Wednesday, July 31, 2013

သူတော်ကောင်း ခေါင်းဆောင်၊ ခေါင်းဆောင်ကောင်း နှင့် ခေါင်းဆောက်ညံ့။

သူတော်ကောင်းတို့ မည်သည် စာရေးရာ၌ဖြစ်စေ တရားဟောရာ၌ ဖြစ်စေ (အတ္တုက္ကံသန)မိမိ ကိုယ်ကို ချီးမြှေက်ခြင်း နှင့် (ပရဝမ္ဘန) သူတစ်ပါးကို ရှုပ်ချခြင်း တို့ကို ရှောင်ရ၏။

"Democracy ဆိုတာ BC 6th ရာစုလောက်က ရှေးဟောင်း Athens မြို့တော်ကြီးကစတင်ခဲ့တာ ဒီနေ့အထိဖြစ်ပါတယ်။ Democracy ဆိုတာ နိုင်ငံရေးဆိုင်ရာ စနစ် နိုင်ငံရေးဆိုင်ရာ ယန္တရားဖြစ်လို့ လူ့ဘောင်အဖွဲစည်းထဲက လူသားအားလုံးဟာ နိုင်ငံရေးအာဏာကို တရားနည်းလမ်းကျသောနည်းဖြင့် အညီအမျှ မျှဝေ နစ်ဖြစ်သည်။ ပစ္စုပ္ပုန်ခေတ် Democracy ၏သဘောထားကိုထင်ဟတ်ပေါ်လွှင်စေချင်းငှာ နရားနည်းလမ်းကျသော တန်းတူညီမျှမှုသည် အခြေခံကျသော လူ့အခွင့်ရေးအရ မဲပေး အကောင်ထည်ဖေါ်ခြင်းဖြစ်သည်" လို့ကျနော်နားလည်ထားပါတယ် ဒီလိုနားလည်ထားတယ်ဆိုတာကလဲ အများအပြောကို မဟုတ်ဘဲ စာနှင့်ပေနှင့်လေ့လာထားတာပါ၊ ဒီတော့ကာ ကျနော်များရဲ မြန်မာနိုင်ငံတော်ကြီးဆိသို့ Democracy ဆိုသော စကားအသုံးနှုံးရောက်ရှိလာတာ ကျနော်မမွေးမှိကပင်ဖြစ်သော်ညားလည်း 1988 နောက်ပိုင်းမှ လူသုံးများ ရေပန်းစားလာသော စကားဖြစ်သလို Democracy ကိုလူ့အခွင့်ရေးလို့ မူသေယူပြိးနားလည်ထားကြမယ်ဆိုရင်တော့
မှန်ကန်သော နားလည်မှုလို့ ကျနော်ကတော့ မဆိုလိုချင်ဘူး လေးနက်သော နားလည်မှုကိုရစေချင်ပါတယ်။ အခွင့်ရေးဆိုတာ ကိုကြားရရုံမျှဖြစ်လိုခြင်နေကြသော ပြည်သူပြည်သားမျှားအတွက် ဆိုရှယ်လစ်စနစ်ရဲ့ ဆင်းရဲမှုကို ညီးငွေနေကြသော ပြည်သူတွေဟာ အရန်းကိုမက်မောခဲ့တာ မဆန်းသလို ဒီကိုကရေစိရင် မြေကြီးက ရွှေသီးမတပ် နားလည်မှုမှားနေသာ ဗဟုသုတနားပိတ်ခံထားရသော ကျနော်တို့ပြည်သူအများရဲ့ နှစ်လုံးအိမ်ကို ဂွမ်းဆီထိမက ပီတိဖြာခဲ့ရတာကြောင့် ဒီမိုကရေစီတောင်းခံသူ ကျောင်းသူ ကျောင်းသား လူအများရဲ လုပ်ရင်ကို ထောက်ခံအားပေးခဲ့ကြပါတယ်။ 
ကျနော်တို့သည် မသိမှု အဝဇ္ဇာ တောင်းတမှု တနှာ တို့ဖြစ်ပေါင်းစပ်ထားသော လူသားများဖြစ်ရာ အမှန်ကိုမြင်ခဲလှပေသည်။ ကျနော်နားလည်သော Democracy တွင် "လူ့အခွင့်ရေး" ဟုတိုက်ရိုက်မဆိုလို နိုင်ငံရေး အာဏာ ကိုတစ်ရားနည်းလမ်းအရ မျှဝေသုံးစွဲပြိး အညီအညွတ်တအူတကွ အကောင်ထည်ဖေါ်၍ ပြည်သူတို့အား နစ်နာမှုမရှိသော တန်းတူအခွင့်ရေးကို ဖန်တည်းပေးရန်သာ ဖြစ်ပြီး မသိမှုရောပြွန်းနေသော တောင်းတမှုအားလုံးတို့အား ဖြည့်စီးပေးရန်မဟုတ်ပါ။ ကျနော်ရှင်းပြလိုသည်က ဤ Democracy သည်အဓိကမဟုတ်။ အုပ်ချုပ်သူနှင့် ပြည်သူညီရင် မည်သိစနစ်မှာမဆို အောင်မြင်စရာတွေ ရနိုင်မည်ထင်ပါသည်။ အဓိကပြောလိုသည်မှာ သူတော်ကောင်း၊ ခေါင်းဆောင်ကောင်း နှင့် ခေါင်းဆောက်ညံ့ ကိုနားလည်အောင် ရှင်းပြလိုပါသည်၊ ဒီစာသားကို မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်ဆိမှဖတ်ယူပြန်လည်တင်ပြထားပါတည်။
ပထမ သူတော်ကောင်း ကိုပြောဆိုရာတွင် ကျနော်တို့ ရှေးပိုင်းလေးက နာမည်ကြီးလယ်တီဆရာတော် ကဲ့သို့ သူတော်ကောင်းသာသနာ့ ခေါင်းဆောင်ကို အရင်ပြလိုပါတယ်။
လယ်တီဆရာတော် ဘုရားကြီးဆိုလျှင် စာသင်သားသံဃာတော် ၁၀၀ နီးပါးအတွက် သောက်ရေသုံးရေကို သံဃာတော်များမသိအောင် ညအခါ ကိုယ်တိုင်ခပ်ဖြည့်တော်မူ၏။ မုံရွာမြို့ ကျောင်းပေါင်း ၂၀ခန့်တိုကိုလည်း တစ်နေ့လျှင်သောက်ေ၇အိုး ၂၀ခန့်ကိုကိုယ်တိုင်ထမ်းပို့တော်မူပါတယ်။ ရေအလှူခံသော သံဃာတို့က မသင့်တော်ကြောင်းလျှောက်သောအခါ လယ်တီဆရာတော်ဘုရားက ပြန်ပြောကြားသည်မှာ "တပည့်တော်ရဲ့ ခန္ဓာကိုယ်ဟာ ဘဝအဆက်ဆက်က သားကျွန်၊ မယားကျွန်၊ တဏှာကျွန်ခံခဲရတာပါ၊ အခုဘဝမှာတော့ သာသနာ့ကျွန်ခံပရစေ၊ ပြီးတော့ အခုခန္ဓာကိုယ်ကြီးကို တပည့်တော် အငှားနွားလို့ သဘောထားပါတယ်။ သူမျှားနွားကို ငှားထွန်ရတဲ့လယ်သမားဟာ ငှားခနဲ့တန်အောင် နွားကိုခိုင်းရပါတယ်။ တန်အောင်မခိုင်းတဲံလယ်သမားဟာ ငှားခငွေရှုံးတာပေါ့၊ ဒီဥပမာအတိုင်းပဲ တပည့်တော်တို့ လူသားတွေဟာ ဒီလူ့ဘဝ ခန္ဓာကိုယ်ကြီးကို  သေမင်းဆီက ခဏငှားထားတာပါ။ သေမင်းပြန်မခေါ်ခင် ကုသိုလ်တရားတွေရအောင် တန်အောင်ခိုင်းရပါတယ်" လို့ပြောပြရှာပါတယ်။
တစ်ခါတွင်လည်း တစ်နိုင်ငံလုံး ကာလဝမ်းရောဖြစ်သဖြင့် လူတွေအတော်များများ သေကြေပါတယ်။ ထိုဝမ်းရောဂါသည် မုံရွာသို့ကူးစက်လာရာ မြိ့သူ မြို့သားတော်တော် သေကြပါတယ်။ လယ်တီကျောင်းအတွင်းသို့ပါေ၇ာဂါကူးစက်လာရာ စာသင်ရဟန်းတစ်ပါးသည် ဝမ်းရော့ါဖြင့်အိပ်ရာထဲလဲတော့၏၊ ဝမ်းရောဂါသည် အလွန်မင်းကြမ်းရကာ ထိုကိုတော်လေးသည် အိပ်ရာထဲမှာ ပင်ဝမ်းသွားသော အဆင့်ဖြစ်ရပြီး မြင်မကောင်းအောင်ဖြစ်ရပြီး အနံသက်သည်လဲဆိုးလှ၏၊ ထိုရဟန်းအား လယ်တီဆရာတော်မှ ပြုစုပေးရန် အစတွင် အနံအသက်များကြောင့်ပျို့ချင်အန်ချင်ဖြစ်နေရကာ ဤသို့ဖြစ်ရပါမလားဟူ၍ မိမိကိုယ်မိမိဒီလောက်တောင်ဖြစ်လှတာ ရွံအုန်းဟယ် ရွံအုန်းဟယ်ဟုပြောပြီး ထိုမစင်များကိုမိမိကိုယ်တွင်လိမ်းပြစ်ပြီး ပျို့အန်ချင်နေတာ ပျောက်သွားမှစတင်ပြိးထိုကိုတော်လေးကို ပြုစုပေးသည်ဟု သိရှိခဲ့ရပြိး ရေလှူခြင်းကိုလဲ နှစ်ပေါင်း ၂၀ ကြာအောင်မပျက်မကွက်လုပ်ဆောင်ပေးခဲ့၏၊ ကိလေသာကုန်အောင်ကျင့်ထားပြိးဖြစ်သောကြောင့် ဆရာတော်အနေဖြင့် ယခုပြုသော ပရဟိတကုသိုလ် ကောင်းကျိုးကိုယခုဘဝရော နောင်ဘဝမှာပါခံစား တော့မည်မဟုတ်ပေ။ ဤကဲ့သို့ အကျိုးကိုမခံစားရတော့မှန်းသိလျှက်နှင့်ပြုလုပ်သောကြောင့် ထိုကဲ့သို့သော ပုဂ္ဂိုမျိုးသည် အတော်ဆုံး ခေါင်းဆောင်၊ သူတော်ကောင်း ခေါင်းဆောင်ဟု ခေါ်သည်။
သူတော်ကောင်း ခေါင်းဆောင်ပြီးတော့ ခေါင်းဆောင်ကောင်းကို ညွှန်ပြလိုပါသည်၊ ကျနော်တို့ နိုင်ငံရဲ့ ခေါင်းဆောင်ကောင်းကို ဖေါ်ပြလိုပါက ဗိုလ်ချုပ်အောင်ဆန်းမှ တစ်ပါ အခြားမရှိဆိုသလို ဖေါ်ပြရန်အခြားသူ မရှိပါ။ နိုင်ငံတော်အတွက်လုပ်ဆောင်သွားပြိး သူ့အတွက်ရယ်လို့ ဘာဆိုဘာမျှယူအသွားရှာ။ သူသေဆုံးသောအခါ သူပိုင်ပစ္စည်းဆို၍ ဝတ်စုံ တစ်စုံသာရှိသည်လို့ မေတ္တာရှင် (ရွှေပြည်သာ)ဆရာတော်ရေးသားသော သညာသိ နှင့် ပညာသိစာအုပ်တွင် ဖတ်ရပါသည်။ အများအကျိုးကို နှစ်ပေါင်းများစွာ အပင်ပန်းဆင်းရဲ့ခံပြီး ဆောင်ရွက်ခဲ့သော်လည်း ပစ္စက္ခဘဝတွင်ခံစားရမည်းကောင်းကျိုးကိုစွန့်လွှတ်နိုင်ခြင်းပင်ဖြစ်၏ သို့သော်သူ့တွင် အနုသယ အနေဖြင့်ကိန်းနေသာ လောဘကိုပယ်သတ်ထားသူ မဟုတ်လေရာသံသရာ(နာင်ဘဝ)တွင် သူပြုသော ကောင်းမှုကို မလွဲမသွေခံစားရပေမည် ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းကို ခေါင်းဆောင်ကောင်းဟု ဆိုရမည်သာဖြစ်သည်၊ အဘယ်ကြောင့်ဆိုတာကို ရှင်းပြနေရန်ပင်လိုမည်နထင်၊ သူအတွက်ဘာမှလုပ်ဆောင်မသွားသော သာဓကတို့သည် ဗိုလ်ချုပ်၏ အတ္ထုပ္ပတ္တိ စာအုပ်ပေါင်းများစွာတွင် အထင်ကရမြင်နေရသောကြောင့်ဖြစ်ပေသည်။
ဆက်လက်ပြီး ခေါင်းဆောင်ညံ့ဆိုတာ ကို ဖေါ်ပြရန်မှာ ယနေ့မြန်မာနိုင်ငံမှာ ဦးသိန်းစိန် ကိုချန်ထား၍ သင်မည်သူကိုလက်ညှိုးထိုးလိုပါသလဲ အားလုံးသည် ခေါင်းဆောင်ညံ့ဖြစ်လိုနေသူများဖြစ်ကြသည်။
ခေါင်းဆောင်ညံ့ များသည် အများအကျိုးကို မည်မျှမင်သက်စွန်၍ကြိုးပန်းကြစေကာမူ အောင်မြင်သွားသောအခါ ထိုကြိုးပန်းမှု၏ အသီးအပွင့်ကို မိမိ၏ ကြိုးပန်းခဲ့ရသည်နှင့်အညီပြန်လည်ခံစားလိုကြသည်။ လက်ရှိဒီမိုကရေစိခေါင်းဆောင်အများစုမှာ ဒိအချက်ကိုရှင်းအောင် တွေမြင်နေရပါသည်။ အဝဇ္ဇာနှင့် တဏှာအားကြီးသော ပညာနည်းသူပြည်သူတို့မမြင်ကြသော်လဲ ကိလေသာပါးရှားသူ အများအကျိုးကိုကြည့်သူ ပြည်သူများကတော့ မြင်နေကြပါပြိ။ သမ္မတ ဖြစ်ခြင်ကြောင်းကို ရှောက်ပြောနေသူ မည်မဆို ခေါင်းဆောင် ညံ့များ ဆိုတာကို ပြည်သူတွေ မြင်စေခြင်းငှာ ဤ Post ကိုရေးသားခြင်းဖြစ်သည်။ ကိုယ်ဖြစ်ချင်နေတာ ကိုယ်ရချင်နေတာ လောဘ ဤလောဘ နှင့်တက်လာမည်းခေါင်းဆောင်သည် နောင်လာမည့် မောင်ပုလဲ ဒိုင်းဝန်ထက် ကဲ့ ရန်သာရှိပါသည်။ ကျနော်သည် နိုင်ငံရေးကို အလေးထားသူ မဟုတ် အဝဇ္ဇာ နှင့် တဏှာကြီးသော ခေါင်းဆောင်များကို ပြည်သူများ မြင်သာအောင်ထောက်ပြသူဖြစ်သည်။



No comments: