါတယ် သို့သော်လည်း မြန်မာလူငယ်များသိစေလိုသည်မှာ ဗဟုသုတ သည် ပညာမမည်သေးပါ။ ဗဟုသုတမှသည် ပညာဆီသို့ အမှန်တကယ်
ဆက်သွားရန်မှာစာဖတ်သူလူငယ်များ၏ အသိစိတ်မှလာသော မိမိ၏ အသိစိတ်တာဝန်အဖြစ်ပြောင်းလဲပြစ်ရန် မိမိ၏ တာဝန်ဖြစ်တယ်ဆိုတာကို မိမိကိုယ်တိုင်ခံယူဘို့ အရင်ဆုံးပြောလိုပါတယ်။ တာဝန်ဆိုသော စကားရပ်နှင့် ကျေးဇူးဆိုသော စကားရပ်တို့တွင် ထိုစကား နှစ်ခုလုံးသည် သိတပ်သူတွင်သာ ရှိ၍ မသိတပ်သောသူများကား သေသာသွားသည် မသိခဲ့ကြပါ။ ကျနော် ဆရာဦးဆန်းလွင် ၏ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်လာသူ တစ်ယောက်အကြောင်း စာအုပ်ထဲမှ ကျနော်တို့ရဲ့ ဗုဓ္ဒမြတ်စွာဘုရားက ကာလမ ပုဏ္ဏားတို့အား ဟောကြားခဲ့သောတရားကို ဖတ်ခဲ့ရပါတယ်။ ဒီတရားထဲမှာ ပါတဲ့ ဘုရားစကား တွေကို မပြောခင် ကျနော်များရဲ့ ဗုဓ္ဒဘာသာထဲ ကဆရာဆရာကြီးများ ကျနော်ထက်အဆပေါင်း ရာထောင်မကတော်သော ကျမ်းပြုဆရာများကို ရှစ်ခိုးကန်တော့တောင်းပန်မှုကို ဒီုစာစုမှ အရင်ပြုပါ၏။ ကျနော်တို့ဟာ မွေးဖွားကြိးပျင်းစမှသည် လူလားမြောက်သည့်တိုင်အောင် ကြွေးမွေးပြုစုလာသော မိဘတို့အား မိမိ ၏ မိဘအစစ်ဖြစ်စေ မွေးစားမိဘများဖြစ်စေ ငယ်စဉ်အခါမှာတော့ မိဘလို့ ဘဲ ယူဆခဲ့ရပြီး တစ်ချို့ သောသူတို့မှာ မွေးစားမိဘများ ဖြစ်နေသည်ကိုနောင်များမှ သိကြရသည်။ ဒီသဘောကတော့ ပညာဥာဏ်ရင်သန်သည့်နောက်ပိုင်း မှ ပဝန်းကျင်၏ပြုပြင်မှုအပါဝင် အမှန်ကိုသိလာတော့မှ ဤသူသည်ကား ငါ၏မွေစား မိဘ၊ ဤသူတို့သည်ကား ငါ၏ မိဘရင်းများခွဲခြားသိမြင်ရခြင်းကို ဥပမာယူ၍ ပြောလိုသည့်အတွက် စကားစခြင်းဖြစ်ပါတယ်။ ကျနော်ပြောလိုသည်က ကျနော်တို့ရဲ့  ဘာသာရေး ဖြစ်တဲ့ ကျနော်တို့ရဲ့ဗုဓ္ဒစာပေများမှာ ဆရာ့ဆရာကြီးများ အပါအဝင် ကျနော်ထက် အဆရာထောင် သာလွန်ကြသော ကျမ်းပြုပုဂ္ဂိုလ်ကျော်များ ရဲ့ အမှားများဟာ စာဖတ်သူ လူငယ်များအား ငရဲသို့ ဆွဲမချရေးကို ထောင်ပြလိုသော အချက်သည်လဲ ပါဝင်ပါတယ်။ ဒီစာစုကိုဖတ်ကြမည့်လူငယ်များသည် အောက်တွင်ဖေါ်ပြလိုသော ကာလာမာ ပုဏ္ဏားတို့၏ အမေးကို ဘုရားရှင်၏ မဖြေများ မှ ဗဟုသုတ ယူစေဖြင်းငှာ ဤစာစုကိုရေးသားပါ၏ ဤမည်သောကျနော်၏ အမှုသည် ကုသိုလ်မည်ပါက ဘောဓီဥာဏ်၏ အထောင့်ပန့်ဖြစ်ပါစေသား။ 
ဥပမာစာစု တစ်ခုကိုထောင်ပြရလျှင် အရှင်ဥပဂုတ် နှင့် တတိယသံဂါယနာတင်ခြင်းပြဿနာပါ။ မှန်နန်းရာဇဝင် နှင့် ဇိနတ္တပကာသနီကျမ်း အပါဝင် မဟာဝင်ဝတ္ထု တို့မှာ အရှင်ဥပဂုတ် သည် တတိယသံဂါယနာတင်ရာ တွင်ပဓါနကြသောပုဂိုလ်အဖြစ်ေ၇းသားခဲ့ကြသည် ကို မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်က အခြားသောသာဓကျမ်းများဖြစ် မြောက်ပိုင်းသာသနာ မှ ပုဂိုလ်တစ်ဦးဖြစ်ကြောင်း နှင့် တောင်သမုဒယာမှာ ကြေးပြဿဒ်ဖြစ် ယနေ့တိုင် နိဗာန်မဝင်သေးဘဲ စံစားနေသည်မှာ မဖြစ်နိုင်ကြောင်းတို့ကို ကျမ်းကိုးများဖြစ်ထောက်ပြသွားခဲ့ပါတယ်။ ဒီနေရာမှာ စာဖတ်သူဖြစ်တဲ့ ကျနော်က အထက်ပါကျမ်းများကိုဖတ်ထားပြိးသား သူဖြစ်ပါတယ်။ လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုမတိုင်ခင်ထဲက ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီးရေးသားတော်မူသော ဇိနတ္ထပကာသနီကိုဖတ်ရှုခဲ့သော ကျနော်သည် အထက်ပါကျမ်းပြု ပညာကျော်တို့အား မည်သူကို အမှန်အမှား မည်သို့နားလည်ရပါမည်နည်း။ မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်၏ ထောက်ပြချက်များသည် တိကျမှု အမြောက်အများကိုတွေရပါ၏ သို့သော် သူကိုလက်ခံပါက အနှစ်နှစ်အလလ ကလေးစား လာရသော ကျီသဲလေးထပ်ဆရာတော်တို့ အား မှားသည်ဟု ပြစ်ပယ်ရတော့မည်လား ဝေခွဲရ ခက်သွားချိန်မှာ ဆရာဦးဆန်းလွင်ရဲ့ ကာလာမ ပုဏ္ဏား ကိုသွားသတိရမိ၍ ဤစာစုသည်ဖြစ်ပေါ်လာရပါသည်။ 
လူငယ်တို့သည် နိင်ငံ၏ အင်အားဖြစ်သလို သာသနာ၏ အသက်သည်လည်း လူငယ်တို့၏ တာဝန်သိမှုတွင်တည်နေပါသေးသည်။ 
ကာလာမ ပုဏ္ဏားတို့က ဘုရားရှင်အားမေးမြန်းသည်မှာ။ ။ " အရှင်ဘုရား အချို့သောရဟန်းပုဏ္ဏား (သာမဏ ဗြမဏ) တို့သည်ဤကေသမုတ္တိနိဂုံးသို့ရောက်လာခဲ့ကြဖူးပါတယ်၊ ဒီ ရဟန်းပုဏ္ဏား (သာမဏ ဗြမဏ)တို့ဟာ မိမိတို့ဟာ မိမိ တို့ရဲ့အယူဝါဒကိုသာပြဆိုကြပါတယ်၊ ထွန်းပစေကြပါတယ်၊ သူတစ်ပါးအယူဝါဒကိုမူကား ထိပါးကြပါတယ်၊ မထင်မဲ့မြင်ပြုကြပါတယ်၊ အခြားသော ရဟန်းပုဏ္ဏားတို့သည်လဲ ထိုနည်းတူ ထိပါးရှုတ်ချကြပါတယ်၊ အရှင်ဘုရား အဲဒီ ရဟန်းပုဏ္ဏား (သာမဏ ဗြမဏ) ရဲ့စကားတွေမှာ ဘယ်သူဟာ မှန်သောစကားကို ဆိုသလဲဆိုတာ ယုံမှားသံသဖြစ်ခဲ့ရပါတယ်" ဒီလိုမေးလျှောက်လာတာကို ဘုရားရှင်ရဲ့ဖြေကြားမှုက ပုံဏ္ဏားတို့ အနေဖြစ်သံသယဖြစ်မည်ဆိုက ဖြစ်နိုင်ကြောင်းကိုညွှမ်းဆိုပြပြိး ဤသို့ကျင့်အပ်ပြုအပ်၏ဟု အချက် ၁၀ ချက်ကိုဟောတော်မူပါတယ်။ ဒီ ၁၀ ချက်ကိုမရေးပြခင် ကျနော်ပြောလိုတာက ကျနော်၏ဝက်ဆိုဒ်ကိုဖတ်ကြမည်ဖြစ်သော လူငယ်တို့၏ ဗဟုသုတမှ သည် ပညာ ဆီသို့သွားရာ လမ်းမှာ ဒီအချက် ၁၀ ချက်ဟာ ထာဝရ လက်ကိုင်ထားအပ်သော အချက်များဖြစ်တယ်ဆိုတာကို ထောက်ပြသတိပေးလိုပါတယ်။  မေတ္တာရှင် (ရွှေပြည်သာ)ရဲ့ သညာသိ နှင့် ပညာသိစာအုပ်သည်လည်း ဗဟုသုတ နှင့် ပညာဆိုတာကို လူတွေ သိအောင် ခွဲပြထားတဲ့ ကျမ်းစာ အုပ်ကောင်းဆိုတာ ကို ကျနော် ရာနှုံးပြည့် ယုံကြည်ပါတယ်။ ဖတ်ထား မှတ်ထားတဲ့ သညာသိတို့ သည်စဉ်းစားဆင်ခြင်ဥာဏ်ဖြစ် ချင့်ကဲဆုံးဖြတ်တပ်သော ပညာသိဆိသို့ ရောက်စေချင်းငှာ ဒီစာစုကိုရေးသားခြင်းဖြစ်ပါတယ်။ ဤသို့စဉ်းစားဆင်ခြင်ရာတွင် လက်ကိုင်ထားရမည်း ဘုရား စကား ၁၀ ချက်တို့မှာ 
၁။ ။ (မာအနုဿဝေန) တစ်ဆင့်စကား ပြောသံကြားကာမျှကို ဟုန်ပြီမှန်ပြီဟူ၍ ချက်ချင်းအမှန်မယူလေနှင့်၊ လက်မခံကြလေနှင့်။
၂။ ။ (မာပရမ္မရာယ) ရိုးရာအစဉ်လာနှင့် ကိုက်ညီသောစကားဖြစ်၍လည်း ဟုန်ပြီမှန်ပြီဟူ၍ ချက်ချင်းအမှန်မယူလေနှင့်၊ လက်မခံကြလေနှင့်။
၃။ ။ (မာက္ကုတိကိရာယ) ရှေးကဒီလိုဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ (ရှေးထုံးရှိ၍လည်း) ဟုန်ပြီမှန်ပြီဟူ၍ ချက်ချင်းအမှန်မယူလေနှင့်၊ လက်မခံကြလေနှင့်။
၎။ ။ (မာပိဋ္ဋက သမ္ပဒါနေန) ပိဋ္ဋက (စာပေ ကျမ်းဂန်) နှင့် ကိုက်ညီတယ်ဆိုပြီးတော့လည်း ဟုန်ပြီမှန်ပြီဟူ၍ ချက်ချင်းအမှန်မယူလေနှင့်၊ လက်မခံကြလေနှင့်။ 
၅။ ။ (မာတက္က ဟေတု)  မိမိကိုယ်တိုင် တွေးကြံနိုင်ရုံမျှနှင့်လည်း (ဆင်ခြင်တုံတရား နှင့် ညီသည် ယုတ္တိရှိသည်ဆိုပြီး) ဟုန်ပြီမှန်ပြီဟူ၍ ချက်ချင်းအမှန်မယူလေနှင့်၊ လက်မခံကြလေနှင့်။
၆။ ။ (မာနယဟေတု) နည်းမှီရယူရုံဖြစ်လည်း ဟုန်ပြီမှန်ပြီဟူ၍ ချက်ချင်းအမှန်မယူလေနှင့်၊ လက်မခံကြလေနှင့်။
၇။ ။ (မာအာကာရ ပရိဝိတက္ကေန) အခြင်းအရာကို ကြံစည်စိတ်ကူးပြိး (သလောကျရုံဖြစ်) ဟုန်ပြီမှန်ပြီဟူ၍ ချက်ချင်းအမှန်မယူလေနှင့်၊ လက်မခံကြလေနှင့်။
၈။ ။ (မာဒိဌိနိဇ္ဈာန ခန္တျယာ) ငါတို့သဘောကျလက်ခံထားတဲ့အယူဝါဒနှင့် ကိုက်ညီတယ်ဆိုပြီးတော့လဲ ဟုန်ပြီမှန်ပြီဟူ၍ ချက်ချင်းအမှန်မယူလေနှင့်၊ လက်မခံကြလေနှင့်။
၉။ ။(မောဘဗ္ဗရူပ ပတာယ) မှတ်ထိုက်ယူထိုက် လက်ခံထိုက်တဲ့ သဘောပဲ ဆိုပြိးတော့လည်း ဟုန်ပြီမှန်ပြီဟူ၍ ချက်ချင်းအမှန်မယူလေနှင့်၊ လက်မခံကြလေနှင့်။
၁၀။ ။ (မာသမဏော နော ဂရုတိ) ငါတို့လေးတဲ့ ရဟန်းရဲ့စကားဆိုပြီးတော့လည်း ဟုန်ပြီမှန်ပြီဟူ၍ ချက်ချင်းအမှန်မယူလေနှင့်၊ လက်မခံကြလေနှင့်။

ဒီအချက် ၁၀ ကို ဟောပြီးနောက် ကာလာမ ပုဏ္ဏား တို့က လူတို့လက်မခံ ပယ်သင့်သော တရားများကိုမေးရာတွင် ဖြေဆိုထားတာ ကတော့ " ကာလာမ ပုဏ္ဏားတို့ အကြင်တရားတွေဟာ 
၁။ ။ မကောင်းတဲ့အကုသိုလ်တရားတွေ
၂။ ။ အပြစ်ရှိသော တရားတွေ
၃။ ။ ပညာရှိသူတော်ကောင်းတို့က ကဲ့ရဲ့မဲ့တရားတွေ
၎။ ။ လက်တွေလုပ်ဆောင်လျှင်လည်း အကျိုးစီးပွားမဲ့ဖို့သာဖြစ်တယ်၊ ဆင်းရဲ့ဖို့အကြောင်းသာရှိတယ် လို့ဆိုရင် အဒီတရားတွေကိုမိမိကိုယ်တိုင်သိမြင်တာနှင့်တစ်ပြိုင်နက်စွန့်ပြစ်သင့်တယ်" လိုဟောကြားထားပါတယ်။
 ဒီတော့ကာ ကျနော်တို့က အမှန်ကိုဘာနဲ့စံယူရမလဲ ဆိုတဲ့ ပြဿနာက ကျန်ပါသေးတယ် ပိဋကတ်သုံးပုံ ပါဠိတော် တွေဟာ ဘုရား ကိုစားထားခဲ့တာတွေဖြစ်လို့ ဥာဏ်ပညာကြီးရင့်သူလို့ မိမိကိုယ် ကိုခံယူသတိုင်း လေ့လာသင့်တယ် လောကကြီးရဲ့ အမှားအမှန်တွေဟာ ဒီ ပိဋကတ် တွေထဲမှာ အတိအကျရှီနေပါတယ်။ ဒါတွေကို လူတော်လူကောင်းဖြစ်သူတိုင်း နားလည်လက်ခံကြမယ်ဆိုတာ ယုံကြည်မိပါတယ်။ ကျနော်တို့ရဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာလည်း ဒီ ကာလာပ သုတ်ကိုနှစ်ခြိုက်သဘောကျသူလို့သိရပါတယ်။ စာတော်တိုင်းစာ တပ်တိုင်း ပညာရှိ မဟုတ်တာကို မေတ္တာရှင် (ရွှေပြည်သာ) ရဲ့ သညာသိနှင့် ပညာသိ စာအုပ်က ထောက်ပြထားပါတယ်။ ကာလမ သုတ်တော်ထဲ့က အမှတ် ၁၀ မှာပါတဲ့ " မာသမဏော နော ဂရုတိ " ကပြောထားသလို ကိုလေးစားတဲ့ ပုဂ္ဂိုလ် ဆိုပြိးတော့လဲ မယုံပါနဲ့ လို့ပြောထားတာ ဟာ မြန်မာလူမျိုးများ အထူး မှတ်သားသင့်ပါတယ်။ ကျနော် ဟာ အထက်မှာ ပြောပြခဲ့တဲ့ အရှင် ဥပဂုတ် အကြောင်းအရာ ကို အသိတရားယူပြိး ကျမ်းစာအုပ်များဖြစ်လင့်စေကာမူ စာပေအဆိပ်အတောက်တွေ ရှိပါလားတိုတာ ကိုမြင်လာရသလို ကိုပိုင်ဥာဏ်ရဲ့ အရေးပါမှုကိုကောင်းစွာမြင်လိုက်ရပါတယ်။ 
စာဖတ်သူလူငယ် အပေါင်းတို့ မြန်မာနိုင်ငံက နာမည်ကြီးပုဂ္ဂိုလ်တိုင်းဟာ ပညာရှိမဟုတ်ကြပါဘူး (အောင်ဆန်းစုကြည်ကို ဆိုလိုသည်၊ ပုဂ္ဂိုရေးအရ မမုန်းပါ)။ အထူးသဖြင့် အနောက်နိုင်ငံက ဘွဲရတွေဟာ ကျနော်တို့ ဗုဓ္ဒစာပေကို သညာသိတောင်မှ သိကြပါမလား။ ဆရာကြီး ဦးရွှေအောင် ရဲ့ "အမြင်များပြောင်းလဲခြင်း" စာအုပ်က စာမျက်နှာ ၁၆၄ မှာ " ဗုဓ္ဒဒေသနာတော်အရဆိုလျှင် ကိုယ်ကျင့်သိက္ခာ ဖြူစင်မှုအပေါ် တည်ဆောက်မထားသော ပညာ စိတ်ဓါတ်ခိုင်မာမှုသည် အန္တရယ်ရှိသော ခေါင်းမာမှုတစ်မျိုးပင်ဖြစ်သည်။ တစ်ဖန်ခေါင်းဆောင်မှုအပေါ် တည်ဆောက်ထားသော ပညာကား ပညာစစ်မဟုတ် ဗဟုသုတသာဖြစ်၏ 
အကယ်၍ ဗဟုသုတကို ကိုယ်ကျင့်သိက္ခာမြင့်မားမှု အပါ်၌ မတည်ဆောက်ပါက ဗဟုသုတများလေ အမှားများကိုကျူးလွန်လေဟူ၍ မြတ်စွာဘုရားက အရှင်သာရိပုတ္တရာအား ပါရာဇိကကဏ္ဌပါဠိတော်၊ ဝေရဉ္ဇကဏ္ဌသိက္ခာပဒ ပညတ္တိယာစန ကထာ၌ ဟောကြားတော်မူချက်လည်းရှိပါ၏
ထို့ကြောင့် ကိုယ်ကျင့်သိက္ခာခိုင်မာအောင် တည်ဆောက်ရန်မကြိုးစားဘဲ ပညာတတ်ဖြစ်အောင် ကြိုးစားခြင်းသည် ဖြတ်လမ်းဖြစ်သဖြင့် လောကအတွက်ကြီးမားသော အန္တရာယ်ကို ယူဆောင်ရာရောက်တပ်ပါ၏။ ထို့ကြောင့်ဖြတ်လမ်းဖြစ်ဟူ၍မရှိဘဲ အစဉ်အတိုင်းကျင့်ရသော ဗုဒ္ဓဘာသာကျင့်စဉ်အရ အကျင့်သိက္ခာကောင်းအောင် ပထမဦးစွာ အလေးထား၍ ကျင့်ရန်လိုလေ၏" ဒီစာပိုက်ကို ထဲ့ပြိးဖေါ်ပြရတာက ကျနော်တို့ နိုင်ငံ မှာခေါင်းဆောင်ကောင်းကိုပြည်သူတွေ သိတပ်မြင်တပ်အောင် ရည်ရွယ်ပြီးရေးသားခြင်းဖြစ်ပါတယ်။ ကျနော်ရေးပေးတဲ့ ဗဟုသုတ မှသည် ဥာဏ်ပညာကြီးရင့်သူများ ဖြစ်ပေါ်လာရေးကို ဦးတည်၍ ဒီဆိုဒ်ကို တည်ထောင်ထားပါသည်။ ကာလာမ ပုဏ္ဏား တို့မှ လာသော ကျနော် စင်္ကြာဝဠာ အနန္တ အတွက် ဗဟုသုတသည် ယနေ့လူငယ်များ အတွက်ဖြစ်ပါသည်။


No comments: