Saturday, August 10, 2013

ဓမ္မနည်းကျ ဆွေးနွေးခြင်း ၁၀ ပါး နှင့် တရား မဆွေးနွေးသင့်သော ပုဂ္ဂိုလ် ၁၄ မျိုး

ဓမ္မနည်းကျ ဆွေးနွေးခြင်း ၁၀ ပါး

၁။ ပညာရှိသည် မဆန့်ကျင် မထောင်လွှားဘဲ ဆွေးနွေးသင့်တယ်။
၂။ မပြန့်လွင့်တဲ့ စိတ်နဲ့ ဆွေးနွေးသင့်တယ်။
၃။ ဂုဏ်မပြိုင် နိုင်ထက်စီးနင်း မပြုထဲ ဆွေးနွေးသင့်တယ်။
၎။ ငြူစူခြင်း မရှိဘဲ ဆွေးနွေး သင့်တယ်။
၅။ ကောင်းစွာ သိ၍သာ ဆွေးနွေး သင့်တယ်။
၆။ သူတစ်ပါးတို့ကို ချုပ်ချယ်စောင်းမြောင်းခြင်း မပြုသင့်။

၇။ ချွတ်ချော်သော စကားကိုလည်း မပြစ်မယူသင့်။
၈။ ပါဠိ ပါဠ်သားများကို ရွတ်ဆို၍လည်း မလွှမ်းမိုးသင့်။
၉။ အကြောင်း ပြပြီးလည်း ဖိနှိပ်ခြင်းကို မပြုသင့်။
၁၀။ အမှန် အမှား ရောထွေးသော စကားကို လည်းမပြောသင့်။

တရား မဆွေးနွေးသင့်သော ပုဂ္ဂိုလ် ၁၄ မျိုး

၁။ ပြဿနာကို မေးလိုက်သော အခါ တိုက်ရိုက် မဖြေဆိုသော  ပုဂ္ဂိုလ်
၂။ ဝေဖန်ပြီး ဖြေဆိုရမဲ့ ပြဿနာဖြစ်ပါလျှက် ဝေဖန်ပြီး မဖြေဆိုသော  ပုဂ္ဂိုလ်
၃။ တစ်ဖန်ပြီး မေးရမဲ့ ပြဿနာကိုည်း တစ်ဖန်ပြန်ပြီး မမေးသော  ပုဂ္ဂိုလ်
၎။ မေးလိုက်သော ပြဿနာ ၏ အကြောင်း ဟုတ်၏ နဟုတ်၏ကို မကြည့်သော  ပုဂ္ဂိုလ်
၅။ ကြံဆအပ်သော အရာကို မကြံဆသော  ပုဂ္ဂိုလ်
၆။ သိရမည့် ဝါဒကို မပြနိုင်သော  ပုဂ္ဂိုလ်
၇။ ဖြည်ဆိုသူတို့ တည်ရမဲ့ ကျင့်ဝတ်၌ မတည်သော  ပုဂ္ဂိုလ်
၈။ မေးလိုက်သော ပြဿနာကို အခြားစကား တစ်ခုနှင့် စကားလွှဲအောင် ဖုံးကွယ် တပ်သော  ပုဂ္ဂိုလ်
၉။ မေးသော ပြဿနာ နှင့် မဆိုင်သော အပြင်စကားများကို ပြောပြီး ပြဿနာကို ပယ်တပ်သော  ပုဂ္ဂိုလ်
၁၀။ မေးလိုက်သောအခါ ပြဿနာကို မဖြေဆိုဘဲ စိတ်ဆိုးအမျက်ထွက်ပြီး မနှစ်သက်ဖွယ် အမူရာကို ထင်စွာပြတပ်သော  ပုဂ္ဂိုလ်
၁၁။ မေးလိုက်သော ပြဿနာကို ပါဠိပါဠ်သားများကို တသီကြီးရွတ်ပြီး တစ်ဖက်သားကို လွှမ်းမိုးရန် ကြီုးစားသော  ပုဂ္ဂိုလ်
၁၂။ တပ်ရောင်ကား ပုံစံဖြစ် မေးသူရဲ့စိတ်မှာ သံသရဖြစ်အောင် ဟားတိုက်ရယ်မောတပ်သော  ပုဂ္ဂိုလ်
၁၃။ အကြောင်းအမျိုးမျိုးပြပြီး ဖိနှိပ်တတ်သော  ပုဂ္ဂိုလ်
၁၄။ တစ်ဖက်လူ၏ အမှားကို ဖမ်းပြီး ဆွေးနွေးတတ်သော  ပုဂ္ဂိုလ်

No comments: